သတင်းများ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဟင်္သာတခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇလွန်မြို့နယ်၊ ကျုံခမွန်ကျေးရွာသို့ရောက်ရှိ၍ (၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကျုံခမွန်-မြောက်စုကျေးရွာခြင်းဆက် ကျောက်ချောလမ်းသစ်အား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကာ ကျောက်ချောလမ်းသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး လမ်းအရှည် (၆၀၀) ပေ၊ အကျယ် (၁၂) ပေနှင့် ထု (၆) လက်မရှိကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ မြို့ကွင်းကျေးရွာအုပ်စုသို့ရောက်ရှိ၍ တောင်သူ ဦးကိုဋ္ဌေး၏ တစ်နှစ်သုံးသီးစိုက် မိုးစပါး - မတ်ပဲ-နွေစပါး စိုက်ဧက(၂)ဧကတွင် နွေစပါး ရက် (၉၀) စပါးမျိုးအား မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနေမှု၊ နွေစပါး နယူးဧရာ(၁)စပါးမျိုး(၁)ဧက ပျိုးထောင်စိုက်ပျိုးထားရှိမှုနှင့် နွေစပါးနယူးဧရာ(၁) စပါးမျိုး(၁)ဧကအား မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးထားရှိမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ရိုးပြတ်ကျန်ဧကများမရှိစေရေး၊ သီးထပ်စွမ်းအားတိုးတက်စေရေးနှင့် အောင်မြင်ဖြစ်ထွန်းအောင်စိုက်ပျိုးကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ ယုန်သလင်းကျေးရွာအုပ်စု၊ ရွှေမန်းလွင်ကျေးရွာသို့ရောက်ရှိ၍ (၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကျေးရွာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ကွန်ကရစ်လမ်း သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော် များသည် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကာ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဖြင့်ဆောင်ရွက်သော လမ်းဖြစ်ပြီး လမ်းအရှည် (၆၀၀)ပေ၊ အကျယ် (၁၀)ပေနှင့် ထု(၆)လက်မရှိကြောင်းသိရသည်။
အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ လက်သမားကရင်ကျေးရွာ၌ (၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် (လက်ကရင်ကျေးရွာမှ ပဆငလမ်း) သို့ဆက်သွယ်ထားသော ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားအား တက်ရောက်ခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကာ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ၂၀၂၃ - ၂၀၂၄ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး လမ်းအရှည် (၁၀၀၀) ပေ၊ အကျယ် (၁၀)ပေနှင့် ထု (၆) လက်မ ရှိကြောင်းသိရသည်။
Read More...
18-Mar-2024
ဇလွန်မြို့၊ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ စေတီတော် မြတ်ကြီးတွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော် မုခ်ဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ထို့နောက် ဂန္ဓကုဋိတိုက်အတွင်း အခမ်းအနားအား ဆက်လက်ကျင်းပရာ အခမ်းအနားကို “နမောတဿ”သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ ဩဝါဒါစရိယ၊ သဖန်းကုန်းဆရာတော် ဘဒ္ဒန္တဉာဏိက အရှင်သူမြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ဖတ်သရဇ္ဈယ်ချီးမြှင့်တော်မူသော မေတ္တာသုတ်ပရိတ်တရား တော်အား ဆက်လက်နာယူကြည်ညိုခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေး ဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားတင်ပြခဲ့သည်။
