သတင်းများ


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ဒီဇင်ဘာလူထုအားကစားလ တတိယပတ်စုပေါင်းလမ်းလျှောက်ပွဲတွင် ပြည်သူများနှင့်အတူ ပါဝင်ဆင်နွှဲ
တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီဇင်ဘာလအား လူထုလှုပ်ရှား အားကစားလအဖြစ်သတ်မှတ်၍ နှစ်စဉ်နှစ်တိုင်း စုပေါင်းလမ်းလျှောက်ပွဲကို ပြုလုပ်လျှက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင်လည်း စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြည်သူများပါဝင်ဆင်နွှဲခဲ့ကြသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က သေနတ်ပစ်ဖောက်၍ စုပေါင်းလမ်းလျှောက်ပွဲအား ဖွင့်လှစ်ပေးပြီးနောက် ရွှေရုပ်တုအဝိုင်းရှေ့မှစတင်၍ မဟာဗန္ဓုလလမ်းမကြီးအတိုင်း တပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ကိုးသိန်းအားကစားကွင်းသို့ရောက်ရှိကာ ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းများ၊ Physical Fitness dance များအား အတူတကွ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဒီဇင်ဘာလ တတိယပတ် စုပေါင်း လမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း(၅၀၀၀)ဦးခန့်က တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြကြောင်းသိရသည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများသည် ပုသိမ်မြို့၊ ကိုးသိန်းမိုးလုံလေလုံအားကစားကွင်း၌ပြုလုပ်သည့် ဒီဇင်ဘာလူထုအားကစားလ ဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ဒုတိယဆုရရှိသည့်အသင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ ပထမဆုရရှိသည့်အသင်းအားနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်ကလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။


Read More...
16-Dec-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာ၌ တောင်သူများတွေ့ဆုံပွဲ၊ ဆီထွက်သီးနှံနေကြာစိုက်ပျိုးခြင်းနှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကွင်းပိတ်စိုက်ပျိုးပွဲ အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာ၌ တောင်သူများတွေ့ဆုံပွဲ၊ ဆီထွက်သီးနှံနေကြာစိုက်ပျိုးခြင်းနှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကွင်းပိတ်စိုက်ပျိုးပွဲ အခမ်းအနားတက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ လာမည့်မိုးစပါးစိုက်ရာသီတွင် ရေတော်မိုးတော် စိုက်ဧက (၂၇)သိန်းကျော်အား ပိုက်ဆံလျှော်များ အပြည့်အဝထည့်သွင်း စိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့ထုတ်လုပ်နိုင်ရန် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်အသီးသီး၌ ရည်မှန်းချက်ထားဆောင်ရွက်ခဲ့ပါကြောင်း၊ ပိုက်ဆံလျှော်ထည့်သွင်း စိုက်ပျိုးခြင်းဖြင့်တောင်သူများ၏ လယ်ဧကများ၌ ဓာတ်မြေဩဇာလိုအပ်ချက်လျော့ချနိုင်ပြီး မြေဆီလွှာပျက်စီးမှုများကို ပြန်လည်ကောင်းမွန်စေမည်ဖြစ်ပါကြောင်း၊ ယခုနှစ်မိုးစပါးစိုက် ရာသီတွင် ရေတော်မိုးတော်စိုက်ဧကတစ်သိန်းအား ပိုက်ဆံလျှော်များ ထည့်သွင်းစိုက်ပျိုးခဲ့ပြီး လာမည့်မိုးစပါးစိုက်ရာသီ ရေတော်မိုးတော်စိုက်ဧက (၂၇)သိန်းကျော်အား ပိုက်ဆံလျှော်များ အပြည့်အဝထည့်သွင်းစိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာမြို့နယ်အလိုက် အဖွဲ့လိုက်စုပေါင်း စနစ်ဖြင့် အချိန်မီစိုက်ပျိုးနိုင်စေရေးဆောင်ရွက်ခဲ့ပါကြောင်း၊ သီးနှံများစိုက်ပျိုးရာတွင် မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင်စိုက်ပျိုးရမည် ဖြစ်ပါကြောင်းနှင့် ရာသီမီအောင်စိုက်ပျိုးနိုင်ရေးအတွက် တာဝန်ရှိသူများအား ကွင်းဆင်းကြပ်မတ် ဆောင်ရွက် စေလျက်ရှိပါကြောင်း၊ ဆီဖူလုံရေးအတွက် မြေပဲ၊ နှမ်းအပြင်ဆီထွက်သီးနှံ(နေကြာ)ကိုလည်း အောင်မြင်အောင် တိုးချဲ့စိုက်ပျိုးလျက်ရှိပါကြောင်းနှင့် တောင်သူများ၊ ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ယနေ့တွင် ပိုက်ဆံလျှော်မျိုးစေ့ထုတ် စိုက်ပျိုးခြင်းများအား ကွင်းပိတ်စိုက်ပျိုးပေးနိုင်ခဲ့ခြင်းဖြစ်၍ တောင်သူများ၊ ဌာနဆိုင်ရာများအား ကျေးဇူးတင်ရှိကြောင်း” အမှာစကားပြောကြားသည်။ ဆက်လက်၍ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးက သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)၊ ဆီထွက်သီးနှံနေကြာစိုက်ပျိုးရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆီထွက်သီးနှံနေကြာနှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ကွင်းပိတ်စိုက်ပျိုးပွဲအား ဌာနဆိုင်ရာများက စုပေါင်းစိုက်ပျိုးပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။ ပုသိမ်မြို့နယ်အနေဖြင့် ၂၀၂၃-၂၀၂၄ ဆောင်းရာသီ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ် စိုက်ဧက (၂၅၀၀)ဧကအား ကွင်းပိတ်စိုက်ပျိုး ပြီးစီးကြောင်းသိရသည်။


