သတင်းများ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဘိုကလေးမြို့ပညာရေးဒီဂရီကောလိပ် ပညာရေးဘွဲ့(B.Ed) စာပေးစာယူသင်တန်း အမှတ်စဉ် (၃/၂၀၂၃)ပထမနှစ်နှင့် အမှတ်စဉ် (၁/၂၀၂၂) ဒုတိယနှစ်သင်တန်းကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်အားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့ ပညာရေးဒီဂရီကောလိပ်တွင် ပညာရေးဘွဲ့(B.Ed) စာပေးစာယူသင်တန်း အမှတ်စဉ် (၃/၂၀၂၃)ပထမနှစ်နှင့် အမှတ်စဉ်(၁/၂၀၂၂) ဒုတိယနှစ်သင်တန်း ကြိုဆိုပွဲအခမ်းအနားအား ယနေ့ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသ ကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ သင်တန်းသားသင်တန်းသူဆရာဆရာမများတက်ရောက်ခဲ့ကြသည်။
ဦးစွာအခမ်းအနားကို သင်တန်းသား/သင်တန်းသူများက ဘိုကလေးပညာရေးဒီဂရီကောလိပ်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ဆရာများ ခံယူအပ်သော သစ္စာဒိဌာန်ကို ရွတ်ဆိုခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ဧရာဝတီတိုင်းဒေသကြီးသည် ပညာရေးနှင့်ပတ်သက်၍ စံနမူနာပြတိုင်းဒေသကြီးတစ်ခုဖြစ်ပြီးအခြေခံပညာကျောင်းတက်ရောက်မှုအများဆုံး တိုင်းဒေသကြီးလည်းဖြစ်ကြောင်း၊ ဆရာကြီး၊ ဆရာမကြီးများသည် လောကကို ပညာဖြင့်အလှဆင်သူများ၊ လောကကိုဂရုဏာဖြင့်ဖြေဖျောက်သူများ၊ အများအကြိုးကိုယ်ကျိုးမဖတ် ဆောင်ရွက်တက်သူများဖြစ်ကြပါကြောင်း၊ ဆရာကြီးဆရာမကြီးများသည် ကျောင်းသားကျောင်းသူများ၏ စွမ်းရည်သတ္တိနှင့် ကိုယ်ရည်ကိုယ်သွေးပြည့်ဝစေရေးနှင့် နည်းမှန်လမ်းမှန်ရောက်အောင် သွန်သင် ဆောင်ရွက်ပေးကြသူများဖြစ်ကြပါကြောင်း၊ မိမိတို့တာဝန်ကျသည့်ကျောင်းများတွင် လိုအပ်ချက်များရှိပါကလည်း တင်ပြကြရန်၊ သင်တန်းပြီးဆုံး၍ ပညာရေးဘွဲ့ BED ရရှိပြီးပါက ပညာရေးစနစ်သစ်၏ အခြေခံပညာအထက်တန်းအဆင့်တွင် ဘာသာရပ်များအလိုက်လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီးနှင့်နိုင်ငံတော်အတွက် ပညာရေးကဏ္ဍကိုမြှင့်တင်ပေးကြသည့် အားကိုးအားထားရသည့် ဆရာကြီးဆရာမကြီးများဖြစ်ကြပါစေကြောင်းပြောကြားခဲ့သည်။
ထို့နောက် သင်တန်းသား သင်တန်းသူများမှ မြို့နယ်အလိုက် သင်တန်းတက်ရောက်မှုအခြေအနေ များတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသား သင်တန်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကာ ရင်းရင်းနှီးနှီးတွေ့ဆုံအးပေးခဲ့ပါသည်။ အဆိုပါ ဘိုကလေးပညာရေးဒီဂရီကောလိပ်၊ ပညာရေးဘွဲ့ (B.Ed) စာပေးစာယူသင်တန်း အမှတ်စဥ်(၃/၂၀၂၃)ပထမနှစ်တွင် ၃၄၉ ဦးနှင့် အမှတ်စဥ်(၁/၂၀၂၂) ဒုတိယနှစ်သင်တန်းတွင် ၃၃၉ ဦး စုစုပေါင်း ၆၈၈ဦး တက်ရောက်လျှက်ရှိကြောင်းသိရသည်။
Read More...
