သတင်းများ
ကန်ကြီးထောင့်မြို့နယ်ရှိ အမှတ်(၅)ဓာတ်မြေဩဇာစက်ရုံ လည်ပတ်နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းက ကန်ကြီးထောင့်မြို့နယ်ရှိ အမှတ် (၅) ဓာတ်မြေဩဇာစက်ရုံသို့သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပြီး စက်ရုံလည်ပတ်နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ခေတ္တစက်ရုံမှူးက ဝန်ထမ်းခန့်ထားမှု အခြေအနေများ၊ ထုတ်လုပ်နိုင်မှုစွမ်းရည်နှင့် ကုန်ကြမ်းလိုအပ်ချက်အခြေအနေများ၊ အမိုးနီးယားနှင့် ယူရီးယားထုတ်လုပ်ပုံအဆင့်ဆင့်၊ ဘဏ္ဍာနှစ်အလိုက် ယူရီးယားဓာတ်မြေဩဇာ ထုတ်လုပ်မှုအခြေအနေများနှင့် ဖြန်ဖြူးမှု အခြေအနေများ၊ စက်လည်ပတ်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ခဲ့မှုနှင့် စက်ပြုပြင်မှုမှတ်တမ်းများအား Power Point ဖြင့်ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ယခင်စက်ရုံပြန်လည်လည်ပတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေသည့်ကာလများကပင် စက်ရုံဝန်ထမ်းများနှင့်လာရောက် တွေ့ဆုံအားပေးခဲ့ပြီး အမြန်ဆုံးလည်ပတ်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများကို တွန်းအားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ စက်ရုံမှူးနှင့် ဝန်ထမ်းများ၏ ကြိုးစားမှုကြောင့် ပြန်လည်လည်ပတ်နိုင်ခဲ့ပြီးတန်ချိန်၂ သောင်းကျော် ထုတ်လုပ်နိုင်ခဲ့ကာ နွေစပါးစိုက်ရာသီတွင် တောင်သူများထံသို့ စျေးနှုန်းသက်သာစွာဖြင့် ဆက်လက်ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း၊ စက်ရုံနှစ်ပတ်လည်စက်ပြုပြင်မှု(Annual Shutdown) ကာလအတွင်း စက်ရုံလည်ပတ်နိုင်ရေး ပြင်ဆင်ဆောက်ရွက်ခြင်းများအဆင့်သင့်ဖြစ်စေရေး လာရောက်ကြည့်ရှုစစ်ဆေးခြင်းဖြစ်ကြောင်း၊ မကြာမီဓာတ်ငွေ့ပိုလွှတ်တော့မည်ဖြစ်၍ ဓာတ်မြေသြဇာထုတ်လုပ်နိုင်ရေး ပြင်ဆင်ရမည့် အစိတ်အပိုင်းများပြင်ဆင်ထားရှိပြီး စွမ်းအားပြည့်လည်ပတ်နိုင်ရေးဆောင်ရွက်ရန်လိုပါကြောင်း၊ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ပြန်လည်ပို့လွှတ်နိုင်ရေးကြိုတင် ညှိနှိုင်း ဆောင်ရွက်ထားရန်လည်းလိုအပ်မည်ဖြစ်ကြောင်း၊ စက်ရုံကောင်းမွန်စွာလည်ပတ်နိုင်ရေးနှင့် ဓာတ်မြေဩဇာများ ပြန်လည်ထုတ်လုပ်နိုင်ပါက နိုင်ငံတော်နှင့် တိုင်းဒေသကြီးအတွက်သာမက ဒေသခံတောင်သူများအတွက်ပါ သွင်းအားစု လိုအပ်ချက်များနှင့် ဈေးနှုန်းကြီးမြင့်မှုများအား အတိုင်းတာတစ်ခုအထိ ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်းနှင့် စက်ရုံလုံခြုံရေး၊ သန့်ရှင်းသာယာလှပရေးအတွက် အလေးထားဆောင်ရွက်ရွက်ရန်လိုပ်အပ်ကြောင်း”ပြောကြားပြီး ဝန်ထမ်းများအတွက် ကြက်ဥ၊ခေါက်ဆွဲခြောက်၊ကော်ဖီမစ် အစရှိသည့် စားသောက်ဖွယ်ရာများအား ထောက်ပံ့ပေးအပ်ကာ စက်ရုံအတွင်း စက်ရုံလည်ပတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Read More...
