သတင်းများ


နည်းပညာတက္ကသိုလ်(ပုသိမ်)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်(၂၀၂၂-အောင်)မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်
နည်းပညာတက္ကသိုလ်(ပုသိမ်)၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ် ပထမနှစ်(၂၀၂၂-အောင်)မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ဆရာမများ၊ကျောင်းသား၊ကျောင်းသူများတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ မောင်မယ်သစ်လွင်ကြိုဆိုပွဲအား နည်းပညာတက္ကသိုလ်(ပုသိမ်) စက်မှုအင်ဂျင်နီယာဌာန၊ ကျောင်းသား၊ ကျောင်းသူများက“ မြကျွန်းညိုညို” သီချင်းဖြင့်အခမ်းအနားအား သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီးနောက် အီလက်ထရောနစ်အင်ဂျင်နီယာဌာနမှ ကျောင်းသား၊ကျောင်းသူများက“ ဗုဒ္ဓပူဇနိယ”သီချင်းဖြင့်ဆက်လက်ဖျော်ဖြေခဲ့ကြသည်။ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ မောင်တို့မယ်တို့သည်ပြီးခဲ့သည့်ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်  မြန်မာတစ်နိုင်ငံလုံး ဒုတိယအောင်ချက်အကောင်းဆုံးနှင့်  ဂုဏ်ထူးရှင်များစွာလည်း ထွက်ပေါ်ခဲ့အောင် ကြိုးစားခဲ့ ကြသူများဖြစ်ပါကြောင်း၊ယခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲတွင်လည်း ညီငယ်၊ညီမငယ်များ ရာနှုန်းပြည့်အောင်မြင်စေရေးအတွက်လည်း တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းပံ့ပိုးကြစေလိုကြောင်း၊ယနေ့ခေတ်တွင် နည်းပညာကဏ္ဍသည် လွန်စွာအရေးပါလာပြီဖြစ်၍ ကမ္ဘာ့အဆင့်မီ နည်းပညာရပ်များအား ကျောင်တော်ကြီးမှသင်ကြားပို့ချလျက်ရှိပြီး မောင်မယ်တို့၏ သင်ယူနိုင်မှု၊ လေ့လာနိုင်မှု ၊တီထွင်ဆန်းသစ်နိုင်မှု၊ အတွေးအခေါ် အယူအဆများနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးအတွက် အားဖြည့် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊  မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီး ဖြစ်၍ လက်မှုလယ်ယာမှသည် စက်မှုလယ်ယာသို့ကူးပြောင်းဆောင်ရွက်လျက်ရှိပြီး စက်မှုကဏ္ဍ၊နည်းပညာကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် မောင်တို့မယ်တို့၏ အခန်းကဏ္ဍသည်လွန်စွာအရေးပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် ကိုယ်ပိုင်းအတွေးအခေါ် ကိုယ်ပိုင်ဉာဏ်စွမ်းဖြင့် စဉ်းစားတွေးခေါ်၍ ခေတ်မီနည်းပညာရပ်များအားကြိုးစားလေ့လာသင်ယူဆောင်ရွက်ကြပြှး တိုင်းဒေသကြီးနှင့်နိုင်ငံတော်အတွက်အားကိုးအားထားပြုနိုင်သည့် နိုင်ငံ့သားကောင်း၊ သမီးမွန်များဖြစ်ကြပါစေကြောင်း” နှုတ်ခွန်းဆက်အမှာစကားများပြောကြားပြီး နည်းပညာတက္ကသိုလ်(ပုသိမ်)ဒုတိယပါမောက္ခချုပ်ထံသို့ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ထို့နောက် နည်းပညာတက္ကသိုလ်(ပုသိမ်)မှ ဒုတိယပါမောက္ခချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ဆက်လက်ပြောကြားခဲ့ပြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျောင်းသား၊ကျောင်းသူများ၏ တေးသရုပ်ဖော်အကများနှင့် သီဆိုဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။ နည်းပညာတက္ကသိုလ်(ပုသိမ်)တွင် (၂၀၂၂ -၂၀၂၃) ပညာသင်နှစ်တွင် ဘာသာရပ်အလိုက် ပထမနှစ်မှ ဆဋ္ဌမနှစ်အထိ ကျောင်းသားကျောင်းသူသုစုပေါင်း (၉၁၉)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်းသိရသည်။


Read More...