ဆက်လက်၍ ဆရာတော် သံဃာတော်အရှင်သူမြတ်များထံ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။ ထို့နောက် မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၏ ဩဝါဒါစရိယ၊ သဖန်းကုန်းဆရာတော် ဘဒ္ဒန္တဉာဏိက အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားများနာကြားခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကာ အခမ်းအနားကို “ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးသည် ဇလွန် မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီးအား ပန်း၊ ဆီမီး၊ ရေချမ်း ဆက်ကပ်လှူဒါန်းခဲ့ပြီး ဖူးမြှော်ကြည်ညိုခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးက ဇလွန်မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် ဂေါပကအဖွဲ့ထံသို့ အလှူငွေများပေးအပ်လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇလွန်မြို့၊ ညောင်ပင်ဈေး ရပ်ကွက်ရှိ ၆၆ကေဗွီ (ဟင်္သာတ -ရေကြည်)-ဇလွန်ဓာတ်အားလိုင်း (၁၃.၆၆)မိုင်နှင့် ၆၆/၁၁ကေဗွီ၊ (၂၀)အမ်ဗွီအေ ဇလွန်ဓာတ်အားခွဲရုံသို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ဓာတ်အားပို့လွှတ်ရေးစီမံကိန်း (တောင်ပိုင်း)၊ စီမံကိန်းမန်နေဂျာရုံး(၃)ရွှေတောင်မှ တာဝန်ရှိသူတစ်ဦးက စီမံကိန်းလုပ်ငန်း ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဓာတ်အားခွဲရုံအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဇလွန်မြို့နယ်အား လက်ရှိတွင် (၁၆) မိုင်ခန့်ကွာဝေးသော ဟင်္သာတမြို့မှ ပို့လွှတ်သော (၁၁) ကေဗွီ ဓါတ်အားလိုင်းဖြင့် ဓါတ်အားလက်ခံဖြန့်ဖြူးထားပြီး ဇလွန်မြို့နှင့် ကျေးရွာပေါင်း ၁၂၃ ရွာသို့ ဓါတ်အားဖြန့်ဖြူးထားရှိပါသည်။ ယခု ၆၆/၁၁ ကေဗွီ (၂၀) အမ်ဗွီအေ ဇလွန် ဓါတ်အားခွဲရုံနှင့် ဓါတ်အားလိုင်း တည်ဆောက်ပြီးစီးပါက ဇလွန်မြို့နှင့်ကျေးရွာပေါင်း (၁၂၃) ရွာသို့ ဗို့အား ပြည့်ဝစွာဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပြီး ထပ်မံ၍ ကျေးရွာပေါင်း (၇၀) သို့လည်း တိုးမြှင့်၍ ဓါတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါသည်။
Read More...
18-Mar-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ဆောင်းနေကြာစံပြ(၁၀)ဧက စံကွက်ရိတ်သိမ်းပွဲအခမ်းအနားအား တက်ရောက်အားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာအုပ်စု၊ သန်လျက်စွန်းကျေးရွာရှိ (၆၂)နှစ်မြောက် တောင်သူလယ်သမားနေ့တွင် နေကြာ(၁၀)ဧက မြို့နယ်ထူးချွန်ဆုရရှိခဲ့သည့် တောင်သူဦးမြင့်စိုး၏ စိုက်ဧက(၁၀)ဧကတွင်( Super sun-41 )ဆောင်းနေကြာစံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် နေကြာစံကွက် ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးပြီး ဌာဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆီထွက်သီးနှံ နေကြာတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ အပွင့်အရေအတွက်အရွယ်အစားအလိုက်အောင်စေ့ထွက်ရှိမှု၊ မျိုးရွေးချယ်မှုများ၊ အထွက်နှုန်းများ၊ နေကြာဆီကြိတ်ခွဲမှုများအား စနစ်တကျ မှတ်တမ်းထားရှိရန်၊ အထွက်တိုးမျိုးကောင်းမျိုးသန့်များ တိုးချဲ့စိုက်ပျိုးရန်နှင့် ရိတ်သိမ်းပြီးနေကြာပင်များအား သဘာဝမြေသြဇာများ ပြုလုပ်၍ အကျိုးရှိစွာ အသုံးပြုရန်မှာကြားခဲ့ပါသည်။ အဆိုပါ ( Super sun-41 )ဆောင်းနေကြာစံပြကွက် ရိတ်သိမ်းရာမှ (၁)ဧကလျှင် နေကြာတင်း (၅၂.၄၇)တင်း ထွက်ရှိခဲ့ပါသည်။
တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တွင် (၁)မြို့နယ်လျှင် နေကြာ(၁၀)ဧက စံပြစိုက်ခင်းများထူထောင်ပြီး တောင်သူအသိပညာပေးဆောင်ရွက်ခဲ့ရာ ယခုစိုက်ပျိုးထားသောမြေအမျိုးအစားမှာ နေကြာဖြစ်ထွန်းသော သဲနုန်းမြေမဟုတ်သော်လည်း ရိုးပြတ်ကျန် လယ်မြေပေါ်တွင် မျိုး၊ မြေ၊ ရေ၊ နည်း စနစ်များဖြင့် ရေကိုဂရုတစိုက် ပေးခြင်း၊ နည်းပညာကို စနစ်တကျ အသုံးချခြင်း ၊ ဓါတ်မြေဩဇာ သဘာဝမြေဩဇာများကို မြေခံထည့်သွင်းခြင်း၊ အပင်ရက်သားအဆင့်ဆင့်အလိုက် ရွက်ဖျန်းအားဆေး၊ အပင်ပိုးမွှားရောဂါကာကွယ်ဆေးဖျန်းခြင်းများ၊ ဓါတ်မြေဩဇာ သဘာဝမြေဩဇာများ အပင်သက်တမ်းအလိုက်အချိန်ကိုက်အချိုးကျ ထည့်သွင်းပေးခြင်း၊ အပင်ပေါက်စုံရန်အချိန်မှစ၍ ဖူးကင်းဝင်စအချိန် ပျားပုံးများ ချထားခြင်း၊ ရိတ်သိမ်းချိန်အထိ အမြဲမပြတ် ဂရုစိုက်ခြင်းများ ဆောင်ရွက်ခဲ့ခြင်းများကြောင့် အောင်မြင်ဖြစ်ထွန်းခဲ့ပါသည်။
တောင်သူများမှလည်း အမြဲမပြတ် လာရောက် လေ့လာခဲ့ခြင်း၊ အောင်မြင်ဖြစ်ထွန်းမှုများအပေါ် အဆင့်ဆင့် လုပ်ဆောင်ခဲ့မှုများအား အသိပညာပေး ရှင်းလင်းပြသခဲ့ခြင်းများကြောင့် နေကြာဖြစ်ထွန်းမြေမဟုတ်သော်လည်း မြေပြုပြင်မှု၊ ရေအသုံးချမှု၊ မျိုးကောင်းမျိုးသန့်ရွှေးချယ်စိုက်ပျိုးခဲ့မှု၊ နေကြာစိုက်ပျိုးခြင်းနည်းပညာအသုံးချမှုတို့ကိုဆောင်ရွက်ခဲ့မှု၊ အမြဲမပြတ် အပင်ပြုစုဂရုစိုက်မှုတို့ကြောင့် အပင်ဖြစ်ထွန်းအောင်မြင်ခဲ့သဖြင့် တောင်သူများမှ နေကြာစိုက်ပျိုးမှုအပေါ် စိတ်ပါဝင်စား၍ ယုံကြည်မှုများရှိလာကြောင်း သတင်းရရှိပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာပေါင်းမြို့နယ်ပြည်သူ့ဆေးရုံသို့သွားရောက်၍ ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများပါဝင်သော ဆေးကုသရေးအဖွဲ့မှ သွားဘက်ဆိုင်ရာဆရာဝန်၊ ခွဲစိပ်အထူးကု၊ အရိုးအထူးကု၊ ဆေးပညာအထူးကု၊ မျက်စိအထူးကု၊ ကလေးအထူးကု၊ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးများက ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ဆေးလာရောက်ကုသသည့် လူနာများအား ရင်းရင်းနှီးနှီး အားပေးစကားများပြောကြားခဲ့ပါသည်။
အထူးကုဆေးကုသရေးအဖွဲ့သည် သာပေါင်းမြို့နယ်ပြည်သူ့ဆေးရုံတွင် အထွေထွေရောဂါလူနာ (၁၁၂)ဦး၊ ခွဲစိတ်လူနာ (၂၅) ဦး၊ အရိုးရောဂါလူနာ (၈၆) ဦး၊ သားဖွားမီးယပ်လူနာ (၄၁) ဦး၊ မျက်စိလူနာ (၁၁၂) ဦး၊ ကလေးလူနာ (၁၄) ဦး၊ အကြောအဆစ်ပြန်လည်သန်စွမ်းရေးလူနာ (၄)ဦး၊ သွားရောဂါလူနာ (၂၉) ဦး၊ စုစုပေါင်းလူနာ (၄၂၃) ဦး တို့ကို ကြည့်ရှုဆေးကုသမှုပေးခဲ့ပြီး တယ်လီဗေးရှင်းဓာတ်မှန်ရိုက်ခြင်း (၆၀) ဦး၊ ECG နှလုံးစက်ဆွဲခြင်း (၅၇)ဦး တို့အား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ပါသည်။
Read More...
