သတင်းများ
ကျေးဇူးတင်ဂုဏ်ပြုလွှာ
Read More...
သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲဆုံးအချိန်များတွင် ရေဘေးသင့်ပြည်သူများအား အမြန်ဆုံး ကူညီကယ်ဆယ်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် မိမိတို့ တတ်စွမ်းနိုင်သမျှ ငွေအား၊ ပစ္စည်းအားဖြင့် စေတနာသဒ္ဓါတရား ထက်သန်စွာ ဝိုင်းဝန်းလှူဒါန်းပေးကြသော ပြည်တွင်း/ပြည်ပမှ အလှူရှင်ပြည်သူများ၊ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးယာဉ်များ လွယ်ကူလျင်မြန်စွာ သွားလာလှုပ်ရှားနိုင်စေရန်အတွက် စက်သုံးဆီများ ပါဝင်လှူဒါန်းပေးကြသော စက်သုံးဆီဆိုင်များနှင့် အလှူရှင်များ၊ အသက်အန္တရာယ် ပူပန်မှုကို ပဓာနမထားဘဲ ကိုယ်အား၊ ဉာဏ်အားဖြင့် ရှေ့တန်းမှ မနားတမ်း ပါဝင်ကူညီပေးဆပ်နေကြသော လုပ်အားဒါနပြုသူများနှင့် စေတနာ့ဝန်ထမ်းများ၊ အားလုံး၏ မွန်မြတ်သော စေတနာ၊ အနစ်နာခံမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို အထူးပင် လေးစားဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။
Read More...
13-Aug-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ငဝန်တာပြန်လည်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် လုပ်ငန်းတိုးတက်မှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျကာ ရေကျော်စီးဝင်သည့် ငဝန်တာနေရာအား တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများစုပေါင်း၍ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုများနှင့် လုပ်ငန်းတိုးတက်မှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ မျောတုတ်တန်း၏ အပြင်ဘက်ခြမ်း ပိုမိုတောင့်တင်းခိုင်မာစေရေးအတွက် နိုင်လွန်ပိုက်ကြိုးဖြင့် စုစည်းထုပ်ပိုးထားသည့် သဲအိတ်များဖြည့်သွင်း၍ ကာကွယ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများ၊
Read More...
12-Aug-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာပစ္စည်းများထောက်ပံ့ပေးအပ်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက သွားရောက်တွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ပြီး ဆန်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကာ ပြည်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
Read More...
12-Aug-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာပစ္စည်းများထောက်ပံ့ပေးအပ်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက သွားရောက်တွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ပြီး ဆန်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကာ ပြည်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
Read More...
12-Aug-2026
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ တိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်တိုင် တိုက်ရိုက်ဦးဆောင်၍ ငဝန်တာ (ပန်းတောတမံ) အရေးပေါ်ပြုပြင်ရေးနှင့် Sheet Pile ရိုက်သွင်းခြင်းလုပ်ငန်းများကို နေ့မနား ညမနား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ငဝန်တာ၏ အောက်ခံ မြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံ နိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ခဲ့သည့် အခြေအနေကို အချိန်မီ ပိတ်ဆို့ ထိန်းချုပ်နိုင်ရေးအတွက် (၁) ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တပ်မတော်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စသည့် ပူးပေါင်းအင်အား စုစုပေါင်း ၃၈၀ ဦး တို့သည် ရေနှင့်အပြိုင် အချိန်လုကာ ညီညီညာညာ တစ်စိတ် တစ်ဝမ်းတည်း ၂၄ နာရီ နေ့ဆိုင်း/ညဆိုင်း မနားတမ်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြသည်။
Read More...
12-Aug-2026