10-Jan-2023
၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် တိုင်းဒေသကြီး/ပြည်နယ် ဂုဏ်ပြုယာဉ် အားကြီးကြပ်တည်ဆောက်ခဲ့ကြသူများ၊ သရုပ်ဖော်သည့်အဖွဲ့၊ ယာဉ်နှင့်အတူ ကပြသည့်အဖွဲ့၊ ဖျော်ဖြေသည့်အဖွဲ့နှင့် တိုင်းဒေသကြီးပြခန်းနှင့်ဒေသထွက်ပစ္စည်းနှင့်ရိုးရာအစားအစာ အရောင်းပြခန်းဆောက်လုပ်ရာတွင် ကြီးကြပ်ခဲ့ကြသူများအား ကြိုဆိုနှုတ်ဆက်
၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် တိုင်းဒေသကြီး/ပြည်နယ် ဂုဏ်ပြုယာဉ်ပထမဆုရရှိခဲ့သည့်ဧရာဝတီတိုင်းဒေသကြီးဂုဏ်ပြုယာဉ်အား ကြီးကြပ်တည်ဆောက်ခဲ့ကြသူများ၊ သရုပ်ဖော်သည့်အဖွဲ့၊ ယာဉ်နှင့်အတူ ကပြသည့်အဖွဲ့၊ဖျော်ဖြေသည့်အဖွဲ့နှင့် တိုင်းဒေသကြီးပြခန်းနှင့်ဒေသထွက်ပစ္စည်းနှင့်ရိုးရာအစားအစာ အရောင်းပြခန်းဆောက်လုပ်ရာတွင် ကြီးကြပ်ခဲ့ကြသူများသည်ပုသိမ်မြို့သို့ပြန်လည်ရောက်ရှိခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ၊ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ကျောင်းသားကျောင်းသူများမှ ဂုဏ်ပြုကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။  ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမရှေ့မှ (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ဂုဏ်ပြုယာဉ် အားကြီးကြပ်တည်ဆောက်ခဲ့ကြသူများ၊ သရုပ်ဖော်သည့်အဖွဲ့၊ ယာဉ်နှင့်အတူ ကပြသည့်အဖွဲ့၊ ဖျော်ဖြေသည့်အဖွဲ့နှင့် တိုင်းဒေသကြီးပြခန်းနှင့်ဒေသထွက်ပစ္စည်းနှင့်ရိုးရာအစားအစာ အရောင်းပြခန်းဆောက်လုပ်ရာတွင် ကြီးကြပ်ခဲ့ကြသူများအားအား ဂုဏ်ပြုပန်းကုံးများ၊ ပန်းစည်းများဖြင့်ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။ ထို့နောက်  ပုသိမ်တက္ကသိုလ်ဧည့်ခန်းမ၌ တိုင်းဒေသကြီး/ပြည်နယ် ဂုဏ်ပြုယာဉ် အားကြီးကြပ်တည်ဆောက်ခဲ့ကြသူများ၊ သရုပ်ဖော်သည့်အဖွဲ့၊ ယာဉ်နှင့်အတူ ကပြသည့်အဖွဲ့၊ ဖျော်ဖြေသည့်အဖွဲ့နှင့် တိုင်းဒေသကြီးပြခန်းနှင့်ဒေသထွက်ပစ္စည်းနှင့်ရိုးရာအစားအစာ အရောင်းပြခန်းဆောက်လုပ်ရာတွင် ကြီးကြပ်ခဲ့ကြသူများအား စားသောက်ဖွယ်ရာများဖြင့် ဂုဏ်ပြုဧည့်ခံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ယခုကဲ့သို့ တိုင်းဒေသကြီး/ပြည်နယ် ဂုဏ်ပြုယာဉ်ပထမဆုရရှိခဲ့သည့်အတွက် များစွာဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ အားလုံး၏ ကြိုးစားအားထုတ်မှုရလဒ်များပင်ဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်အောင်ကြိုးစားဆောင်ရွက်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါကြောင်း ဂုဏ်ပြုဝမ်းမြောက်စကားများပြောကြားခဲ့ကြောင်းသိရသည်။


Read More...
