သတင်းများ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက အင်္ဂပူမြို့နယ်၊ဘုရားကွင်းကျေးရွာအုပ်စု၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ မြေပြင်လူဦးရေ စာရင်းများတိုက်ဆိုင်စစ်ဆေးခြင်း၊ ပန်းခင်းစီမံချက်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက် ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ် ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ကစာရင်း ရေးသွင်းမှုများ မှားယွင်းမှုမရှိစေရေး အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း စာရင်းများပြည့်စုံမှန်ကန်စေရေး စနစ်တကျ ဆောင်ရွက်ပေးကြရန်မှာကြားခဲ့သည်။
အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြန်အောင်မြို့၊ အမှတ်(၄)ရပ်ကွက်တွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးရုံးမှ မြေပြင်လူဦးရေ စာရင်းများတိုက်ဆိုင်စစ်ဆေးခြင်း၊ ပန်းခင်းစီမံချက်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက် ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြန်အောင်မြို့နယ်၊ ကန်စွန်းခုံကျေးရွာအုပ်စုသို့ရောက်ရှိပြီး မိုးကြိုနေကြာ ဆင်းရွှေကြာ -၂ ရိတ်သိမ်းပြီး၍ မျို့သန့်ရွေးခြယ်ထားရှိမှုအား ကြည့်ရှုခဲ့ပါသည်။ ထို့နောက် တောင်သူဦးရန်အေး၏ စိုက်ဧက(၂)ဧကတွင် Super Sun(41) မိုးနေကြာ မျိုးစေ့များ စုပေါင်းစိုက်ပျိုးပေးခဲ့ပြီး တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကာ တိုင်းဒေသကြီးအတွက်ရာနှုနးပြည့် ဆီဖူလုံမှုရှိအောင် ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါကြောင်း၊ သီးနှံစိုက်ပျိုးမှုနှင့် အထွက်နှုန်းများအား မှတ်တမ်းထားရှိကြရန်လိုကြောင်း၊ စိုက်ပျိုးရေးပညာရှင်များဖြင့်လည်း တောင်သူအသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မြန်အောင်ခရိုင်၌ မိုးနေကြာစိုက်ဧက(၆၀၀၀)စိုက်ပျိုးသွားမည်ဖြစ်ပြီး ဖြစ်ထွန်းအောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့ပြီး ဒေသခံတောင်သူများအား မိုးနေကြာစိုက်ပျိုးရေးအတွက် နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြန်အောင်မြို့၊ သဘာဝမီးစက်လမ်းရှိ “ကောင်းသန့်”ဆီစက်သို့သွားရောက်ခဲ့ပြီး မြေပဲ၊ နေကြာဆီများ သန့်စင်ကြိတ်ခွဲထုတ်လုပ်မှု၊ ရောင်း၀ယ်နေမှုများကို လိုက်လံကြည့်ရှုပြီး သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် ဆီများထုတ်လုပ်နိုင်ရေးနှင့် အဆင့်မီဆီကြိတ်စက်များနှင့် နေကြာဆီများပိုမိုထုတ်လုပ်နိုင်ရေးမှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့အမှတ်(၃)ရပ်ကွက်ရှိ ဝါဆိုမဟာစည်သာသနာ့ရိပ်သာကျောင်းတိုက် ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားတင်ပြခဲ့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
Read More...
