သတင်းများ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အင်္ဂပူမြို့နယ်အတွင်းရှိ ကျောင်းဆောင်သစ်များအား တက်ရောက်ဖွင့်လှစ်ပေး
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယနေ့ ဇွန်လ ၆ ရက်နေ့တွင် ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ခြောက်ရွာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (၁၂၀×၃၀) RC (၂) ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲတက်ရာက်၍ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့အတူ ကျားသေကျေးရွာ အခြေခံပညာမူလတန်းကျောင်း (၁၂၀ပေ×၃၀ပေ × PL ၆ပေ) RC (၁) ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲတက်ရာက်၍ အခမ်းအနားအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းဆောင်သစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းသားကျောင်းသူများအေးချမ်းပျော်ရွှင်စွာပညာသင်ကြားနိုင်စေရေး၊ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာစေရေးနှင့် ကိုဗစ်၁၉ရောဂါကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များအားစနစ်တကျလိုက်နာဆောင်ရွက်စေရေးမှာကြားခဲ့သည်။
Read More...
06-Jun-2022

ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်း (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကျင်းပ
Read More...
ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်း (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့ ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်သင်တန်းကျောင်းတွင်ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်များနှင့် သင်တန်းသူသင်တန်းသားများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အမှာစကားပြောကြားရာတွင် ကိုဗစ်၁၉ ရောဂါတွေ့ရှိမှုများ လျော့နည်းလာပြီဖြစ်၍ ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်း(၁/၂၀၂၂)ကို ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း မိုးရာသီကာလများတွင် မုန်တိုင်းဘေး၊ ရေဘေး၊ လေဘေးစသည့်ဘေးအန္တရာယ်များ ကြုံတွေ့ရလေ့ရှိသဖြင့် ကြိုတင်ကာ ကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုပါကြောင်း၊ မတ်လအတွင်းဝင်ရောက်ခဲ့သည့် မုန်တိုင်းဒဏ်ခံရမှုနှင့်ပတ်သက်၍ မုန်တိုင်းမကျရောက်မီကြိုတင်ပြင်ဆင်ခြင်းအနေဖြင့် ကော်မတီများဖွဲ့စည်း၍ သက်ဆိုင်ရာဝန်ကြီးများအား တာဝန်များခွဲဝေသတ်မှတ်ပေးခဲ့ပါကြောင်း၊ ရပ်ကွက်၊ ကျေးရွာများအထိ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များနှင့် မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးသတိပေးနှိုးဆော်ခြင်းများအား အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ခဲ့ပါကြောင်း၊ မုန်တိုင်းကျရောက်စဉ်နှင့် ကျရောက်ပြီးချိန်များတွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးလုပ်ငန်းများကိုလည်း နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည် အဓိကကျပြီး အားလုံးပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘေးအန္တရာယ်များကို အောင်မြင်စွာကျော်ဖြတ်နိုင်မှာဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်ဖြစ်စဉ်များနှင့်ပတ်သက်၍ အားနည်းချက်၊ အားသာချက်များကို သုံးသပ်လေ့လာဖော်ထုတ်၍ ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရေး စီမံချက်များရေးဆွဲပြီး နောက်ဆုံးအခြေအနေနှင့် ကိုက်ညီသည့်စီမံချက်များဖြစ်စေရေး လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးဝိုင်းဝန်းဆွေးနွေးဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီးပြည်နယ်အသီးသီးမှ လာရောက်ကြသည့်သင်တန်းသူသင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချမှုများအား စနစ်တကျလေ့လာမှတ်သားကြပြီး မိမိတို့ဒေသ၊ဌာနဆိုင်ရာများတွင် အကျိုးရှိစွာ ပြန်လည်မျှဝေဆောင်ရွက်ပေးကြကာ သဘာဝဘေး အန္တရာယ်များအား ကူညီကာကွယ်ဆောင်ရွက်နိုင်ပါစေကြောင်းပြောကြားခဲ့ပါတယ်။
ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ သင်တန်းဖွင့်လှစ်မှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများ၊ သင်တန်းသူသင်တန်းသားများနှင့် မှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။ ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်း(၁/၂၀၂၂)ကို ဇွန်လ ၆ ရက်နေ့မှ၁၇ ရက်နေ့အထိ ၁၂ ရက်ကြာဖွင့်လှစ်သင်ကြားသွား မှာဖြစ်ပြီး သင်တန်းသားသင်တန်းသူ (၅၇)ဦးတက်ရောက်လျက်ရှိဝည်။
Read More...
