သတင်းများ


ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘိုက​လေးမြို့နယ်၊ ကဒုံကနိကြိုးဝိုင်းတွင် ဒီရေတောစိုက်ပျိုးရေးပွဲတက်ရောက်
ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်​မောင်ဝင်း ဇွန်လ ၉ ရက်နေ့ နေ့လည်ပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်အောင်အောင်၊ တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဘိုက​လေးမြို့နယ်၊ ကဒုံကနိကြိုးဝိုင်း၊ အကွက်အမှတ်( ၅၄)ရှိ ဧရိယာ(၅)ဧကတွင် ဒီရေတောသစ်ပင်စိုက်ပျိုးပွဲသို့တက်ရောက်ခဲ့၍ ဒီရေတေားများနှင့်သစ်တောများကလူသားတို့အတွက် လိုအပ်သောအစားအစာ၊ ဆေးဝါး၊ အဝတ်အစား၊ သစ်၊ တိုင်၊ မျော ထင်းလောင်စာဆီစသည့်အခြေခံလိုအပ်ချက်တို့ကို ပုံမှန်ထုတ်ပေးရုံသာမက သက်ရှိလောကကြီးတစ်ခုလုံး၏ရှင်သန်မှုအတွက် မရှိမဖြစ်လိုအပ်သော အောက်ဆီဂျင်ကို အမြဲမပြတ်ထုတ်ပေးလျက်ရှိပြီး ရာသီဥတုပြောင်းလဲမှုကိုအများဆုံးဖြစ်စေသည့်ဓာတ်ငွေ့ဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို စုပ်ယူထိန်းပေးလျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသ ကြီးအနေဖြင့် ဒီရေတောများထိန်းသိမ်းခြင်းနှင့် စိုက်ပျိုးတည်ထောင်ခြင်းကို အကောင်အထည်ဖော်နေသလို တစ်ဖက်မှလည်းသစ်တောပြုန်းတီးမှုများ အဘက်ဘက်မှမပေါ်ပေါက်အောင် သက်ဆိုင်ရာအဖွဲ့မှ နည်းမျိုးစုံဖြင့် ထိန်းသိမ်းကာကွယ်ကြဖို့လိုအပ်လာသည့်အတွက် ဒီရေတောများစိုက်ပျိုး၊ထိန်းသိမ်းခြင်းလုပ်ငန်းတို့ကို တက်အားသရွေ့အားလုံးပူးပေါင်းပါဝင်ကြစေလိုကြောင်းတိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့မှ  ပျိုးပင်များပေးအပ်ခဲ့ပြီး ဌာနဆိုင်ရာများ၊ ဒေသခံရွာသူရွာသားများနှင့်အတူ ဗြူးရွှေဝါ ၊ သမဲ့ကြီး၊ ကျန ၊ ပင်လယ်အုန်း၊ အုန်း စသည့်ပျိုးပင် စုစုပေါင်း ၆၀၅၀ ပင်စိုက်ပျိုးပေးခဲ့ကြပြီး ဒီရေတောစိုက်ပျိုးနေမှုများအားလှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ထို့နောက် ဗြုံးမွှေးကျွန်းပျိုးဥယျာဉ်သို့ရောက်ရှိ၍  ပျိုးပင်များပျိုးထောင်ထားရှိမှုအားလှည့်လည်ကြည့်ရှစစ်ဆေးခဲ့ပြီး ​တိုင်းဒေသကြီးသစ်တောဦးစီးဌာန၊ ဦးစီးမှူးမှ ဗြုံးမွှေးကျွန်းပျိုးဥယျာဉ်တွင်  ဗြူးရွှေဝါ၊ ကျန၊ သမဲ့၊ကနစို၊ ရေခရား၊ ပဓမ၊ သမဲ့ကြက်တက်၊ လမု၊ အုန်း စသည့် ပျိုးပင်အမျိုးအစား(၉)မျိုးအား ပျိုးပင်ပေါင်း (၁၀၁၉၆၁၁)ပင် ပျိုးထောင်ထားရှိပြီး (၇၄၃၀၄၀)ပင်များကို ဧရိယာ (၆၁၄) ဧကတွင် စိုက်ပျိုးမည့်အခြေအနေများအားရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဒီရေတော ပတ်ဝန်းကျင်တွင်နေထိုင်ကြသောပြည်သူများအား ဒီရေတော၏အရေးပါမှု၊ ဒီရေတော၏ အကျိုးကျေးဇူးများကိုကောင်းစွာသိရှိနားလည်ရန်အသိပညာပေးခြင်းစည်းရုံးရေးများလုပ်ဆောင်​စေရေး၊ ဒီရေတောကြိုးဝိုင်းနှင့် ဒီရေတောပေါက်ရောက်ဧရိယာများတွင် ဒီရေတောများခုတ်ထွင်ရှင်းလင်းမှုမရှိစေရန်နှင့်ကျူးကျော်မှုမရှိစေရန်ကင်းလှည့်စစ်ဆေး​ရေးရန်လမ်းညွှန်မှာကြားခဲ့ပြီး