08-May-2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း လပွတ္တာမြို့နယ်သို့သွားရောက်၍ သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများပြင်ဆင်ထားရှိမှုများ ကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ လပွတ္တာခရိုင်မီးသတ်စခန်းသို့ရောက်ရှိ၍ သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ကြိုတင်ကာကွာရေး၊ အရေးပေါ်တုန့်ပြန်ရေးနှင့် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ၊ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စက်ယန္တရားများစုစည်းထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် လပွတ္တာခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ နှင့်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဌမှသဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဓိကအားဖြင့် ပင်လမ်းကမ်းစပ်၊ မြစ်ကမ်းစပ်အနီးရှိ ကျေးရွာများမှ ဒေသခံများ၊ ကျေးရွာတာဝန်ခံများနှင့် ဆက်သွယ်ရေးပြတ်တောက်မှုမရှိစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်၊ တပ်မတော်၊ ရဲတပ်ဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက်ထားရှိရန်၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ကော်မတီဝင်များအနေဖြင့် လုပ်ငန်းတာဝန်များခွဲဝေ၍ ကျေးရွာအလိုက် သိရှိအောင်ဆောင်ရွက်ကြရန်၊ cyclone shelter ၊ School cun shelter များတွင် စားရေရိက္ခာများ၊ ဆေးဝါးပစ္စည်းများ၊ ကယ်ဆယ်ရေးပစ္စည်းများ ဖြည့်တင်းဆောင်ရွက်ထားရှိရန်၊ လူ၊ တိရိစ္ဆာန် ထိခိုက်ပျက်စီးမှုမရှိစေရေး အလေးထားဆောင်ရွက်ရန်နှင့် ကျေးရွာများအရောက် အသိပညာပေးလုပ်ငန်းများ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာမြို့နယ်၊ ဇင်ရွဲလေးကျေးရွာ၊ school cun shulter သို့ရောက်ရှိ၍ သောက်သုံးရေ၊ ဆန်၊ ထင်း၊ လောင်စာတောင့်များ ကြိုတင် ပြင်ဆင်စုဆောင်း ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စား၊ရေ၊ ရိက္ခါများလုံလောက်စွာထားရှိစေရေးသက်ကြီးဘိုးဘွားများ၊ ကလေးငယ်များ စောလျင်စွာပြောင်းရွှေ့ထားစေရေးမှာကြားခဲ့သည်။ အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာမြို့နယ်၊ သင်္ကန်းကြီးကျေးရွာ၊ school cun shulter သို့ရောက်ရှိ၍ ကြိုတင် ပြင်ဆင်ဆောက်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သောက်ရေ၊ သုံးရေများလုံလောက်စွာရရှိရေး၊ သန့်ရှင်းရေးလုပ်ငန်းများစနစ်တကျဆောင်ရွက်ရေး၊ ပြည်သူများ မုန်တိုင်းရှောင်ကာလအတွင်း ၄င်းတို့၏ ကျေးရွာများရှိ အိုးအိမ်ပစ္စည်းများလုံခြုံမှုရှိစေရန် လုံခြုံရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။
Read More...
08-May-2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း လပွတ္တာမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဥ်(၆) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ လပွတ္တာမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ရောက်ရှိ၍ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဥ်(၆) သင်တန်းဖွင့်ပွဲသို့တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုသင်တန်းသည် အမျိုးသမီးငယ်များ အိုးမကွာအိမ်မကွာဖြင့် ဝင်ငွေရရှိပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိ၍ မိသားစုအား အထောက်အပံ့ပြုနိုင်မှာဖြစ်ကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ပြည်ထောင်စုစိတ်ဓါတ်ခိုင်မြဲရေး၊ နယ်စပ်ဒေသတွင်နေထိုင်သော ပြည်သူများ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစဥ်တစိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အိမ်တွင်းမှုသင်တန်းကျောင်းများတွင် ခေတ်နှင့်လျှော်ညီသော စက်ချုပ်ဘာသာရပ်များ၊ လက်မှုဘာသာရပ်များ၊ မုန့်လုပ်နည်းဘာသာရပ်များအပြင် အသိပညာပေးဆွေးနွေးမှုများကိုလည်း သင်ကြားပို့ချပေးလျှက်ရှိကြောင်း၊ သင်တန်းသူများအနေဖြင့် ပညာသင်ကြားစဥ်တွင် အချိန်ကိုအကြိုးရှိစွာအသုံးချရန်၊ အချင်းချင်း စည်းလုံးညီညွတ်မှု၊ ကူညီရိုင်းပင်းမှုတွေကို ဆောင်ရွက်ကြရန်လိုကြောင်း၊ သင်တန်းကရရှိသည့် အသက်မွေးဝမ်းကျောင်းပညာနှင့် ဗဟုသုတများကို လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိ အသုံးချကြရန်အတွက် သင်တန်းကာလအတွင်း ကြိုးစားသင်ယူကြရန် ပြောကြားခဲ့ပြီးနောက် သင်တန်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ထို့နောက်သင်တန်းကျောင်း ကျောင်းအုပ်ကြီးမှ သင်တန်းဖွင့်လှစ်ပို့ချမှုအခြေအနေများရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များမှာကြားခဲ့ကာ သင်ထောက်ကူပစ္စည်းများနှင့် လက်မှုပစ္စည်းများအား လိုက်လံကြည့်ရှုခဲ့ပါသည်။
Read More...
