သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ယခုလ ၁၉ ရက်နေ့ ညနေပိုင်းကပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ ဝင်များ၊ ကုမ္မဏီလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။


Read More...
20-Mar-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှစ်(၈၀)ပြည့် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝါးခယ်မမြို့၊ မင်းပိုင်းရပ်ကွက်၊ ကမ်းနားလမ်း ကွန်ကရစ်ခင်းသစ်ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် မင်းပိုင်းရပ်ကွက်၊ ကမ်းနားလမ်းကွန်ကရစ်ခင်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။


Read More...
20-Mar-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှစ်(၈၀) ပြည့်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာလျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားများ တက်ရောက်၊ နွေစပါးစံကွက်ရိတ်သိမ်းပွဲအားတက်ရောက်ကာ တောင်သူများနှင့်တွေ့ဆုံ
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၌ နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂ဝ၂၄- ၂ဝ၂၅ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။


Read More...
20-Mar-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှစ်(၈၀)ပြည့် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘိုကလေးမြို့အဝေးပြေးယာဉ်ရပ်နားစခန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖျာပုံခရိုင်၊ ဘိုကလေးမြို့ အဝေးပြေးယာဉ်ရပ်နားစခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကွင်းတွင် ပြုလုပ်လုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။


Read More...
20-Mar-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ငရုပ်ကောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသော ကျောင်းသား ကျောင်းသူများအား ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ငရုတ်ကောင်းအခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာနသို့သွားရောက်၍ တာဝန်ရှိသူများအား တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများ အခက်အခဲမရှိ ဖြေဆိုနိုင်ရေးဝိုင်းဝန်း စောင့်ရှောက်ကြရန်၊ မေးခွန်းများသယ်ဆောင်ရာတွင် လုံခြုံမှုရှိရေးနှင့် ထိန်းသိမ်းစောင့်ရှောက် မှုများ အလေးထားဆောင်ရွက်ရန်၊ ကျောင်းဝန်းအတွင်းအပြင် သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု၊ ထူးခြားမှုတစ်စုံတစ်ရာရှိပါက ကွပ်ကဲရေးရုံးများမှတစ်ဆင့် အချိန်မီသတင်းပေးပို့ကြရန်နှင့် ကျောင်းသားကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးမှာကြားကာ သင်္ချာ ဘာသာရပ်ဖြေဆိုသည့် ကျောင်းသားကျောင်းသူများအား ကြည့်ရှုအားပေးခဲ့သည်။


Read More...
19-Mar-2025