သတင်းများ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်၊ ငဝန်မြစ် ရေကာတာတမံနိမ့်ကျမှု ဖြစ်ပွားပြီး ရေကျော်စီးဝင်ရေကြီးရေလျှံဖြစ်ပွားမှုနှင့်ပတ်သက်၍ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ငဝန်မြစ်ရေကာတာတမံ နိမ့်ကျပြီး ရေကျော်စီးဝင်မှုဖြစ်ပွားခဲ့ရာ လေးမျက်နှာ၊ ဟင်္သာတ၊ ရေကြည်နှင့် ကျုံပျော်မြို့နယ်များရှိ ဒေသအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါ ရေကြီးရေလျှံမှုများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၌ ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ လက်ရှိတွင် ထိခိုက်ဒေသများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသည်။
Read More...
08-Aug-2026
လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံဂီတအစည်းရုံးကိုယ်စား ရန်ကုန်တိုင်းဒေသကြီးဂီတအစည်းအရုံးမှ အလှူငွေများလာရောက် လှူဒါန်း
Read More...
လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံ ဂီတအစည်းရုံးကိုယ်စား ရန်ကုန်တိုင်းဒေသကြီးဂီတအစည်းအရုံးမှ အလှူငွေများလာရောက် လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ခဲ့မှုကြောင့် လူနေအဆောက်အဦများ ရေဝင်ရောက်မှု၊ လူနှင့်တိရစ္ဆာန်များ ရေလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းထားရှိမှု၊ ရေရှောင်စခန်းများဖွင့်လှစ်ထားရှိမှု၊ ဆက်သွယ်ရေးမပြတ်တောက်စေရေး ဆောင်ရွက်ထားရှိမှု၊ လမ်း၊ တံတားများ ရေကျော်မှုအခြေအနေများနှင့် ညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက အလှူငွေများနှင့် oxygen Concentrator၊ Flow meter များပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူခဲ့သည်။
Read More...
07-Aug-2026
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော်ရုံး ဝန်ထမ်းမိသားစုများက ပထမအကြိမ်ဆန်အိတ်(၂၀၀)နှင့် အလှူရှင်များက အလှူငွေများပေးအပ် လှူဒါန်း
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ပုသိမ်မြို့၊ အားကစားပြိုင်ပွဲရုံ (၂)သို့ ရောက်ရှိ၍ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှု ဖြစ်ပွားပြီး ရေကျော်စီးဝင်ကာ ရေဘေးသင့်ခဲ့ရသည့် လေးမျက်နှာမြို့နယ်အတွင်းရှိ ပြည်သူများအတွက် အလှူရှင်များက လှူဒါန်းထားရှိသည့် စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ရေးပစ္စည်းများ စုဆောင်းထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော်ရုံး ဝန်ထမ်းမိသားစုများက ပထမအကြိမ်ဆန်အိတ်(၂၀၀)နှင့် အလှူရှင်များက အလှူငွေများပေးအပ် လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူခဲ့သည်။
Read More...
07-Aug-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာကော်မတီများမှ ဌာနဆိုင်ရာအတွင်းရေးမှူးများ တက်ရောက်ခဲ့ကြသည်။
Read More...
07-Aug-2026
အိုင်သပြုလမ်းဆုံတွင် ရေပြန်လည်ကျဆင်းသွားမှု အသိပေးခြင်း
Read More...
လေးမျက်နှာမြို့နယ်၊ အိုင်သပြုလမ်းဆုံဧရိယာအတွင်းသို့ ငဝန်မြစ်ရေ တိုးဝင်ရောက်ရှိမှုမှာ သြဂုတ် ၆ ရက်နေ့ ၁၃:၂၀ ချိန် တိုင်းတာချက်အရ သိသိသာသာ ရေပြန်လည်ကျဆင်းသွားပြီး ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရေးအတွက် မြို့အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့၏ရေဝင်ရောက်မှုနှင့် ဘေးအန္တရာယ် အခြေအနေများကို အမြဲမပြတ် နီးကပ်စွာ စစ်ဆေးစောင့်ကြည့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း အသိပေးအပ်ပါသည်။
Read More...
07-Aug-2026