သတင်းများ


တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရွှေသောင်ယံမြို့ဒေသခံပြည်သူများနှင့်တွေ့ဆုံ၊ ချောင်းသာမြို့၊ ဒေါနတောင်ကျောင်းတိုက်၌ မုန်တိုင်းဘေးကြောင့် ခိုလှုံသည့် ပြည်သူများအား တွေ့ဆုံအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရွှေသောင်ယံမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက မုန်တိုင်းသတိပေးချက်များအား အချိန်နှင့်တပြေးညီထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊ကမ်းခြေဒေသ၌ နေထိုင်သည့်ပြည်သူများအနေဖြင့် မုန်တိုင်းသတိပေးချက်များအား အမြဲမပြတ်လေ့လာနေရန်လိုအပ်ပါကြောင်း၊ တစ်ပါးကျောင်းသီတင်းသုံးနေထိုင်သည့် ဘုန်းတော်ကြီးများ၊သက်ကြီးရွယ်အိုများအား ဘေးလွတ်ရာစုရပ်များသို့ကြိုတင်ရွှေ့ပြောင်းရမှာဖြစ်ကြောင်း၊အစစအရာရာပေါ့ဆမနေဘဲ သတိဝိရိယဖြင့် နေထိုင်ကြရမှာဖြစ်ပါကြောင်း”ပြောကြားခဲ့ပြီး ကွပ်ကဲရေးရုံးဖွင့်လှစ်ထားရှိမှုနှင့်  မုန်တိုင်းဘေးမှလာရောက်ခိုလှုံသည့် ပြည်သူများအတွက် ဆေးဝါး၊စား၊ရေ၊ ရိက္ခာများအား တာဝန်ခံများထံပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရွှေသောင်ယံမြို့၊ သပေါ့ကန်ကျေးရွာရှိ ဓမ္မသုခကာရီကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမြော်၍ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များအား တင်ပြလျှောက်ထားခဲ့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။  ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ချောင်းသာမြို့၊ ဒေါနတောင်ကျောင်းတိုက်သို့ သွားရောက်၍ မုန်တိုင်းဘေးကြောင့် ခိုလှုံသည့် ပြည်သူများအား တွေ့ဆုံအားပေးခဲ့ပြီး ဒေါနတောင်ကျောင်းတိုက်ဆရာတော်အားဖူးမြှော်၍  မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များအား တင်ပြလျှောက်ထားခဲ့ကာ မုန်တိုင်းရှောင် ပြည်သူများအတွက် ဆေးဝါး၊စား၊ရေ၊ ရိက္ခာများအား တာဝန်ခံများထံပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ချောင်းသာမြို့၊အမှတ်(၃)ရပ်ကွက်ရှိ ဆိုဂ်ကလုန်းရှယ်တာသို့သွားရောက်၍ မုန်တိုင်းရှောင်ပြည်သူများ ပြောင်းရွှေ့နေထိုင်နိုင်ရေးပြင်ဆင်ထားရှိမှုများအားကြည့်ရှုစစ်ဆေးခဲ့ပြီး ဆိုင်ကလုန်းရှယ်တာနှင့်ဘုန်း​တော်ကြီး​ကျောင်းများတွင်မုန်တိုင်း​ရှောင်​ရောက်ရှိလာကြသူများအတွက်စား​သောက်မှုအဆင်​ပြေစေရေးဆောင်ရွက်​ပေးရန်မှာကြားခဲ့ကြောင်းသိရသည်။


Read More...
