သတင်းများ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ၆ ခရိုင် အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ၆ ခရိုင် အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ ဇွန်လ ၃ ရက်နေ့ ညနေပိုင်းက ကိုးသိန်းအားကစားကွင်း၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက် ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ ဗိုလ်လုပွဲအား မြောင်းမြခရိုင်အသက် ၁၉ နှစ်အောက် အမျိုးသား ဘောလုံးအသင်းနှင့် မအူပင်ခရိုင် အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ မြောင်းမြခရိုင် ဘောလုံးအသင်းက မအူပင်ခရိုင် ဘောလုံးအသင်းအား နှစ်ဂိုး-ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။
ဆက်လက်၍ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြုလုပ်ရာ ဆုရရှိသည့်ခရိုင်အသင်းများမှ အားကစားသမားက နေရာယူကြပြီး ဒုတိယဆုရရှိသည့် မအူပင်ခရိုင်မှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆု ၅ သိန်းအား တိုင်းဒေသ ကြီးစီးပွားရေးရာဝန်ကြီးကလည်းကောင်း၊ပထမဆုရရှိသည့်မြောင်းမြခရိုင်မှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆု ၇ သိန်းအား တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ နေရာအလိုက်အကောင်းဆုံး ကစားသမားဆုရရှိသူများအား အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအားလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပထမဆုရရှိသည့် မြောင်းမြခရိုင် အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးအသင်းအား တံခွန်စိုက်ဆုဖလားကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက ပေးအပ်ချီးမြှင့်ခဲ့ပြီး ပထမဆုရရှိသည့် မြောင်းမြခရိုင်အသင်းနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရသည်။
Read More...
03-Jun-2022

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ရေကြည်မြို့၊ အထကကျောင်းဆောင်အား တက်ရောက်ဖွင့်လှစ်ပေး
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းက ရေကြည်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ပြုလုပ်သည့် ၂၀၂၁-၂၀၂၂၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ရေကြည်မြို့၊ အခြေခံပညာအထက်တန်းကျောင်းပင်မကျောင်းဆောင် အကြီးစားပြင်ဆင်ခြင်းလုပ်ငန်းပြီးစီး၍ ကျောင်းဆောင်ဖွင့်ပွဲအခမ်းအနားပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကာ ကမ္ဗည်းမော်ကွန်းကျောက်စာအား အမွှေးနံ့သာရည်ပက်ဖျန်းပေးခဲ့ပြီး ပင်မကျောင်းဆောင်နှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများ၊အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု အခြေအနေများနှင့် ကျောင်းဝန်းကျင်သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး
လိုအပ်သည်များ တင်ပြမှုများအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ကျောင်းများစတင်ဖွင့်လှစ်သည့်နှင့် နှစ်ထပ်ကျောင်းဆောင်ဖွင့်လှစ်သည့်နေ့မှာ တစ်ပြိုင်နက်တည်းဖြစ်သောကြောင့် မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောနေ့ဖြစ်ပါကြောင်း၊ ယခုနှစ်တွင်ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှုဧရာဝတီတိုင်းသည် အများဆုံးဖြစ်ကြောင်း၊ ရေကြည်မြို့၊ အခြေခံပညာအထက်တန်းကျောင်းပင်မကျောင်းဆောင်အား ဥပဓိရုပ်ကောင်းမွန်စေရေးနှင့်အခမ်းအနားများကောင်းမွန်စွာ ပြုလုပ်နိုင်စေရေး အကြီးစားပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး အချိန်မီ ပြီးစီးစေရေးကြိုးစားဆောင်ရွက်ခဲ့ပါကြောင်း၊ အခြေခံပညာကျောင်းများမှ တိုင်းဒေသကြီးလူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်ပေးနိုင်ရေး မျှော်မှန်းထားပါကြောင်း၊ ဆရာ၊ ဆရာမ၊ ကျောင်းသူ ကျောင်းသားများမှ အခြေခံပညာပညာကိုထူးချွန်စွာအောင်မြင်၍ အဆင့်မြင့်ပညာများဆက်လက်သင်ကြားကြပြီးအနာဂတ်ခေါင်းဆောင်များပေါ်ထွန်းလာစေရေးကြိုးစားပေးကြရန် ”ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းအုပ်ကြီးက ကျောင်းအပ်နှံမှု အခြေအနေနှင့် ပညာရေးဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြပြီး ကျောင်းအကျိုးတော်ဆောင်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်မှအခမဲ့ထောက်ပံ့ပေးအပ်သည့် ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများနှင်ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
Read More...
02-Jun-2022

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ပြည်သူ့အကျိုးပြုကွန်ကရစ်တံတားဖွင့်ပွဲအား တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းက ရေကြည်မြို့နယ်၊ ရေလဲကြီးကျေးရွာ၌ ကျေးလက်လမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၁၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ရေလဲကြီးတံတား( အရှည်၆၀ပေ ၊ အကျယ် ၁၄ ပေရှိသည့် သံကူကွန်ကရစ်)တံတားဖွင့်အား တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့သည်။
တံတားဖွင့်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေစေရေး တံတားသစ်အားဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ တံတား ဆောက်လုပ်ပြီးစီးပြီဖြစ်၍ ဒေသခံပြည်သူများ နွေ၊မိုး၊ဆောင်း သွားလာနိုင်ပြီး စီးပွားရေး၊ လူမှုရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာသွားလာဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ တံတားရေရှည်တည်တံ့ရန်အတွက် ဒေသခံပြည်သူများအနေဖြင့်လည်း ဝိုင်းဝန်းထိန်းသိမ်းပေးစေလိုကြောင်း၊ တာဝန်ယူဆောက်လုပ်သည့် ဆောက်လုပ်ရေးအဖွဲ့ကလည်း မြေထိန်းနံရံများ ရေရှည်တံ့စေရေးအတွက် မြက်စိုက်ခြင်းများကိုလည်း ဆောင်ရွက်သွားရန်လိုကြောင်း”ပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ တံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ တံတားပေါ်သို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
Read More...
02-Jun-2022

