သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ကျောင်းကုန်းမြို့နယ်၊ ချောင်ကြီးကျေးရွာရှိ အဘယာရာမဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်/အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဒေသခံပြည်သူလူထုများ တွေ့ဆုံပွဲ အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် ပြည်သူများ၏ အသံ၊ ပြည်သူများ၏ တင်ပြချက်များနှင့် ပြည်သူများ၏လိုအပ်ချက်များကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကာ ပြည်သူများနှင့်ထိတွေ့ပြီးပြည်သူများ ၏လိုအပ်ချက်များအား လျှင်မြန်ထိရောက်စွာ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် အောက်ခြေအထိဆင်းပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲများ ကျင်းပဆောင်ရွက်လျက်ရှိရာ ယနေ့ (၄.၈.၂၀၁၉)ရက်နေ့၊ မွန်းလွှဲ (၁၃၃၀)နာရီအချိန်


Read More...
05-Aug-2019
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး ၊မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းသည် တိရိစ္ဆာန်ဆေးဝါး(၁၅)မျိုးကို တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များသို့ ခွဲဝေပေးအပ်ခြင်းအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ သာမန်အသုံးစရိတ်ခွင့်ပြုငွေဖြင့် ရေနှစ်မြုပ် ဒေသများရှိ တိရစ္ဆာန်များအားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် (၃၁၁.၇၇၀ ကျပ်သိန်း) တန်ဖိုးရှိ တိရစ္ဆာန်ဆေးဝါး(၁၅)မျိုးကို တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များသို့ ခွဲဝေပေးအပ်ခြင်းအခမ်းအနားအား ဧရာဝတီတိုင်းဒေသကြီး၊ မွေးမြူရေး နှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီ:မှူးရုံးတွင် (၂-၈-၂၀၁၉) ရက် (၁၃:၀၀) နာရီ ၌ ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ၊ စိုက်ပျိုးရေး ၊မွေးမြူရေး၊ သယံဇာတနှင့် ဧရာဝတီတိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ သာမန်အသုံးစရိတ်ခွင့်ပြုငွေဖြင့်


Read More...
05-Aug-2019
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ၂၀၁၉ ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားတက်ရောက်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့နှင့်ပူးပေါင်းပြီး အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုများကို နှစ်စဉ် သြဂုတ်လတစ်လလုံးတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပထမသီတင်းပတ်ကို မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်၊ ဒုတိယသီတင်းပတ်ကို ငါးနှစ်အောက်နှင့် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ တတိယသီတင်းပတ်ကို ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ စတုတ္ထသီတင်းပတ်ကို အိုင်အိုဒင်းချို့တဲ့မှု ရောဂါပပျောက်ရေးနှင့်


Read More...
02-Aug-2019
စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတ နှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းသည် မြန်အောင်မြို့နယ်၊ တာဂွတဲကြီးကုန်းကျေးရွာရှိ အဆင့်မြင့်စံပြစက်မှုလယ်ယာ လယ်မြေ(၂၂၀)ဧက ဖော်ထုတ် ပြီးစီးမှုနှင့် အောင်မြင်စွာဖြစ်ထွန်းနေသော မိုးစပါးစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေ
၂၀၁၉ခုနှစ်၊ ဇူလိုင်လ(၂၉)ရက်နေ့၊ နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတ နှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းသည် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် စိုက်ပျိုးမွေးမြူရေး၊ ဆည်မြောင်းနှင့်သယံဇာတရေးရာ ကော်မတီဝင် ဦးကျော်မျိုးလင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနညွှန်ကြားရေးမှူး ဦးကြည်ရွှေ၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ဇေယျတို့နှင့်အတူ မြန်အောင်မြို့နယ်၊ တာဂွတဲကြီးကုန်းကျေးရွာရှိ အဆင့်မြင့်စံပြစက်မှုလယ်ယာ လယ်မြေ(၂၂၀)ဧက ဖော်ထုတ် ပြီးစီးမှုနှင့် အောင်မြင်စွာဖြစ်ထွန်းနေသော မိုးစပါးစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး ပြီးနောက် မြန်အောင်မြို့ ကမ်းနားတာနှင့်မြစ်ကမ်းတာမိုင်(၆/၇)နှင့် (၇/ဝ)အတွင်း ဧရာဝတီ မြစ်ရေတိုက်စားမှုအခြေအနေနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေတိုက်စားမှုကာကွယ်ထားရှိရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးပြီး တာမိုင်(၅/၂)နှင့် (၅/၆)အတွင်း တာလုံးရွှေ့ခြင်းနှင့် မြစ်ရေတက်မှုအခြေအနေများနှင့် ပန်းတာတည်ဆောက်မှု အခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...
02-Aug-2019
စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတ နှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းသည် ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့အနီး၊ ငဝန်မြစ်ကမ်းဘေးရှိဗောဓိကုန်းရေကင်းစခန်းနှင့် ငဝန်တာပြုပြင် ထားရှိမှုအခြေအနေများနှင့် အရေးပေါ်ရေဘေးကာကွယ်ရေးပစ္စည်းများ ကြိုတင်စုဆောင်း ထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၂၇)ရက်နေ့၊ နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတ နှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းသည် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်၊ စိုက်ပျိုးမွေးမြူရေး၊ ဆည်မြောင်းနှင့်သယံဇာတရေးရာ ကော်မတီဝင် ဦးကျော်မျိုးလင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနညွှန်ကြားရေးမှူး ဦးကြည်ရွှေ၊ သစ်တောဦးစီးဌာနညွှန်ကြားရေးမှူး ဦးကျော်ဇေယျတို့နှင့်အတူ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့အနီး၊ ငဝန်မြစ်ကမ်းဘေးရှိဗောဓိကုန်းရေကင်းစခန်းနှင့် ငဝန်တာပြုပြင် ထားရှိမှုအခြေအနေများနှင့် အရေးပေါ်ရေဘေးကာကွယ်ရေးပစ္စည်း


Read More...
02-Aug-2019