07-Jul-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် ဧရာဝတီ - ဟင်္သာတတာ မြစ်ရေတိုက်စားမှု အခြေအနေများ ကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဇူလိုင်လ ၆ ရက် နံနက်ပိုင်းတွင် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာအနီးရှိ ဧရာဝတီ-ဟင်္သာတတာ တာတိုင် ၄/၆ တွင် ဧရာဝတီမြစ်၏ မြစ်ကမ်းပါးသို့ ဦးတည် တိုက်စားမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊တိုင်းဒေသကြီးဆည်မြောင်း နှင့် ရေအသုံးမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးတို့မှ ဧရာဝတီမြစ် ဟင်္သာတမြစ်ကြောင်းအခြေအနေများ၊ တာငုတ်- ဖောင်ဆိပ် ဧရာဝတီမြစ်ကမ်းပါတစ်လျှောက် အရေးပေါ် ကာကွယ်ရေးလုပ်ငန်းများအဖြစ် Floating unit အလျားပေ ၂၀၀၀ပေ ဆောင်ရွက်မည့်အခြေအနေများ၊ ဧရာဝတီမြစ်ရေ ရေတိုက်စားမှုကြောင့် ဖောင်ဆိပ်ဖြတ်တာအနီး ကမ်းပြိုမှုအခြေအနေနှင့် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ဧရာဝတီ-ဟင်္သာတတာ တာတိုင် ၃/၀ ရှိ ရေကင်းစခန်းအမှတ်(၈) အိပ်ပျက်တာနယ်နှင့်ဟင်္သာတ ကမ်းနားတာ ဦးပါရဲရေကင်းစခန်းများရှိ မိုးရာသီ ရေဘေးကာကွယ်ရေး တာတမံ ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများအား တာတမံလုပ်သားများဖြင့်ဆောင်ရွက်နေမှုအခြေအနေ များ အရေးပေါ်ပစ္စည်းများ စုဆောင်းထားရှိမှုအခြေအနေများနှင့် ရေမှတ်တိုင်နှင့် ရေမှတ် မှတ်တမ်းရေးသွင်းထားမှုအားကြည့်ရှုစစ်ဆေးပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်မှ မြစ်ရေမြင့်တက်လာပြီး စိုးရိမ်ရေမှတ်သို့ရောက်ရှိပါက ရေဘေးကာကွယ်ရေး တာတမံများ၏ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုအစီအစဉ်အရ လွှင့်ထူရမည့် သတိပေးအချက်ပြအလံအစိမ်းရောင်၊ အဝါရောင်နှင့် အနီရောင်လွှင့်ထူဆောင်ရွက်ရမည့်အခြေအနေများသိရှိနားလည်ထားကြရန်၊ သဘာဝဘေးအန္တရာယ်များကို အချိန်မီကြိုတင်ကာကွယ်နိုင်ရန်အတွက် တာတမံများတာဝန်ချထားသည့်ရေကင်းအဖွဲ့များ၊ ဌာနဆိုင်ရာကြီးကြပ်ရေးအဖွဲ့များ၊ ဒေသခံပြည်သူများက ရေဘေးကာကွယ်ရေးနည်းလမ်းများအတိုင်း ဂရုတစိုက်စောင့်ကြည့်ကြရန်၊ မြစ်ရေမှတ်တမ်းရေးသွင်းခြင်းများကိုစနစ်တကျ ရေးသွင်းဆောင်ရွက်ရန်နှင့် ထူးခြားမှုရှိပါကသတင်းပေးပို့ခြင်းလုပ်ငန်းများကိုမြန်ဆန်မှန်ကန်စွာ တက်ညီလက်ညီပူး ပေါင်းဆောင်ရွက်ကြရန်ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်္ဟာတဘူတာသို့သွားရောက်၍ ဘူတာရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရီးသွားပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကာ သွားလာမှုအခြေအနေများမေးမြန်းခဲ့ပြီး ဘူတာရုံးခန်းတွင် မြန်မာ့မီးရထားလုပ်ငန်း တိုင်းတာဝန်ခံမှ ခရီးစဉ်ပြေးဆွဲမှု၊ ခရီးသည်များစီးနင်းလိုက်ပါမှု၊ ကုန်စည်တင်ဆောင်မှုများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးမှ ခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေး၊ ကုန်စည်တင်ဆောင်မှုများပိုမိုဆောင်ရွက်နိုင်စေရေး၊ ဘူတာရုံသန့်ရှင်းသာယာရေးဆောင်ရွက်ထားရှိရန်မှာကြားခဲ့သည်။
Read More...