ဒီရေတောထိန်းသိမ်းရေးဝန်ထမ်းများကိုအားပေးစကားပြောကြားခဲ့ပြီးထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင််အဖွဲ့သည် ဆက်ကျွန်းကျေးရွာအုပ်စု ၊ ငါးပုတ်သင်တန်းကျေးရွာအခြေခံပညာမူလတန်းကျောင်းသို့သွားရောက်ခဲ့ပြီး ကျောင်းသားကျောင်းသူများအေးချမ်းပျော်ရွှင်စွာပညာသင်ကြားမှုများကိုကြည့်ရှုအားပေးခဲ့ပြီး ဆရာဆရာမများနှင့်တွေ့ဆုံခဲ့ကာ တင်ပြမှုများအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။


Read More...
09-Jun-2022
၂၀၂၂-၂၀၂၃ပညာသင်နှစ် ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၏ သားသမီးများအားပညာသင်ထောက်ပံ့ကြေးနှင့် သင်ကြားရေးအထောက်အကူပြုပစ္စည်းများထောက်ပံ့ပေးအပ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ၊ဌာနဆိုင်ရာ ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် သင်ကြားရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ဇွန်လ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း နှင့်ဇနီးဒေါ်ကြည်ကြည်ထွန်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်အောင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း ၊ အဆင့် ဌာနဆိုင်ရာများ၊ကျောင်းသား၊ကျောင်းသူများနှင့် မိဘများတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ ဌာနဆိုင်ရာဝန်ထမ်းသားသမီးများသည် အခြေခံပညာနှင့်အဆင့်မြင့်ပညာများကိုတက်ရောက်သင်ကြားလျက်ရှိပါကြောင်း၊ နိုင်ငံတော်၏အနာဂတ်အတွက် မျိုးဆက်သစ်လူငယ်များကို တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာအောင် ပြုစုပျိုးထောင်ရာမှာ အခြေခံပညာဟာ အလွန်အရေးကြီးကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတည်ဆောက်ရာတွင် ပညာရေးဖြင့်ရင်းနှီးမြှုပ်နှံရမှာဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် အခြေခံပညာရေးသည် အဓိကအကျဆုံးဖြစ်၍ ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်စေရေး တိုက်တွန်းပြောကြားခဲ့ရာ တိုင်းဒေသကြီးအတွင်း ယနေ့အထိအခြေခံပညာကျောင်းများတွင် ၁၀၂၇၆၀၉ ဦး ကျောင်းအပ်နှံခဲ့ပြီး ၉၈၅၁၆၉ ဦး တက်ရောက်သဖြင့် ကျောင်းတက်ရောက်မှု ၉၆%ခန့် ရှိပါကြောင်း၊  ကျောင်းသားကျောင်းသူများ ကျောင်းတက်မှန်စေရေး၊ အတန်းစဉ်ကူးပြောင်းရေး၊ ကျောင်းနေမြဲရေးနှင့် သင်ယူတတ်မြောက်မှုအရည်အသွေးမြင့်မားစေရေး ၊ အခြေခံပညာမှတစ်ဆင့် အဆင့်မြင့်ပညာများ၊ အသက်မွေးဝမ်းကြောင်းပညာများကိုဆက်လက်သင်ယူနိုင်ရေးဆရာ၊ဆရာမများ၊ မိဘများအနေဖြင့် ဝိုင်းဝန်းကြိုးစားပေးကြရမှာဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်တွင် အောင်မြင်တိုးတက်သည့်နိုင်ငံများကို ကြည့်လျှင် နိုင်ငံ၏ပညာရေးစနစ်နှင့် ၎င်းပညာရေးစနစ်မှ ထွက်ပေါ်လာသည့် လူ့စွမ်းအား အရင်းအရင်းအမြစ်များ၏ ပညာအဆင့်မြင့်မားမှုကို