သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ သက်ကြီးရွယ်အိုများအပါအဝင် လူသားအားလုံး၏ ဂုဏ်သိက္ခာ နှင့်အညီခံစားခွင့်ရှိသည့် အခွင့်အရေးများကို အသိအမှတ်ပြုခြင်းသည် လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုတို့၏ အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ သက်ကြီးပုဂ္ဂိုလ်များကို လေးစားတန်ဖိုးထားပြီး အခွင့်အရေးများကို အသိအမှတ်ပြုဖော်ဆောင်ပေးခြင်း၊ လေးစားစွာဆက်ဆံပေးခြင်း၊ ပြုစုစောင့်ရှောက်မှုပေးခြင်းများကိုလုပ်ဆောင်ပေးကြရန်၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ အနေ ဖြင့်လည်း လူ့စွမ်းအားအရင်းအမြစ်တစ်ခုဖြစ်သည့် ဘိုးဘွားများအရေးကို နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ထည့်သွင်းဆောင်ရွက်ပေးကြရန်နှင့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြုစုစောင့်ရှောက်ပေးကြရန်” ပြောကြားသည်။


Read More...
01-Oct-2026
လေးမျက်နှာမြို့နယ်ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများအတွက် ပြည်သူ့လွှတ်တော် တပ်မတော်သားကိုယ်စားလှယ်များက အလှူငွေများလှူဒါန်း
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းမ၌ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများအတွက် ပြည်သူ့လွှတ်တော် တပ်မတော်သားကိုယ်စားလှယ်များက အလှူငွေကျပ်သုံးဆယ့်ရှစ်သိန်းငါးသောင်းအားလာရောက် လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။


Read More...
01-Oct-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် (၆၂) နှစ်မြောက်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ (၆၂) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့သည်။


Read More...
01-Oct-2026
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုများမဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာများအထိ သက်ဆိုင်ရာ ဌာနများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူများ စုပေါင်း၍ လူအင်အားနှင့်စက်ယန္တရားများ အသုံးပြုကာ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။


Read More...
30-Sep-2026
ဟင်္သာတခရိုင်၊ လေးမျက်နှာမြိုနယ်ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများအတွက် အလှူရှင်များမှ အလှူငွေများများလှူဒါန်း
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းမ၌ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများအတွက် ဧရာဝတီတိုင်းဇာတိသား စစ်တက္ကသိုလ်အမှတ်စဉ် (၄၂) ကျောင်းဆင်းအရာရှိများ၊ စစ်တက္ကသိုလ်အမှတ်စဉ် (၂၂) မှ အရာရှိများနှင့်မိသားစုများ၊ Golden Land Group၊ Royal Sky ကုမ္ပဏီလီမိတက်၊ Dagon Golf City ဝန်ထမ်းမိသားစု၊ ဦးမောင်မောင်ကျော်(CEO, Dagon Golf Club)၊ ကိုဘော်ဘော်မိသားစု၊ ဦးဘိုဘိုထက်တို့က အလှူငွေများကို လာရောက်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။


Read More...
30-Sep-2026