06-Jun-2022

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ၂၀၂၂ခုနှစ် စိုက်ပျိုးရေးဒီပလိုမာ (ပထမနှစ်) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယနေ့ ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်းတွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးသိပ္ပံ (မြောင်းမြ) မြကျွန်းရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၂ခုနှစ် စိုက်ပျိုးရေးဒီပလိုမာ (ပထမနှစ်) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတက်ရောက်ခဲ့သည်။
ရှေးဦးစွာ သင်တန်းသားသင်တန်းသူများမှ "အလှပန်းအစဉ်ဖြာဝေ" ကျောင်းသီချင်းဖြင့် စတင်သီဆိုဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် မောင်မယ်သစ်လွင် ယများအနေဖြင့် (၃)နှစ်တာ ပညာဆည်းပူးလေ့လာပြီးပါက စိုက်ပျိုးရေးဒီပလိုမာရရှိကြမည်ဖြစ်ပြီး အလယ်အလတ်အဆင့် စိုက်ပျိုးရေးပညာရှင်များဖြစ်လာကြမှာဖြစ်ကြောင်း၊ မောင်မယ်တို့တွေဟာ ခေတ်မီတဲ့ စိုက်ပျိုးရေးနည်းပညာများကို တောင်သူများဆီ အရောက်ဖြန့်ဝေပေးကြရမှာဖြစ်ပြီး တောင်သူများ၏လူမှုစီးပွားဘဝ မြင့်မားလာစေရေး မြှင့်တင်ဆောင်ရွက်ပေးကြရမှာဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်သည့်အတွက် မောင်မယ်တို့အနေဖြင့် စိုက်ပျိုးရေးနှင့်ပတ်သက်၍ အလွယ်တကူလက်တွေ့ကွင်းဆင်းဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ ပညာသင်စဉ်ကာလတစ်လျှောက် ကျောင်းတော်ကြီးမှ ချမှတ်ထားသော စည်းကမ်းများကို တိကျစွာလေးစားလိုက်နာကြပြီး ပညာထူးချွန်၍ နိုင်ငံတော်အတွက် အားထားရသော စိုက်ပျိုးရေးပညာရှင်များဖြစ်လာစေရေး ကြိုးစားကြရန်မှာကြားခဲ့သည်။
ထို့နောက် စိုက်ပျိုးရေးသိပ္ပံကျောင်းအုပ်ဆရာမကြီးမှ နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စိုက်ပျိုးရေးသိပ္ပံ မြောင်းမြနှင့် ၂၀၁၉-၂၀၂၂ ပညာသင်နှစ်၊ ၂၀၂၂ ခုနှစ် ဒုတိယနှစ်သင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုငွေများ ချီးမြှင့်ခဲ့သည်။ ထို့နောက် ကျောင်းသားကျောင်းသူများမှ ဖျော်ဖြေတင်ဆက်မှုများကိုကြည့်ရှုအားပေးခဲ့ပါသည်။ ၂၀၂၂ခုနှစ် စိုက်ပျိုးရေးဒီပလိုမာ (ပထမနှစ်)တွင် ကျောင်းသားကျောင်းသူ ၁၁၄ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိပါတယ်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ တောင်ဒီးကျေးရွာအုပ်စု၊ ဇလပ်ကွင်းကျေးရွာ ဦးခင်မောင်ဝင်း၏ အသားတိုး ကြက်မွေးမြူရေးခြံသို့ သွားရောက်ခဲ့ပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့် တိုင်းဒေသကြီး ဦးစီးမှူးတို့မှ အသားတိုးကြက်မွေးမြူမှုအခြေအနေများ၊ သဘာဝကြက်ချေးနှင့် သစ်ဆွေးမြေသြဇာထုတ်လုပ်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စာရင်းဇယားအချက်အလက်များမှန်ကန်မှုရှိစေရေး၊ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးနှင့်စနစ်တကျမွေးမြူဆောင်ရွက်စေရေး မှာကြားခဲ့ပြီး ကြက်ခြံများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
Read More...
