သတင်းများ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဟင်္သာတမြို့၌ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆွေးနွေး
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းက ဟင်္သာတခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ခရိုင်သဘာဝ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ရေဘေးသင့် ဒေသများ ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆွေးနွေးမှာကြားခဲ့သည်။
Read More...
11-Aug-2026
အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှကြီးမှူးကျင်းပသည့် မိုက်ခရိုမာရသွန်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနား
Read More...
အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှကြီးမှူးကျင်းပသည့် မိုက်ခရိုမာရသွန်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင်ပြုလုပ်ခဲ့ရာ မိုက်ခရိုမာရသွန်ပြိုင်ပွဲကို တိုင်းဒေသကြီးဝန်ကြီးချုပ်က သေနတ်ပစ်ဖောက်၍ ဖွင့်လှစ်ပေးခဲ့ပြီးနောက် ပြိုင်ပွဲဝင်အားကစားသမားများက ကိုးသိန်းအားကစားကွင်းမှ စတင်ကာ ပုသိမ်-ရန်ကုန်လမ်းမကြီး ပုသိမ်မြို့အဝင်မှတဆင့် ကိုးသိန်းအားကစားကွင်းသို့ ပြန်လည် ပန်းဝင်ရောက်ခဲ့ကြသည်။
Read More...
10-Aug-2026
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရေကြည်မြို့နယ် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့ ညနေပိုင်းက ငါးသိုင်းချောင်းမြို့၊ ရွှေရေးဆောင်ကျောင်းတိုက်တွင်ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရေကြည်မြို့နယ် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်မှုဖြစ်ခဲ့ပါကြောင်း
Read More...
10-Aug-2026
ရေဘေးသင့်ဒေသများတွင် ဆက်လက်ဆောင်ရွက်ရမည့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်းပွဲ
Read More...
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းအား ယမန်နေ့ ညနေပိုင်းက မအူပင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ မြို့ရှောင်လမ်းရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေး တက္ကသိုလ်(မအူပင်)၏ အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ၀န်ကြီးချုပ်က နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်း၍ ဆောင်ရွက်ရမည့်လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများအား မှာကြားခဲ့ပြီး သက်ဆိုင်ရာဌာနဆိုင်ရာများမှ မိမိတို့၏လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီး ၀န်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။
Read More...
10-Aug-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများ ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးအတွက် ဆန်အိတ် (၂၀၀)အား ပေးအပ်လှူဒါန်းပွဲတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် သည် ပုသိမ်မြို့၊ အားကစားပြိုင်ပွဲရုံ (၂)သို့ ရောက်ရှိ၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များ၊ ရုံးဝန်ထမ်း မိသားစုများမှ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများ ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးအတွက် ဆန်အိတ် (၂၀၀)အား ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံခဲ့ပါသည်။
Read More...
10-Aug-2026