သတင်းများ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ဟင်္သာတခရိုင်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဇူလိုင်လ ၁ ရက်နေ့ နေ့လည်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် ဟင်္သာတမြို့နယ်၊ မြို့ကွင်းကျေးရွာရှိ တောင်သူ ဦးကြည်ရွှေ၏ လယ်မြေ (၂)ဧကတွင် တစ်နှစ်လျှင် (စပါး၊ ပဲ ၊ နေကြာ)သုံးသီး စိုက်ပျိုးနိုင်ရေး မိုးစပါးမစိုက်မီ ရက် (၈၀)သက်တမ်းနေကြာ (ဆင်းရွှေကြာ-၂) စိုက်ပျိုးဖြစ်ထွန်းပြီးအချိန်မီရိတ်သိမ်းနိုင်မှုအား ကြည့်ရှုအားပေးခဲ့ကာ စနစ်တကျစိုက်ပျိုးနိုင်ရေး၊ ရာသီဥတုနှင့်ကိုက်ညီစွာ စိုက်ပျိုးနိုင်ရေးနှင့် တစ်နှစ်သုံးသီးစိုက်ပျိုးခြင်းကို ပိုမိုဖြစ်ထွန်းအောင်မြင်ဆောင်ရွက်ရေး မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ ငဝန်တာ၊ တာမိုင် ၂၅/၅ မိုင်တွင် ဟင်္သာတခရိုင်၊ ဆည်းမြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်သည့် ရေဘေးကာကွယ်ရေးသရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားတက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မိုးရာသီမြစ်ရေမြင့်တက်မှုကြောင့် ဖြစ်ပေါ်လာမည့်ရေဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန်အတွက်ရေဘေးကာကွယ်ရေးအစီအမံများစနစ်တကျရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ တာတမံများကိုလည်း အကြိမ်ကြိမ်ပြုပြင်မွမ်းမံတည်ဆောက်ခဲ့ပြီး ယခုအခါ ပိုမို ကြံ့ခိုင်အောင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများကို စီမံချက်များရေဆွဲဆောင်ရွက်သည့်အပြင် လက်တွေ့ ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်ပြီး လိုအပ်မှုများဖြည့်ဆည်းဆောင်ရွက်ရန်လိုပါကြောင်း၊ မြစ်ရေမြင့်တက်လာပြီး စိုးရိမ်ရေမှတ်သို့ရောက်ရှိပါက အရေးပေါ်အခြေအနေအဆင့် ၁ ဖြစ်သတ်မှတ်၍ ရေဘေးကာကွယ်ရေးတာတမံများ၏ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုအစီအစဉ်အရ လွှင့်ထူရမည့် သတိပေးအချက်ပြအလံအစိမ်းရောင်၊ စိုးရိမ်ရေမှတ်အထက်ကျော်လွန်မြင့်တက်လျက်ရှိပါက အလံအဝါရောင်နှင့် မြစ်ရေအမှတ်မှာ ဆက်လက်မြင့်တက်လာပြီး တာတမံကိုယ်ထည်ပေါ်ရေကျော်လာ၍ တာတမံကျိုးပေါက်နိုင်မည့်အခြေအနေရှိပါ အလံအနီရောင်လွှင့်ထူဆောင်ရွက်ရမည့် အခြေအနေများ သိရှိနားလည်ထားကြရန်၊ သဘာဝဘေးအန္တရာယ်များကို အချိန်မီကြိုတင်ကာကွယ်နိုင်ရန်အတွက် တာတမံများတာဝန်ချထားသည့်ရေကင်းအဖွဲ့များ၊ ဌာနဆိုင်ရာကြီးကြပ်ရေးအဖွဲ့များ၊ ဒေသခံပြည်သူများက ရေဘေးကာကွယ်ရေးနည်းလမ်းများအတိုင်း ဂရုတစိုက်စောင့်ကြည့်ကြရန်၊ ထူးခြားမှုရှိပါကသတင်းပေးပို့ခြင်းလုပ်ငန်းများကို မြန်ဆန်မှန်ကန်စွာ တက်ညီလက်ညီပူး ပေါင်းဆောင်ရွက်ကြရန်ပြောကြားခဲ့သည်။
ဆက်လက်၍ ဟင်္သာတခရိုင် ဆည်းမြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှူးမှ ခရိုင်အတွင်း ရေဘေးကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုများနှင့် ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်ခြင်းများကိုရှင်းလင်းတင်ပြခဲ့ပါတယ်။ ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ရေဘေးကာကွယ်ရေးတာတမံများ၏ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုအစီအစဉ်အရ လွှင့်ထူရမည့် သတိပေးအချက်ပြအလံများပေးအပ်ခဲ့သည်။
ထို့နောက် ဟင်္သာတခရိုင် ဆည်းမြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးမှတာတမံကိုယ်ထည်ရေစိမ့်ထွက်ခြင်းနှင့် ရေပေါက်များဖြစ်ပေါ်ခြင်း၊ ကမ်းပြိုခြင်း၊ လှိုင်းပုတ်ခြင်းတို့အတွက် ကာကွယ်ဆောင်ရွက်ရမည့်အခြေအနေများကို ရေဘေး ကာကွယ်ရေးလက်တွေ့သရုပ်ပြရှင်းလင်းတင်ပြခြင်းနှင့် ရေဘေးကာကွယ်ရေးတာတမံများ၏ အရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှုအစီအစဉ် ဇာတ်တိုက်လေ့ကျင့်မှုများကိုကြည့်ရှုအားပေးခဲ့ပြီးနောက် ရေဘေးကာကွယ်ရေးသရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ရေးအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။
Read More...
