သတင်းများ


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင် ၂၀၂၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်
၂၀၂၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုေပးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။


Read More...
16-May-2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ သိလ္လာဂါတ်စုကျေးရွာရှိရာဘာခြံနှင့်ကော်ဖီသီးညှပ်စိုက်ပျိုးထားမှုကြည့်ရှုစစ်ဆေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက မြောင်းမြမြို့နယ်၊  သိလ္လာဂါတ်စုကျေးရွာရှိ တောင်သူဦးသန့်ဇင်၏ ရာဘာခြံနှင့် ကော်ဖီ သီးညှပ်စိုက်ပျိုးထားရှိမှုများကို သွားရောက် ကြည့်ရှုအားပေးခဲ့သည်။


Read More...
16-May-2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင် လပွတ္တာမြို့နယ်ရှိ မွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် လပွတ္တာမြို့နယ်၊ ရေဆိုင်ကျေးရွာအုပ်စု၊ စမ်းချောင်းကျေးရွာရှိ ကျွဲမွေးမြူရေး အသုံးချသုတေသနနှင့် မျိုးထိန်း၊ မျိုးပွားခြံသို့‌ေရာက်ရှိ၍ ကျွဲမွေးမြူရေး အသုံးချသုတေသနနှင့် မျိုးထိန်း၊ မျိုးပွားခြံ(လပွတ္တာ) တာဝန်ခံက ကျွဲမွေးမြူရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု၊ မျိုးဖြန့်ဖြူးရောင်းချမှု၊ တိရစ္ဆာန်အစာပင် စိုက်ပျိုးရန်ဆောင်ရွက်ထားရှိမှုအ‌ခြေအနေများ၊ ကျွဲမွေးမြူရေးခြံ ဆောက်လုပ်ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ကျွဲမွေးမြူရေး အသုံးချသုတေသနနှင့် မျိုးထိန်း၊ မျိုးပွားခြံမှ ခိုင်းကျွဲများ တိုးတက်မွေးမြူထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်၊ ခိုင်းကျွဲ၊နွား အစာထုတ်လုပ်ကျွေးမွေးခြင်း ပညာပေးလုပ်ငန်းများဆောင်ရွက်ရန်၊ ကျွဲကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတိုးမြှင့်ဆောင်ရွက်ရန်၊ ခိုင်းကျွဲမျိုးပွား၊ မျိုးထိန်းသုတေသနလုပ်ငန်း‌များ ဆောင်ရွက်ရန်၊ ကျွဲမွေးမြူရာတွင် စာကျက်မြေနေရာသည် အရေးကြီးသောကြောင့် လွှတ်ကျောင်းနိုင်သည့် စာကျက်မြေနေရာများ ရရှိရေး၊  မွေးမြူရေးလုပ်ငန်းများအတွက်  ရေကိုလုံလောက်စွာရရှိရေး ဆောင်ရွက်ကြရန်နှင့်  လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်သွားရန်"  မှာကြားခဲ့သည်။


Read More...
15-May-2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်  ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာစိုက်ထူခြင်းအခမ်းအနားတက်ရောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ တိုင်းဒေသကြီးပညာရေးမှူးရုံးရှေ့တွင် ပြုလုပ်သော ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာစိုက်ထူခြင်းအခမ်းအနားတက်ရောက်ခဲ့ကြသည်။


Read More...
15-May-2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ချီးမြှင့်‌ငွေနှင့် ဆန်များပေးအပ်ပွဲ အခမ်းအနားကျင်းပ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ပန်းတနော်မြို့နယ်အတွင်း ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့မှထောက်ပံ့သည့် ရန်ပုံငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့ နေ့လယ် ၁၂နာရီအချိန်က ပန်းတနော်မြို့နယ် လူထုအခြေပြု‌ဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမကျင်းပ ပြုလုပ်ခဲ့သည်။


Read More...
14-May-2025