သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့တွင်ပြုလုပ်သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းများဖွင်ပွဲ အခမ်းအနားတက်ရောက်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးရုံး၏ စီစဉ်မှုဖြင့်ဖွင့်လှစ်သော ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းများဖွင်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။


Read More...
12-Jan-2026
ဧရာ၀တီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်၀င်း မဲရုံများတွင် ပြည်သူများစိတ်အေးချမ်းသာစွာ လာရောက်ဆန္ဒမဲပေးနေမှုများကို ကြည့်ရှုအားပေး
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ယ‌နေ့နံနက်(၆)နာရီမှစတင်ကာ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၉) မြို့နယ်တွင် အပိုင်း(၂)အနေဖြင့် ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ မဲရုံများတွင် ပြည်သူများစိတ်အေးချမ်းသာစွာ လာရောက်ဆန္ဒမဲပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။


Read More...
11-Jan-2026
ဧရာ၀တီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်၀င်း လူငယ်ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ သို့ တက်ရောက်မည့် လူငယ်ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်
လူငယ်ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ သို့ တက်ရောက်မည့် လူငယ်ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ညပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သို့ တက်ရောက်မည့် ကိုယ်စားလှယ်အဖွဲ့အုပ်ချုပ်သူနှင့် ကိုယ်စားလှယ်များတက်ရောက်ခဲ့သည်။


Read More...
11-Jan-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကျောင်းကုန်းမြို့နယ်ရှိ မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး
၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ယခုလ(၁၁)ရက်နေ့တွင် ကျင်းပတော့မည်ဖြစ်ရာ ပြည်သူများဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံများပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့ည နေပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။


Read More...
10-Jan-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး
၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ယခုလ(၁၁)ရက်နေ့တွင် ကျင်းပတော့မည်ဖြစ်ရာ ပြည်သူများဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံများပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။


Read More...
10-Jan-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်၀င်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်သော ရှမ်းပြည်နယ်၊ ပင်းတယမြို့နယ်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့နယ်တို့မှ ဆရာတော်၊ သံဃာတော်များနှင့် ပြည်သူများ၏ ဆံတော်ရှင်မြတ်မော်တင်စွန်း ဘုရားဖူးခရီးစဉ်အား ကြည်ညိုပို့ဆောင်နှုတ်ဆက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်သော ရှမ်းပြည်နယ်၊ ပင်းတယမြို့နယ်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့နယ်တို့မှ ဆရာတော်၊ သံဃာတော်များနှင့် ရှမ်း၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ တောင်ရိုး တိုင်းရင်းသားပြည်သူများ၏ ဆံတော်ရှင်မြတ်မော်တင်စွန်း ဘုရားဖူးခရီးစဉ်အား ပုသိမ်မြို့၊ မြေနုတံတားဆိပ်ကမ်းမှ သင်္ဘောဖြင့် ယမန်နေ့ညနေပိုင်းတွင် ထွက်ခွာခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည်ညိုပို့ဆောင်နှုတ်ဆက်ခဲ့သည်။


Read More...
08-Jan-2026