သတင်းများ
ဧရာဝတီတိုင်းဒေသကြီး၏ (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီး၏ (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲအကဲဖြတ်ပညာရှင်များနှင့် ခရိုင်(၈)ခရိုင်မှ ပြိုင်ပွဲဝင်များတက်ရောက်ခဲ့ ကြသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီး၏ (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲကျင်းပရေး နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က“ ၂၀၂၃ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး(ဗဟိုအဆင့်)ပြိုင်ပွဲတွင်ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် အဆင့်ရှိရှိဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့်ဖြင့် ပြိုင်ပွဲများအချိန်ယူ ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင်များ၏ ရလာဒ်များသည်လည်း ထွက်ပေါ်ခဲ့ပြီဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်များေရွးချယ်ပြီး မကြာမီအချိန်တွင်စခန်းသွင့်လေ့ကျင့်၍ ဗဟိုအဆင့်တွင်အောင်မြင်မှုရရှိစေရေး စနစ်တကျပြင်ဆင်လေ့ကျင့်သွားမှာဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲတွင် ယခင်နှစ်ထက် ပိုမိုကြိုးစားယှဉ်ပြိုင်ကြသည်ကိုလည်း တွေ့ရှိရပါကြောင်းနှင့် တိုင်းေဒသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီးပညာရှင်များအား အကောင်းဆုံး အကဲဖြတ်ရွေးချယ်ပေးပါသော ဒိုင်အဖွဲ့များအားလည်း ကျေးဇူးတင်ရှိပါကြောင်း၊ တိုင်းဒေသကြီး၏ ရွက်ပုန်းသီးအနုပညာရှင်များ ပေါ်ထွက်လာစေရန်အတွက် ယခင်နှစ်အတွေ့အကြုံများကို အခြေခံ၍ အားသားချက်၊ အားနည်းချက်များကိုလည်း ပြန်လည်သုံးသပ်စေခဲ့ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် လူဦး ရေများပြားပြီးကျေးလက်ဒေသကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်သောကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲများနှင့်ပတ်သက်၍ ဖွံ့ဖြိုးသည်ဟု ပြောရမှာဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့်လည်း တက်ညီလက်ညီကြိုးစားယှဉ်ပြိုင်ခဲ့သည့်အတွက်လည်း အသိအမှတ်ပြုပါကြောင်း၊ တိုင်းဒေသကြီးကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီး၊ ပြိုင်ပွဲဝင်များအနေဖြင့်ယခင်နှစ်ဗဟိုအဆင့်ပြိုင်ပွဲတွင်ရရှိခဲ့သည့် တတိယနေရာထက်ကျော်လွန်၍ ရွှေ၊ ငွေ၊ ကြေး၊တံဆိပ်များ ပိုမိုရရှိအောင် စည်းစည်းလုံးလုံးဆောင်ရွက်နိုက်ပါစေကြောင်း” အမှာစကားများပြောကြားသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဆိုပြိုင်ပွဲတွင် ဝါသနာရှင်(ပ)(အမျိုးသား)၊ ဝါသနာရှင်(ဒု)(အမျိုးသား)၊အဆင့်မြင့်ပညာ(အမျိုးသား)၊ အခြေခံပညာ(၁၅-၂၀)(အမျိုးသား)၊ အခြေခံပညာ(၁၀-၁၅)(အမျိုးသား) မဟာဂီတ ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်များအားလည်းကောင်း၊ အကပြိုင်ပွဲတွင် ဝါသနာရှင်(ဒု)(အမျိုးသား) ရုပ်သေးကြိုးဆွဲ၊ ဝါသနာရှင်(ပ)(အမျိုးသား) ကွက်စိပ်၊ ဝါသနာရှင်(ဒု)(အမျိုးသား) ကွက်စိပ်ပြိုင်ပွဲများတွင်ပထမဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်များအားလည်းကောင်း၊ အရေးပြိုင်ပွဲတွင် ဝါသနာရှင်(ပ) အရေး၊ ဝါသနာရှင်(ဒု) အရေးပြိုင်ပွဲများတွင် ပထမဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်များအားလည်းကောင်း၊ အတီးပြိုင်ပွဲတွင် အခြေခံပညာ(၁၅-၂၀)(အမျိုးသား)စန္ဒယား၊ ဝါသနာရှင်(ဒု) အမျိုးသား၊ ဆိုင်းဝိုင်းကြီးအဖွဲ့လိုက်၊ ဝါသနာရှင်(ဒု) အမျိုးသမီး၊ ဆိုင်းဝိုင်းကြီးအဖွဲ့လိုက်၊ အခြေခံပညာ(၁၅-၂၀)(အမျိုးသား)အိုးစည် အဖွဲ့လိုက် ပြိုင်ပွဲများတွင် ပထမဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်များအားလည်းကောင်း၊ ကျေးလက်ရိုးရာအကအဖွဲ့၊ ရှမ်းတိုင်းရင်းသားရိုးရာအကအဖွဲ့၊ ရုပ်စုံသဘင် အဖွဲ့တို့အား ပြိုင်ပွဲဝင်ဂုဏ်ပြုဆုများအားလည်းကောင်း၊ တိုင်းေဒသကြီးဝန်ကြီးချုပ်၏ဇနီးက အဆိုပြိုင်ပွဲတွင် ဝါသနာရှင်(ပ)(အမျိုးသမီး)၊ ဝါသနာရှင်(ဒု)(အမျိုးသမီး)၊အဆင့်မြင့်ပညာ(အမျိုးသမီး)၊ အခြေခံပညာ(၁၅-၂၀)(အမျိုးသမီး)၊အခြေခံပညာ (၁၀-၁၅)(အမျိုးသမီး)မဟာဂီတ၊ ဝါသနာရှင်(ပ)(အမျိုးသမီး) ခေတ်ဟောင်းကာလပေါ်ဝါသနာရှင်(ဒု)(အမျိုးသမီး) ခေတ်ဟောင်းကာလပေါ်ပြိုင်ပွဲများတွင်ပထမဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်များအားလည်းကောင်း၊ အကပြိုင်ပွဲတွင် အခြေခံပညာ (၁၀-၁၅)(အမျိုးသမီး) ကဗျာလွတ်အက(အဖွဲ့လိုက်)၊ အခြေခံပညာ(၁၅-၂၀)(အမျိုးသမီး) (တစ်ဦးချင်းအက)ပြိုင်ပွဲများတွင်ပထမဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်များအားလည်းကောင်း၊ အရေးပြိုင်ပွဲတွင်အဆင်မြင့်ပညာ၊ အခြေခံပညာ(၁၅-၂၀)အရေးပြိုင်ပွဲများတွင် ပထမဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်များအားလည်းကောင်း၊ အတီးပြိုင်ပွဲတွင် ဝါသနာရှင်(ဒု)(အမျိုးသမီး) တယော၊ ဝါသနာရှင်(ပ) အမျိုးသမီး၊ ဆိုင်းဝိုင်းကြီးအဖွဲ့လိုက်ပြိုင်ပွဲများတွင်ပထမဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်များအားလည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက အဆိုပြိုင်ပွဲတွင် အခြေခံပညာ(၁၅-၂၀) အမျိုးသမီး၊ ခေတ်ဟောင်းကာလပေါ်၊ ဝါသနာရှင်(ဒု)အမျိုးသမီး၊ အမျိုးဂုဏ်ဇာတိဂုဏ်၊ ဝါသနာရှင်(ပ) အမျိုးသား၊မဟာဂီတ၊ ဝါသနာရှင်(ဒု) (အမျိုးသား)၊ (အမျိုးသမီး)မဟာဂီတ၊ အဆင့်မြင့်ပညာ၊အမျိုးသား/ အမျိုးသမီး (မဟာဂီတ)၊ အခြေခံပညာ(၁၅-၂၀) (အမျိုးသား/ အမျိုးသမီး)မဟာဂီတပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသည့်ပြိုင်ပွဲဝင်များအားလည်းကောင်း၊ အကပြိုင်ပွဲတွင် ဝါသနာရှင်(ဒု)၊ (အမျိုးသား)(တစ်ဦးချင်း)၊ အဆင်မြင့်ပညာ၊ (အမျိုးသား)(တစ်ဦးချင်း)၊ အခြေခံပညာ၊ (၁၅ -၂၀)၊ (၁၀-၁၅)တစ်ဦးချင်း ပြိုင်ပွဲများတွင် ပထမဆုရရှိသည့်ပြိုင်ပွဲဝင်များအားလည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ဇနီးက အဆိုပြိုင်ပွဲတွင် အဆင့်မြင်ပညာ၊ (အမျိုးသမီး)၊ ဝါသနာရှင်(ပ) အမျိုးသား၊ ဝါသနာရှင်(ပ) အမျိုးသမီး၊ ဝါသနာရှင်(ဒု) အမျိုးသား၊ ဝါသနာရှင်(ဒု) အမျိုးသမီး၊ ခေတ်ဟောင်းကာလပေါ် ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသည့်ပြိုင်ပွဲဝင်များအားလည်းကောင်း၊ အကပြိုင်ပွဲတွင် ဝါသနာရှင်(ဒု) အမျိုးသမီး၊ အဆင့်မြင်ပညာ (အမျိုးသမီး)၊ အခြေခံပညာ၊ (၁၀-၁၅) အမျိုးသမီး (တစ်ဦးချင်း)၊ အခြေခံပညာ၊ (၁၀-၁၅) ကဗျာလွတ်အက(အဖွဲ့လိုက်)ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယဆုရရှိသည့်ပြိုင်ပွဲဝင်များအားလည်းကောင်း၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးက အဆိုပြိုင်ပွဲတွင် အခြေခံပညာ၊ (၁၀-၁၅) အမျိုးသား၊(ခေတ်ဟောင်းကာလပေါ်)၊ ဝါသနာရှင်(ဒု) (အမျိုးသား)၊ (အမျိုးသမီး)၊ အဆင့်မြင်ပညာ၊ (အမျိုးသား)၊ (အမျိုးသမီး)၊ အမျိုးဂုဏ်ဇာတိဂုဏ် ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသည့်ပြိုင်ပွဲဝင်များအားလည်းကောင်း၊ အကပြိုင်ပွဲတွင် ဝါသနာရှင်(ဒု) (အမျိုးသား)၊ (အမျိုးသမီး) ရုပ်သေးကြိုးဆွဲ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယဆုရရှိသည့်ပြိုင်ပွဲဝင်များအားလည်းကောင်း၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၏ဇနီးက အဆိုပြိုင်ပွဲတွင် ဝါသနာရှင်(ဒု) (အမျိုးသား)၊ အဆင့်မြင်ပညာ၊ (အမျိုးသား)၊ အမျိုးဂုဏ်ဇာတိဂုဏ်၊ အခြေခံပညာ၊ (၁၅-၂၀) (အမျိုးသား)၊ (အမျိုးသမီး)ခေတ်ဟောင်းကာလပေါ် ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသည့်ပြိုင်ပွဲဝင်များအားလည်းကောင်း၊ အကပြိုင်ပွဲတွင် အခြေခံပညာ၊ (၁၅-၂၀) (အမျိုးသား)၊ (အမျိုးသမီး) (တစ်ဦးချင်းအက)၊ အခြေခံပညာ၊ (၁၀-၁၅) ကဗျာလွတ်အက၊ (အဖွဲ့လိုက်) ပြိုင်ပွဲများတွင် ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသည့်ပြိုင်ပွဲဝင်များအားလည်းကောင်း၊ တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဇနီးတို့က အဆို၊ အက၊ အရေး၊ အတီး၊ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် ဒိုင်ချုပ်များနှင့် ခရိုင်အလိုက် အကဲဖြတ်ဒိုင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကိုချီးမြှင့်ခဲ့ပြီး တံခွန်စိုက် တတိယဆုရရှိသည့် မအူပင်ခရိုင်၊ ဒုတိယဆုရရှိသည့် ပုသိမ်ခရိုင်နှင့် ပထမဆုရရှိသည့် မြောင်းမြခရိုင်တို့အား ဧရာဝတီတိုင်းဒေသကြီး၏ (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲအား ပြိုင်ပွဲကျင်းပရေး နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ဆုဖလားနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကာ ပြိုင်ပွဲတွင်ဆုရရှိသူများ၏ ပြန်လည်ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၏ (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲအား ပြိုင်ပွဲတွင် ခရိုင်အသီးသီးမှ အဆိုပြိုင်ပွဲဝင် ၁၁၂ဦး၊ အကပြိုင်ပွဲဝင် ၂၂၆ဦး၊ အရေးပြိုင်ပွဲဝင် ၁၂ဦး၊ အတီးပြိုင်ပွဲဝင် ၂၆၇ဦး၊ စုစုပေါင်း ၆၁၇ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။
Read More...