08-May-2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြောင်းမြပညာရေးဒီဂရီကောလိပ်၊ ပညာရေးဘွဲ့ (B.Ed)စာပေးစာယူသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြောင်းမြပညာရေးဒီဂရီကောလိပ်၊ ပညာရေးဘွဲ့(B.E.D) စာပေးစာယူသင်တန်း ဒုတိယနှစ်(၁/၂၀၂၂)နှင့် ပထမနှစ် (၃/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
ဦးစွာ သင်တန်းသား၊သင်တန်းသူများက မြောင်းမြပညာရေးဒီဂရီကောလိပ်ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် " ဧရာဝတီတိုင်းဒေသကြီးသည် ပညာရေးကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှုအားကောင်းသည့် တိုင်းဒေသကြီးဖြစ်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် အခြေခံပညာကျောင်းများတွင် ကျောင်းတက်ရောက်မှုအများဆုံးတိုင်းဒေသကြီးဖြစ်ကြောင်း၊ ပညာရေးဘွဲ့ တက်ရောက် ကြသည့် ဆရာကြီး၊ဆရာမကြီးအတွက်လည်း များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ဆရာကြီး၊ဆရာမကြီးများသည် ပညာရေးကဏ္ဍအား ဖွံ့ဖြိုးတိုးတက်စေရန်ဆောင်ရွက်ခဲ့သည့်သူများဖြစ်ပြီးအများအတွက်ကိုယ်ကြိုးမဖတ်ထမ်းရွက်ကြသူများ၊ တပည့်သားသမီးများအား တတ်သိလိမ္မာအောင်၊ လမ်းမှားရောက်နေသည်များကို လမ်းမှန်ရောက်စေရန်အတွက် သွန်သင်ဆုံးမ ကြသူများ ဖြစ်ပါကြောင်း၊ စာကိုလည်းသင် စိတ်ကိုလည်းပြင်ရမှာဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရန်နှင့်အနိမ့်ဆုံးအခြေခံပညာအလယ်တန်းအဆင့်KG+9 အောင်မြင်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ စနစ်သစ်ပညာရေးစနစ်တွင် ပြီးပြည့်စုံစေရေး ဆရာ၊ ဆရာမများ၏ အရည်အသွေးများ တိုးတက်မြင့်မားလာစေရေးအတွက် စွမ်းဆောင်ရည့်မြှင့်သင်းတန်းများ၊ မွမ်းမံသင်တန်းများ၊ ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲများကိုလည်း ဆောင်ရွက် အားဖြည့်ပေးလျှက်ရှိပါကြောင်း၊ နည်းပညာများတိုးတက်ပြောင်းလဲလာသည့်အတွက် လည်း ဆရာ၊ ဆရာမများအနေဖြင့် အမြဲတမ်းလေ့လာမှတ်သားနေရမှာဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးနှင့်နိုင်ငံတော်အတွက် ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရေးဝိုင်းဝန်းကြိုးစားပေးကြရန်တိုက်တွန်းအမှာစကားပြောကြား၍ သင်တန်းသား၊သင်တန်းသူ ဆရာကြီး၊ဆရာမကြီးများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သင်တန်းသားသင်တန်းသူဆရာ/ဆရာများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။
အဆိုပါ ပညာရေးဘွဲ့(B.E.D) စာပေးစာယူ ဒုတိယနှစ်(၁/၂၀၂၂) သင်တန်းတွင် ဘာသာရပ်အလိုက် သင်တန်းသားသင်တန်းသူဆရာ/ ဆရာမ ၁၉၅ ဦးနှင့် ပထမနှစ် (၃/၂၀၂၃)သင်းတန်းတွင် ဘာသာရပ်အလိုက် သင်တန်းသားသင်တန်းသူဆရာ/ ဆရာမ ၁၉၁ ဦး တက်ရောက်လျက်ရှိပါသည်။
Read More...