06-Jul-2022
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ညောင်တုန်းရေနံနှင့်သဘာဝဓာတ်ငွေ့မြေ၊ အထွေထွေမန်နေဂျာရုံးသို့သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံ
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဇူလိုင်လ ၃ ရက်နေ့ နေ့လည်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ညောင်တုန်းမြို့နယ်၊ ကညင်ကောက်ကြီးကျေးရွာတွင်တည်ရှိသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ညောင်တုန်းရေနံနှင့်သဘာဝဓာတ်ငွေ့မြေ၊ အထွေထွေမန်နေဂျာရုံးသို့သွားရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။
ထို့နောက် အထွေထွေမန်နေဂျာမှ ညောင်တုန်း/ မအူပင် ရေနံနှင့်သဘာဝဓာတ်ငွေ့မြေများ၏ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုများကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပိုက်လိုင်းများကောင်းမွန်မှုရှိစေရေး၊ အယိုအဖိတ် လေ့လွင့်ဆုံးရှုံးမှုမရှိစေရေး၊ ရေရှည်ထုတ်လုပ်နိုင်ရေး စနစ်တကျထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရန်နှင့် လျာထားချက်ပြည့်မီစွာထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန်မှာကြားခဲ့ပါတယ်။ အဆိုပါ ညောင်တုန်း/မအူပင် ရေနံနှင့်သဘာဝဓာတ်ငွေ့မြေမှ ထွက်ရှိသည့် လေဆီနှင့် သဘာဝဓာတ်ငွေ့များကို ရွာမ၊ မှော်ဘီရှိစက်ရုံများ၊ CNG ဆိုင်များ၊ LPC (ညောင်တုန်း-၂)၊ LPC(ညောင်တုန်း-၃) စက်ရုံများ၊ ရွာမ Gas Turbine သို့ ဖြန့်ဖြူးပေးလျက်ရှိပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ်၊ မာလာကွင်းကျေးရွာအခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)သို့ သွားရောက်၍ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံခဲ့ကာ ကျောင်းသားကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးနှင့် သွေးလွန်တုပ်ကွေး ရောဂါစသည့် ကူးစက်ရောဂါများဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိရန်မှာကြားခဲ့ပြီး ကျန်းမာရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
Read More...
03-Jul-2022
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာတွင် (၁)ဧက တင်း (၁၀၀)ထွက်ရှိစေရေး ကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးပွဲတက် တက်ရောက်အားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက်မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာ တောင်သူဦးကျင်လှိုင်၊ ဦးကျော်ဇောလင်း၊ ဦးစန်းဝင်းတို့၏လယ်မြေတွင် ပျိုးဗန်းဖြင့် ပျိုးထောင်ထားသည့်ပျိုးပင်များကို ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲတက်ရောက်ခဲ့ပြီး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမှုကို ကြည့်ရှုအားပေးခဲ့ကာ ကောက်စိုက်စက်နှင့်စိုက်ပျိုးခြင်းဖြင့် ပျိုးထောင်စရိတ်သက်သာခြင်း၊ အချိန်၊ လုပ်သား၊ သွင်းအားစုများလျော့ချနိုင်ခြင်း၊ ကောက်ကွက်ပြည့်မီ၍ အထွက်နှုန်းကောင်းခြင်းစသည့် အကျိုးကျေးဇူးများရရှိသဖြင့် ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းကို တွင်ကျယ်စွာအသုံးပြုနိုင်ရေးပြောကြားသည်။
ထို့နောက် နည်းပညာပြန့်ပွားရေးစင်တာတွင် တောင်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးအနေဖြင့် မိုးစပါး၊ နွေစပါးများကိုပန်းတိုင်အထွက်နှုန်းများရရှိစေရေးကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့် အထွက်တိုး မျိုးကောင်းမျိုးသန့်များသုံးစွဲကြရန်၊ စနစ်တကျမြေပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ကြရန်၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာများကို အချိုးကျသုံးစွဲကြရန်၊ မိရိုးဖလာစိုက်ပျိုးနည်းများအပြင် ခေတ်မီစိုက်ပျိုးနည်းစနစ်များ၊ စက်ကိရိယာများအသုံးပြုဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး တစ်ဧက တင်း၁၀၀ ထွက်ရှိရေး ဧက ၁၀၀ စံပြကွက် တောင်သူများသို့ ဓာတ်မြေသြဇာအိတ် ၁၀၀ ပေးအပ်ခဲ့သည်။
Read More...