ဧရာဝတီတိုင်းအတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုအား ကြည့်ရှုအားပေးပြီး ကျောင်းသုံးပစ္စည်းများနှင့် ကိုဗစ်-၁၉ကာကွယ်ရေးပစ္စည်းများပေးအပ်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုအား ကြည့်ရှုစစ်ဆေးပြီး ကျောင်းသုံးပစ္စည်းများနှင့် ကိုဗစ်-၁၉ကာကွယ်ရေးပစ္စည်းများပေးအပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်၊ သပြေကွင်းကျေးရွာ ကင်ပွန်းချဉ်ကုန်းကျေးရွာ၊ ရေလဲကြီး(ကြပ်ကွင်း)ကျေးရွာ၊ ကြပ်ကွင်းကျေးရွာ ရှိအခြေခံပညာမူလတန်းကျောင်းများ၊ ကျုံတာကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၊ ငါးသိုင်းချောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၊ ရေတံခွန်အခြေခံပညာမူလတန်းကျောင်းနှင့် မြို့မအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများ၊အသက် ၅ နှစ်မှ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု အခြေအနေများနှင့် ကျောင်းဝန်းကျင်သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ တင်ပြမှုများအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ကျောင်းသားကျောင်းသူများရာနှုန်းပြည့်ကျောင်းတက်ရောက်နိုင်ရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ သွေးလွန်တုပ်ကွေးရောဂါစသည့် ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိစေရေး၊ ကိုဗစ် ၁၉ ရာဂါကာကွယ်ရေးဆိုင်ရာလမ်းညွှန်ချက်များအား စနစ်တကျလိုက်နာဆောင်ရွက်စေရေး မှာကြားခဲ့ပြီး စာသင်ကျောင်းများအတွက် ကျောင်းသုံးပစ္စည်းများ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးပစ္စည်းများနှင့်ထောက်ပံ့ငွေများအား သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများအားပေးအပ်ခဲ့သည်။
အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းနှင့် ပန်းတနော်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများ၊ အသက် ၅ နှစ်မှ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု အခြေအနေများနှင့် ကျောင်းဝန်းကျင်သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ တင်ပြမှုများအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ကျောင်းသားကျောင်းသူများရာနှုန်းပြည့်ကျောင်းတက်ရောက်နိုင်ရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ သွေးလွန်တုပ်ကွေးရောဂါစသည့် ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိစေရေး၊ ကိုဗစ် ၁၉ ရာဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များအား စနစ်တကျလိုက်နာဆောင်ရွက်စေရေး မှာကြားခဲ့ပြီးကျောင်းသုံးပစ္စည်းများ၊ကိုဗစ်-၁၉ ကာကွယ်ရေး ပစ္စည်းများနှင့် ထောက်ပံ့ငွေများအား ကျောင်းအုပ်ကြီးများထံသို့ ပေးအပ်ခဲ့ကြောင်းသိရသည်။
Read More...
02-Jun-2022

မြောင်းမြမြို့၊ ရတနာသိင်္ဂီသီလရှင်စာသင်တိုက်၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ကျောင်းသုံးပစ္စည်းများ ကိုဗစ်-၁၉ကာကွယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ မေလ ၃၁ ရက်နေ့ ညနေပိုင်းတွင် မြောင်းမြမြို့၊ ကံ့ကော်မြိုင်ရပ်ကွက်၊ ကံ့ကော်မြိုင်အတွင်ပတ်လမ်း ရတနာသိင်္ဂီသီလရှင်စာသင်တိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့သွားရောက်၍ ကျောင်းအပ်နှံမှုအခြေအနေများ၊ ကျောင်းဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောက်ရွက်ထားရှိမှုများ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား၊ကျောင်းသူများ ပျော်ရွင်အေးချမ်းစွာကျောင်းတက်ရောက်နိုင်ရန် ပြင်ဆင်ထားရှိစေရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ သွေးလွန်တုပ်ကွေးရောဂါစသည့် ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိစေရေး၊ ကိုဗစ်-၁၉ ရာဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များအား စနစ်တကျလိုက်နာဆောင်ရွက်စေရေး မှာကြားခဲ့ကာ ရတနာသိင်္ဂီသီလရှင်စာသင်တိုက် သီလရှင်ဆရာကြီး ဒေါ်ဣန္ဒဝတီ(သဒ္ဓမ္မဇောတိကဓဇ) ထံ စာသင်ကျောင်းများဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေမှုများအား လျှောက်ထားတင်ပြ၍ ဆန်၊ဆီ၊ဆား၊ ပဲ စသည့် စားသောက်ဖွယ်ရာများလှူဒါန်းခဲ့ပြီး ရတနာသိင်္ဂီသီလရှင်စာသင်တိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ကျောင်းသုံးပစ္စည်းများ၊ နှာခေါင်းစည်း၊ လက်သန့်ဆေးရည်နှင့် အလှူငွေများ ပေးအပ်ခဲ့ပါသည်။
Read More...
31-May-2022