11-May-2023
ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ကွပ်ကဲရေးရုံး၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော  ဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)”နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး၊ အရေးပေါ် တုံ့ပြန်နိုင်ရေးနှင့် ပြန်လည်ထူထောင်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ကွပ်ကဲရေးရုံးများအဆင့်ဆင့်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ဖွင့်လှစ်ထားရှိသည့် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ကွပ်ကဲရေးရုံး၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ကွပ်ကဲရေးရုံးတာဝန်ရှိသူများမှ မုန်တိုင်းတိုက်ခတ်စဉ်နှင့် မုန်တိုင်းဝင်ရောက်နိုင်မည့်လမ်းကြောင်းတစ်လျှောက် ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှု၊ လေတိုက်ခတ်အခြေအနေများနှင့် စား၊ ရေ၊ ရိက္ခာထောက်ပံံ့ဆောင်ရွက်ပေးနိုင်မှုအခြေအနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ကွပ်ကဲရေးရုံးအဆင့်ဆင့်မှ သတင်းတင်ပြချက်များ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ရန်နှင့် ဆက်သွယ်ရေးမပြတ်တောက်စေရေး လိုအပ်သည်များကြိုတင်ဆောင်ရွက်ထားရန်လိုကြောင်း၊  ခရိုင်အလိုက်ကြိုတင်ပြောင်းရွှေ့ရန်လိုအပ်သည့်နေရာဒေသများသို့ ရှေ့ပြေးအဖွဲ့များ စေလွှတ်ထားရှိပြီးဖြစ်ရာ သက်ဆိုင်ရာနေရာများသို့ ရောက်ရှိဆောင်ရွက်ထားရှိမှုအခြေအနေများ စဉ်ဆက်မပြက်တင်ပြပေးရန်လိုပါကြောင်း၊ မုန်တိုင်းဖြစ်ပေါ်မှုအခြေအနေနှင့် ဦးတည်ရာလမ်းကြောင်းတစ်လျှောက်ရှိ နေရာဒေသများရှိ ပြည်သူများကြိုတင်ပြောင်းရွှေ့ပေးထားကြရမှာဖြစ်ပြီး တစ်ပါးထိုင်ဘုန်းတော်ကြီးကျောင်းများ၊ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များဦးစားပေးပြောင်းရွှေ့ထားရန်လိုပါကြောင်း၊ ဆိုင်ကလုန်းရှယ်တာနှင့် ဘေးလွတ်ရာနေရာများသို့ ရောက်ရှိနေကြမည့်ပြည်သူများအတွက် စား၊ ရေ၊ ရိက္ခာ၊ ဆေးဝါးများ အခက်အခဲမရှိစေရေးဆောင်ရွက်ပေးရန်နှင့် မုန်တိုင်းနှင််ပတ်သက်သည့် ထိခိုက်ပျက်စီးမှုများအားမှတ်တမ်းထားရှိဆောင်ရွက်ရန်”ပြောကြားခဲ့သည်။


Read More...
11-May-2023
တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၃) ကျင်းပ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊အစည်းအဝေးခန်းမ(၁)၌ တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၃)အား ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ကော်မတီအဖွဲ့များအနေဖြင့် မှတ်တမ်းမှတ်ရာများပြုစုခြင်း၊ လူအင်အားစုဖွဲ့ခြင်းများကို နေ့စဉ်တင်ပြဆောင်ရွက်ရမှာဖြစ်ပါကြောင်းနှင့် အချက်အလက်များအား အချိန်နှင့်တစ်ပြေးညီတင်ပြဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊တိုင်းဒေသကြီးအတွင်းရှိ ဆိုင်ကလုန်းရှယ်တာများ၌ သောက်သုံးရေများလုံလောက်စွာ ပြင်ဆင်ထားရန်လိုပါကြောင်းနှင့် သန့်ရှင်းသောသောက်သုံးရေ ရရှိရေးအတွက် ရေသန့်ဆေးပြားလည်း အချိန်မီရောက်ရှိရန်လိုပါကြောင်း၊တိုင်းဒေသကြီးမှအစိုးရအဖွဲ့က ဖွဲ့စည်းပေးထားသည့် ကော်မတီများကလည်း သဘာဝဘေးကြောင့်ပျက်စီးမှုများရှိလာပါက ကိန်းဂဏန်းအချက်အလက်များအား စနစ်တကျတင်ပြ ဆောင်ရွက်ရန်လိုပါကြောင်းနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်နှင့် ပစ္စည်းများစနစ်တကျ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများစုဆောင်း ထားရှိရန်လိုပါကြောင်း၊ကော်မတီများအနေဖြင့် ကြိုတင်ပြင်ဆင်မှုကောင်းမှသာ ပြီးပြည့်စုံမှာဖြစ်ပါကြောင်း၊သောက်သုံးရေလုံလောက်စွာရရှိရေးအတွက် ရေလှောင်ကန်များကိုလည်း