16-Sep-2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၃ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အခမ်းအနားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၃ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စုစုပေါင်း အင်အား (၁၅၀)ဦးတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်မိန့်ခွန်းမြွက်ကြားရာတွင် “အိုဇုန်းလွှာသည် နေရောင်ခြည်မှလာသည့် ခရမ်းလွန်ရောင်ခြည်များအား ကမ္ဘာမြေပြင်ပေါ်သို့ မကျရောက်စေရန်အတွက် ကာကွယ်ပေးလျက်ရှိပြီး သဘာဝအကာအရံတစ်ခုအဖြစ် တည်ရှိနေသည့်အတွက် ကမ္ဘာပေါ်ရှိ လူသားများ အပါအဝင်သက်ရှိများအားလုံးအတွက် မရှိမဖြစ်လိုအပ်ပါကြောင်း၊ အိုဇုန်းလွှာသည် အအေးပေးပစ္စည်းများတွင် အသုံးပြုသည့် ကလိုရိုဖလူရိုကာဗွန်ကြောင့် ပျက်စီးကြောင်းကို ၁၉၇၄ ခုနှစ်တွင် စတင်လေ့လာတွေ့ရှိခဲ့ပြီး အိုဇုန်းလွှာပျက်စီးမှုနှင့်ပတ်သက်၍ သိပ္ပံနည်းကျ လေ့လာသုံးသပ်မှု ပြုလုပ်ရန်ဆုံးဖြတ်ခဲ့ကြပါကြောင်း၊ အိုဇုန်းလွှာကာကွယ်ရေးအတွက် ဖွံ့ဖြိုးပြီးနိုင်ငံအချို့နှင့် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်တို့ ဦးဆောင်ကာ ကြိုးပမ်းဆောင်ရွက်ခဲ့ကြရာ၁၉၈၅ ခုနှစ်တွင် အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းကိုချမှတ်နိုင်ခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်ကို ထပ်မံချုပ်ဆိုနိုင်ခဲ့ပါကြောင်း၊လူသားအားလုံး ရင်ဆိုင်နေရသည့် အိုဇုန်းလွှာပျက်စီးခြင်းကဲ့သို့သော ခြိမ်းခြောက်မှုကို သိပ္ပံပညာရှင်များကရှာဖွေတွေ့ရှိခဲ့သည့်အပေါ် အစိုးရများနှင့် မိတ်ဖက်အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းကြောင့် မွန်ထရီရယ်သဘောတူ စာချုပ်သည် အောင်မြင်မှုတစ်ခုလည်းဖြစ်ခဲ့ပါကြောင်း၊ ယခု ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်ကတော့ “Montreal Protocol: Fixing the Ozone Layer and Reducing Climate Change” “ရာသီဥတုပြောင်းလဲမှုလျှော့ချရေး အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ပေး”ဖြစ်ပါကြောင်း၊ အိုဇုန်းလွှာထိခိုက်ပျက်စီးမှုကို ကာကွယ်နိုင်ခြင်းနှင့်အတူ ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချနိုင်မည်ဟု အပြည့်အဝယုံကြည်ပါကြောင်း၊ သက်ရှိများအတွက်သာမက နောင်အနာဂတ်မျိုးဆက်များအတွက်ပါ အရေးပါသည့် အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းစဉ်များကို အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း”တိုက်တွန်းအမှာစကားပြောကြားသည်။
ဆက်လက်၍ ၂၀၂၃ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးဗီဒီယို၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီရိုဂူတာရက်စ်၏ အထိမ်းအမှတ် သဝဏ်လွှာ ဗီဒီယိုပြသခြင်းနှင့်ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်(UNEP)၏ အမှုဆောင်ညွှန်ကြားရေးမှူး၊ Ms. Inger Andersen ၏ Memorial Videoတို့ကို ထုတ်လွှင့်ပြသပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၃ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကိုလည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကိုလည်းကောင်း၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးက အလယ်တန်းအဆင့် ပန်းချီနှစ်သိမ့်ဆုရရှိသူများအားလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကာ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည်ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပြသထားသော ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
Read More...
