သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်၀င်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်သော ရှမ်းပြည်နယ်၊ ပင်းတယမြို့နယ်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့နယ်တို့မှ ဆရာတော်၊ သံဃာတော်များနှင့် ပြည်သူများ၏ ဆံတော်ရှင်မြတ်မော်တင်စွန်း ဘုရားဖူးခရီးစဉ်အား ကြည်ညိုပို့ဆောင်နှုတ်ဆက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်သော ရှမ်းပြည်နယ်၊ ပင်းတယမြို့နယ်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့နယ်တို့မှ ဆရာတော်၊ သံဃာတော်များနှင့် ရှမ်း၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ တောင်ရိုး တိုင်းရင်းသားပြည်သူများ၏ ဆံတော်ရှင်မြတ်မော်တင်စွန်း ဘုရားဖူးခရီးစဉ်အား ပုသိမ်မြို့၊ မြေနုတံတားဆိပ်ကမ်းမှ သင်္ဘောဖြင့် ယမန်နေ့ညနေပိုင်းတွင် ထွက်ခွာခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည်ညိုပို့ဆောင်နှုတ်ဆက်ခဲ့သည်။


Read More...
08-Jan-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အောင်ချမ်းသာတောရကျောင်းတွင်ကျင်းပသည့် နဂါးရုံဘုရား၊ ၉ တောင်ပြည့်စေတီတော်ရွှေသင်္ကန်းကပ်၊ အောင်ဝိဇ္ဇာဓမ္မာရုံ၊ ရေသိမ်တော်နှင့် ဓါတုဝိဇ္ဇာကျောင်းဆောင် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားတက်ရောက်ကြည်ညို
အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက မြို့မဆရာတော် ဘဒ္ဒန္တကောဝိဒအမှူးပြုသော ဆရာတော်များနှင့် ပြည်နယ် +ပြည်မမှ တပည့်ဒါယကာ+ဒါယိကာမများ၏ နဂါးရုံဘုရား၊ (၉)တောင်ပြည့်စေတီတော်ရွှေသင်္ကန်းကပ်၊ အောင်ဝိဇ္ဇာဓမ္မာရုံ၊ ရေသိမ်တော်နှင့် ဓါတုဝိဇ္ဇာကျောင်းဆောင် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ပုသိမ်မြို့နယ်၊ ပုသိမ်-ချောင်းသာကားလမ်း (၂၃)မိုင်ရှိ၊ အောင်ချမ်းသာတောရကျောင်းတွင် ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ တပည့်ဒါယကာ+ဒါယိကာမများတက်ရောက်ခဲ့ကြသည်။


Read More...
07-Jan-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာတွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ခုနှစ်၊ မိုးစပါးဓာတုကင်းလွတ် ပေါ်ဆန်းမွှေးစံကွက်ရိတ်သိမ်းပွဲတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာတွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဧရာဝတီ(ရေကြည်) မိုးစပါးဓာတုကင်းလွတ်ပေါ်ဆန်းမွှေး (၂၅၀)ဧက အထူးဇုန် စံပြစိုက်ခင်း စံကွက်ရိတ်သိမ်းပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက တောင်သူဦးကြည်ခိုင်စိုး၏ စိုက်ဧက (၅၀)ဧကတွင် ပြုလုပ်ခဲ့ရာ စံကွက်ရိတ်သိမ်းပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။


Read More...
07-Jan-2026
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဟင်္သာတတက္ကသိုလ်၌ပြုလုပ်သည့် ၂၀၂၅-၂ဝ၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတက်ရောက်
၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ဟင်္သာတတက္ကသိုလ်၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင်ပြုလုပ်ခဲ့ရာ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဟင်္သာတတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခ(ဌာနမှူး)များ၊ ဆရာဆရာမများ၊ မောင်မယ်သစ်လွင်များ တက်ရောက်ခဲ့ကြသည်။


Read More...
06-Jan-2026
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း (၆၄)နှစ်မြောက်တောင်သူလယ်သမားနေ့အခမ်းအနား ကျင်းပနိုင်ရန်ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာတွင် (၆၄)နှစ်မြောက်တောင်သူလယ်သမားနေ့ ကျင်းပနိုင်ရန်ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။


Read More...
06-Jan-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့တွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် လက်မှုရွာစီမံကိန်း လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲအခမ်းအနား တက်ရောက်
ဧရာဝတီတိုင်း‌ဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ အမျိုးသားခန်းမတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် လက်မှုရွာစီမံကိန်း လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ လက်မှုရွာစီမံကိန်းအတွက် လုပ်ငန်းသုံးပစ္စည်းပေးအပ်ခဲ့သည်။


Read More...
05-Jan-2026