စနစ်တကျ ဆောင်ရွက်ထားရှိရန်နှင့် စားနပ်ရိက္ခာလုံလောက်စွာသိုလှောင်ထားရှိရေး၊ချက်ပြုတ်စားသောက်နိုင်ရေးအတွက်လည်း ထင်း၊မီးသွေးများကိုလည်း ကြိုတင်စုဆောင်းထားရှိရန်လိုပါကြောင်း၊ကော်မတီများအနေဖြင့် အမျိုးသားသဘာဝဘေးကော်မတီက တောင်းခံသည့်အချက်အလက်များအား အချိန်တစ်ပြေးညီ ပေးပို့နိုင်ရေးဆောင်ရွက်သွားကြရန်နှင့် ဆက်သွယ်ရေးပစ္စည်းများအား စနစ်တကျအသုံးပြုနိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းများလည်း ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ကော်မတီများအားလုံးကလည်း မိမိတို့၏ကော်မတီများ၏ လုပ်ငန်းများအပြင် အခြားသောကေယ်မတီများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန်လိုပါကြောင်း”ပြောကြားသည်။ ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက သဘာဝဘေးကျရောက်ပါက ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများအားလည်းကောင်း၊မိုးလေဝသနှင့်ဇလဗေဒ ခန့်မှန်းချက်များကို မိုးလေဝသနှင့်ဇလဗေဒလက်ထောက်ညွှန်ကြားရေးမှုးက ယနေ့ညနေ(၄)နာအချိန်ထုတ်ပြန်ချက်များအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပြီးနောက်  အစည်းအဝေးသို့တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


Read More...
09-May-2023
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့များအား တွေ့ဆုံမှာကြား
ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေးကျရောက်လာပါက အရေးပေါ်တုန့်ပြန်ရေး၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ယာဉ်၊အထောက်အကူပြုပစ္စည်းများ ပြင်ဆင်စုဖွဲ့ထားခြင်းနှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်  လွတ်လပ်ရေးကျောက်တိုင်အားကစားကွင်း၌ ယနေ့ညနေပိုင်းက လိုအပ်သည်များကို တွေ့ဆုံမှာကြားခဲ့ကြောင်းသိရသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တပ်ရင်းတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ Volunteerများ နှင့်တွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားကာ  လူအင်အား၊ ဆက်သွယ်ရေးယာဉ်များ၊သယ်ယူပို့ဆောင်ရေးယဉ်များ၊ရေသန့်စင်စက်တင်ယာဉ်၊ ရေသယ်ယာဉ်များနှင့် အရေးပေါ်လူနာတင်ယာဉ်များစုစည်းထားရှိမှုများနှင့်သဘာဝဘေးကူညီကယ်ဆယ်ရေးအထောက်အကူပြုပစ္စည်းများပြင်ဆင်စုဖွဲ့ထားရှိမှုများ၊ စားသောက်ဖွယ်ရာများစုစည်းထားရှိမှု နှင့် ကော်မတီများအလိုက်စုဖွဲ့ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အစုအဖွဲ့များအနေဖြင့် သဘာဝဘေးအန္တရာယ်များကျရောက်ခဲ့ပါက ကြိုတင်ကာကွယ်ရေး၊ အရေးပေါ်တုန့်ပြန်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် အရံသင့်စုဖွဲ့ထားခြင်းဖြစ်ပါကြောင်း၊ ယာဉ်၊ ယန္တရားများလည်းစုစည်းထားရှိပြီး အရေးပေါ်အခြေအနေများတွင် အသင့်အသုံးပြုနိုင်ရေး ဆောင်ရွက်ထားရှိပါကြောင်း၊ အစုအဖွဲ့များအနေဖြင့် ဘေးသင့်ရာနေရာဒေသများသို့သွားရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ မြန်ဆန်ထိရောက်စွာ ဆောင်ရွက်နိုင်ရန်မှာကြားခဲ့သည်။ ထို့နောက် ရွှေပုသိမ်ဧည့်ရိပ်သာသို့ သွားရောက်၍ ‌သဘာဝဘေးကျရောက်လာပါက ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် ဆန်၊ဆီ၊ဆား၊ရေသန့်နှင့် ခေါက်ဆွဲခြောက်များအား စနစ်တကျသိုလှောင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး သဘာဝေးကျရောက်သည့်နေရာများကို အမြန်ဆုံးရောက်ရှိရေး ဆောင်ရွက်ရန်နှင့် ပြည်သူများ၏လက်ဝယ်အရောက် စနစ်တကျရောက်ရှိရေးတို့ကို အစီအမံများချမှတ်၍ စနစ်တကျဆောင်ရွက်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။


Read More...
