သတင်းများ


ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ဘက်မှ စီးဝင်လာသော ရေများအဟန့်အတားမရှိ လွယ်ကူစွာ စီးဆင်းလျော့ကျနိုင်ရေး၊ ရေလမ်းကြောင်း ပိတ်ဆို့မှုမရှိဘဲ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် ဒေသခံမိဘပြည်သူများ၏ ရေလမ်းခရီးသွားလာရေး လွယ်ကူချောမွေ့စေရေးတို့အတွက် ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့နှင့် ကျောင်းကုန်းမြို့နယ် အတွင်းရှိ မြစ်၊ ချောင်းများအတွင်း စုပုံပိတ်ဆို့နေသော ဗေဒါများကို စုပေါင်းရှင်းလင်း ဆောင်ရွက်ခြင်း
ရေကြည်မြို့နယ်နှင့် ငသိုင်းချောင်းမြို့ အတွင်းရှိ ပိတ်ဆို့နေသော ရေလမ်းကြောင်းများ၊ ကျောင်းကုန်းမြို့နယ်၊ ဒါးကမြစ်(​ကျောင်းကုန်းတံတား -သစ်)တွင် ​မျောပါလာပြီး ပိတ်ဆို့နေသည့် ဗေဒါများနှင့် ပေါင်းမြက်များကိုရေယာဉ်များအသုံးပြု၍ အင်တိုက်အားတိုက် ဆွဲထုတ်ရှင်းလင်းခဲ့ကြပါသည်။


Read More...
13-Aug-2026
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအေးကျော် လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာများထောက်ပံ့ပေးအပ်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို အားပေးစကားများပြောကြားခဲ့ပြီး ဆန်ရိက္ခာ၊ ဆီ၊ ရေသန့်နှင့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။


Read More...
13-Aug-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လေးမျက်နှာမြို့နယ်အတွင်း ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသူများအား တွေ့ဆုံအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်အဖွဲ့သည် လေးမျက်နှာမြို့သို့ ရောက်ရှိပြီး ငဝန်တာနိမ့်ကျမှုဖြစ်ပွားကာ ရေကျော်စီးဝင်မှုဖြစ်စဉ်အတွင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ရေဘေးသင့်ပြည်သူများထံ ထောက်ပံ့ပစ္စည်းများ ပို့ဆောင်ပေးခြင်း၊ ပရဟိတအဖွဲ့များနှင့် စေတနာရှင်အလှူရှင်များ လှူဒါန်းလိုသည့်နေရာများသို့ ပို့ဆောင်ပေးခြင်း၊ တာပြန်လည်ပိတ်ဖို့ရေးလုပ်ငန်းများနှင့် ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့တွင် ပါဝင်ကူညီဆောင်ရွက်နေကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား တွေ့ဆုံခဲ့သည်။


Read More...
13-Aug-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦး‌အေးကျော် ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်စံပြကျေးရွာရှိ အမျိုးသားပညာဝန်ဦးဖိုးကျားအထိမ်းအမှတ် သုတစွယ်စုံစာကြည့်တိုက်အား ကြည့်ရှုလေ့လာပြီး အလှူငွေနှင့် ပရိဘောဂပစ္စည်းများလှူဒါန်း
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦး‌အေးကျော်သည် ယနေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများနှင့်အတူ ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်စံပြကျေးရွာရှိ အမျိုးသားပညာဝန်ဦးဖိုးကျားအထိမ်းအမှတ် သုတစွယ်စုံစာကြည့်တိုက်သို့ ရောက်ရှိ၍ ဦးဖိုးကျား၏ စာအုပ်များ၊ မှတ်တမ်းဓာတ်ပုံများနှင့် စာအုပ် ငှားရမ်းဖတ်ရှုမှုအခြေအနေများကို ကြည့်ရှုလေ့လာခဲ့ပြီး သုတ၊ ရသစာအုပ်များ စုံလင်စွာထားရှိရေး၊ စာဖတ်သူများပိုမို စိတ်ပါဝင်စားစွာ လာရောက်‌လေ့လာ ဖတ်ရှုနိုင်ရေး၊ စာကြည့်တိုက်များပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲ‌ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး စာကြည့်တိုက်အတွက်လိုအပ်သည့် ပရိဘောဂပစ္စည်းများနှင့် အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့သည်။


Read More...
13-Aug-2026
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအေးကျော် လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာများထောက်ပံ့ပေးအပ်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့် အတူ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို အားပေးစကားများပြောကြားခဲ့ပြီး ဆန်ရိက္ခာ၊ ဆီ၊ ရေသန့်နှင့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။


Read More...
13-Aug-2026