17-Mar-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများနှင့် တက္ကသိုလ်ဝင် စာမေးပွဲ ဆဋ္ဌမနေ့အဖြစ် ဇီဝဗဒဘာသာရပ်နှင့် ဘောဂဗဒဘာသာရပ်များကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုများကိုလှည့်လည်ကြည့်ရှုအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိ သူများနှင့်အတူ ပုသိမ်မြို့တွင်း၌ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေ ပြည်သူများစုပေါင်း၍ အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့အဖြစ် ဇီဝဗဒဘာသာရပ်နှင့် ဘောဂဗဒဘာသာရပ်များကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ဝေဠုဝန်ပရိယတ္တိစာသင်တိုက် နှင့် မဟာဗောဓိမင်္ဂလာ စေတီတော်မြတ်ကြီးပရဝုဏ်အတွင်း၌ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များနှင့် ဌာနဆိုင်ရာများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အမှိုက်များ ကင်းစင်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းရေး၊ အမှိုက်များစနစ်တကျစွန့်ပစ်ရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများ စဉ်ဆက်မပြက် ဆောင်ရွက်စေရေးမှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကမ်းနားလမ်းရှိ ဥမ္မာဒန္တီ တံတားနှင့် ဗိုလ်မြတ်လေးတံတားအကြားရှိ ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတားတည်ဆောက်ရေး လုပ်ငန်းခွင် သို့သွားရောက်၍ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေကျပ် (၈၂၀.၀၀) သန်းဖြင့် Bored Pile အခြေပြု တိုးချဲ့ဆိပ်ခံတားအလျား (၂၀၀)ပေ တည်ဆောက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ ဆောင်ရွက်ရေး၊ လုပ်ငန်းအချိန်မီပြီးစီးရေးနှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး မှာကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီး ကျေးရွာအခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ အဖြစ် ဇီဝဗဒဘာသာရပ်နှင့် ဘောဂဗဒဘာသာရပ်များကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများ အပြည့်အဝပေးနိုင်ရေး၊ လုံခြုံရေးကိစ္စရပ်များ အထူးဂရုပြုဆောင်ရွက်ရေး၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်စွာကျင်းပပြီးစီးရေး တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကန်သုံးဆင့်ပန်းခြံတွင် ပြည်သူများ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများပြုလုပ်နိုင်ရန်နှင့် အပန်းဖြေအနားယူ နိုင်ရန်အတွက် ကန်သုံးဆင့်ပန်းခြံ စိမ်းလန်းစိုပြေစေရေး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအဖြစ် ဆောင်ရွက်နေသည့် ထိုင်ခုံများဆောင်ရွက်ခြင်း၊ ဂျပန်မြက်စိုက်ပျိုးခြင်း၊ Flower Box ပြုလုပ်ထားရှိမှု၊ လျှောက်လမ်းများ၊ ပန်းအလှပင်များစိုက်ပျိုးထားရှိမှုနှင့် ဘဲစာမြက်များ စိုက်ပျိုး ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် တာဝန်ရှိသူများ၏ ကန်သုံးဆင့်ပန်းခြံ စိမ်းလန်းစိုပြေစေရေး အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်မည့် အစီအစဉ် များအား ရှင်းလင်းတင်ပြမှုအပေါ် တို်ငးဒေသကြီးဝန်ကြီးချုပ်မှ အများပြည်သူများ စိတ်အေးချမ်း စွာအနားယူနိုင်စေရေး၊ မြတ်ခင်းများစနစ်တကျစိုက်ပျိုးစေရေး၊ ပျိုးဥယျာဉ်များစနစ်တကျ ပျိုးထောင်စေရေး၊ ပန်းအလှပင်များ စနစ်တကျစိုက်ပျိုးစေရေး၊ အမှိုက်ပုံးများထားရှိ၍ အမှိုက်များစနစ်တကျ စွန့်ပစ်စေရေးနှင့် လုပ်ငန်းများသတ်မှတ်ကာလအတွင်း ပြီးစီးစေရေး မှာကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၂ )အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာနသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့အဖြစ် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်များကို ဖြေဆိုပြီးစီးသည့် ကျောင်းသားကျောင်းသူ များအား ရင်းရင်းနှီးနှီးအားပေးစကားများ ပြောကြားခဲ့ကြကြောင်းသိရသည်။
Read More...
16-Mar-2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားတက်ရောက်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေး
Read More...
ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် Video Clip ပြသမှုကိုကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ကမ္ဘာ့စားသုံးသူများအဖွဲ့ (Comsumer International)ကဦးဆောင်ပြီး နှစ်စဉ်မတ်လ(၁၅)ရက်နေ့ရောက်တိုင်း စားသုံးသူများ၏ အခွင့် အလမ်းများကို ဂရုပြုမြှင့်တင်သည့်အနေဖြင့် ကျင်းပပြုလုပ်လျက်ရှိပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ပြည်သူ့လွှတ်တော်ဥပဒေအမှတ်(၉)ဖြင့် စားသုံသူကာကွယ်ရေး ဥပဒေ ကို အတည်ပြုပြဌာန်းပြီးဖြစ်သည့်အတွက် စားသုံးသူများအနေဖြင့် အခွင့်အရေး(၈)ရပ်ကိုရရှိ ထားပြီးဖြစ်ရာ တွေ့ကြုံလာရသည့် စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှု၊ မကျေနပ်မှုများကို ဥပဒေနဲ့အညီ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၊ တိုင်းဒေသကြီးစားသုံးသူရေးရာ ကော်မတီနှင့် တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနများက ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ယနေ့ကျရောက်သည့် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” အထိမ်းအမှတ် ဆောင်ပုဒ်သည် “မျှတအလေးမူ တာဝန်ယူ စားသုံးသူအကျိုးပြု ဉာဏ်ရည်တု” “Fair and Responsible AI For Consumers” နှင့်အညီ ကျင်းပဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ယနေ့အချိန်အခါ၌လည်း AI နည်းပညာကို ကမ္ဘာနှင့်အဝှမ်းကျယ်ပြန့်စွာ အသုံးချလာပြီဖြစ်၍ စားသုံးသူများ ဖြစ်ပေါ်လာသည့် ထိခိုက်နစ်နာမှုများ အခက်အခဲများကို မည်သည့် နည်းလမ်းများကိုသုံးပြီး မည်သည့်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် သင့်သည်ကို သိရှိထားရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ AI နည်းပညာအသုံးချပြီး စားသုံးသူများ နစ်နာမှုများ တွေ့ကြုံနေရသည့် အခက်အခဲများအတွက် အကြံဉာဏ်အလွယ်တကူ ရယူနိုင်နေပြီ ဖြစ်၍ စားသုံးသူများအတွက် သင့်လျော်သည့် အကြံပြုချက်များကို စားသုံးသူအကျိုးစီးပွား ကာကွယ်ရေးအတွက် ဥပဒေနှင့်အညီ ရယူအသုံးချ စီမံဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ ဉာဏ်ရည်တုနည်းပညာသည် သုံးစွဲသူလူသားများအတွက် တရားမျှတမှု ရှိရမည်ဖြစ်သလို တစ်ဖက်မှလည်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဝန်ဆောင်မှုများ ကုန်စည်များ ပေးအပ် သည့်အခါ မိမိတို့ တာဝန်ယူရမည့် စီးပွားရေး ကျင့်ဝတ် ဆိုင်ရာကိစ္စရပ်များကို သိရှိလိုက်နာပြီး တာဝန်ယူနိုင်ရန် လိုအပ်ပါကြောင်း၊ ထိုကဲ့သို့ဉာဏ်ရည်တုနည်းပညာကို ထိန်းကျောင်းကိုင်တွယ် ဖြေရှင်းရန် အရေးပါလာသည့်အတွက် ယခုနှစ်၌ ဆောင်ပုဒ်သတ်မှတ်ပေးခဲ့ပြီး အလေးပေး ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ပြည်သူလူထုအားလုံးသည် စားသုံးသူများဖြစ်ကြသည့် အားလျော်စွာ မိမိတို့၏ စားသုံးသူအခွင့်အရေး(၈)ရပ်ကို ကောင်းမွန်စွာ သိရှိနားလည်၍ မှန်မှန်ကန်ကန် ရယူပိုင်ဆိုင်ပြီး အခွင့်အရေးဆုံးရှုံးမှု ဖြစ်လာသည့်အခါအတိုင်း စားသုံးသူ ကာကွယ်ရေးဥပဒေ၊ နည်းဥပဒေ များနှင့်အညီသက်ဆိုင်ရာကော်မရှင်၊ ကော်မတီ၊ ဦးစီးဌာန များတွင် ဖြေရှင်းဆောင်ရွက်နိုင်ပြီး စီးပွားရေးလုပ်ငန်းများကလည်း ကျင့်ဝတ်နဲ့အညီ ပြည်သူများ အတွက် အကျိုးရှိမည့် ဝန်ဆောင်မှုများ၊ ထုတ်ကုန်ပစ္စည်းများကို အတ္တပရမျှတစွာ တိုးတက် ထုတ်လုပ်ရင်း စားသုံးသူပြည်သူများအတွက် ဆောင်ရွက်သွားကြစေလိုကြောင်း” အဖွင့်အမှာ စကားများ ပြောကြားသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးဦးစီးမှူးက ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ပြီးနောက် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် ပြသထားသည့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိသည့် ဒေသထွက်ကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာနသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့အဖြစ် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်များကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ အပြည့်အဝပေးနိုင်ရေး၊ လုံခြုံရေးကိစ္စရပ်များ အထူးဂရုပြုဆောင်ရွက်ရေး၊ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကျောင်းသားကျောင်းသူများအား ရင်းရင်းနှီးနှီးအားပေးစကားများ ပြောကြားခဲ့ပါသည်။
Read More...
15-Mar-2024