သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် န်ကုန်မြို့မှ ငွေဆောင်လူရည်ချွန်အပမ်းဖြေစခန်းသို့ သွားရောက်ကြမည့် လူရည်ချွန်ကျောင်းသား (၈၈)ဦးအား ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်တွင် ကြိုဆိုပွဲ အခမ်းအနားဖြင့် ကြိုဆို
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၉.၄.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ရန်ကုန်မြို့မှ ငွေဆောင်လူရည်ချွန်အပမ်းဖြေစခန်းသို့ သွားရောက်ကြမည့် လူရည်ချွန်ကျောင်းသား (၈၈)ဦးအား ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်တွင် ကြိုဆိုပွဲ အခမ်းအနားဖြင့် ကြိုဆိုခဲ့ကြပြီး နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။ အဆိုပါ လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများနှင့် ကြီးကြပ်သူ ဆရာ၊ ဆရာမများသည် နေ့လည် (၁)နာရီအချိန်တွင် ပုသိမ်မြို့မှ ငွေဆောင်လူရည်ချွန်အပမ်းဖြေစခန်းသို့ ထွက်ခွာကြမည်ဖြစ်ပါသည်။


Read More...
10-May-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ကက်သလစ်လူငယ်များနှင့် ပုသိမ်မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းပြုလုပ်သော စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေသည့် နေရာများသို့ လိုက်လံကြည့်ရှု
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၉.၄.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်လူငယ်များနှင့် ပုသိမ်မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းပြုလုပ်သော စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေသည့် နေရာများသို့ လိုက်လံကြည့်ရှုခဲ့ပါသည်။ အဆိုပါ ပုသိမ်မြို့၊ ကက်သလစ်လူငယ်များသည် လူငယ်အင်အား (၂၀၉၈)ဦးဖြင့် ပုသိမ်မြို့တွင်း နေရာ (၁၄)နေရာခွဲ၍ အမှိုက်များ သန့်ရှင်းရေး စုပေါင်းဆောင်ရွက်ခဲ့ကြပါသည်။


Read More...
10-May-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဓနုဖြူမြို့နယ်၊ ရေတွင်းကုန်းကျေးရွာရှိ ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီးအား ဖူးမြှော်ကြည်ညို
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၈.၄.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဓနုဖြူမြို့နယ်၊ အမှတ် (၁)ရပ်ကွက်နှင့် အမှတ် (၁၅)ရပ်ကွက်ကြားရှိ ဓနုဖြူခံတပ်မြို့ရိုးအား ကြည့်ရှုခဲ့ပြီးနောက် ဓနုဖြူမြို့နယ်၊ ရေတွင်းကုန်းကျေးရွာရှိ ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီးအား ဝင်ရောက်ဖူးမြှော်ကြည်ညို၍ အလှူငွေများ ပေးအပ်ခဲ့ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စေတီတော်ကြီးဝန်းအတွင်း၌ တည်ရှိသော ပိဋိကတ်သုံးပုံကျောက်စာတိုက်ကြီးရှိ ရှေးဟောင်းသမိုင်းဝင်ကျောက်စာချပ်များအား ကြည့်ရှုခဲ့ပါသည်။


Read More...
10-May-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပန်းလှိုင်ရေတံခါး ဝင်/ထွက်မြောင်း သဲနုံးတူးဖော်ခြင်းလုပ်န်း ဆောင်ရွက်နေမှုအား ကြည့်ရှု
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၈.၄.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာရှိ ပန်းလှိုင်ရေထိန်းတံခါးဧည့်ရိပ်သာ၌ တာဝန်ရှိသူများမှ မအူပင်ခရိုင်အတွင်းရှိ တာတမံများ၊ ရေထိန်းတံခါးများ၊ ရေနှုတ်မြောင်းများ ပြုပြင်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ထားမှု အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ဆွေးနွေးမှာကြား၍ ပန်းလှိုင်ရေတံခါး ဝင်/ထွက်မြောင်း သဲနုံးတူးဖော်ခြင်းလုပ်န်း ဆောင်ရွက်နေမှုအား ကြည့်ရှုခဲ့ပါသည်။


Read More...
03-May-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ညောင်တုန်းမြို့နယ်၊ တူးချောင်းကျေးရွာ၊ Shwedon AYA စက်မှုဇုန်စီမံကိန်း လျာထားမြေနေရာ၌ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ကြည့်ရှု
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၈.၄.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ညောင်တုန်းမြို့နယ်၊ တူးချောင်းကျေးရွာ၊ Shwedon AYA စက်မှုဇုန်စီမံကိန်း လျာထားမြေနေရာရှိ ရှင်းလင်းဆောင်၌ အောင်ရွှေသီးကုမ္ပဏီလီမိတက်မှ Shwedon AYA EPZ Industrial Park လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ဆွေးနွေးခဲ့ပါသည်။


Read More...
03-May-2018