သတင်းများ


ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဓနုဖြူမြို့တွင်ကျင်းပပြုလုပ်သည့်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားတက်ရောက်၊ ၂၀၂၅-၂၀၂၆ခုနှစ်၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဓာတ်မြေဩဇာစုပေါင်းကြဲပက်ပွဲ တက်ရောက်အားပေး
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။


Read More...
21-Aug-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲ၊ တိုက်ကွမ်ဒိုပြိုင်ပွဲနှင့်ပိုက်ကျော်ခြင်းပြိုင်ပွဲတွင်ဆုတံဆိပ်များရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီး အားကစားအသင်းများအား ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲ၊ တိုက်ကွမ်ဒိုပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီး အားကစားအသင်းများအား ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု မြန်မာ့သိုင်းအသင်းမှ အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ခဲ့သည့်မှတ်တမ်း ဗီဒီယိုပြသမှုအား ကြည့်ရှုအားပေးခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲ၊ တိုက်ကွမ်ဒိုပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲများတွင် ဆုတံဆိပ်များ ရရှိအောင် ကြိုးစားယှဉ်ပြိုင်နိုင်ခဲ့ကြပါကြောင်း


Read More...
20-Aug-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၂၀၂၅ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသားရိုးရာခြင်းလုံးပြိုင်ပွဲ၊ ဘိလိယက်နှင့်စနူကာပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်ပေး
၂၀၂၅ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသားရိုးရာခြင်းလုံးပြိုင်ပွဲ၊ ဘိလိယက်နှင့်စနူကာပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း က ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။


Read More...
20-Aug-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲကျင်းပနိုင်ရေးနှင့် ဗဟိုအဆင့်ပြိုင်ပွဲအောင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲကျင်းပနိုင်ရေးနှင့် ဗဟိုအဆင့်ပြိုင်ပွဲအောင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား ၂၀၂၆ခုနှစ်၊ အောက်တိုဘာလ ပထမပတ်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ဗဟိုအဆင့်ပြိုင်ပွဲတွင် ဆုတံဆိပ်ပိုမိုရရှိခဲ့သည့် အတီးဘာသာရပ်တွင် ပိုမိုအားထည့်ဆောင်ရွက်လိုပါကြောင်း၊ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲကို စက်တင်ဘာ ပထမပတ်တွင် ကျင်းပသွားမည်ဖြစ်ပြီး ဆက်လက်၍ ဗဟိုအဆင့်ပြိုင်ပွဲဝင်ရန် စခန်းသွင်းလေ့ကျင့် သွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်များထားရှိရန် တည်းခိုမည့်နေရာများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်” အမှာစကား ပြောကြားသည်။


Read More...
19-Aug-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် အကျုံးမဝင်သည့် တောင်သူများအား ဓာတ်မြေဩဇာများ တိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဓာတ်မြေဩဇာကုမ္ပဏီများ စာချုပ်ချုပ်ဆိုပွဲအခမ်းအနားတက်ရောက်
နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် အကျုံးမဝင်သည့် တောင်သူများအား ဓာတ်မြေဩဇာများ တိုက်ရိုက် သက်သာစွာ ဖြန့်ဖြူးနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဓာတ်မြေဩဇာ ကုမ္ပဏီများ စာချုပ်ချုပ်ဆိုပွဲအခမ်းအနားကို ယနေ့ နေ့လည်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။


Read More...
19-Aug-2025