01-Jul-2022
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မိုးနေကြာစိုက်တောင်သူများနှင့်တွေ့ဆုံ၍ ဓာတ်မြေသြဇာအိတ်များ ထောက်ပံ့ပေးအပ်
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့ နေ့လည်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် မြန်အောင်မြို့၊ အားကစားခန်းမတွင် ကျင်းပပြုလုပ်သည့် မိုးရာသီနေကြာ မျိုးစေ့ထုတ်စိုက်ပျိုးသည့် တောင်သူများနှင့်တွေ့ဆုံပွဲတက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးအနေဖြင့် စားသုံးဆီဖူလုံစေရေးဆောင် ရွက်လျက်ရှိရာ၍ မိုးရာသီနေကြာ မျိုးစေ့ထုတ်ဧက ၃၀၀၀ ကို ဇွန်လ ၁ ရက်နေ့မှစတင်စိုက်ပျိုးခဲ့ပြီး ၂၅ ရက်နေ့တွင် ထွန်တုံးပိတ်စိုက်ပျိုးခဲ့ပြီးဖြစ်ပါကြောင်း၊ နေကြာစိုက်ပျိုးခြင်းလုပ်ငန်းများအောင်မြင်စေရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မိမိတို့အစိုးရအဖွဲ့အနေဖြင့် တောင်သူများအတွက် လိုအပ်သည့်ထောက်ပံ့မှုများဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိုးနေကြာများတွင် ပေါင်းရှင်းခြင်း၊ ပင်ပွားဖယ်ခြင်း၊ ပိုးမွှားကျရောက်မှုများမှကာကွယ်ခြင်းလုပ်ငန်းများကိုစနစ်တကျလုပ်ကိုင်ဆောင်ရွက်ကြရန်လိုပါကြောင်း၊ မိုးနေကြာဖြစ်ထွန်းအောင်မြင်စေရေး တောင်သူများ၊ ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီမှ ပူးပေါင်းဆောင်ရွက်ကြရန်ပြောကြားခဲ့ပါတယ်။
ဆက်လက်၍ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူးမှ မိုးရာသီနေကြာ မျိုးစေ့ထုတ်စိုက်ပျိုးဆောက်ရွက်နေမှုများအားရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မြန်အောင်မြို့နယ်ရှိ မိုးရာသီနေကြာ မျိုးစေ့ထုတ်စိုက်ပျိုးသည့်တောင်သူများအတွက် ဓာတ်မြေသြဇာ အိတ် ၁၃၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ဒေသခံတောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် မြန်အောင်မြို့နယ်၊ ကဇွန်းခုံကျေးရွာ၊ မိုးရာသီနေကြာ မျိုးစေ့ထုတ်စံပြ(၅)ဧက စိုက်ခင်းရှိ တောင်သူဦးစိန်ကြည်ပါ (၂)ဦး၏ မိုးရာသီနေကြာ မျိုးစေ့ထုတ်စိုက်ခင်းနှင့် ဘုရားငုတ္တိုကျေးရွာ၊ တောင်သူဦးအောင်မြင့်စိန်၏ မိုးရာသီနေကြာ မျိုးစေ့ထုတ်စိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်မှုများကို ကြည့်ရှုအားပေးခဲ့သည်။
Read More...
01-Jul-2022
တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ကျုံပျော်ခရိုင်နှင့် မြန်အောင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဖွင့်ပွဲတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် ကျုံပျော်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဖွင့်ပွဲတက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ အစိုးရအဖွဲ့အတွင်းရေးမှူးတို့မှ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦစီးဌာနဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ကာ အမွှေးနံ့သာရည်များပတ်ဖြန်းပေးခဲ့ကြသည်။ ထို့နောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဖွင့်ပွဲတက်ရောက်၍ အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်ဖွင့်လှစ်၍ အမွှေးနံ့သာရည်များပတ်ဖြန်းပေးခဲ့ကာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။အဆိုပါ ရုံးဖွင့်ပွဲများတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ရုံးပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ ရုံးလုပ်ငန်းများစနစ်တကျဆောင်ရွက်စေရေး၊ ရုံးသုံးပစ္စည်းများ၊ ပရိဘောပများ စည်းကမ်းတကျကိုင်တွယ်အသုံးပြုစေရေး မှာကြားခဲ့သည်။
Read More...