16-Sep-2023
ပုသိမ်မြို့၌ပြုလုပ်သည့် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားတွင် ပထမနှစ် (အငယ်တန်း) သင်တန်းသား၊ သင်တန်းသူတန်းသူ(၆၀)ဦးအား ဂျူတီကုတ်နှင့်ဦးဆောင်းများ အပ်နှင်းခဲ့
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ယနေ့နံနက်ပိုင်းက သူနာပြု-သားဖွားဒီပလိုမာပထမနှစ် (အငယ်တန်း) သူနာပြုသင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားကို ပြုလုပ်ခဲ့ပြီး ပထမနှစ် (အငယ်တန်း) သင်တန်းသား၊ သင်တန်းသူ(၆၀)ဦးအား ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲအခမ်းအနား ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့်တာဝန်ရှိသူများ၊ သင်တန်းသားသင်တန်းသူ များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ယခုကဲ့သို့ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းသည့်အခမ်းအနား (Capping & Coating Ceremony )ကို မြန်မာနိုင်ငံသာမက နိုင်ငံတကာသူနာပြုတက္ကသိုလ်များမှာလည်း ကျင်းပတဲ့အခမ်းအနား တစ်ခုဖြစ်ပါ ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ သူနာပြုသင်တန်းကျောင်း (၃)ကျောင်းတွင် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများကို ဖြည့်ဆည်းဆောင်ရွက် ပေးတာကိုတွေ့ရှိရပါကြောင်း၊ ပုသိမ်မြို့ ၊ သူနာပြုနှင့်သားဖွား သင်တန်းကျောင်းမှသင်တန်း ဆင်းခဲ့ကြသော သူနာပြု ဆရာ/ဆရာမ များသည် ယခုအချိန်တွင် နေရာဒေသသီးသီး၌ တာဝန်ကျေပွန်စွာဖြင့် ပြည်သူ့အကျိုးကိုထမ်းဆောင်နေကြသကဲ့သို့ ထူးချွန်သော ဖလောရင့်နိုက်တင်ဂေးဆုရသူနာပြု ဆရာ(၁)ဦးကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် လူဦးရေများပြားပြီး မြစ်ချောင်းအင်းအိုင်များပေါများကာ သွားလာရေးခက်ခဲသည့်နေရာဒေသများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး သူနာပြုနှင့်သားဖွား တာဝန်ထမ်းဆောင်ကြမည့် သင်တန်းသား သင်တန်းသူများအား များစွာအားထားပါကြောင်း၊ ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ သူနာပြုနေ့ဆောင်ပုဒ်ဖြစ်သည့် “Our Nurses, Our Future” “အနာဂတ်အတွက် အားထားရာ သူနာပြုများပါ စွမ်းအားမြှင့်တင် စောင့်ရှောက်ပေး၊ ပြည်သူ့ ကျန်းမာရေး" ဆိုသည့်ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး တာဝန်သိမှု ၊ တာဝန်ခံမှုအပြည့်ရှိသောသူနာပြုများ၊ အခြားသူများ၏ ခံစားမှု၊ အမြင်၊အခွင့်အရေး များကို ဦးစားပေးဖြည့်ဆည်းပေးတတ်ပြီး သူနာပြုစုမှုပညာရပ်များကိုအရင်းခံ၍ ပြည်သူလူထုအပေါ် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ပါစေလို့ တိုက်တွန်းလိုပါ ကြောင်း၊ သင်တန်းပြီးဆုံးသည့်အခါမှာလည်း နေရာဒေသမရွေးကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ဆထက်ထမ်းပိုးသယ်ပိုးဆောင်ရွက်နိုင်ကြပါစေ ကြောင်း ” တိုက်တွန်းအမှာစကားများ ပြောကြားသည်။
ဆက်လက်၍ ပုသိမ်မြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းအုပ်၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ပုသိမ်မြို့ပြည်သူ့ဆေးရုံ သူနာပြုအုပ်တို့က သင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းများ အပ်နှင်းခဲ့ ပြီးနောက် သင်တန်းသား၊ သင်တန်းသူများက သူနာပြုသစ္စာ အဓိဋ္ဌာန်များ ရွတ်ဆိုခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းတွင်ထူးချွန်ဆုရရှိသူများအား ဆုများ ချီးမြှင့်ခဲ့ပြီး သူနာပြုသင်တန်းကျောင်းအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ရာ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။
Read More...