09-May-2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ဆောင်ပုဒ် ဗီနိုင်းစိုက်ထူပွဲအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်
၂၀၂၃-၂၀၂၄ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ဆောင်ပုဒ် ဗီနိုင်းစိုက်ထူပွဲအား ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးပညာရေးမှူးရုံးရှေ့၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးပညာရေးမှူး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ တက်ရောက်ခဲ့ပါသည်။ ဦးစွာ တိုင်း​ဒေသကြီးဝန်ကြီးချုပ်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ် ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။၂၀၂၃-၂၀၂၄ပညာသင်နှစ်အတွက် ဆောင်ပုဒ်မှာ “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့”ဖြစ်ပြီး ၂၀၂၃ခုနှစ်၊ ​မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ သတ်မှတ်ထားကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်စက်မှုစီမံကိန်းသို့သွားရောက်၍ ပေါင်းဆန်စက်တည်ဆောက်​နေမှုအ​ခြေအ​နေများ၊ ဆန်သို​လှောင်ထားရှိရန် ပြင်ဆင်​ဆောင်ရွက်​နေမှုအ​ခြေအ​နေများ၊ဝယ်ယူကြိတ်ခွဲမည့်အ​ခြေအ​နေများ၊  ပြည်ပနှင့် ရန်ကုန်​စျေးကွက်များသို့ တင်ပို့မည့် အ​ခြေအ​နေများ၊ ပြည်ပနိုင်ငံများနှင့်ချိတ်ဆက်၍  မတ်ပဲတင်ပို့ရောင်းချနိုင်ရန် ပဲသန့်စင်ခြင်းချိန်တွယ်ခြင်းနှင် ပဲနမူနာပေးပို့နိုင်ရန်ဆောင်ရွက်နေမှုများအား ပုသိမ်စက်မှုစီမံကိန်း ဒုတိယဥက္ကဌမှ ရှင်းလင်းတင်ပြခဲ့ရာ တိုင်း​ဒေသကြီးဝန်ကြီးချုပ်က ပြည်ပပို့ကုန်များ အရည်အ​သွေးပြည့်ဝမှုရှိ​စေရေး၊ ပြည်ပပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်​ရေးအတွက် အရည်အ​သွေးပြည့်ဝ​သောထုတ်ကုန်များ ထုတ်လုပ်နိုင်​ရေး နှင့် မုန်တိုင်းအန္တရာယ်သတိပေးချက်များထုတ်ပြန်လျက်ရှိရာ ဝယ်ယူစုဆောင်းထားရှိသည့် သီးနှံများ ထိခိုက်ပျက်စီးမှုမရှိစေရေးလုံခြုံစွာဖုံးအုပ်ထားရှိရန်၊ အမိုးအကာအောက်များတွင် သိုလှောင်သိမ်းဆည်းထားရန်မှာကြားခဲ့သည်။


Read More...
09-May-2023