သတင်းများ


ပုသိမ်ပညာရေးဒီဂရီကောလိပ်နှင့် ပုသိမ်တက္ကသိုလ်တို့တွင် ပြုလုပ်သည့် လူငယ်သီတင်းပတ် ဖွင့်ပွဲ အခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်အားပေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ပညာရေးဒီဂရီကောလိပ်၌  လူငယ်သီတင်းပတ် ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက  အဆိုပါဒီဂရီကောလိပ်၏ ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ လူငယ်သီတင်းပတ်ဖွင့်ပွဲ မုခ်ဦးဆိုင်းဘုတ်ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူး ပြီး  Fitness Danceများဖြင့် ဖျော်ဖြေမှုများ၊ သင်တန်းသား၊ သင်တန်းသူများ၏ လူငယ် သီတင်းပတ် စွမ်းရည်ပြသမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် လူငယ်သီတင်းပတ်  လူငယ်စကားဝိုင်းဖွင့်ပွဲသို့ တက်ရောက်၍ "လူငယ်သီတင်းပတ် အခမ်းအနားများကို ပညာရေးဒီဂရီကောလိပ်များနှင့် တက္ကသိုလ်အသီးသီး တို့တွင် ပြုလုပ်လျက်ရှိပါကြောင်း၊ ပြသထားသည့် ပြခန်းများတွင် သင်တန်းသား၊ သင်တန်းသူများ၏ အသိပညာ၊ အတတ်ပညာများ၊ တီထွင်ဖန်တီးမှုများဖြင့် ဒေသနှင့် ကိုက်ညီသည့် ဒေသထွက်ကုန်လုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်သည့် ပြခန်းများ ပါဝင်သည်ကို တွေ့ရှိရပါကြောင်း၊ ပညာရေးဒီဂရီကောလိပ်များသည် ကလေးငယ်များအား သင်ယူမှု အခြေခံကောင်းများရရှိစေရေး သင်ကြားမှု၊ သင်ယူမှုများကို အခြေခံမှစ၍ စနစ်တကျ သင်ကြားပြသပေးနေသည်ကို တွေ့ရှိရပါကြောင်း၊ သင်တန်းများပြီးဆုံးပါက ဆရာ၊ ဆရာမများ အဖြစ်  မိမိတို့တာဝန်ကျရာဒေသများသို့ သွားရောက် တာဝန်ထမ်းဆောင်သည့်အခါ ဗလငါးတန် နှင့် ပြည့်စုံသည့် လူငယ်များဖြစ်လာမည့် ကျောင်းသား၊ ကျောင်းသူများကို သင်ကြားပေးရမှာ ဖြစ်ပါကြောင်းနှင့် ဆရာ၊ ဆရာမများ ကိုယ်တိုင်ကလည်း ဗလငါးတန်နှင့်ပြည့်စုံနေရန်  လေ့လာ သင်ယူလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေး ဦးတည်ချက်တွင် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်စေရေး၊ လူငယ်ကဏ္ဍကို မြှင့်တင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့်လည်း လူငယ်ကဏ္ဍအား မြှင့်တင်ဆောင်ရွက်လျက်ရှိရာ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများကလည်း မိမိတို့လေ့လာသင်ယူထားသည့် ပညာရပ်များဖြင့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရေး ပြုစုပျိုးထောင်ပေးနိုင်ကြပါစေကြောင်း" အားပေး အမှာစကားများ ပြောကြားသည်။ ဆက်လက်၍ ပုသိမ်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးက လူငယ်စကားဝိုင်း ပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီးနောက် ဦးဆောင်သူအဖြစ် ပုသိမ် ပညာရေးဒီဂရီကောလိပ် သင်ပြနည်းဌာန၊ တွဲဖက်ပါမောက္ခ ဒေါ်သီသီအေးက ဆောင်ရွက်ခဲ့ပြီး ဒုတိယနှစ်ဝက် ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသည့် မသောင်းစုမြတ်က "သင်ရိုးသစ် ပညာရေး"၊ မောင်ဝင်းသန်းမြင့်က "နိုင်ငံ့သားကောင်းတစ်ဦး၏အရေးပါမှု"၊ မောင်မြတ်ကိုက "လူငယ်နှင့်အားကစား"၊ မဖူးပွင့်လွင်က "မူးယစ်အန္တရာယ်နှင့်လူငယ်" အစရှိသည့် ခေါင်းစဉ်များ ဖြင့်  စကားဝိုင်းပြုလုပ်ခဲ့ပြီး တက်ရောက်လာကြသူများ၏  