သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ပုသိမ်မြို့နယ်အတွင်းရှိ ရွှေသောင်ယံ၊ ချောင်းသာနှင့် ငွေဆောင်မြို့များရှိ စာစစ်ဌာနများအား လိုက်လံကြည့်ရှုစစ်ဆေး၊ ပုသိမ်-ရှောပြာ-ချောင်းသာ လမ်းလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့နယ်အတွင်းရှိ ရွှေသောင်ယံ၊ ချောင်းသာနှင့် ငွေဆောင်မြို့များရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်ကျောင်းသားကျောင်းသူများ လုံခြုံအေးချမ်းစွာဖြေဆိုနိုင်ရေးနှင့် စာစစ်ဌာနများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။


Read More...
16-Mar-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်၍  ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုအားပေး 
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့ညနေပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်၍  ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။


Read More...
15-Mar-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကန်ကြီးထောင့်မြို့တွင် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတက်ရောက်
တိုင်ဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး မြို့အင်္ဂါရပ်နှင့်အညီ သပ်ရပ်သာယာ၍ ရပ်ကွက်တွင်းနေပြည်သူများ သွားလာမှုလွယ်ကူစေရန်ရည်ရွယ်၍ ကန်ကြီးထောင့်မြို့၊ အမှတ်(၃)ရပ်ကွက် ဆင်ဖြူရှင်လမ်း ကွန်ကရစ်လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဆင်ဖြူရှင်လမ်း၊ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်အား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များအားပေးအပ်ခဲ့ကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။


Read More...
15-Mar-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်လှစ်မှုကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီကဦးစီး၍ မတ်လ ၃ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ ဘောလုံး၊ ပြေးခုန်ပစ်၊ ရေကူး၊ ကြက်တောင်၊ မြန်မာ့သိုင်း၊ လက်ဝှေ့၊ အေရိုးဗစ်၊ ဝူရှူး၊ စားပွဲတင်တင်းနစ်၊ ကရာတေး၊ တိုက်ကွမ်ဒို၊ ဘော်လီဘော၊ ရိုးရာခြင်း၊ ခရစ်ကက်၊ ဟော်ကီ၊ စက်ဘီး၊ စစ်တုရင်၊ ဖူဆယ်၊ တင်းနစ်၊ ပိုက်ကျော်ခြင်းစသည့် အားကစားနည်း (၂၀)မျိုးအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက  နွေရာသီအခြေခံ အားကစားသင်တန်းများတွင် ကျောင်းသားကျောင်းသူများ တက်ရောက်လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးခဲ့သည်။


Read More...
15-Mar-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁)တွင် ယနေ့နေ့လည်ပိုင်းက လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်အရာရှိကြီးများ၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ဌာနဆိုင်ရာများက video conferencing ဖြင့် တက်ရောက်ခဲ့ကြသည်။


Read More...
14-Mar-2025