03-Jul-2022
မြန်မာအမျိုးသမီးများနေ့ အကြိုလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား ပုသိမ်မြို့၌ကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွေဝါခန်းမ၌ မြန်မာအမျိုးသမီးများနေ့ အကြိုလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားအား ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီးဒေါ်ကြည်ကြည်ထွန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း၊ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းတို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ယနေ့ကျင်းပပြုလုပ်သော အခမ်းအနားသည် မြန်မာအမျိုးသမီးများနေ့ အကြိုလှုပ်ရှားဆောင်ရွက်သည့် အခမ်းအနားဖြစ်ပါကြောင်း၊ ၁၉၉၅ခုနှစ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘေဂျင်းမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံမှ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များအရ အမျိုးသမီး များဖွံ့ ဖြိုးတိုးတက်ရေးကိုတက် ကြွစွာဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီကို ၁၉၉၆ခုနှစ်၊ ဇူလိုင် ၃ ရက်နေ့တွင် အဖွဲ့ဝင်၂၃ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ထိုနေ့ကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ ယင်းနောက် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီအမည်ကို မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီအဖြစ် အမည်ပြောင်းလဲ၍ အစိုးရဌာနများအပြင် အမျိုးသမီးအရေးကို တက်ကြွစွာ လှုပ်ရှားဆောင်ရွက်နေသော အရပ်ဘက်အဖွဲ့အစည်းများထည့်သွင်းပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ မြန်မာအမျိုးသမီးတို့သည် မြန်မာနိုင်ငံသမိုင်းဦးအစမှ ယနေ့အထိ ဘာသာ၊သာသနာ၊ ပညာရေး၊ စာပေ၊ အနုပညာ၊ စီးပွားရေးစတဲ့ နိုင်ငံ့အရေးအတွက်အရေးပါတဲ့အခန်းကဏ္ဍများတွင် တစ်တပ်တစ်အားပါဝင်ဆောင်ရွက်ခဲ့ကြပြီး ယနေ့မျက်မှောက်ကာလတွင် အသိပညာရှင်၊ အတတ်ပညာရှင်များအဖြစ် သက်ဆိုင်ရာကဏ္ဍ အသီးသီးမှာ ပေါ်ထွန်းနေပြီဖြစ်ပါကြောင်း၊ အစဉ်အလာကောင်းများအား ဂုဏ်ယူလက်ဆင့်ကမ်းလျှက် မြန်မာ့လူ့ဘောင်အဖွဲ့အစည်း တည်တံ့ဖွံ့ဖြိုးရေး ကဏ္ဍများတွင် ဆထက်ထမ်းပိုး ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေနိုင်ရန်အတွက် ဇူလိုင်လ ၃ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများအား ကြိုဆိုဂုဏ်ပြုပါကြောင်း”ပြောကြားသည်။
ထို့နောက် ၂၀၂၂ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းများမှ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် ရိုးရာပွဲတက် ဝတ်စုံချုပ်ပြိုင်ပွဲတွင် နှစ်သိမ့်ဆု ရရှိသည့် ဝန်ထမ်း၂ဦးအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆုများချီးမြှင့်ပြီး အခမ်းအနားသို့တက်ရောက်လာသော ဧည့်သည်တော်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ဆောင်ရွက်သည့် ငှက်ပျောလျှော်၊ ငှက်ပျောချည်ဖြင့်ရက်လုပ်သည့် လူသုံးကုန်ပစ္စည်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်သည့် ချည်သားဖြင့်ရက်လုပ်သည့် လူသုံးကုန်ပစ္စည်းများနှင့် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ဆောင်ရွက်သည့်စားသောက်ကုန်ပစ္စည်းများ၊ ဗေဒါဖြင့်ရက်လုပ်သည့် လူသုံးကုန်ပစ္စည်းများခင်းကျင်းပြသထားမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ဒေသထွက်ကုန်ကြမ်းများကိုအသုံးပြုပြီးအရည်အသွေးကောင်းမွန်သည့်ကုန်ထုတ်ပစ္စည်းများပိုမိုထုတ်လုပ်နိုင်ရေးနှင့် စျေးကွက်ပိုမိုရရှိစေရေးဆောင်ရွက်ရန်မှာကြားခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ကမ်းနားလမ်း၊ ပုသိမ်-ငပုတောကားလမ်း၊မြို့ပတ်လမ်းနှင့်တောင်ပေါ်လမ်းများတစ် လျှောက်သို့ သွားရောက်၍ ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော် ပုသိမ်မြို့အား “CLEAN CITY” ဖြစ်စေရေးအတွက် စည်ပင်သာရေးအဖွဲ့နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပြည်သူများစုပေါင်း၍ အပတ်စဉ် စနေ့နေ့တိုင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး သန့်ရှင်းရေးဆောင်ရွက်မှုအား အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ရေး ပလတ်စတစ် ကင်းစင်ရေးအတွက် ပလတ်စတစ်ကမ်ပိန်းများ ပြုလုပ်၍ ပြည်သူများ ပိုမိုပူးပေါင်းဆောင်ရွက်လာစေရေးတို့အား လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
Read More...
02-Jul-2022