09-Jan-2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဟင်္သာတခရိုင်နှင့် မအူပင်ခရိုင်အတွင်း နေကြာ၊ ပဲတီစိမ်းစိုက်ခင်းများကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နေ့လည်ပိုင်းအချိန်တွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်များလိုက်ပါလျက် ဟင်္သာတခရိုင်  ဟင်္သာတမြို့နယ်၊ တောင်ကလုံကျေးရွာရှိ တောင်သူဒေါ်လှနှင်းရီ၏ လယ်မြေ (၃)ဧက တွင်  ပဲတီစိမ်းစိုက်ပျိုးဖြစ်ထွန်းနေမှုအားကြည့်ရှုအားပေးခဲ့ပြီး အောင်မြင်အောင်စိုက်ပျိုးစေရေး၊ အထွက်နှုန်းတိုးစေရေးမှာကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇလွန်မြို့နယ်၊ ဖတ်သောင်ကျေးရွာရှိ တောင်သူဦးရွှေထူး၏ ဆင်းရွှေကြာ-၂၊  နေကြာမျိုးစေ့ထုတ်(FS) (၁၀)ဧကစံပြစိုက်ခင်း၊ တောင်သူဦးမောင်ကျော်၏ ရေဆင်း၁ စပ်မျိုးနေကြာ ၁ဧက သီးသန့်စိုက်ခင်းအားကြည့်ရှုအားပေးခဲ့ပါသည်။ ထို့နောက်မေရီလန်းကျေးရွာ၊တောင်သူဦးဝင်းမြင့်ဦး၏ ရေဆင်း-၁၄ ပဲတီစိမ်းမျိုးစေ့ထုတ် (၁) ဧက စံပြစိုက်ခင်းနှင့် ပိုက်ဆံလျှော်မျိုးစေ့ထုတ် (၁) ဧကစိုက်ခင်း၊ နေကြာ (စူပါဆန်း 41)စပ်မျိုး (၄ )ဧကစိုက်ခင်းအားကြည့်ရှုအားပေးခဲ့ပါသည်။ ထို့အတူ ဇော်ဂျီကွင်းကျေးရွာ တောင်သူ ဒေါ်ရင်မြ၊ တောင်သူ ဦးသန်းစိုးတို့၏ နေကြာ ရေဆင်း-၁ စပ်မျိုး (၁.၃၀)ဧက စိုက်ပျိုးဖြစ်ထွန်းအောင်မြင်မှုများကိုကြည့်ရှုအားပေးခဲ့ပါသည်။ ထို့သို့ ကြည့်ရှုအားပေးခဲ့ရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တောင်သူများနှင့်တွေ့ဆုံ၍ နိုင်ငံတော်မှသွင်းအားစုများထောက်ပံ့ပေးသည်နှင့်အညီစနစ်တကျစိုက်ပျိုးစေရေး၊ အရည်အသွေးကောင်းမွန်စေရေး၊ အထွက်နှုန်းတိုးစေရေးနှင့်   ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်စေရေးမှာကြားခဲ့ပါသည်။ ထို့နောက် အစုကြီး+လှေလမ်းကျေးရွာတွင် ကျေးရွာ မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group) များမှ တစ်အိမ်တက်ဆင်းတိုင်းဒေသကြီးရေစာရင်းများ ကောက်ယူခြင်းလုပ်ငန်းဆောင် ရွက်နေမှုများအားကြည့်ရှုစစ်ဆေးခဲ့ပြီး မြေပြင်လူဦးရေစာရင်းများတိကျမှန်ကန်မှုရှိစေရေးအလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။    ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရှိ ကဥ္စနကျွန်းသာ ကုမ္ပဏီလီမီတက်မှ (ဆင်းရွှေကြာ-၂)နေကြာမျိုးစေ့ထုတ်စံပြစိုက်ခင်းအားကြည့်ရှုအားပေးခဲ့ပြီး မျိုးကောင်းမျိုးသန့်များပိုမိုထုတ်လုပ်နိုင်စေရေး၊  စိုက်နည်းစနစ်များမှန်ကန်စွာ အသုံးပြုနိုင်စေရေးနှင့်ပိုမိုတိုးချဲ့စိုက်ပျိုးစေရေးမှာကြားခဲ့ကာ တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးထုတ်ကုန်များပိုမိုတိုးတက်ထုတ်လုပ်နိုင်စေရေး၊ စိုက်နည်းစနစ်များမှန်ကန်စေရေး၊ သာဘာဝမြေသြဇာ၊ ဓာတ်မြသြဇာများ အချိုးကျသုံးစွဲစေရေးမှာကြားခဲ့ကြောင်းသိရသည်။


Read More...