ဆွေးနွေးမေးမြန်းမှုများအပေါ် တွဲဖက်ပါမောက္ခနှင့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှတ်တရလက်ဆောင် ပစ္စည်းများ၊ အားကစား ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး  ကျောင်းသား၊ ကျောင်းသူ များ၏ တေးသီချင်း များဖြင့် သီဆိုကပြ ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်သည့် လူငယ်သီတင်းပတ်ပွဲတော်သို့ တက်ရောက်၍ ဘာသာရပ် ဌာနများအလိုက် နည်းပြ/ သရုပ်ပြ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ "တောင်ယာဝင်ချိန်"၊ "ထာဝရမြန်မာ" "ကရင်ဒုံးယိမ်း" သရုပ်ဖော်အကများ၊ တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး ကျောင်းသားကျောင်းသူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့သည်။


Read More...
06-Sep-2023
ဟင်္သာတတက္ကသိုလ်၌ပြုလုပ်သည့် လူငယ်သီတင်းပတ်ပွဲတော် ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်အားပေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဟင်္သာတတက္ကသိုလ်၌ပြုလုပ်သည့် လူငယ်သီတင်းပတ်ပွဲတော် ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ “ ပညာရေးဝန်ကြီးဌာနအောက်ရှိ ပညာေရးဒီဂရီကောလိပ်များနှင့် တက္ကသိုလ်အသီးသီးတွင် လူငယ်သီတင်းပတ်ပွဲတော်များ ပြုလုပ်လျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အဆိုပါအခမ်းအနားများသို့တက်ရောက်အားပေးလျက်ရှိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်ရန် မိမိကိုယ်မိမိထိန်းကျောင်းရန်လိုပါကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်ရန်အတွက် ဆရာ၊ ဆရာမများအပါအဝင် မိဘများက ငယ်စဉ်ကပင် ဆုံးမသွန်သင်ခဲ့ပါကြောင်း၊ တက္ကသိုလ်ကြီး၌ ပညာဆည်းပူးနေသည့် လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်မည့်သူများ ဖြစ်ပါကြောင်းနှင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များဖြစ်လာစေရေးအတွက် တစ်ဦးချင်း ကိုယ်စီကို၌ကလည်း ကြိုးစားဆောင်ရွက် သွားကြစေလိုကြောင်း”တိုက်တွန်းအမှာစကားများပြောကြားသည်။ ဆက်လက်၍ ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ်က အမှာစကားများ ဆက်လက်ပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြု‌ချီးမြှင့်ငွေများ ပေးအပ်ရာ ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ်က လက်ခံရယူခဲ့သည်။ ထို့နောက် ဟင်္သာတတက္ကသိုလ် မြန်မာစာဌာနမှ ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားများ ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများနှင့် စိုက်ပျိုးရေးဓါတုဗေဒဌာနမှပြသထားရှိသည့် ဒေသထွက်ကုန်များဖြင့် အလှကုန်ပစ္စည်းများပြသထားရှိမှုကို ကြည့်ရှုအားပေးခဲ့သည်။  ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟင်္သာတမြို့၊ တာကလေးရပ်ကွက် ပြည်လုံးချမ်းသာခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးရုံးမှ မြေပြင်လူဦးရေစာရင်းများတိုက်ဆိုင်စစ်ဆေးခြင်း၊ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စာရင်းရေးသွင်းမှုများမှားယွင်းမှုမရှိစေရေး အဆင့်ဆင့်ကြပ်မတ် ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း စာရင်းများပြည့်စုံမှန်ကန်စေရေး စနစ်တကျ ဆောင်ရွက်ပေးကြရန်မှာကြားခဲ့သည်။


Read More...