15-Sep-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် နည်းပညာတက္ကသိုလ် (ပုသိမ်)၌ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီနှင့် နည်းပညာတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသော“လူငယ်စကားဝိုင်း”သို့ တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နည်းပညာတက္ကသိုလ် (ပုသိမ်)၌ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် နည်းပညာတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသော“လူငယ်စကားဝိုင်း”သို့တက်ရောက်၍ “ယနေ့လူငယ်၊ နောင်ဝယ် လူကြီး ဟူသည့် စကားအတိုင်း နောင်ခေတ်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်မည့် လူငယ်များကို ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်ရန်အတွက် လူငယ်ကဏ္ဍကိုမြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးညီလာခံမှ ပေါ်ထွက်လာသည့် ရလဒ်များအရ တိုင်းဒေသကြီးအတွက်အကျိုးပြုနိုင်မည့် ဒေသသုတေသန စာတမ်းအလုပ်ရုံဆွေးနွေးပွဲကို ပုသိမ်တက္ကသိုလ်၌ တိုင်းဒေသကြီးအတွင်းရှိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများနှင့် စုပေါင်း၍ တိုင်းဒေသကြီး၏ စီးပွားရေး အဓိကမောင်းနှင်အားဖြစ်သည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းလိုအပ်ချက်များအပေါ် တက္ကသိုလ်များ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များမှ ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ ဆွေးနွေးပြုလုပ်ခဲ့ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက်ကြိုးစားဆောင်ရွက်ကြသည့် လူငယ်များဖြစ်ကြပါစေကြောင်းနှင့် ယနေ့ ပြုလုပ်သည့် လူငယ်စကားဝိုင်းမှသည် နောင်အနာဂတ်အတွက် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်း ထမ်းဆောင်မည့် လူငယ်လူရွယ်များပေါ်ထွက်ပါစေကြောင်း”အမှာစကားများ ပြောကြားသည်။
ဆက်လက်၍ နည်းပညာတက္ကသိုလ်(ပုသိမ်)မှ ဒုတိယပါမောက္ခချုပ်က စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် စကားဝိုင်းဆွေးနွေးပွဲ ကိုပြုလုပ်ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် နည်းပညာတက္ကသိုလ်(ပုသိမ်) ဒေါ်မြသက်နွယ်၊ တွဲဖက် ပါမောက္ခ(မြန်မာစာဌာန)က ဦးဆောင်ဆွေးနွေးခဲ့ပြီး တတိယနှစ်(Civil)ကျောင်းသား မောင်ဇင်လင်းကိုကိုက “လူငယ်နှင့်အားကစား”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယနှစ်(EP) ကျောင်းသား မောင်လွင်ဖုန်းမြတ်က “လူငယ်နှင့်နည်းပညာ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပထမနှစ် (Mechanical)ကျောင်းသား မောင်သန့်ဇော်လင်းက “လူငယ်နှင့်ယဉ်ကျေးမှု”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စတုတ္ထနှစ်(Mechanical)ကျောင်းသူ မဝါဝါမင်းသူက “လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်”ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ တက်ရောက် လာကြသူများမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးမှုများအပေါ် ပြန်လည်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စကားဝိုင်းဆွေးနွေးပွဲနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးခဲ့ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့သော မြန်မာစာဌာန၊ တွဲဖက်ပါမောက္ခ နှင့်ကျောင်းသား၊ ကျောင်းသူများအတွက် အမှတ်တရလက်ဆောင်များနှင့် နည်းပညာတက္ကသိုလ် (ပုသိမ်)သို့ အားကစားပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့် နည်းပညာတက္ကသိုလ် (ပုသိမ်) ဒုတိယပါမောက္ခချုပ်တို့က လက်ခံရယူခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပဉ္စမနှစ်(Mechanical) ကျောင်းသားများမှ လက်တွန်းကောက်စိုက်စက် စမ်းသပ်တည်ဆောက်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး အောင်မြင်အောင် ဆောင်ရွက်စေရေး မှာကြားခဲ့ကြောင်းသိရသည်။
Read More...