01-Sep-2023
ပုသိမ်မြို့၌ (၇၁)ကြိမ်မြောက် မြို့လုံးကျွတ်ဝါဆိုသင်္ကန်းကပ်လှူပွဲတော် ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ဦးမောင်ကြီးအာရုံခံတန်ဆောင်း၌ ယနေ့နံနက်ပိုင်းက ၁၃၈၅-ခုနှစ်၊ (၇၁)ကြိမ်မြောက် မြို့လုံးကျွတ်ဝါဆိုသင်္ကန်းကပ်လှူပွဲတော် ရေစက်ချမင်္ဂလာအခမ်းအနားကိုပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကိုဧည့်ပရိသတ်များက “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတော်ဩဝါဒါ စရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံ ညောင်ပင်သာပရိယတ္တိ စာသင်တိုက်၏ ပဓာနနာယဆရာတော် ဘဒ္ဒန္တဝိဿုတ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ် တရားတော်များအား ဆက်လက်နာယူကြည်ညိုခဲ့ကြကာ ဆရာတော် သံဃာတော် အရှင်သူမြတ် များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများက ဝါဆိုသင်္ကန်း၊ နဝကမ္မဝတ္ထုငွေ၊ ဆွမ်းဆန်တော်၊ ဆီနှင့် ဆေးဝါး အစရှိသည့်လှူဖွယ်ဝတ္ထု ပစ္စည်းများအားလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက သီလရှင်ဆရာကြီးများအား သီလရှင်ဝတ်စုံ၊ နဝကမ္မဝတ္ထုငွေ၊ ဆွမ်းဆန်တော်၊ ဆီနှင့် ဆေးဝါးအစရှိသည့် လှူဖွယ်ဝတ္ထု ပစ္စည်းများအားလည်းကောင်း အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တသောဘိတ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက အနုမောဒနာတရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။
Read More...
01-Sep-2023
မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီ ရင်ပြင်တော်တိုးချဲ့ခြင်း၊ အာရုံခံတန်ဆောင်း တည်ဆောက်ခြင်း လုပ်ငန်းများအတွက် (အဋ္ဌမအကြိမ်) အလှူငွေ ကျပ်သိန်း (၆၅၀၀)ကျော် ပေးအပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာ အုပ်စု၌ တည်ထားကိုးကွယ်တော်မူပြီး ဧရာဝတီတိုင်းဒေသကြီး၏ ထင်ရှားသောဘုရား စေတီများတွင် တစ်ဆူအပါအဝင်ဖြစ်သည့် မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော်၏ ရင်ပြင်တော်တိုးချဲ့ခြင်း၊ အာရုံခံတန်ဆောင်း တည်ဆောက်ခြင်းလုပ်ငန်းများ အတွက် (အဋ္ဌမအကြိမ်) အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ်ခဲ့သည်။
အလှူငွေပေးအပ်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“မြတ်မော်တင်စွန်း စေတီတော် မြတ်ကြီးအား နိုင်ငံတဝှမ်းမှ လာရောက်ဖူးမြော်လျက်ရှိရာ ဘုရားဖူးပြည်သူများ စိတ်ချမ်းမြေ့စွာဖူးမြှော်နိုင်ရေးအတွက် ရင်ပြင်တော် တိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရင်ပြင်တော်တိုးချဲ့ခြင်းလုပ်ငန်းများအား အလှူငွေရရှိမှုပေါ်မူတည်၍ အဆင့်အလိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ခိုင်ခံမှုအားနည်းသောနေရာများကိုလည်းတွေ့ရှိရပြီး ပိုမိုခိုင်ခန့်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ အရည်အသွေးပြည့်မီ စေရေးအတွက်လည်း အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ရင်ပြင်တော်တိုးချဲ့ တည်ဆောက်ရာတွင် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များကုသိုလ်ယူ ပါဝင်လှူဒါန်းနိုင်ရေး အတွက်လည်း ဆောင်ရွက်လျှက်ရှိပါကြောင်း၊ လာမည့်နှစ်ဘုရားပွဲတော်မတိုင်မီ ရင်ပြင်တော်တိုးချဲ့ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ပြီးစီးအောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အလှူရှင်များ၏ လှူဒါန်းမှုအစုစုတို့အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူပါကြောင်း” ပြေားကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အလှူရှင်များ ကြည်ညို သဒ္ဒါပွားများနိုင်အောင် မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စွန်းစေတီ ရင်ပြင်တော် တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ တည်ဆောက်ရေးလုပ်ငန်း ဆက်လက်ဆောင်ရွက်မည့်အခြေအနေ မှတ်တမ်းဗီဒီယိုအား ရှင်းလင်းပြသခဲ့ပါသည်။
ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာများ၊ စီးပွားရေးရာဝန်ကြီးဌာနအောက်ရှိဌာနဆိုင်ရာများ၊ သယံဇာတရေးရာဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာများ၊ လူမှုရေးရာဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာများ၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာများနှင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာများ၏ ကုသိုလ်ယူပါဝင်လှူဒါန်းကြသည့် အလှူငွေများအား သက်ဆိုင်ရာ အစိုးရအဖွဲ့ဝန်ကြီးများက ပေးအပ်လှူဒါန်းခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။
ယင်းနောက် မြတ်မော်တင်စွန်းစေတီတော် ရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းအတွက် ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပြင်ပအလှူရှင်များက အလှူငွေများ ဆက်လက်လှူဒါန်းရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။
မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော်၏ ရင်ပြင်တော်တိုးချဲ့ခြင်း၊ အာရုံခံတန်ဆောင်း တည်ဆောက်ခြင်းလုပ်ငန်းများအတွက် (အဋ္ဌမအကြိမ်) အလှူငွေပေးအပ် လှူဒါန်းပွဲတွင် ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များမှ ကျပ်သိန်းပေါင်းခြောက်ထောင်ငါးရာကျော် စုပေါင်းလှူဒါန်းခဲ့ကြပါသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ခန်းမ၌ပင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌများ၊ ဆန်ကုန်သည်အသင်းဥက္ကဋ္ဌများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး “ တိုင်းဒေသကြီးသည် မိုးစပါး၊ နွေစပါးဧက(၅၂)သိန်းကျော်စိုက်ပျိုးပြီး စပါးတင်းသိန်းပေါင်း (၄)ထောင်ကျော် ထွက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆန်ဖူလုံမှုရှိသောကြောင့် တိုင်းပြင်ပသို့ တစ်လလျင် ဆန်အိတ်ပေါင်း(၇)သိန်းမှ (၈)သိန်းအထိ တင်ပို့လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးတောင်သူများ အတွက် နိုင်ငံ့သွင်းအားစုရန်ပုံငွေများဖြင့် သွင်းအားစုများထောက်ပံ့ပေးခဲ့ပါကြောင်း၊ တစ်ဧက(၁၀)တင်းနှုန်းပိုမိုတိုးတက်ထွက်ရှိရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ဧကပြည့်မီကျော်လွန်အောင်စိုက်ပျိုးနိုင်သည့်အပြင် အထွက်နှုန်းတိုးလာကာ စပါးများပိုမိုထွက်ရှိလာမည်ဖြစ်ရာ ဆန်စျေးနှုန်းတည်ငြိမ်ကျဆင်းလာစေရန်အထောက်အကူပြုပါကြောင်း၊ ယခုချိန်တွင်ကောက်စောစပါးများစတင်ပေါ်လာပြီဖြစ်ပါကြောင်း တိုင်းဒေသကြီးအနေဖြင့်နိုင်ငံတော်၏ အမျိုးသားရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံစားကုန်များ စျေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက်ပူးပေါင်းပါ၀င်ဆောင်ရွက်ပေးရန်" ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကိုရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
Read More...
31-Aug-2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း သဘာဝရေပြင်အတွင်းသို့ ငါးကောင်ရေနှစ်သိန်းကျော်အား တက်ရောက်စိုက်ထည့်ပေး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း နေကြာသီးနှံအောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် ကျွမ်းကျင်ပညာရှင်များ၏ ပညာပေးသင်တန်းဆောင်ရွက်မှုတင်ပြသည့် အစည်းအဝေးတက်ရောက်
Read More...
