သတင်းများ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ရေပြန်လည်ကျဆင်းသဖြင့် ငါးသိုင်းချောင်းမြို့ ပြည်သူ့ဆေးရုံ ပြန်လည်ဖွင့်လှစ်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေး
Read More...
ရေပြန်လည်ကျဆင်းသဖြင့် ငါးသိုင်းချောင်းမြို့ပြည်သူ့ဆေးရုံ ပြန်လည်ဖွင့်လှစ်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးရုံတက်ရောက်ကုသနေသော လူနာများကို အားပေးစကား ပြောကြားကာ ထောက်ပံ့ငွေများနှင့် ကျန်းမာရေးဝန်ထမ်းများအား တစ်ကိုယ်ရည်သုံး ပစ္စည်းများ ပေးအပ်ခဲ့ပြီး ရွှေဘိုရပ်ကွက်၊ ဘုရားကြီးကျောင်းတိုက်တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေသူများကို သွားရောက်ကြည့်ရှုအားပေးကာ ရေသန့်နှင့် အားဖြည့်အချိုရည်များ ပေးအပ်ခဲ့သည်။
Read More...
02-Oct-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ငဝန်တာနိမ့်ကျပြီး ရေကျော်စီးဝင်မှုကြောင့် ရေလွှမ်းမိုး ထိခိုက်ပျက်စီးခဲ့သည့် စိုက်ပျိုးမြေများတွင် စိုက်ပျိုးရေးလုပ်ငန်းများ အမြန်ဆုံးပြန်လည် ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ရေကြည်မြို့နယ်၊ ဆီဆုံကုန်းကျေးရွာတွင် ပြုလုပ်သည့် ရေလွှမ်းဒေသရှိ မိုးစပါးပြန်လည်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအား ကြည့်ရှုအားပေးပြီး ရေလွှမ်းမိုးမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စိုက်ပျိုးမြေများတွင် စိုက်ပျိုးရေးလုပ်ငန်းများ အမြန်ဆုံးပြန်လည် စတင်နိုင်ရေး၊ တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည့် မျိုးစေ့၊ သွင်းအားစုနှင့် နည်းပညာ အကူအညီများကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ညှိနှိုင်း၍ အချိန်မီပံ့ပိုးဆောင်ရွက်ပေးရန် မှာကြားကာ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသော စပါးစိုက်တောင်သူများအား စပါးမျိုးစေ့များနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထိုမှတဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ငါးသိုင်းချောင်းမြို့၊ မြို့သစ်ရပ်ကွက်ရှိ အုတ်ပုံရိုး ရေထွက်မြောင်း တိုးချဲ့ဆောင်ရွက်နေမှုများကို ကြည့်ရှုစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့သည်။
Read More...
02-Oct-2026
အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ပုသိမ်)၌ ပြုလုပ်သည့် အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ် (၁၂)နှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်းပွဲ အခမ်းအနား
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (ပုသိမ်)၌ ပြုလုပ်သည့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၁၂)နှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့ပြီးနောက် သင်တန်းတွင်ထူးချွန်ဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများနှင့် သင်တန်းဆင်းအောင်လက်မှတ်များကို ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Read More...
02-Oct-2026
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးခြင်းနှင့် လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပျိုး
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးခြင်းနှင့် လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပျိုးခြင်းကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ပုသိမ်စက်မှုစီမံကိန်းဝန်းနှင့် ပုသိမ် - ချောင်းသာကားလမ်း ၄ မိုင် ၁ ဖာလုံ နှင့် ၄ မိုင်၂ ဖာလုံကြားတို့တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများ၊ ပြည်သူများနှင့်အတူ မန်ဂျန်ရှားပင်များ စိုက်ပျိုးပေးခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် (၂၀၂၆ ခုနှစ်မိုးရာသီ)၌ လူထုဖြန့်ပျိုးပင်ပေါင်း ၁,၂၉၃,၃၃၁ ပင်ကို စိုက်ပျိုးပြီးစီးပြီးဖြစ်ပါသည်။
Read More...
02-Oct-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီစာကြည့်တိုက်သို့ သွားရောက်ကြည့်ရှုအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ကမ်းနားလမ်းရှိ ဧရာဝတီစာကြည့်တိုက်သို့သွားရောက်၍ ပြည်သူများ စာပေလာရောက်ဖတ်ရှုနေမှုများကို ကြည့်ရှုအားပေးပြီး စာကြည့်တိုက်များတွင် ခေတ်စနစ်နှင့် လျော်ညီသည့် သုတ/ရသ စာအုပ် စာစောင် အသစ်များတိုးပွားအောင် ဖြည့်တင်းပေးမှသာ စာဖတ်ပရိသတ်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်များ၏ စာဖတ်လိုစိတ်နှင့် လေ့လာလိုစိတ်ကို ပိုမိုလှုံ့ဆော်ဖန်တီးပေးနိုင်မည်ဖြစ်ပါကြောင်း၊ စာပေမှတစ်ဆင့် အသိပညာများ စဉ်ဆက်မပြတ် လေ့လာ နိုင်ရေး အခွင့်အလမ်းများ ဖန်တီးပေးရန် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်တက်အောင် ဆောင်ရွက် ရမည် ဖြစ်ပါကြောင်း” ပြောကြားပြီး သုတ၊ ရသ စာအုပ်များစုံလင်စွာထားရှိစေရေး၊ သတင်းစာ၊ မဂ္ဂဇင်း၊ ဆောင်းပါးများ စုံလင်စွာထားရှိစေရေး၊ စာဖတ်သူများပိုမို စိတ်ပါဝင်စားစွာ လာရောက်ဖတ်ရှုနိုင်ရေးပြင်ဆင်ထားရှိစေရေး၊ စာအုပ်များပျက်စီးမှုများမဖြစ်ပေါ်ရေးနှင့် စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များကို မှာကြားခဲ့သည်။
Read More...
01-Oct-2026