သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သော ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၅) သို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌများနှင့်အတူ ယမန်နေ့ နေ့လည်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သော ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၅)သို့တက်ရောက်ခဲ့သည်။


Read More...
23-May-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့အခမ်းအနားတက်ရောက်
၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းတာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာအဆင့်ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။


Read More...
22-May-2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင် ဖျာပုံမြို့၊ သီရိအဏ္ဏဝါခန်းမတွင်ပြုလုပ်သော ဧရာဝတီပေါ်ဆန်းနှင့် ဆန်စပါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး စိုက်သူ၊ကြိတ်သူ၊ ရောင်းဝယ်သူတို့ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ မြို့နယ် (၄)မြို့နယ် ပူးပေါင်းဆောင်ရွက်သည့် ဧရာဝတီပေါ်ဆန်းနှင့် ဆန်စပါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဖျာပုံမြို့၊ သီရိအဏ္ဏဝါခန်းမတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများ၊ ဆန်စက်ပိုင်ရှင်များ၊ ဆန်ကုန်သည်များနှင့် တောင်သူများ တက်ရောက်ခဲ့သည်။


Read More...
17-May-2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင် ဖျာပုံမြို့၊ အောက်ကွင်းကြီးမျိုးသန့်ခြံတွင်ပြုလုပ်သော သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ခြင်းနှင့် စပါးမျိုးစေ့ချကိရိယာ(Drum Seeder)များ ပေးအပ်ပွဲတက်ရောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အောက်ကွင်းကြီးမျိုးသန့်ခြံတွင် ပြုလုပ်သော ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးသစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ခြင်းနှင့် စပါးမျိုးစေ့ချကိရိယာ(Drum Seeder) များပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။


Read More...
17-Aug-2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင် မြောင်းမြခရိုင်နှင့် ဖျာပုံခရိုင်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် မြောင်းမြမြို့နယ် မြကန်သာရပ်ကွက် အပြင်ပတ်လမ်း(စိုက်သိပ္ပံလမ်း) ကွန်ကရိလမ်းသစ်ဖွင့်ပွဲအခမ်းအနားတက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကွန်ကရိလမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဘင်ခရာအဖွဲ့၊ ကရင်ဒုံးယိမ်းအဖွဲ့နှင့် အိုးစည်ဒိုးပတ်အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။


Read More...
16-May-2025