သတင်းများ
တိုင်းဒေသကြီးဝန်ကြီးချုပ် အင်္ဂပူမြို့၌ပြုလုပ်သည့် အရှိုချင်းရိုးရာကောက်သစ်စားပွဲတော်နှင့် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲအခမ်းအနားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ကြီးမှူးကျင်းပသော အရှိုချင်းရိုးရာကောက်သစ်စားပွဲတော်နှင့် သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အင်္ဂပူမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားခန်းမ၌ ပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ချင်းတိုင်းရင်းသား၊ တိုင်းရင်းသူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ သဘာပတိက မင်္ဂလာမောင်းသုံးချက်တီး၍ အခမ်းအနားကိုဖွင့်လှစ်ပေးပြီးနောက် ချင်းရိုးရာပဆန်းဆရာက ရိုးရာမပျက် ပဆန်းဖွယ်ခြင်းကို ဆောင်ရွက်ခဲ့ပြီးနောက် သဘာပတိက မိန့်ခွန်းပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ချင်းတိုင်းရင်းသားများ အများစုမှီတင်းနေထိုင်ကြသည့် ကြံခင်း၊ မြန်အောင်၊ အင်္ဂပူမြို့နယ်များကိုအခြေခံပြီး အရှိုချင်းရိုးရာကောက်သစ်စားပွဲတော်နှင့် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲကို အင်္ဂပူမြို့၌ ရိုးရာအစဉ်လာမပျက် ကျင်းပခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ကျင်းပဆောင်ရွက်နိုင်ခြင်းသည် တိုင်းဒေသကြီး၏ တည်ငြိမ်အေးချမ်းမှုရှိခြင်းနှင့် နယ်မြေဒေသ၏ စိုက်ပျိုးရေးဖြစ်ထွန်း အောင်မြင်မှုများကြောင့်လည်း ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ဒေသအသီးသီးသို့ သွားရောက်တာဝန်ထမ်းဆောင်ခဲ့သည့် အခါတွင်လည်း ဒေသခံတိုင်းရင်းသားတို့၏ ကောင်းမွန်သည့်ယဉ်ကျေးမှုအစဉ်အလာ၊ ဓလေ့စရိုက်များကိုလည်း များစွာလေ့လာသိရရှိခဲ့ရပါကြောင်း၊ မိမိတို့ဧရာဝတီတိုင်းဒေသကြီးသည် တိုင်းရင်းသား လူမျိုးပေါင်းစုံမှီတင်းနေထိုင်သည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းမှီတင်နေထိုင်ကြသည့် တိုင်းရင်းသားများ၏ တိုင်းရင်းသားစာပေသင်ကြားရေး၊ တိုင်းရင်းသားရိုးရာဓလေ့ပွဲတော်များ၊ နေ့ထူးနေ့မြတ်များနှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များအား အစဥ်အလာမပြတ် ကျင်းပနိုင်စေရေး ဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ မြန်အောင်ခရိုင်သည် စိုက်ပျိုးရေးဖြစ်ထွန်းအောင်မြင်သကဲ့သို့ ဆီထွက်သီးနှံစိုက်ပျိုးမှုသည်လည်း စံထားရသည့်ခရိုင်တစ်ခုဖြစ်ပါကြောင်းနှင့် ယခုကဲ့သို့ဖြစ်ထွန်းအောင်မြင်မှုများသည် ဒေသခံတိုင်းရင်းသားများအားလုံးက တက်ညီလက်ညီ ပူးပေါင်းပါဝင်စိုက်ပျိုးခြင်းကြောင့်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားပြည်သူများကလည်း တက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း” နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။
ဆက်လက်၍ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက နှုတ်ခွန်းဆက်စကားပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌက အရှိုချင်းရိုးရာကောက်သစ်စားပွဲတော် ကျင်းပရသည့်ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် သက်ကြီးဘိုးဘွားများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ တိုင်းရင်းသားရေးရာဝန်ကြီးတို့က ကန်တော့ငွေများပေးအပ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်း အတွင်းရေးမှူးက ကျေးဇူးတင်စကားများပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်းက ချင်းရိုးရာဝါးညှပ်အက၊ ယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ တိုင်းရင်းသားရေးရာဝန်ကြီးတို့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် အရှိုချင်းရိုးရာကောက်သစ်စားပွဲတော် မိတ်ဆုံစားပွဲကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီးနှင့် တာဝန်ရှိသူများက ဒေသခံချင်းတိုင်းရင်းသားများနှင့် ချစ်ကြည်ရင်းနှီးစွာ နေ့လယ်စာ အတူတကွသုံးဆောင်ခဲ့ကြပါသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ အောက်ရွာကြီးကျေးရွာအုပ်စုရှိ တောင်သူဦးရာဇာအောင်၏ လယ်မြေ၌ပြုလုပ်သည့် နေကြာမျိုးစေ့ထုတ်စိုက်ခင်းအား ဆင်းရွှေကြာ(၂)နေကြာမျိုးစေ့ချ စိုက်ပျိုးနေမှုအားကြည့်ရှုအားပေးပြီး ဖြစ်ထွန်းအောင်မြင်အောင်စိုက်ပျိုးရန်နှင့် နေကြာမျိုးစေ့ ရွေးထုတ်မှုများကို မှတ်တမ်းထားရှိရန် လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် အင်္ဂပူမြို့နယ်၊ ရွှေညောင်ပင်ကျေးရွာသို့ သွားရောက်၍ တောင်သူဦးတက်တိုး၏ ပန်းဂေါ်ဖီ၊ ငရုတ်၊ ခရမ်း၊ ပြောင်း၊ သခွား၊ ကွမ်း၊ ဂန္ဓမာ၊ နှင်းပန်း စိုက်ခင်းများ ဖြစ်ထွန်းနေမှုကို ကြည့်ရှအားပေးခဲ့ပြီး စျေးသို့တင်ပို့ရောင်းချရမှု၊ ဝင်ငွေရရှိမှုများအား မေးမြန်းခဲ့ပါသည်။