Read More...
15-Dec-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)မှ ကွင်းဆင်းကုသရေးအဖွဲ့အားတွေ့ဆုံအားပေး
ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျောင်းကုန်းမြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်၊ ပုသိမ်မြို့နယ်များ၌ ယခုလ၁၁ရက်နေ့မှ ၁၄ရက်နေ့အထိ ဒေသခံပြည်သူများအား သွားနှင့်ခံတွင်းအခမဲ့ကုသပေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေးစစ်တမ်းကောက်ယူခြင်းနှင့် သွားနှင့်ခံတွင်းကျန်းမာရေးအသိပညာပေးခြင်း ဆောင်ရွက်ပေးခဲ့သည့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)မှ ကွင်းဆင်းကုသရေးအဖွဲ့အား တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက မြောင်းမြကျောင်းတိုက်သို့ သွားရောက်၍ ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးခဲ့သည်။ အဆိုပါကုသရေးအဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျောင်းကုန်းမြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်၊ ပုသိမ်မြို့နယ်များရှိဒေသခံပြည်သူများအား သွားနှင့်ခံတွင်းအခမဲ့ ကုသပေးခြင်း(၁၀၂၂)ဦး၊ သွားနှင့်ခံတွင်းကျန်းမာရေးစစ်ဆေးပေးခြင်း (၁၉၅၂)ဉီး၊ သွားနှင့်ခံတွင်းကျန်းမာရေးစစ်တမ်းကောက်ယူခြင်း(၁၆၇၃)ဦး၊ သွားနှင့်ခံတွင်းကျန်းမာရေး အသိပညာပေးခြင်း (၂၁၉၀)ဦးအား ကုသဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


Read More...
15-Dec-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် မရမ်းချိုကျောင်းတိုက် ဆရာတော်ကြီး၏ ဝိဇာတမွေးနေ့မင်္ဂလာအား တက်ရောက်ဖူးမြော်ကြည်ညို
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မရမ်းချိုကျောင်းပရိယတ္တိစာသင်တိုက်နှင့် ဓာတုဝိဇ္ဇာပရိယတ္တိပဋိပတ္တိကျောင်းတိုက်များ၏ ပဓာနမဟာနာယက ဘဒ္ဒန္တသောဘိတ(အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)ဆရာတော်ဘုရာကြီး၏ သက်တော်(၈၃)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက မရမ်းချိုကျောင်းပရိယတ္တိစာသင်တိုက်၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများတက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဆရာတော်ကြီးများအား လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား တင်ပြလျှောက်ထားခဲ့ကြသည်။ ထို့နောက် ဆရာတော်ကြီးအမှူးရှိသော ရဟန်း ၅၁ပါး၊ သာမဏေ ၂၀၁ပါး စုစုပေါင်းသံဃာတော် ၂၅၂ပါးတို့အား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။