08-May-2023
ကြံခင်းမြို့နယ်၊ပိန္နဲကွင်းကျောင်းတိုက်၏ဦးစီးပဓာန နာယက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဇောတိဿရ ဆရာတော်ကြီးအား အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ထပ်ဆင့်ဂုဏဝိသိဋ္ဌပူဇာသဘင်အခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ကြည်ညိုပူဇော်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊မြန်အောင်ခရိုင်၊ကြံခင်းမြို့နယ်၊ပိန္နဲကွင်းကျောင်းတိုက်၏ဦးစီးပဓာန နာယက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဇောတိဿရ ဆရာတော်ကြီးအား အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ထပ်ဆင့်ဂုဏဝိသိဋ္ဌပူဇာသဘင်အခမ်းအနားအား ယနေ့နံနက်ပိုင်းက ပိန္နဲကွင်းကျောင်းတိုက်၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ဩဝါဒစရိယဆရာတော်ကြီးများ၊ ပင့်သံဃာအရှင်သူမြတ်များ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်တော်မူလာကြသော ဩဝါဒစရိယဆရာတော်ကြီးများ၊မဟာဒွါရနိကာယ ဒုတိယသာနာပိုင် ဆရာတော်ကြီးနှင့် သံဃနာယကဆရာတော်ကြီးများအမှူးပြုသော ဆရာတော် သံဃာတော်များအား ဓမ္မာရုံသို့ပင့်ဆောင်ခဲ့ကြပြီး လယ်ယာကျောင်းဆရာတော်မှ ပလ္လင်တော်ပင့်အခါတော်ကြားဂါထာအား ရွတ်ဖတ်ပူဇော်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ပိန္နဲကွင်းဆရာတော်ကြီးအား ဓမ္မာရုံတော်သို့အကျိုးတော်ဆောင် သာသနာတော်ထုံးတမ်းအစဉ်အလာနှင့်အညီ ဆက်လက်ပင့်ဆောင်ခဲ့ကြပြီးနောက် အခမ်းအနားအား ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့သည်။
ဆက်လက်၍ ကြံခင်းမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ(မဟာဒွါရ)အဂ္ဂမဟာကမ္မဌာနစရိယ ကန်ကလေးတောရဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား တင်ပြလျှောက်ထားသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သက်တော်ရှည် ဆရာတော်ကြီး(၃)ပါးအား လှူဖွယ်ဝတ္ထုပစ္စည်း ဆက်ကပ်လှူဒါန်းခဲ့ပြီး ဘွဲ့ခံဆရာတော်ကြီးအား ဘွဲ့တံဆိပ်တော်နှင့်အဆောင်အယောင်များ ထပ်ဆင့်ဆက်ကပ်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ပိန္နဲကွင်းဆရာတော်ကြီးထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကြံခင်းမြို့နယ်၊ရှောက်ခုံကျေးရွာ၌ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းဖြင့်ဆောင်ရွက်သည့် ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လျှပ်စစ်မီးအား မီးခလုပ်နှိပ်ဖွင့်လှစ်ကာ ကမ္ဗည်းမော်ကွန်းအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့သည်။ ထို့နောက် ရှောက်ခုံကျေးလက်ကျန်းမာရေးဌာနခွဲသို့သွားရောက်၍ လျှပ်စစ်မီးအားစက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး ဆေးပေးခန်းနှင့်ဝန်ထမ်းအိမ်ရာဆောက်လုပ်ပြီးစီးမှုအားကြည့်ရှုစစ်ဆေးခဲ့ကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။
Read More...
06-May-2023