ဆက်လက်၍ အင်္ဂပူမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပဆင-ရွှေတောင်စု-ကညင်ဆိပ်လမ်း (၀မိုင် ၇. ၃၁၈ဖာလုံ) ကျောက်ချောခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်စုကျေးရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ကွန်ကရစ် ဘီးလမ်းခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကွန်ကရစ်လမ်းအား မော်တော်ယာဥ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာရှိ တောင်သူ ဦးရွှေဝင်းမောင်၏ လယ်မြေ(၂)ဧက၌ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ခုနှစ်၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ထုတ်အတွက် မျိုးစေ့ပေးအပ်ပွဲနှင့် ထွန်ယက်စိုက်ပျိုးပွဲသို့ တက်ရောက်၍ တောင်သူများထံသို့ မျိုးစေ့များပေးအပ်ခဲ့ပြီး ပိုက်ဆံလျှော်စုပေါင်းထွန်ယက်စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
Read More...
28-Nov-2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ကြီးအား ဆီမီးမျှောပူဇော်ပွဲကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ကြီးအား ဆီမီးမျှောပူဇော်ပွဲအား ယနေ့ညနေပိုင်းက ပုသိမ်မြို့၊ ကမ်းနားလမ်းရှိ ရေဆင်းတန်ဆောင်း၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ပုသိမ်မြို့ပေါ်ရှိပြည်သူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားအား "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံ ညောင်ပင်သာပရိယတ္တိစာသင်တိုက်၏ ပဓာနနာယဆရာတော် ဘဒ္ဒန္တဝိဿုတ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူအပ်သော ပရိတ်တရားတော်များကို နာယူကြည်ညိုပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများက ဆရာတော်သံဃာတော် အရှင်သူမြတ်မျာအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တသောဘိတ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) မဟာထေရ်မြတ်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ကြီးအား ပင့်ဆောင်ခြင်းနှင့် နဂါးစာကျွေးခြင်းများကို ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော တန်ဆောင်တိုင်ဆီမီးမျှောပူဇော်ပွဲနှင့် နိဗ္ဗာန်စျေးပွဲတော် ဖွင့်ပွဲအခမ်းအနားအား ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်နေပြည်သူများ၏ နိဗ္ဗာန်ဈေးဖွင့်လှစ်၍ စတုဒီသာကျွေးမွေးနေမှုများအားလည်းကောင်း၊ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ကြီးအား ဆီမီး(၁၀၀၀၀)ဖြင့် ငဝန်မြစ်အတွင်းဆီမီးမျှောပူဇော်ခြင်းတို့အားလည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ငဝန်မြစ်အတွင်း ဆီမီးမျှောပူဇော်ခဲ့ကြပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့ ကမ်းနားလမ်းတစ်လျှောက်တွင် ပြည်သူများပျော်ရွှင်စွာ လာရောက်လည်ပတ်နေမှုများနှင့် ကမ်းနားလမ်း ရှုခင်းအလှများအား ရေယာဥ်ဖြင့် လှည့်လည်ကြည့်ရှုခဲ့ပါသည်။ တန်ဆောင်မုန်းလပြည့်နေ့ညတွင် ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်များမှပြည်သူများစုပေါင်း၍ နိဗ္ဗာန်စျေး စတုဒီသာမဏ္ဍပ်(၈၀)ဖြင့် စားသောက်ဖွယ်ရာများ ကျွေးမွေးလှူဒါန်းခဲ့ကြပြီး လာရောက်လည်ပတ်သည့်ပြည်သူများ အေးချမ်းပျော်ရွှင်စွာ စိတ်အပန်းဖြေနိုင်ရန်အတွက် စတိတ်ရှိုးတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ ဆင်အက၊ မြန်မာ့ရိုးရာအိုးစည်အက၊ ရှမ်းရိုးရာအိုးစည်အကများဖြင့်ဖျော်ဖြေခြင်း၊ မီးပုံးများအား ဌာနဆိုင်ရာများနှင့်ပြည်သူများအတူတကွစုပေါင်း၍ပျော်ရွှင်စွာလွှတ်တင်ခြင်း၊ မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းများကို စည်ကားသိုက်မြိုက်ပျော်ရွှင်စွာ ဆောင်ရွက်ခဲ့ကြပါသည်။
Read More...
