သတင်းများ


ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများအတွက် အလှူရှင်များမှ အလှူငွေများ၊ ဆေးဝါး၊ အဝတ်အထည်နှင့် စားသုံးကုန်ပစ္စည်းများလှူဒါန်း
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရေဘေးကယ်ဆယ်ရေးလုပ်ငန်းအတွက် မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)၊ တိုင်း/ ပြည်နယ်/ မြို့နယ် ဂီတအစည်းအရုံးများမှ ဒုတိယ အကြိမ် ကျပ်သိန်းတစ်ထောင့်နှစ်ရာနှင့် ကျပ်သိန်းတစ်ထောင်ခန့်တန်ဖိုးရှိသော ဆေးဝါး၊ အဝတ် အထည်နှင့် စားသုံးကုန်ပစ္စည်းများနှင့် မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MHFTSA) တို့က ကျပ်သိန်း(၁၅ဝ)အား လာရောက်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၍ ကျေးဇူးတင်စကားများ ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ညွှန်ကြားရေးမှူးမှ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းပြီး တာတမံနိမ့်ကျမှုဖြစ်ပွားကာ ရေကျော်စီးဝင်မှုအခြေအနေများ၊ အရေးပေါ်တုန့်ပြန်ဆောင်ရွက်မှု အခြေအနေများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်မှုများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့သည်။


Read More...
30-Sep-2026
အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်-၃ (၂ဝ၂၅)အရ ကိုးရီးယားသမ္မတနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသော ဆန်(၁,၃ဝ၉.၃၃၉) တန်အား ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ပြည်သူများထံထောက်ပံ့ရန် စိုက်ပျိုးရေးဦးစီးဌာနမှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်
အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ် - ၃(၂ဝ၂၅) အရ ကိုးရီးယားသမ္မတနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှလှူဒါန်းသောဆန်(၁,၃ဝ၉.၃၃၉)တန်အား ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ပြည်သူများထံ ထောက်ပံ့ရန် စိုက်ပျိုးရေးဦးစီးဌာနမှ တစ်ဆင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ APTERR အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှကိုယ်စားလှယ်များနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တိုင်းအဆင့်ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။


Read More...
30-Sep-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တိုင်းဒေသကြီးပညာရေးမှူးရုံး၊ အစည်းအဝေးခန်းမတွင် တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး “ကလေးများ၏ ပညာရည်မြင့်မားရေးနှင့် အကျင့်စာရိတ္တ ကောင်းမွန်ရေးသည် ဆရာ/ဆရာမများ၏ အခန်းကဏ္ဍမှာ အလွန်အရေးကြီးပါကြောင်း၊ ကျောင်းသား/သူတိုင်း KG+9 အထိ ရောက်ရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပြီး တန်းစဉ်ကူးပြောင်းမှုမြင့်မားရေးအတွက်လည်း အုပ်ချုပ်ရေးအဖွဲ့များ၊ ပညာရေးအဖွဲ့များပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း


Read More...
29-Sep-2026
ပုသိမ်ကမ်းနားလမ်း ကျောက်ငူပုသိမ်ထီးအနီး အောက်ခြေရေထဲပိုင်းကာကွယ်ရေးလုပ်ငန်း၊ ပုသိမ်မြို့၊ အမှတ် (၁) ရပ်ကွက် ကမ်းနားလမ်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်းနှင့် ပုသိမ်မြို့၊ ကမ်းနားလမ်း ကျောက်ငူပုသိမ်ထီးအနီး တိုးချဲ့ဆိပ်ခံတံတား (Jetty) တည်ဆောက်ခြင်း လုပ်ငန်းနေရာများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဖြည့်စွက်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ရန်ရှိသည့် ပုသိမ်ကမ်းနားလမ်း ကျောက်ငူပုသိမ်ထီးအနီး အောက်ခြေရေထဲပိုင်းကာကွယ်ရေးလုပ်ငန်းနှင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ပုသိမ်မြို့နယ်အတွင်း ဆောင်ရွက်ရန်ရှိသော ပုသိမ်မြို့၊ အမှတ် (၁) ရပ်ကွက် ကမ်းနားလမ်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်းနှင့် ပုသိမ်မြို့၊ ကမ်းနားလမ်း ကျောက်ငူပုသိမ်ထီးအနီး တိုးချဲ့ဆိပ်ခံတံတား (Jetty) တည်ဆောက်ခြင်း လုပ်ငန်းနေရာများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးရာတွင် လုပ်ငန်းများအား သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်နှင့် စံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်သွားရန်မှာကြားခဲ့ပါသည်။


Read More...
29-Sep-2026
ကုန်းတွင်းမုန်တိုင်းငယ်၏အရှိန်ကြောင့် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး
လက်ရှိဖြစ်ပေါ်နေသည့် ကုန်းတွင်းမုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်ရေကြီးရေလျှံမှုများဖြစ်ပေါ်လာနိုင်သဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုများ ကြိုတင်ကာကွယ်နိုင်ရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်နှင့်ကျေးရွာများတွင် သက်ဆိုင်ရာဌာနများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူများ စုပေါင်း၍ လူအင်အားနှင့် စက်ယန္တရားများအသုံးပြုကာ ချောင်းကော၊ မြောင်းကောများ၊ ရေမြောင်းများ၌ ရေစီးရေလာကောင်းမွန်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် ယနေ့တွင် တာဝန်ရှိသူများနှင့်အတူ ကြည့်ရှု စစ်ဆေးခဲ့သည်။


Read More...
29-Sep-2026