05-Sep-2023
မအူပင်တက္ကသိုလ်၌ပြုလုပ်သည့် လူငယ်သီတင်းပတ်ပွဲတော် ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်အားပေး
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်တက္ကသိုလ်၊ မိုးလုံလေလုံအားကစားခန်းမ၌ လူငယ်သီတင်းပတ်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်လူငယ်သီတင်းပတ်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် မအူပင်သက္ကသိုလ် အားကစားခန်းမတွင်ပြုလုပ်သည့် လူငယ်ပန်းတိုင်လှမ်းကိုင်နိုင်ဖို့ရာ ဟောပြောပွဲတက်ရောက်၍ “ လူငယ်သီတင်းပတ် ပွဲတော်များကို ပညာရေး ဒီဂရီကောလိပ်များနှင့်တက္ကသိုလ်အသီးသီးတွင် ပြုလုပ်လျက်ရှိပြီး ကျောင်းသားကျောင်းသူ လူငယ်များအတွက် ပျော်ပွဲရွှင်ပွဲများ၊ အားကစားပွဲများပြုလုပ်ပေးလျက်ရှိပါကြောင်း၊ ပညာရေးညီလာခံမှပေါ်ထွက်လာသည့်ရလဒ်များအရ တိုင်းဒေသကြီးအတွက်အကျိုးပြုနိုင်မည့် ဒေသသုတေသနစာတမ်းအလုပ်ရုံဆွေးနွေးပွဲကို ပုသိမ်တက္ကသိုလ်၌ တိုင်းဒေသကြီးအတွင်းရှိ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများနှင့် စုပေါင်း၍ တိုင်းဒေသကြီး၏ စီးပွားရေးအဓိကမောင်းနှင်အားဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းလိုအပ်ချက်များအပေါ် တက္ကသိုလ်များ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များမှ ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများ ဆွေးနွေးပြုလုပ်ခဲ့ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်တွင် ဗလငါးတန်နှင့် ပြည့်စုံသည့်လူငယ်လူရွယ်များဖြစ်စေရေးရန် လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေးအတွက်  လူငယ်များ၏ကိုယ်ရည်ကိုယ်သွေးတိုးတက်စေရေး လူငယ် စကားဝိုင်းများကို အခြေခံပညာ၊ ဒီဂရီကောလိပ်နှင့် တက္ကသိုလ်များတွင် ပြုလုပ်ပေးလျက် ရှိပါကြောင်း၊ မိမိတို့တိုင်းေဒသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်းလူငယ်များနှင့်ထိတွေ့၍ လူငယ်ကဏ္ဍမြှင့်တင်ပေးနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့်လည်း မိမိတို့၏ စာပေလေ့လာသင်ကြားမှုများကို အဆက်မပြက်လေ့လာသင်ယူကြပြီး ကိုယ်ရည်ကိုယ်သွေး တိုးတက်မြင့်မားအောင် ဆောင်ရွက်၍ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ် များဖြစ်လာစေရေး တည်ဆောက်ရမှာဖြစ်ပါကြောင်း၊ ယခုအခမ်းအနား ကျင်းပသည့် ခန်းမကြီးသည်ပင် ကာယဗလပြည့်စုံရေးအတွက် လေ့ကျင့်မြှင့်တင်ရေးအတွက် နေရာတစ်ခုဟု ပြောရမှာဖြစ်ပါကြောင်း၊ နိုင်ငံ‌တော်မှ မျှော်မှန်းထားသည့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်ပါစေကြောင်းနှင့် နောက်တစ်ခေတ်၏ နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်မည့် လူငယ်များဖြစ်ကြပါစေကြောင်း” အားပေးအမှာစကားများပြောကြားသည်။ ဆက်လက်၍ မအူပင်တက္ကသိုလ်ပါမောက္ခချုပ်က လူငယ်သီတင်းပတ်ပွဲတော် ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ကပြဖျော်ဖြေခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ကျောင်းသား၊ ဖျော်ဖြေရေးအဖွဲ့များနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ကျုံတမာကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ မြေပြင်လူဦးရေ စာရင်းများတိုက်ဆိုင်စစ်ဆေးခြင်း၊ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသား စိစစ်ရေးကတ်ပြားဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အုပ်ချုပ်ရေးအဖွဲ့များက မိမိတို့ရပ်ကွက်ကျေးရွာအလိုက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ မပြုလုပ်ရေသးသူများအား စာရင်းကောက်ယူစုစည်းထားရှိ၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနိုင်ရေးဆောင်ရွက်ရန်နှင့် စာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်ကြရန်မှာကြားခဲ့သည်။


Read More...