27-Nov-2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ (၃၆)ကြိမ်မြောက် မသိုးသင်္ကန်းရက်ခတ်ယှဉ်ပြိုင်ပွဲအား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်၊ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၌ (၃၆)ကြိမ်မြောက် မသိုးသင်္ကန်းကပ်လှူပွဲတော် ရေစက်ချမင်္ဂလာအခမ်းအနားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ (၃၆)ကြိမ်မြောက် မသိုးသင်္ကန်းရက်ခတ် ယှဉ်ပြိုင်ပွဲအခမ်းအနားအား နိုဝင်ဘာ ၂၆ ရက်နေ့ ညနေပိုင်းက ပုသိမ်မြို၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ရင်ပြင်တော်ပေါ်၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး နှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် မသိုးသင်္ကန်း ရက်ခတ်ယှဉ်ပြိုင်မည့် ရက်ကန်းပညာရှင် ပြိုင်ပွဲဝင်များတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ ဦးမောင်ကြီးတန်ဆောင်းတွင် ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ပူဇော်ကာ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးအား ဖူးမျှော်ကြည်ညို၍ မသိုးသင်္ကန်းယှဉ်ပြိုင်ရက်ခတ်မည့် ယာယီမဏ္ဍပ်သို့ ရောက်ရှိပြီးနောက် ရွှေမုဋ္ဌောမဟာစေတီတော် မြတ်ကြီး၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ အလှည့်ကျသဘာပတိက မသိုးသင်္ကန်းဆိုင်ရာများနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ယှဉ်ပြိုင်ရက်ခတ်ကြမည့် ရက်ကန်းပညာရှင်များက သတ်မှတ်စင်တော်များ၌နေရာယူကြကာ မသိုးသင်္ကန်းရက်ကန်းပြိုင်ပွဲအမှတ်ပေးစည်းမျဉ်းများအား ဒိုင်အဖွဲ့ဝင်တစ်ဦးက ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မင်္ဂလာအချိန်တွင် မင်္ဂလာအောင်မောင်း တီး၍ ပြိုင်ပွဲကိုဖွင့်လှစ်ပေးသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိများက မသိုးသင်္ကန်းယှဉ်ပြိုင် ရက်ခတ်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့ပါသည်။ ထို့နောက် ယက်ကန်းပြိုင်ပွဲတွင် ဆုချီးမြှင့်နိုင်ရေးအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဒိုင်အဖွဲ့များမှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ (၃၆)ကြိမ်မြောက် မသိုးသင်္ကန်းရက်ခတ်ယှဉ်ပြိုင်ပွဲတွင် ရက်ကန်းစင်တော်(၉)စင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဘုရားဖူးလာရောက်ကြသူများ မသိုးသင်္ကန်းယှဥ်ပြိုင်ရက်ခတ်မှုများအား လာရောက်ကြည့်ရှုလေ့လာသူများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။
နိုဝင်ဘာလ ၂၇ရက်နေ့ နံနက်ပိုင်းတွင် ပုသိမ်မြို့၏ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၌ (၃၆)ကြိမ်မြောက် မသိုးသင်္ကန်းကပ်လှူပွဲ ရေစက်ချမင်္ဂလာအခမ်းအနားကို စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ဦးမောင်ကြီးတန်ဆောင်း၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဆောင်၍ တာဝန်ရှိသူများက အေးငြိမ်းချမ်းသာဗုဒ္ဓရုပ်ပွားတော်မြတ်အား မသိုးသင်္ကန်းတော်ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ဆရာတော်ကြီးများအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် ရေစက်ချမင်္ဂလာအခမ်းအနား ဆက်လက်ကျင်းပရာ ဆရာတော်ကြီးများဦးဆောင်ပြီး ဧည့်ပရိတ်သတ်များက နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက နိုင်ငံတော်ဩဝါဒါ စရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံ ညောင်ပင်သာပရိယတ္တိ စာသင်တိုက်၏ ပဓာနနာယဆရာတော် ဘဒ္ဒန္တဝိဿုတ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) မဟာထေရ်မြတ်ထံမှ နဝင်္ဂသီလခံယူဆောက်တည်ကြပြီးနောက် ဆရာတော်ကြီးများထံမှ ပရိတ်တရားတော်များ ဆက်လက်နာယူကြည်ညိုကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများက လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တသောဘိတ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