01-Jul-2022
၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် ပိုက်ကျော်ခြင်းအသင်းအား အောင်နိုင်ရေးအလံပေးအပ်
Read More...
၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ပိုက်ကျော်ခြင်းအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ဇွန်လ ၃၀ ရက်နေ့ညနေ ၃နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်နှင့်တိုင်းဒေသကြီးပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ် ၊ နည်းပြ ၊ အားကစားသမားများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီး ပိုက်ကျော်ခြင်း အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲအား နေပြည်တော်၌ ဇူလိုင်လ ၅ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း၊ ၃၁ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ လက်ရွေးစင်အားကစာသမားများဖြစ်ခဲ့ကြသည့် နိုင်ငံဂုဏ်ဆောင် အမျိုးသမီးအားကစားသမားနှစ်ဦးသည် ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် (၂)ခု၊ ကြေးတံဆိပ်(၂)ခု ရရှိခဲ့ပါကြောင်း၊ ၂၀၁၉-၂၀၂၀ ပြည်နယ်နှင့်တိုင်းဒေသကြီးအားကစားပြိုင်ပွဲတွင်လည်း အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိခဲ့ပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကစားသမားများအနေဖြင့် အားကြိုးမာန်တက် ယှဉ်ပြိုင်ကစားကြရန်၊ ပြိုင်ပွဲများသို့ သွားရောက် ယှဉ်ပြိုင်ကြမည့် အားကစားမောင်/မယ်များ၊ အသင်းအုပ်ချုပ်သူများအနေဖြင့် မိမိတို့အသင်း အောင်မြင်မှု ဆက်လက်ရရှိအောင် ဆထက်ထမ်းပိုး ကြိုးစားဆောင်ရွက်သွားရန်၊နည်းပြများအနေဖြင့် မိမိအသင်း၏ အားသာချက်၊ အားနည်းချက်များကို သုံးသပ်ကာ ပြိုင်ပွဲတွင် အနိုင်ရရှိရေး စွမ်းဆောင်ပေး ကြရန်ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ပိုက်ကျော်ခြင်းအသင်းမှတာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုဆုငွေများအား ချီးမြှင့်ထောက်ပံ့ပေးအပ်ခဲ့သည်။အဆိုပါ ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲတွင် အသင်းအုပ်ချုပ်သူ၊ နည်းပြ၊ လက်ထောက်နည်းပြ ၆ ဦးနှင့် ပြိုင်ပွဲဝင် အမျိုးသား၊ အမျိုးသမီး ၂၃ ဦးပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း သိရသည်။
Read More...
30-Jun-2022
တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာတွင်(၁)ဧက တင်း (၁၀၀)ထွက်ရှိစေရေးအတွက် ဧက၁၀၀ တောင်သူများ၏ ဘောင်ပျိုးခင်းစနစ် မျိုးစေ့ချပွဲ တက်ရောက်အားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် အိမ်မဲမြို့နယ်၊ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာ၊ ဧက ၁၀၀ တောင်သူများတွင်ပါဝင်သည့် တောင်သူ ဦးမျိုးနိုင်၏ လယ်မြေ (၅)ဧကတွင် ပြုလုပ်သည့် (၁)ဧက တင်း (၁၀၀)ထွက်ရှိစေရေးအတွက် ဘောင်ပျိုးခင်းစနစ် မျိုးစေ့ချပွဲ တက်ရောက်၍ စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ တောင်သူများက ဘောင်ပျိုးခင်းစနစ်ဖြင့် ဆင်းသုခ မျိုစပါးများ မျိုးစေ့ချစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှူးမှ (၁)ဧက၊ တင်း(၁၀၀)ထွက်ရှိစေရေးဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပန်းတိုင်အထွက်နှုန်းရရှိးရေး၊ အထွက်တိုးမျိုးကောင်းမျိုးသန့်များသုံးစွဲစေရေးနှင့် စိုက်ပျိုးရေးနည်းစနစ်များမှန်ကန်စေရေး တောင်သူများအား အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘုရားကြီးကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆရာဆရာမများနှင့်တွေ့ဆုံ၍ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေး၊ ကျောင်းသားကျောင်းသူများတွင် သွေးလွန်တုပ်ကွေးရောဂါစသည့် ကူးစက်ရောက်ဂါများဖြစ်ပွားမှုမရှိစရေးဂရုတစိုက်ဆောင်ရွက်ကြရန်မှာကြားခဲ့ကာ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသူကျောင်းသားများအတွက် ကျန်းမာရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
Read More...
29-Jun-2022