Read More...
13-Dec-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ၊ တောင်သူများတွေ့ဆုံပွဲနှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)၊ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးပွဲအခမ်းအနားတက်ရောက်
(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်၊ သာပေါင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် သာပေါင်းမြို့၊ အမှတ်(၃) ရပ်ကွက်ရှိ ကွင်းသာယာကွန်ကရစ်လမ်းသစ် ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်းတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ခေတ္တညွှန်ကြားရေးမှူးက ကွင်းသာယာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ်အလံအားတိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့လည်းကောင်း၊ မြို့နယ်စည်ပင်သာရေးအဖွဲ့ အမှုဆောင်အရာရှိက လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးထံသို့လည်းကောင်း အသီးသီးပေးအပ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က ကွန်ကရစ်လမ်းသစ် အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကွင်းသာယာကွန်ကရစ်လမ်းသစ်ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ ရေရှည်တည်တံ့စေရေးထိန်းသိမ်းစောင့်ရှောက်ကြရန်မှာကြားခဲ့ပြီး ဖျော်ဖြေရေး အဖွဲ့များအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ အဆိုပါကွန်ကရစ်လမ်းသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် သာပေါင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့်ဆောင်ရွက်သောလမ်းဖြစ်ပြီး အလျား ၇၃၀ပေ၊ အကျယ်၁၂ပေနှင့် ထု ၈ လက်မ ရှိကြောင်းသိရပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြို့အင်္ဂါရပ်နှင့်အညီ သာယာလှပစေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့သော လမ်းဖြစ်ကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သံလျက်စွန်းကျေးရွာတွင်ပြုလုပ်သည့် တောင်သူများတွေ့ဆုံပွဲနှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)၊ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးပွဲ အခမ်းအနားအား တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယခုကဲ့သို့ တောင်သူများနှင့်တွေ့ဆုံပွဲများအား မြို့နယ်တိုင်းတွင်ပြုလုပ်၍ တိုင်းဒေသကြီး၏ စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်စေရေး ဆွေးနွေးခဲ့ပါကြောင်း၊ သီးနှံများစိုက်ပျိုးရာတွင် မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင်စိုက်ပျိုးရမည် ဖြစ်ပါကြောင်းနှင့် ရာသီမီအောင်စိုက်ပျိုးနိုင်ရေးအတွက် တာဝန်ရှိသူများအား ကွင်းဆင်းကြပ်မတ် ဆောင်ရွက်စေလျက်ရှိပါကြောင်း၊ အောင်မြင်စေရေးအတွက် တောင်သူများကလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ ဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ နေကြာအား စိုက်ပျိုးစေခြင်းဖြစ်ပါကြောင်းနှင့် လာမည့်မိုးစပါးစိုက်ရာသီတွင် ရေတော်မိုးတော် စိုက်ဧက (၂၇)သိန်းအား ပိုက်ဆံလျှော်များ အပြည့်အဝထည့်သွင်း စိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာ မြို့နယ်အလိုက်အဖွဲ့လိုက်စုပေါင်းစနစ်ဖြင့်အချိန်မီမျိုးစေ့ရရှိရေးဆောင်ရွက်လျက်ရှိပါကြောင်း” ပြောကြားသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးက သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)၊ ဆီထွက်သီးနှံနေကြာစိုက်ပျိုးရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် သာပေါင်းမြို့နယ်၊ ငါးဘတ်ချောင်းကျေးရွာ၊ တောင်သူဦးကံဌေး၏ စိုက်ဧက(၀.၂၅)ဧက၌ ဆင်းသုခစပါးမျိုးအား ပိုက်ဆံလျှော်ထည့်သွင်းအသုံးပြုခြင်း၊ ပိုက်ဆံလျှော်- သဘာဝမြေဩဇာ ထည့်သွင်းအသုံးပြုခြင်း၊ ပိုက်ဆံလျှော်- သဘာဝမြေဩဇာ-ဓါတ်မြေဩဇာ ထည့်သွင်းအသုံး ပြုခြင်းစသည့် စမ်းသပ်စိုက်ပျိုးထားရှိသည့် ဆန်၊ စပါးနမူနာများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး စတင်စိုက်ပျိုးချိန်မှစ၍ ဆန်ကြိတ်ခွဲသည်အထိစနစ်တကျမှတ်တမ်းများ ထားရှိစေရေး နှင့် ဆန်၊ စပါးအရည်အသွေးကောင်းမွန်မှုအခြေအနေများအား စမ်းသပ်မှုများဆောင်ရွက်နိုင်စေရေး မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၃-၂၀၂၄ခုနှစ်၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ်စိုက်ခင်းနှင့် ဆီထွက်သီးနှံ ဆောင်းနေကြာများအား ဌာနဆိုင်ရာများနှင့် တောင်သူများက မျိုးစေ့ချစိုက်ပျိုးပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။


Read More...
11-Dec-2023