05-Jun-2022

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတက်ရောက်
Read More...
၂၀၂၂ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များတတ်ရောက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အမှာစကားပြောကြားရာတွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကို နှစ်စဉ် ဇွန်လ(၅)ရက်နေ့မှာကျင်းပခဲ့ပြီး ကမ္ဘာနှင့်အဝှမ်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလှုပ်ရှားမှုများကို စတင်မွေးဖွားပေးခဲ့သည့် နှစ်(၅၀)ပြည့်လည်းဖြစ်ပါကြောင်း၊ ယခုနှစ်ရဲ့ဆောင်ပုဒ်ဖြစ်တဲ့ တစ်ခုတည်းသောကမ္ဘာမြေရဲ့အဓိပ္ပာယ်ကတော့ ကမ္ဘာဂြိုဟ်သည် ကျွန်ုပ်တို့အားလုံး၏ တစ်ခုတည်းသောနေထိုင်ရာအိမ်ဖြစ်ပြီး လူသားမျိုးနွယ်တို့သည် ကမ္ဘာမြေကြီးပေါ်မှအကန့်အသတ်ဖြင့်သာရရှိနိုင်သောအရင်းအမြစ်များကို ထိန်းသိမ်းကာကွယ်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့စီမံကိန်းလုပ်ငန်းများအနေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများအပေါ် ပိုမိုအလေးနက်ထားလိုက်နာဆောင်ရွက်လာစေရန်နဲ့ တိုင်းဒေသကြီးအတွင်းရှိကျေးရွာများအနေနဲ့လည်း မိမိတို့ရဲ့ကျေးရွာသန့်ရှင်းမှုနဲ့ စိမ်းလန်းစိုပြေစေရေးလုပ်ငန်းများအပေါ် အလေးထားတိုးမြှင့်ဆောင်ရွက်လာနိုင်ခြင်းဖြင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျေးရွာမှသည် သန့်ရှင်း၍စိမ်းလန်းစိုပြည်သော မြို့နှင့် နိုင်ငံအဆင့်အထိ ဖော်ဆောင်သွားနိုင်ရန် ရည်ရွယ်လုပ်ဆောင်သွားရန် တိုက်တွန်းပြောကြားခဲ့ပြီး ၂၀၂၂ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးဗီဒီယို ပြသမှုအားကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောလုပ်ငန်းဆု (Good Environmental Management Award) ရရှိသည့်လုပ်ငန်းများမှ တာဝန်ရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့မှလည်းကောင်း၊ သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျေးရွာဆု( Clean&Green Village Award) ရရှိသောကျေးရွာများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီးမှလည်းကောင်း ဂုဏ်ပြုလက်မှတ်များ အသီးသီးချီးမြှင့်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ်ပြသထားရှိမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
Read More...