တွေ့ရမည်ဖြစ်ကြောင်း” ”ပြောကြားခဲ့ပါသည်။ ထို့နောက် တက္ကသိုလ် အသီးသီးတွင် တက်ရောက်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ဝန်ကြီးချုပ်က ပညာသင်ထောက်ပံ့ကြေးနှင့် သင်ကြားရေးအထောက်အကူပြုပစ္စည်းများလည်းကောင်း၊ အခြေခံပညာ အထက်တန်းအဆင့်တွင် တက်ရောက်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးနှင့် သင်ကြားရေးအထောက်အကူပြုပစ္စည်းများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးကလည်းကောင်း ၊ အခြေခံပညာ အထက်တန်း၊ အလယ်တန်း ၊ မူလတန်းအဆင့်ဆင့်တွင် တက်ရောက်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ကြေးနှင့် သင်ကြားရေးအထောက်အကူပြုပစ္စည်းများကို အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။


Read More...
08-Jun-2022
ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု မြန်မာ့ရိုးရာခြင်းလုံး၊ တိုက်ကွမ်ဒိုနှင့် ဘောလီဘောအသင်းများအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ အားကသားသမားများနှင့်အတူ ယနေ့ညနေပိုင်းတွင် ဧရာရွှေဝါခန်းမ၌ပြုလုပ်သည့် ၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ရိုးရာခြင်းလုံး ၊ တိုက်ကွမ်ဒို ၊ ဘော်လီဘောအသင်းများအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို  တက်ရောက်ခဲ့ရာ အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းများမှ အုပ်ချုပ် ၊ နည်းပြ ၊ အားကစားသမားများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီး တိုင်းဒေသကြီးကိုယ်စားပြု အသင်းများကိုယ်စား တိုက်ကွမ်ဒိုအသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က  “  မိမိတို့တိုင်းဒေသကြီးအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများအားလုံးကို ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိနိုင်ရေးအတွက် တိုင်းဒေသကြီးအတွင်း မြို့နယ်၊ ခရိုင် အလိုက် ပြိုင်ပွဲများကျင်းပ၍ တိုင်းဒေသကြီးအဆင့်လက်ရွေးစင်အားကစားသမားများရွေးချယ်၍ စခန်းသွင်းလေ့ကျင့်ဆောင်ရွက်ခဲ့ပါကြောင်း၊ အသင်းလိုက်ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ တစ်ဦးချင်းအားကစားစိတ်ဓာတ်ပြည့်ဝစွာဖြင့် တစ်ဦးနှင့်တစ်ဦးနားလည်မှုရှိကြရန်၊ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာကစားကြရန်နှင့် လေ့ကျင့်မှု၊ နည်းစနစ်ကောင်းမွန်မှု၊ ကြံ့ခိုင်မှုများဖြင့် ပေါင်းစပ်ဆောင်ရွက်ပြီးဆုတံဆိပ်များရရှိအောင်ကြိုးစားကြရမှာဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲများသို့ ဝင်ရာက်ယှဉ်ပြိုင်မည့်အားကစားနည်းများသည် ယခင်ပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိခဲ့သည့် အစဉ်အလာကောင်းများရှိခဲ့ပါကြောင်း၊ (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ SEA Games ပြိုင်ပွဲတွင် မိမိတို့တိုင်းဒေသကြီးမှ နိုင်ငံကိုယ်စားပြု အုပ်ချုပ်၊နည်းပြ၊ အားကစားသမား (၅၃)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၄ခု၊ ငွေတံဆိပ်  ၃ခု၊ ကြေးတံဆိပ်၂၃ခု ရယူပေးနိုင်ခဲ့တာကို အတုယူကြိုးစားကြရမှာဖြစ်ပါကြောင်း၊  ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစား မောင်/မယ်များ၊အသင်းအုပ်ချုပ်သူများ အနေဖြင့် မိမိတို့အသင်း အောင်မြင်မှုပိုမိုရရှိအောင် ဆထက်ထမ်းပိုး ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း ၊ အသင်းများအား စီမံအုပ်ချုပ်ကြသော အုပ်ချုပ် ၊ နည်းပြများအနေဖြင့် အားကစားသမားများ၏ ကျန်းမာရေးအား အထူးဂရုစိုက်၍ စောင့်ရှောက်ပေးစေလိုကြောင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများ၏ ဆုဖလားများအား ရရှိအောင် စွမ်းဆောင် နိုင်ပါစေကြောင်း”တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးကိုယ်စားပြု ရိုးရာခြင်းလုံး ၊ တိုက်ကွမ်ဒို ၊ ဘော်လီဘောအသင်းများအား အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများအား တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့ကြောင်းသိရပါသည်။


Read More...
07-Jun-2022
၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ရိုးရာခြင်းလုံး၊ တိုက်ကွမ်ဒိုနှင့်ဘောလီဘောအသင်းများ၏ သရုပ်ပြပွဲအား ကြည့်ရှုအားပေး
၂၀၂၂ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီးအားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုရိုးရာခြင်းလုံး ၊ တိုက်ကွမ်ဒိုနှင့် ဘောလီဘောအသင်းများ၏ သရုပ်ပြပွဲအား ယနေ့နံနက် ၉ နာရီအချိန်က ပုသိမ်မြို့ ကိုးသိန်းအားကစားရုံ၌ ပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၊ အစိုးရအဖွဲ့ဝင်များနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးက ပြည်နယ်နှင့် တိုင်းဒေသကြီးအားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ရိုးရာခြင်းလုံး ၊ တိုက်ကွမ်ဒိုနှင့် ဘောလီဘောအသင်းများမှ ပြိုင်ပွဲဝင်အားကစားသမားများနှင့် မိတ်ဆက်ပေးပြီး တိုင်းဒေသကြီးကိုယ်စားပြု မြန်မာ့ရိုးရာခြင်းလုံးခတ် အမျိုးသား ၊ အမျိုးသမီးအသင်းက သရုပ်ပြဝိုင်းဖွဲ့ခတ်ကစားခြင်း ၊ တိုက်ကွမ်ဒိုအသင်းမှ အမျိုးသား ၊ အမျိုးသမီး အတွဲလိုက်ပြိုင်ပွဲဝင်ပုံစံကကွက် ပြသခြင်း၊ အမျိုးသား အတိုက်စွမ်းရည် ပြသခြင်းများနှင့် အမျိုးသား ၊ အမျိုးသမီး ဘောလီဘောအသင်းများက သရုပ်ပြကစားမှုများအား ကြည့်ရှုအားပေးခဲ့ပါသည်။ ၂၀၂၂ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီးအားကစားပြိုင်ပွဲများသို့ ဧရာဝတီတိုင်းဒေသကြီးမှ  မြန်မာ့ရိုးရာခြင်းလုံးအသင်းတွင် အမျိုးသား ၊ အမျိုးသမီး ၂၀ ဦး၊ တိုက်ကွမ်ဒို အသင်းတွင် အမျိုးသား ၊ အမျိုးသမီး ၂၃ ဦးနှင့် ဘော်လီဘောအသင်းတွင် အမျိုးသား ၊ အမျိုးသမီး ၃၀ ဦး စုစုပေါင်း ၇၃ ဦးနှင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရပါသည်။


Read More...