09-Jan-2023
အသက် ၅နှစ်မှ ၁၂နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် ၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံနေမှုနှင့် မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group) များမှ လူဦးရေစာရင်းများ ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအားကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အမှတ်(၄)ရပ်ကွက်၊ အမှတ်(၂၀)အခြေခံပညာအထက်တန်းကျောင်း၊ ဥမ္မာဒန္တီခန်းမ၌ပြုလုပ်သည့် အသက်၅နှစ်မှ ၁၂နှစ်အတွင်း ကျောင်းသား၊ကျောင်းသူများအား ကိုဗစ် ၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံနေမှု ကြည့်ရှုအားပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံရာတွင် သတ်မှတ်ထားသည့် ကျောင်းသား၊ ကျောင်းသူများ ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးစီးရေးမှာကြားခဲ့သည်။  ထို့နောက် ပုသိမ်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group) များမှ တစ်အိမ်တက်ဆင်းမြေပြင် လူဦးရေစာရင်းများ ကောက်ယူခြင်းလုပ်ငန်းဆောင် ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြေပြင်လူဦးရေစာရင်းများတိကျမှန်ကန်မှုရှိစေရေးအလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။ ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အထောင်မြို့၊ အမှတ် (၁)ရပ်ကွက်နှင့် အမှတ်(၂) ရပ်ကွက်များတွင် မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group) များမှ တစ်အိမ်တက်ဆင်းမြေပြင် လူဦးရေစာရင်းများ ကောက်ယူခြင်းလုပ်ငန်းဆောင် ရွက်နေမှုများအားကြည့်ရှုစစ်ဆေးခဲ့ပြီး လူဦးရေစာရင်းများစနစ်တကျ မှန်ကန်စွာရေးသွင်းစေရေး၊ တိကျမှန်ကန်စေရေးကြပ်မက်ဆောင်ရွက်ရန်မှာကြားခဲ့သည်။


Read More...
09-Jan-2023
၂၀၂၂-၂၀၂၃ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော်အခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး
၂၀၂၂-၂၀၂၃ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော်အခမ်းအနားအား ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ပုသိမ်လေတပ်စခန်း ဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ဆရာ၊ဆရာမများနှင့်မိဘများ၊ကျောင်းသူများတက်ရောက်ခဲ့ကြသည်။ ဦးစွာ ပညာရေးစုံညီပွဲတော်ဖွင့်ပွဲ အခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တိုင်းဒေသကြီးပညာရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။ ယင်းနောက် ဆက်လက်၍  အခမ်းအနားအား ရတနာတန်ဆောင်ခန်းမ၌ ဆက်လက်ပြုလုပ်ရာ ပုသိမ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက “စုံညီပွဲတော် တို့နွှဲပျော်”သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ယခုကျင်းပသည့် ပညာရေးစုံညီပွဲတော်သည် (၂၀၂၁-၂၀၂၂)ပညာသင်နှစ်အတွင်း ကာယ၊ဉာဏစွမ်းရည် ထူးချွန်ဆုရသူများ၊ တက္ကသိုလ်ဝင်တန်းကိုထူးချွန် စွာအောင် မြင်ခဲ့ကြသည့်ကျောင်းသား၊ကျောင်းသူများ၊ထူးချွန်ထက်မြက်သည့် ဆရာ၊ဆရာမများအပါအဝင် ဂုဏ်ပြုထိုက်သူများအား ဂုဏ်ပြုသည့်သည့်အခမ်းအနား ဖြစ်ပါကြောင်း၊၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့်  ကျောင်းသား၊ကျောင်းသူများ အောင်ချက်မြင့်မားရေးအတွက်လည်း  ဆောင်ရွက်လျှက်ရှိပါကြောင်း၊ တက္ကသိုလ်ဝင်စာမးပွဲဖြေဆိုကြမည့်ကျောင်းသား၊ကျောင်းသူများသည်  ရာနှုန်းပြည့် အောင်မြင်စေရေးအတွက် ဆရာ၊ ဆရာမများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် ကျောင်းသားမိဘများက ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ကလည်း  အလေးထား ပံ့ပိုးပေးလျှက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်ပြီး လူ့စွမ်းအားအရင်းအမြစ်များ များစွာပေါ်ထွက်လာမည့် တိုင်းဒေသကြီးလည်းဖြစ်ပါကြောင်း၊ “အမျိုးသားစည်းကမ်းအစ၊စာသင်ကျောင်းက”ဟူသော စကားအတိုင်း ဆရာ၊ဆရာမများက  စည်းကမ်းပြည့်ဝသော၊ စနစ်ရှိသော၊ လိမ္မာယဉ်ကျေးသော ကျောင်းသား၊ ကျောင်းသူများအား စနစ်တကျလေ့ကျင့် ပြုစုပျိုးထောင်ပေးလျက်ရှိပါကြောင်း၊ အခြေခံပညာကျောင်းများမှမွေးထုတ်ပေးလျက်ရှိသည့် လူစွမ်းအားအရင်းအမြစ်များဖြင့် တိုင်းဒေသကြီး၏စိုက်ပျိုးမွေူမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်ဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်းနှင့်ဆရာ၊ဆရာမများ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အနာဂတ်ကို မျှော်တွေးပြီးအစစ အရာရာ ကြိုးပမ်းအားထုတ် လေ့လာဆည်းပူးကြစေလိုကြောင်း”ပြောကြားခဲ့ပြီး တိုင်းဒေသကြီးပညာရေးမှူးက ပညာရေးစုံညီပွဲတော် ပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီး ပုသိမ်မြို့၊အမှတ်(၁၀)၊အမှတ်(၉)၊အမှတ်(၂၀)အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူလေးများက သီဆိုကပြဖျော်ဖြေခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ အတွဲ(၇) ဘာသာရပ်တွင် နိုင်ငံတော်အဆင့်ဆဋ္ဌမ၊ တိုင်းဒေသကြီးအဆင့်ပထမ၊ တိုင်းဒေသကြီးအဆင့် ဒုတိယ၊  တိုင်းဒေသကြီးအဆင့် တတိယဆုရရှိသူများနှင့် အတွဲ(၂) ဘာသာရပ်တွင် နိုင်ငံတော်အဆင့်ဒုတိယ၊ တိုင်းဒေသကြီးအဆင့်ပထမ၊ နိုင်ငံတော်အဆင့် တတိယ၊ တိုင်းဒေသကြီးအဆင့် ဒုတိယ ရရှိသူများအား ဂုဏ်ပြုဆုများအားလည်းကောင်း၊ တိုင်းဒေသကြီးပညာရေးမှူးအားပညာရေးစုံညီပွဲတော်ထောက်ပံ့ငွေများအားလည်းကောင်းပေးအပ်ခဲ့ပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးမှ အတွဲ(၂) ဘာသာရပ်တွင် နိုင်ငံတော်အဆင့်စတုတ္ထ၊ တိုင်းဒေသကြီးအဆင့်တတိယနှင့် နိုင်ငံတော်အဆင့် ပဥ္စမနှင့် ဆဋ္ဌမရရှိသူများအားလည်းကောင်း၊ တာဝန်ရှိသူများမှ ကာယ/ဉာဏထူးချွန်ကျောင်းသား၊ကျောင်းသူများ၊ ဆရာ၊ ဆရာမ များအားဆုများချီးမြှင့်ခဲ့ကြပြီး ခရိုင်အလိုက်ပြသထားသည့် ပြခန်းများ၊ ကျောင်းသား ကျောင်းသူများ၏ လက်တွေ့သရုပ်ပြမှုများနှင့် စုံညီပွဲတော် အားကစားပြိုင်ပွဲများအားကြည့်ရှုအားပေးခဲ့သည်။


Read More...
09-Jan-2023