သဘာဝရေပြင်များအတွင်း ငါးသယံဇာတများ ပေါကြွယ်ဝစေရေး၊ ငါးမျိုးများမပြုန်းတီး စေရေး၊ ငါးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဒေသအတွင်းငါးရိက္ခာဖူလုံစေရေး၊ သဘာဝရေပြင်များတွင် ငါးမျိုးများရေရှည်စဉ်ဆက်မပြတ် တည်တံ့စေရေး ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့ကျေးရွာ၊ ကွင်းယားအရှေ့ကွင်း သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းကပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်း၍ ငါးမြစ်ချင်း ကောင်ရေငါးသောင်း၊ ငါးခုံးမကြီးကောင်ရေငါးသောင်း၊ ထိုင်းငါးပြေမ ကောင်ရေ ငါးသောင်းနှင့် ငါးရှဉ့်ကောင်ရေ တစ်သိန်းတို့အား စိုက်ထည့်ပေးခဲ့သည်။
ရှေးဦးစွာ သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ကန်ကြီးထောင့်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးက ရှင်းလင်းတင်ပြ ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အခမ်းအနားသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများက သဘာဝရေပြင်အတွင်းသို့ ငါးမျိုးများစုပေါင်း စိုက်ထည့်ပေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြစ်၊ ချောင်း၊ အင်း၊ အိုင်များ၊ သဘာဝရေပြင်များတွင် ငါးသယံဇာတများ ပေါကြွယ်ဝစေရေးအတွက် နှစ်စဉ်ငါးမျိုးများစိုက်ထည့်ပေးလျှက်ရှိပြီး ယခုနှစ် တွင် ငါးကောင်ရေ ကိုးဆယ့်ငါးသိန်းငါးသောင်းကျော် စိုက်ထည့်သွားမည်ဖြစ်ပါသည်။
ဆက်လက်၍ တိုင်းဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း နေကြာသီးနှံအောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် ကျွမ်းကျင် ပညာရှင်များ၏ ပညာပေးသင်တန်းဆောင်ရွက်ပြီးစီးမှုအား ရှင်းလင်းတင်ပြသည့် အခမ်းအနား သို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ သုတေသနအရာရှိက တိုင်းဒေသကြီးအတွင်းရှိ နေကြာစိုက်တောင်သူများအား (၂၁.၈.၂၀၂၃) ရက်နေ့မှ (၂၉.၈.၂၀၂၃) ရက်နေ့အထိ တောင်သူနည်းပညာပေးသင်တန်းများတွင် တောင်သူများမှ ဆွေးနွေးမေးမြန်းမှု များအပေါ် ဖြေကြားချက်များ၊ တွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံပြုချက်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေး တိုင်းဒေသကြီးဖြစ်ပြီး ဆန်ဖူလုံမှုရှိသော်လည်း ပန်းတိုင်အထွက်နှုန်းကို ရောက်ရှိအောင် ဆောင်ရွက်နေပါကြောင်း၊ ပဲမျိုးစုံဧက(၁၆)သိန်းကျော်စိုက်ပျိုးပြီး ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာကိုလည်းနှစ်အလိုက်တိုးချဲ့စိုက်ပျိုးလျက်ရှိပါကြောင်း၊ နေကြာစိုက်ပျိုးဖြစ်ထွန်း အောင်မြင်စေရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး အတွင်း ဆီဖူလုံမှုရရှိအောင် ဆီထွက်သီးနှံနေကြာကို တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ရာ ဆီစက်များကို အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နေကြာ စိုက်ပျိုးရာတွင် နည်းပညာနှင့် ကျွမ်းကျင်ပညာရှင်များလာရောက်ကွင်းဆင်း ပေးခဲ့သဖြင့် ကျေးဇူးတင်ပါကြောင်း၊ မျိုးကောင်းမျိုးသန့် များအား တောင်သူများထံသို့ အချိန်မီရောက်ရှိ နိုင်ရန်နှင့် မျိုး၊ မြေ၊ ရေ၊ နည်း စနစ်မှန်ရန်အတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးတွင် နေကြာစိုက်ပျိုးရာ၌ အထောက်အကူ ပြုသည့် ပျားမွေးမြူရေးသင်တန်းများ ကိုလည်း ဖွင့်လှစ်ပေးလျှက်ရှိပြီး လိုအပ်ချက်များကိုလည်း ထပ်မံဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း၌ပင် ပျားမွေးမြူ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး အတွင်းဆီဖူလုံမှုရှိစေရေး အတွက်လည်း ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျွမ်းကျင်ပညာရှင်များအနေဖြင့်လည်း နေကြာစိုက်ပျိုးမှု အောင်မြင်ရေးအတွက် ပါဝင်ကူညီပေးကြစေလိုကြောင်းနှင့် တောင်သူများအား အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိ ပါကြောင်း” ပြောကြားခဲ့သည်။
Read More...