05-Sep-2023
လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံ မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure SOP)ရေးဆွဲရေး တိုင်းအဆင့်လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၃)ကျင်းပ
​လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံ မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure SOP) ရေးဆွဲရေး တိုင်းအဆင့်လုပ်ငန်းကော်မတီ အစည်းအဝေး (၁/၂၀၂၃)ကို ယနေ့ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)၌ ပြုလုပ်ခဲ့သည်။ ​ဦးစွာ တိုင်းဒေသကြီးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က“ SOP ရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီများမှ လုပ်ငန်းတာဝန်များ စနစ်တကျ စီစစ်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ယခင်ကတည်းက လယ်ယာမြေများကို အခြားနည်းသုံးစွဲမှုနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုချက်ရယူပြီး ဆောင်ရွက်ရန်ဖြစ်သော်လည်း မြို့ဝင်၊ မြို့ထွက်များနှင့် ကားလမ်းမကြီးဘေး၌ ကျုးကျော်ဝင်ရောက်နေထိုင်မှုများ၊ အခြားနည်း ခွင့်ပြုချက်မရဘဲ ဥပဒေမဲ့ လုပ်ဆောင်မှုများရှိသဖြင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ရေး အဖွဲ့များမှ စိစစ်တင်ပြစေခဲ့ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး မှာကြားဆောင်ရွက် ထားပါကြောင်း၊ နောင်ထပ်မံမဖြစ်ပွါးစေရေး ဆောင်ရွက်သင့်သည်များ စနစ်တကျလေ့လာ ဆန်းစစ်ပြီး အကြံပြုတင်ပြဆွေးနွေးဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ထပ်မံ၍ လယ်ယာမြေနှင့် ကားလမ်း ဘေး ဝဲ၊ ယာတစ်လျှောက် ကျုးကျော်နေထိုင်မှုများမဖြစ်ရန် ကော်မတီဝင်များက စိစစ်ကြပ်မတ်ရန်လိုပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာသူ ကော်မတီဝင်များလည်း မိမိတို့၏ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဝိုင်းဝန်းဆွေးနွေး ပေးကြစေလိုကြောင်း” အမှာစကားပြောကြားသည်။ ​ဆက်လက်၍ တိုင်းဒေသကြီးလုပ်ငန်းကော်မတီတွဲဖက်အတွင်းရေးမှူး(၁)၊ လယ်ယာမြေ စီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူးက လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံ မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့် နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure SOP)    ရေးဆွဲရေး၊ ခရိုင်၊ မြို့နယ်ကော်မတီများဖွဲ့စည်းတာဝန်ပေးအပ်နိုင်ရေး၊ လိုအပ်သောအချက်အလက်များ အချိန်မီကောက်ခံနိုင်ရေး လယ်ယာမြေအတွင်းကျုးကျော်ဝင်ရောက်မှုများ၊ တည်ဆဲဥပဒေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက် အစည်းအဝေးသို့တက်ရောက်လာသောကော်မတီဝင်များ၏ အထွေထွေ ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က SOP တွင် ပါသင့်သည့်အချက်အလက်များ ထည့်သွင်းရေးဆွဲသတ်မှတ်နိုင်ရေး၊ ကောက်ယူရမည့်စာရင်းများအား မြေပြင်အမှန်တည်ရှိမှု အခြေခံအချက်အလက်များအား ပြည့်စုံစွာကောက်ယူနိုင်ရေး သတ်မှတ်ရက်အမီ ပြည်ထောင်စုလုပ်ငန်းကော်မတီထံသို့ တင်ပြနိုင်ရေး လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကားများပြောကြားခဲ့သည်။ ​အဆိုပါ အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။


Read More...
