သတင်းများ
မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ သီတင်း ကျွတ်လပြည့်နေ့( အဘိဓမ္မာအခါတော်နေ့) တွင် မြတ်စွာဘုရားရှင်အားရည်မှန်း၍ ဆီးမီးများထွန်းညှိပူဇော်
Read More...
မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ သီတင်း ကျွတ်လပြည့်နေ့( အဘိဓမ္မာအခါတော်နေ့)တွင် မြတ်စွာဘုရားရှင်အားရည်မှန်း၍ ဆီးမီးများထွန်းညှိပူဇော်လျက်ရှိရာ သီတင်းကျွတ်လပြည့်နေ့ညပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးအပါအဝင် ထင်ရှားသော ဘုရား၊ စေတီ၊ ပုထိုးများတွင် ဆီးမီးထွန်းညှိပူဇော်သူများ၊ ဘုရားဖူးပြည်သူများဖြင့် စည်ကားခဲ့ကြောင်းသိရပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများသည်လည်း ဘုရားဖူးလာပြည်သူများနှင့်အတူ ဆီမီး(၅၀၀၀)ထွန်းညှိပူဇော်ခဲ့ကြသည်။
Read More...
07-Oct-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ရွေးကောက်ပွဲနှိုးဆော် အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစကာ( Billboard ) စိုက်ထူခြင်းအခမ်းအနားတက်ရောက်
Read More...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ရာ ပြည်သူများအနေဖြင့် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဖြစ်သော ဆန္ဒမဲပေးနိုင်စေရေးအတွက် ရွေးကောက်ပွဲနှိုးဆော် အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစကာ( Billboard ) စိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမရှေ့တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။
Read More...
07-Oct-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦတင်မောင်ဝင်း (၄၁)ကြိမ်မြောက် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားနှင့် မဟာပဝါရဏာပြုပွဲအခမ်းအနားတို့အား တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ပုသိမ်မြို့၊ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၊ ဦးမောင်ကြီးအာရုံခံ တန်ဆောင်းတွင်ပြုလုပ်သည့် ၁၃၈၇ခုနှစ်၊ (၄၁)ကြိမ်မြောက် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားသို့တက်ရောက်ခဲ့သည်။
Read More...
06-Oct-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦတင်မောင်ဝင်းနှင့်ဇနီး ပုသိမ်မြို့၊ သဲအင်းဂူတရားပြကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၊ ဝါတွင်းကာလ ဥပုသ်သီလဆောက်တည်ခြင်း မင်္ဂလာအခမ်းအနားသို့ တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီးတို့သည် ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ သဲအင်းဂူတရားပြကျောင်းတိုက် ဦးစီးပဓာနနာယက သက်တော်ရှည် ရေဆွမ်း ဆရာတော် ဘဒ္ဒန္တသီဟ (မဟာကမ္မဋ္ဌာနာစရိယ)မဟာထေရ်မြတ်အား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား တင်ပြလျှောက်ထားကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
Read More...
06-Oct-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊တက္ကသိုလ်များ(ပုသိမ်ဇုန်) အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ် အားကစားကွင်းတွင်ပြုလုပ်သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊တက္ကသိုလ်များ(ပုသိမ်ဇုန်) အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယခုကဲ့သို့ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရသည့် ရည်ရွယ်ချက်သည် အားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်နှီးမှု ခိုင်မာလာစေရေး
Read More...
05-Oct-2025