30-Aug-2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကျိုက်လတ်မြို့နယ် ဌာနဆိုင်ရာများ၊ ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၊ ငါးမွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး အရိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့ နေ့လယ်ပိုင်းတွင် ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆန်စက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့ပါသည်။
ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ကျိုက်လတ်မြို့နယ်မှ တိုင်းဒေသကြီးပြင်ပသို့ နေ့စဉ် ဆန်တင်ပို့မှုအခြေအနေများ၊ ခရိုင်စားသုံးသူရေးရာဦးစီးမှူးက စပါးလက်ကျန်၊ ဆန်လက်ကျန်စာရင်းများ ကောက်ယူမှုအခြေအနေများနှင့် ဆန်စက်လုပ်ငန်းရှင်များက ဈေးကွက်သို့ ဆန်တင်ပို့ရောင်းချမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ တိုင်းဒေသကြီးသည် ဆန်ဖူလုံမှု ရှိပြီး ပြည်တွင်းပြည်ပသို့ တင်ပို့ရောင်းချလျက် ရှိပါကြောင်း၊ အခြေခံစားကုန်များ ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် အခြေခံလူတန်းစားများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိနိုင်ရေး ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ စပါးခွံလောင်စာ ဖြင့် Gasifier လုပ်ငန်း၊ လောင်စာတောင့်လုပ်ငန်း၊ သဘာဝမြေဩဇာလုပ်ငန်း၊ လျှပ်စစ်ထုတ် လုပ်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများအောင်မြင်စေရန် အတွက် ဆန်စက်လုပ်ငန်းရှင်များကလည်း ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း" အမှာ စကားများပြောကြားခဲ့ပြီး အစည်းအဝေးသို့တက်ရောက်လာသည့် ခရိုင်၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာများနှင့် ဆန်စက်လုပ်ငန်းရှင်များမှ ဆွေးနွေးတင်ပြမှုများအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရန်ကုန်-ပုသိမ် ကားလမ်းဘေးရှိ ရွှေရည်ဝင်း ငါးမွေးမြူရေးလုပ်ငန်းသို့ သွားရောက်၍ ကိုယ်ပိုင်အစာတောင့် စက်ဖြင့် ငါးအစာတောင့်ထုတ်လုပ်၍ ငါးအစာကျွေးခြင်း၊ ငါးဒန်၊ ငါးမုတ်၊ ငါးမြစ်ချင်း၊ ငါးကြင်းမွေးမြူထားရှိမှုများကို ကြည့်ရှုအားပေးပြီး ဈေးကွက်အတွင်း စျေးနှုန်းသက်သာစွာ တင်ပို့ရောင်းချနိုင်ရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့မွေးမြူနိုင်ရေး၊ ယခုအချိန်တွင် ငါးအစာများ ဈေးနှုန်းကြီးမြင့်နေသဖြင့် တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများထံသို့ ငါးအစာတောင့်များအား စျေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးနိုင်ရေး မှာကြားခဲ့သည်။
Read More...
29-Aug-2023