04-Sep-2023
ဘိုကလေးပညာရေးဒီဂရီကောလိပ်နှင့် မြောင်းမြပညာရေးဒီဂရီကောလိပ်များ၌ ပြုလုပ်သည့် လူငယ်သီတင်းပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်အားပေး
ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်၌  လူငယ်သီတင်းပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက  အဆိုပါဒီဂရီကောလိပ်၏ ပညာဂုဏ်ရည်ခန်းမ၌ ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ လူငယ်သီတင်းပတ်လှုပ်ရှားမှုဖွင့်ပွဲ မုခ်ဦးဆိုင်းဘုတ်ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရိုးရာခြင်းလုံး၊ Fitness Dance များဖြင့်ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် လူငယ်သီတင်းပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ သင်တန်းသား၊ သင်တန်းသူများက “လူငယ်နှင့်အိပ်မက်” တေးသီချင်းဖြင့်သီဆို ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ လူငယ်သီတင်းပတ်လှုပ်ရှားမှုအခမ်းအနားများကို အခြေခံပညာ၊ ဆရာအတတ်သင်ပညာ၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ ကျောင်း၊ ကောလိပ်၊ တက္ကသိုလ် အသီးသီး၌ ပြုလုပ်လျက်ရှိပါကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန် အတွက် လူငယ်များကို ပြုစုပျိုးထောင်ပေးရမည်မှာ ယခုသင်တန်းသား၊ သင်တန်းသူ များပင်ဖြစ်ပါကြောင်း၊ သင်တန်းများပြီးဆုံးပါက ဆရာ၊ ဆရာမများအဖြစ်  မိမိတို့တာဝန်ကျရာဒေသများသို့ သွားရောက် တာဝန်ထမ်းဆောင်သည့်အခါ ဗလငါးတန်နှင့်ပြည့်စုံသည့်လူငယ်များဖြစ်လာမည့် ကျောင်းသား၊ ကျောင်းသူများကိုသင်ကြားပေးရမှာဖြစ်ပါကြောင်းနှင့် ဆရာ၊ ဆရာမများ ကိုယ်တိုင်ကလည်း ဗလငါးတန်နှင့်ပြည့်စုံနေရန် ကြိုးစားလေ့လာသင်ယူနေကြရမှာ ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပညာရေးဖြင့် ရင်းနှီးမြှပ်နှံရမှာဖြစ်ပါကြောင်းနှင့် အတန်းပညာရှိမှ အတတ်ပညာရရှိမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်နိုင်ရေး၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း”အမှာစကားများ ပြောကြားခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ရာ ဘိုကလေးပညာရေး ဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးကလက်ခံရယူခဲ့သည်။ ဆက်လက်၍ ဆရာအတတ်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးက လူငယ်သီတင်းပတ် လှုပ်ရှားမှုကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဘိုကလေးပညာရေးဒီဂရီကောလိပ်၏  ဌာနအလိုက် လူငယ်များ၏ ဖန်တီးတီထွင်မှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။  ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘိုကလေးမြို့၊ အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ မြေပြင်လူဦးရေစာရင်းများတိုက်ဆိုင်စစ်ဆေးခြင်း၊ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စာရင်းရေးသွင်းမှုများမှားယွင်းမှုမရှိစေရေး အဆင့်ဆင့်ကြပ်မတ် ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း စာရင်းများပြည့်စုံမှန်ကန်စေရေး စနစ်တကျ ဆောင်ရွက်ပေးကြရန်မှာကြားခဲ့သည်။  အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဝါးခယ်မမြို့နယ်၊ ဒေါ်ပိုက်မိ ဘိုးဘွားရိပ်သာ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ မြေပြင်လူဦးရေ စာရင်းများတိုက်ဆိုင်စစ်ဆေးခြင်း၊ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသား စိစစ်ရေးကတ်ပြားဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အုပ်ချုပ်ရေးအဖွဲ့များက မိမိတို့ရပ်ကွက်ကျေးရွာအလိုက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ မပြုလုပ်ရေသးသူများအား စာရင်းကောက်ယူစုစည်းထားရှိ၍ နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ပြုလုပ်ပေးနိုင်ရေး ဆောင်ရွက်ရန်နှင့် စာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်ကြရန်မှားကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြောင်းမြပညာရေး ဒီဂရီကောလိပ်များ၌ပြုလုပ်သည့် လူငယ်သီတင်းပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ မုခ်ဦးဆိုင်းဘုတ်ကို တာဝန်ရှိသူများဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် အဆိုပါကောလိပ်၏ မြရတုခန်းမ၌ အခမ်းအနားအား ဆက်လက်ပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူများက “ပွင့်ဖူးဝေဆာ ကျောင်းတော်သာ”သီချင်းဖြင့်ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်တွင် ဗလငါးတန်နှင့် ပြည့်စုံသည့်လူငယ်လူရွယ်များဖြစ်စေရေးရန် လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေးအတွက်  လူငယ်များ၏ကိုယ်ရည်ကိုယ်သွေးတိုးတက်စေရေး လူငယ် စကားဝိုင်းများကို အခြေခံပညာ၊ ဒီဂရီကောလိပ်နှင့် တက္ကသိုလ်များတွင် ပြုလုပ်ပေးလျက် ရှိပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့၏ စာပေလေ့လာသင်ကြားမှုများကို အဆက်မပြက်လေ့လာသင်ယူကြပြီး သင်ကြားမှုသင်ယူမှုများ တိုးတက်မြင့်မားအောင် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ မိမိတို့တပည့်များကို ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ် လူရွယ်များဖြစ်လာစေရေးအတွက် ပြုစုပျိုးထောင်ပေးရမှာဖြစ်ပါကြောင်း၊ ဗလငါးတန်နှင့် ပြည်စုံသည့် လူငယ်များဖြစ်စေရန် ပြုစုပျိုးထောင်ရာတွင် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည်လွန်စွာအရေးပါပါကြောင်း၊ ပညာရေးဒီဂရီကောလိပ်မှသင်ကြားပို့ချသည့် ဘာသာရပ်များကို စနစ်တကျလေ့လာသင်ယူကြပြီး မိမိတို့၏တပည့်များအား ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်လူရွယ်များဖြစ်အောင်သင်ကြားပြသပေးနိုင်သည့် ဆရာ၊ ဆရာမများဖြစ်ပါ စေကြောင်း” အမှာစကားများပြောကြားခဲ့ပြီး ဂုဏ်ပြုထောက်ပံ့ငွေများကိုပေးအပ်ရာ မြောင်းမြပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးကလက်ခံရယူခဲ့သည်။  ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် မြောင်းမြပညာရေး ဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှု များကို ကြည့်ရှုအားပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့သည်။ ထို့နောက် မြောင်းမြပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများ၏လူငယ်သီတင်းပတ် လှုပ်ရှားဆောင်ရွက်မှုပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ နေ့လည်စာအတူအကွသုံးဆောင်ခဲ့ကြောင်းသိရသည်။


Read More...
04-Sep-2023