13-Sep-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့၌ပြုလုပ်သည့် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားသို့ တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့သူနာပြုသင်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက သူနာပြု-သားဖွားဒီပလိုမာပထမနှစ် (အငယ်တန်း) သူနာပြုသင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားကို ပြုလုပ်ခဲ့ပြီး ပထမနှစ် (အငယ်တန်း) သင်တန်းသား၊ သူတန်းသူ(၄၆)ဦးအား ဂျူတီကုတ်နှင့်ဦးဆောင်းများ အပ်နှင်းခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို သင်တန်းသားများက သူနာပြုသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“မိမိတို့တိုင်းဒေသကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု များပေးနိုင်ရန် သူနာပြုနှင့်သားဖွား ဒီပလိုမာသင်တန်းများ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိ ပါကြောင်း၊ ယခုကဲ့သို့ ဂျူတီကုတ်နှင့်ဦးဆောင်း အပ်နှင်းပွဲအခမ်းအနားများ ပြုလုပ်သည့် အခါတိုင်း လာရောက်ချီးမြှင့်အားပေး၍ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး တွေ့ဆုံအားပေးခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း သင်တန်းသားသင်တန်းသူများ နေထိုင် စားသောက်ရေး အဆင်ပြေစေရေး လိုအပ်သည်များထောက်ပံ့ပေးနိုင်ရေး ခရိုင်၊ မြို့နယ် များရှိ အုပ်ချုပ်ရေးအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် ပေါင်းစပ်ဆောင်ရွက်ပေးထားပါကြောင်း၊ လက်ရှိ သင်ကြားနည်း စနစ်သစ်ဖြစ်တဲ့ Adult Learning၊ Self Learning ၊ Active Learning စနစ်ဖြင့်သင်ကြားပေးလျက်ရှိရာ Active Participation ဖြစ်ရန် သင်ကြားပို့ချမှုများကို စနစ်တကျလေ့လာသင်ယူကြရန်မှာကြားလိုပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်ဖြစ်သည့် တစ်မျိုးသားလုံး ကျန်းမာသက်ရှည် ကြံ့ခိုင်ရေးအတွက် ပြည်သူ အားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ သူနာပြုများလိုက်နာရမည့် ကျင့်ဝတ်များနှင့် သူနာပြုသစ္စာအဓိဋ္ဌာန်များကို မမေ့လျော့ပဲ လူနာများနှင့်အများပြည်သူများကို အကျိုးပြုနိုင်သည့် သူနာပြုများ ဖြစ်ပါ စေကြောင်း ” တိုက်တွန်းအမှာစကားများ ပြောကြားသည်။
ဆက်လက်၍ မြောင်းမြမြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းအုပ်ကြီး၊ မြောင်းမြမြို့ ပြည်သူ့ဆေးရုံမှ သူနာပြုအုပ်တို့က သင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းများ အပ်နှင်းခဲ့ပြီးနောက် သင်တန်းသား၊ သင်တန်းသူများက သူနာပြုသစ္စာ အဓိဋ္ဌာန်များ ရွတ်ဆိုခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ပြီး သူနာပြုသင်တန်းကျောင်းအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ရာ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။
Read More...
13-Sep-2023