ဆက်လက်၍ (၃၆)ကြိမ်မြောက်၊ မသိုးသင်္ကန်းရက်ခတ်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသည့် ရက်ကန်းစင်တော်များကို အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီးကလည်းကောင်း၊ တတိယဆုရရှိသော ခတ္တာရက်ကန်းစင်တော်နှင့် ဒုတိယဆုရရှိသည့်ကံ့ကော်ရက်ကန်းစင်တော်အား တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ ပထမဆုရရှိသည့် ဇီဇဝါရက်ကန်းစင်တော်အား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ (၃၆)ကြိမ်မြောက် မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲတွင် မသိုးသင်္န်းများကို ညတွင်းချင်း အပြီးရက်ခတ်ကာ အာရုံမတက်မီ ကပ်လှူပူဇော်ခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
27-Nov-2023
ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားပွဲတော် အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသသကြီး အခြေခံပညာကျောင်းသားအားကစားပွဲတော် အမျိုးသား/ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း၌ ပြုလုပ်ခဲ့ရာ ဆုချီးမြှင့်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်း၌ ပြုလုပ်သည့် အမျိုးသမီးဘောလုံးပွဲ ဗိုလ်လုပွဲအဖြစ် ခရိုင်အုပ်စု(၁)နှင့် ခရိုင်အုပ်စု(၄)တို့၏ ယှဉ်ပြိုင်ကစားနေမှုများကိုလည်းကောင်း၊ ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း၌ ပြုလုပ်သည့် အမျိုးသားဘောလုံးပွဲ ဗိုလ်လုပွဲအဖြစ် ခရိုင်အုပ်စု(၁)နှင့် ခရိုင်အုပ်စု(၃)တို့၏ ယှဉ်ပြိုင်ကစားနေမှုအားလည်းကောင်း ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါပွဲဗိုလ်လုပွဲများမှ အမျိုးသမီးဘောလုံးပွဲတွင် ခရိုင်အုပ်စု(၁)က ခရိုင်အုပ်စု(၄)အား လေးဂိုး- ဂိုးမရှိဖြင့်လည်းကောင်း၊ အမျိုးသားဘောလုံးပွဲတွင် ခရိုင်အုပ်စု(၁)က ခရိုင်အုပ်စု(၃)အား သုံးဂိုး- ဂိုးမရှိဖြင့်လည်းကောင်းအသီးသီးအနိုင်ရရှိခဲ့သည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြုလုပ်ရာ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ခရိုင်အုပ်စု(၄)အား တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များကို အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ ဇနီးကလည်းကောင်း၊ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ခရိုင်အုပ်စု(၃)အား တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များကို အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးလည်းကောင်း၊ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ခရိုင်အုပ်စု(၁)အား တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုလက်မှတ်များနှင့် ဆုဖလားကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ခရိုင်အုပ်စု(၁)အား တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုလက်မှတ်များနှင့် ဆုဖလားကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း အသီးသီးဆုများချီးမြှင့်ခဲ့ကြပြီး ဆုရရှိသည့်အသင်းများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသသကြီး အခြေခံပညာကျောင်းသားအားကစားပွဲတော်အတွက် ထောက်ပံ့ငွေများကိုပေးအပ်ရာ တိုင်းဒေသကြီးပညာရေးမှူးနှင့် အားကစားပွဲတော်ကျင်းပရေး အဖွဲ့ခေါင်းဆောင်တို့ကလက်ခံရယူခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဆုရရှိသည့်အသင်းများမှ အားကစားသမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ် အခြေခံပညာကျောင်းသားအားကစားပွဲတော် တွင်လည်း တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်ကာ ဆုများရရှိအောင်ကြိုးစားကြရန်နှင့် စခန်းသွင်းလေ့ကျင့်ရာတွင်လည်း နည်းပြများ၏ သင်ကြားပြသမှုများကို ကြိုးစားလိုက်နာ လေ့ကျင့်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
Read More...
