သတင်းများ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကိုကြည့်ရှုအားပေးပြီး စိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် (၂၆)မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများ သန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လမ်းဘေးဝဲယာများတွင် အိမ်၊ လမ်း၊ ရွာ၊ ကျောင်း သန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ အပတ်စဉ်စနေ့နေ့တိုင်း စုပေါင်းသန့်ရှင်းရေးကိုဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့အတွင်း စုပေါင်းသန့်ရှင်းရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
Read More...
23-Aug-2025
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၂၀၂၅ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသား ရိုးရာခြင်းလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညနေပိုင်းတွင် ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင်ပြုလုပ်သည့် ၂၀၂၅ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသားရိုးရာခြင်းလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဖျာပုံခရိုင်အသင်း၏ နောက်ဆုံးပွဲစဉ်အဖြစ်ယှဉ်ပြိုင်ခြင်းခတ်ကစားနေမှုနှင့် တိုင်းဒေသကြီးလက်ရွေးစင်အမျိုးသမီးအသင်းတို့၏ သရုပ်ပြခြင်းခတ်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
Read More...
22-Aug-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အကြမ်းဖက် ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အမျိုးသားသဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိမ်းလဲ့ရေကြည်ခန်းမတွင်ပြုလုပ်သည့် အကြမ်းဖက် ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ် စွန့်ခွာလာသူများ တွင်ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက် နိုင်ရေးအတွက် တာဝန်ရှိသူအားလုံးက ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း
Read More...
22-Aug-2025
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ကျုံပျော်ခရိုင်စုပေါင်းရုံးတွင် ပြုလုပ်သည့် တွေ့ဆုံပွဲသို့ တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်စုပေါင်းရုံးတွင် ပြုလုပ်သည့် တွေ့ဆုံပွဲသို့တက်ရောက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ယခုဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်မီးရရှိရေးဆောင်ရွက်ပေးရမည့် ကျေးရွာများကို အချိန်မီ မီးရရှိရေးအတွက် တာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက်ရန်၊ ကျေးရွာနေပြည်သူများ အနေဖြင့်လည်း ကျေးရွာမီးလင်းရေးကော်မတီကို စနစ်တကျဖွဲ့စည်းပြီး မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းများ နှင့်ပတ်သက်၍ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန်လိုပါကြောင်း
Read More...
22-Aug-2025
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဓနုဖြူခံတပ်ဟောင်းနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်ထားသော နှစ်ပေါင်း (၁၀၀) နှင့်အထက် သက်တမ်းရှိအဆောက်အအုံများအား လှည့်လည်ကြည့်ရှုစစ်ဆေး
Read More...
ဓနုဖြူခံတပ်ဟောင်းနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်ထားသော နှစ်ပေါင်း (၁၀၀) နှင့်အထက် သက်တမ်းရှိအဆောက်အအုံများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာတာဝန်ရှိသူများမှ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
Read More...
22-Aug-2025