သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရေကြည်မြို့နယ်၊ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ရေကြည်မြို့နယ်၊ သင်္ယန်းဒေါင့်ကျေးရွာ ကျောင်းတိုက်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရေကြည်မြို့နယ်၊ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်၍ အားပေးစကား ပြောကြားခဲ့ပြီး ရေဘေးသင့်ပြည်သူများကို ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့သည်။


Read More...
11-Aug-2026
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော်ရုံးဝန်ထမ်းမိသားစုများက ရေဘေးသင့်ပြည်သူများအတွက် ဒုတိယအကြိမ်ဆန်အိတ် (၁၀၀) လှူဒါန်း
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ စိမ်းလဲ့ရေကြည်ခန်းမတွင်ပြုလုပ်သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော်ရုံး ဝန်ထမ်းမိသားစုများက ဧရာဝတီတိုင်းဒေသကြီး ရေဘေးသင့်ပြည်သူများအတွက် ဒုတိယအကြိမ်ဆန်အိတ်(၁၀၀)အားလှူဒါန်းပွဲသို့ တက်ရောက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက ဆန်အိတ်များ ပေးအပ်လှူဒါန်းမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူခဲ့ပါသည်။


Read More...
11-Aug-2026
အသက် ၁၂၀နှစ်ရှိ အဘိုးဦးစိန်ငွေအား ဂါရဝပြုလှူဒါန်း
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် သည် ကျုံပျော်မြို့နယ်၊ သဖန်း‌ချောင်းကျေးရွာရှိ အသက် ၁၂၀နှစ်ရှိ အဘိုး ဦးစိန်ငွေအား ဂါရဝပြုလှူဒါန်းငွေ၊ ဆန်၊ ဆီနှင့် အာဟာဟာရဖြည့် စားသောက်ဖွယ်ရာများကို သွားရောက်လှူဒါန်းကန်တော့ပြီး အားပေးစကားများပြောကြားခဲ့သည်။


Read More...
11-Aug-2026
မိုးစပါးရာသီ RS to CS မှော်ဘီ-၃ မျိုးစေ့ထုတ်စိုက်ခင်းနှင့် စပါးမျိုး(၁၀)မျိုးယှဉ်ပြိုင် စမ်းသပ်ကွက် စိုက်ပျိုးထားရှိမှုများကိုကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် သည် ကျုံပျော်မြို့နယ်၊ ကျောင်းစုကျေးရွာ တောင်သူဦးဝင်းအောင်၏ စိုက်ဧက(၁၀)ဧကတွင် ၂၀၂‌၆-၂၀၂၇ခုနှစ်၊ မိုးစပါးရာသီ RS to CS မှော်ဘီ-၃ မျိုးစေ့ထုတ်စိုက်ခင်းနှင့် စပါးမျိုး(၁၀)မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ပျိုးထားရှိမှု များကိုကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးရိတ်သိမ်းချိန် စက်သုံးဆီလိုအပ်မှု၊ နွေစပါးစိုက်ပျိုးရန် စိုက်ပျိုးရေရရှိရေး တင်ပြမှုများအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


Read More...
11-Aug-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဟင်္သာတမြို့၌ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆွေးနွေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းက ဟင်္သာတခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ခရိုင်သဘာဝ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ရေဘေးသင့် ဒေသများ ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆွေးနွေးမှာကြားခဲ့သည်။


Read More...
11-Aug-2026