26-Nov-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများဟောပြောပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်
Read More...
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာသိကောင်းစရာများ ဟောပြောပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပုသိမ်တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ(ဌာနမှူး)များ၊အခြေခံပညာအထက်တန်း ကျောင်းများမှ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
ဟောပြောပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ ဧရာဝတီတိုင်းဒေသကြီး၏ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်မြင့်မားရေးအတွက် တက္ကသိုလ်များမှ ပါမောက္ခ(ဌာနမှူး) ဆရာကြီး၊ ဆရာမကြီးများနှင့် အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများတွေ့ဆုံ၍ ယနေ့တွင်ဘာသာရပ်ဆိုင်ရာ သိကောင်းစရာ ဟောပြောပွဲများအား ပုသိမ်တက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်နှင့် မအူပင်တက္ကသိုလ် တို့တွင် ဇုန်ကြီး(၃)ဇုန်ခွဲ၍ ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲများအား စောစီးစွာဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် အုပ်ချုပ်ရေးအဖွဲ့များ၊ ဆရာ၊ ဆရာမများ ပူးပေါင်း ကြပ်မတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုနှစ်သည် Grade 12 သင်ရိုးသစ် စတင်သင်ကြားဖြေဆိုရမည်ဖြစ်သဖြင့် ဆရာ၊ ဆရာမများက ကြိုးစားသင်ကြားပို့ချပေးလျက်ရှိသည်ကိုတွေ့ရှိရပါကြောင်း၊ ဘက်စုံပညာရေးစနစ်အား အကောင်အထည်ဖော်နိုင်ရန် ဆရာ၊ ဆရာမများ၏ စွမ်းဆောင်နိုင်မှုသည် အလွန်အရေးပါသော အခန်းကဏ္ဍမှ ရပ်တည်နေပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် အခြေခံပညာကျောင်းဖွင့်လှစ်မှုအများဆုံး၊ ကျောင်းတက်ရောက်မှုအများဆုံးနှင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားသော တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ရေခံ၊ မြေခံကောင်းမွန်၍ လူ့စွမ်းအားအရင်းအမြစ်များ ပေါကြွယ်ဝကာ ပညာရေးကဏ္ဍတွင် တိုးတက်မြင့်မားသော တိုင်းဒေသကြီး ဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့်မဆုံးရှုံးစေရေး၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေး အတန်းစဉ်ကူးပြောင်းစေရေးအတွက်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခင်နှစ် စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲအား မဖြေဆိုဖြစ်ခဲ့သူများ၊ ကျရှုံးသူများကိုလည်း ဝင်ရောက်ဖြေဆိုခွင့်ပြုထားရာ အောင်မြင်စွာဖြေဆိုနိုင်ရေးအတွက် သင်ကြားပေးရမှာဖြစ်ပါကြောင်း၊ ကျောင်းသား မိဘများအားလည်း တိုက်တွန်းမှုများပြုလုပ်ရမှာဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးအောင်ချက်မြင့်မားရေးအတွက် ဆရာ၊ ဆရာမများ၏ ဘာသာရပ်ဆိုင်ရာသိကောင်းစရာဆွေးနွေးပေးမှုများသည်များစွာအသုံး၀င်ပါကြောင်း" အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆရာ၊ ဆရာမများအတွက် ဂုဏ်ပြုထောက်ပံ့ငွေများအားပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ပုသိမ်တက္ကသိုလ်ဒုတိယပါမောက္ခချုပ်က တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာသိကောင်းစရာများ ဟောပြောပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ်အတွင်း ဘာသာရပ်အလိုက်ဟောပြော ဆွေးနွေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၏ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ ဟောပြောပွဲများကို ဇုန်ကြီး ၃ ဇုံခွဲ၍ ကျင်းပပြုလုပ်ရာ ပုသိမ်တက္ကသိုလ်တွင် အခြေခံပညာဆရာ၊ ဆရာမ(၂၄၁၆)ဦး၊ ဟင်္သာတတက္ကသိုလ်တွင် (၉၁၁)ဦး၊ မအူပင်တက္ကသိုလ်တွင် (၁၃၄၈)ဦး စုစုပေါင်း ဘာသာရပ်အလိုက် အခြေခံပညာ ဆရာ၊ ဆရာမ(၄၆၇၅)ဦးအား တက္ကသိုလ်များမှ ပါမောက္ခ(ဌာနမှူး) ဆရာကြီး၊ ဆရာမကြီးများက ဟောပြောဆွေးနွေးပို့ချခဲ့ပါသည်။
Read More...
25-Nov-2023