05-Jun-2022

မြို့သန့်ရှင်းသာယာလှပရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် မြို့၊ရပ်ကွက်၊ ကျေးရွာများသန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ သွေးလွန်တုပ်ကွေးရောဂါစသည့် ကူးစက်ရောဂါများ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများကပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများနှင့်အတူ ပုသိမ်မြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများ ၊ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်များသို့ သွားရောက်လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း နှင့်အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ နယ်မြေခံတပ်ရင်း ၊ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ခြုံနွယ်များရှင်းလင်းနေမှုများ ၊ ရေစီးရေလာကောင်းမွန်ရေး အတွက်ရေမြောင်းတူးဖော်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ဆရာ၊ဆရာမများနှင့်တွေ့ဆုံ၍ ကျောင်းသား ၊ ကျောင်းသူများတက်ရောက် ပညာသင်ကြားနေမှုအားမေးမြန်းခဲ့ပြီး ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာပညာသင်ကြားနိုင်ရေး၊ သွေးလွန်တုပ်ကွေးရောဂါစသည့်ကူးစက်ရောဂါများဖြစ်ပွားမှုမရှိစေရေးနှင့် ကိုဗစ်၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များအစနစ်တကျလိုက်နာဆောင်ရွက်စေရေးမှာကြားခဲ့သည်။
ထို့နောက် ပုသိမ်မြို့၊ အမှတ်(၁၄) ဥမ္မာဒန္တီရပ်ကွက်နှင့် အမှတ်(၃)၊ စကားဝါရပ်ကွက်များသို့သွားရောက်၍ ကျန်းမာရေးဌာနမှ နေအိမ်များတွင်ခြင်ဆေးမှုတ်ခြင်း ၊ အဘိတ်ဆေးခပ်ခြင်းနှင့် ဖုံး၊ သွန် ၊ လဲ ၊ စစ် လုပ်ငန်းများဆောင်ရွက် နေမှုများ၊ ပြည်သူများမှရပ်ကွက်သန့်ရှင်းသာယာရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ယိုးဒယားကုန်းရပ်ကွက်ရှိ ကိုသာဖြူဘုရားကျောင်းဝန်း၌ အဆောင်နေ ကျောင်းသား ၊ ကျောင်းသူများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး အမှတ်(၉)အခြေခံပညာမူလတန်းကျောင်းသို့ ဆက်လက်သွားရောက်ကာစာသင်ဆောင်၊စာသင်ခန်းများပြင်ဆင်ထားရှိမှုအားကြည့်ရှုစစ်ဆေးခဲ့ပြီး ဆရာ၊ဆရာမများနှင့်တွေ့ဆုံ၍ ကျောင်းအတွင်း၌ ခြင်များမခိုအောင်းစေရန်အတွက် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုအခြေအနေများ ၊ကျောင်းသား၊ကျောင်းသူများ တက်ရောက်ပညာသင်ကြားမှု အခြေအနေများအား မေးမြန်းပြီး ကျောင်းသုံးပစ္စည်းများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ နှင့်ထောက်ပံ့ ငွေများပေးအပ်ခဲ့ပြီး ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာပညာသင်ကြားနိုင်ရေး၊ သွေးလွန်တုပ်ကွေးရောဂါစသည့်ကူးစက်ရောဂါများဖြစ်ပွားမှုမရှိစေရေးနှင့် ကိုဗစ်၁၉ရောဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များအစနစ်တကျလိုက်နာဆောင်ရွက်စေရေးမှာကြားခဲ့သည်။
ဆက်လက်၍ ပုသိမ်မြို့၊ ကမ်းနားလမ်း၊ ရွှေဝါထွန်းလမ်း၊ မဥ္ဇူလမ်း၊ မြတ်တိုလမ်း တစ်လျှောက်သန့် ရှင်းသာယာစေရေးဆောင်ရွက်ထားရှိမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများသို့ ဆက်လက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ခရိုင်၊မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ မြို့သန့်ရှင်းသာယာရေး၊ စိမ်းလန်းစိုပြေစေရေး၊ မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိစေရေးနှင့် ပြည်သူများပူးပေါင်းပါဝင်လာစေရေး အုပ်ချုပ်ရေးအဖွဲ့များက စည်းရုံးဆောက်ရွက်ကြရန် မှာကြားခဲ့သည်။
Read More...
04-Jun-2022