07-Jun-2022
သစ်စိမ်း​မြေသြဇာ (ပိုက်ဆံ​လျှော်) ထည့်သွင်းထွန်ယက်ခြင်းနှင့် နေကြာမျိုးစေ့ထုတ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ကြည်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယနေ့ ဇွန်လ ၆ ရက်နေ့တွင် ဇလွန်မြို့နယ်၊ ရွာသစ်ကုန်းကျေးရွာ​ တောင်သူဦးရွှေထူး၏ လယ်​မြေ(၁၀)ဧကတွင် ၂၀၂၂ မိုးစပါးစိုက်ပျိုးရန်အတွက် သစ်စိမ်း​မြေသြဇာ (ပိုက်ဆံ​လျှော်) ထည့်သွင်းထွန်ယက်ခြင်းကို ကြည်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)များ ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေဆီမြေသြဇာများ ပြန်လည်ကောင်းမွန်လာမှာဖြစ်ပါကြောင်း၊ စပါးအတွက်လိုအပ်သော အာဟာဓာတ်များ များစွာပါဝင်ပါကြောင်း၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)များထည့်သွင်းစိုက်ပျိုးခြင်းဖြင့်မြေဆီလွှာများပြန်လည်ကောင်းမွန်လာပြီး ဓာတ်မြေသြဇာသုံးစွဲမှုများကိုလျှော့ချပေးနိုင်မှာဖြစ်ပါကြောင်းနှင့် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)များစိုက်ပျိုးခြင်းကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက်  အင်္ဂပူမြို့နယ်၊ ဘုရားငုတ်တိုကျေးရွာ၊ တောင်သူ ဦးအောင်မြင့်စိန်၏ ယာမြေ ၂ ဧကတွင် ဧရာဝတီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ မိုးရာသီနေကြာမျိုးစေ့ထုတ်စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲတက်ရောက်ခဲ့ပြီး ဆင်းရွှကြာ(၂)နေကြာမျိုးများအား တောင်သူများမှ တန်းကြား၂ ပေ၊ ပင်ကြား ၉ လက်မဖြင့် စနစ်တကျစိုက်ပျိုးနေ မှုများအားကြည့်ရှုအားပေးခဲ့သည်။ ထို့အတူ မြန်အောင်မြို့နယ်၊ အင်ပင်အမှတ်(၃) ရပ်ကွက်၊ တောင်သူဦး မောင်ဆန်း၊ ဦးကြည်ဝင်း၊ ဦးမြင့်ကျော်တို့၏ ယာမြေ ၇ ဧကတွင် ဧရာဝတီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ မိုးရာသီနေကြာမျိုးစေ့ထုတ်စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲတက်ရောက်ခဲ့ပြီး ဆင်းရွှကြာ(၂)နေကြာမျိုးများအား တောင်သူများမှ တန်းကြား၂ ပေ၊ ပင်ကြား ၉ လက်မဖြင့် စနစ်တကျစိုက်ပျိုးနေ မှုများအားကြည့်ရှုအားပေးခဲ့သည်။ အဆိုပါစိုက်ပျိုးပွဲများတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ နေကြာမျိုးစေ့ထုတ်စိုက်ပျိုးခြင်းအား ဖြစ်ထွန်းအောင်ကြိုးပမ်းဆောင်ရွက်ကြလိုပါကြောင်း၊ ဆောင်းရာသီတွင်နေကြာ စိုက်ဧကများ ပြည့်ဝစေရေးဆောင်ရွက်ရမှာဖြစ်ကြောင်း၊ သွင်းအားစုများ၊ စိုက်ပျိုးစရိတ်ချေးငွေများ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် စားသုံးဆီဖူလုံစေရေးအတွက် နေကြာသီးနှံ  အောင်မြင်စွာစိုက်ပျိုးထုတ်လုပ်နိုင်ရေး တောင်သူများ၊ ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီမှ ပူးပေါင်းဆောင်ရွက်ကြရန်ပြောကြားခဲ့သသည်။


Read More...
06-Jun-2022