သတင်းများ


ပုသိမ်မြို့၌ပြုလုပ်သည့် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားတွင် ပထမနှစ် (အငယ်တန်း) သင်တန်းသား၊ သင်တန်းသူတန်းသူ(၆၀)ဦးအား ဂျူတီကုတ်နှင့်ဦးဆောင်းများ အပ်နှင်းခဲ့
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ယနေ့နံနက်ပိုင်းက သူနာပြု-သားဖွားဒီပလိုမာပထမနှစ် (အငယ်တန်း) သူနာပြုသင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားကို  ပြုလုပ်ခဲ့ပြီး ပထမနှစ် (အငယ်တန်း) သင်တန်းသား၊ သင်တန်းသူ(၆၀)ဦးအား ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲအခမ်းအနား ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့်တာဝန်ရှိသူများ၊ သင်တန်းသားသင်တန်းသူ များ တက်ရောက်ခဲ့ကြသည်။  အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ယခုကဲ့သို့ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းသည့်အခမ်းအနား (Capping & Coating Ceremony )ကို မြန်မာနိုင်ငံသာမက နိုင်ငံတကာသူနာပြုတက္ကသိုလ်များမှာလည်း ကျင်းပတဲ့အခမ်းအနား တစ်ခုဖြစ်ပါ ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ သူနာပြုသင်တန်းကျောင်း (၃)ကျောင်းတွင် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများကို ဖြည့်ဆည်းဆောင်ရွက် ပေးတာကိုတွေ့ရှိရပါကြောင်း၊ ပုသိမ်မြို့ ၊ သူနာပြုနှင့်သားဖွား သင်တန်းကျောင်းမှသင်တန်း ဆင်းခဲ့ကြသော သူနာပြု ဆရာ/ဆရာမ များသည် ယခုအချိန်တွင် နေရာဒေသသီးသီး၌ တာဝန်ကျေပွန်စွာဖြင့် ပြည်သူ့အကျိုးကိုထမ်းဆောင်နေကြသကဲ့သို့ ထူးချွန်သော ဖလောရင့်နိုက်တင်ဂေးဆုရသူနာပြု ဆရာ(၁)ဦးကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် လူဦးရေများပြားပြီး မြစ်ချောင်းအင်းအိုင်များပေါများကာ သွားလာရေးခက်ခဲသည့်နေရာဒေသများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး သူနာပြုနှင့်သားဖွား တာဝန်ထမ်းဆောင်ကြမည့် သင်တန်းသား သင်တန်းသူများအား များစွာအားထားပါကြောင်း၊ ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ သူနာပြုနေ့ဆောင်ပုဒ်ဖြစ်သည့် “Our Nurses, Our Future” “အနာဂတ်အတွက် အားထားရာ သူနာပြုများပါ စွမ်းအားမြှင့်တင် စောင့်ရှောက်ပေး၊ ပြည်သူ့ ကျန်းမာရေး" ဆိုသည့်ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး တာဝန်သိမှု ၊ တာဝန်ခံမှုအပြည့်ရှိသောသူနာပြုများ၊ အခြားသူများ၏ ခံစားမှု၊ အမြင်၊အခွင့်အရေး များကို ဦးစားပေးဖြည့်ဆည်းပေးတတ်ပြီး သူနာပြုစုမှုပညာရပ်များကိုအရင်းခံ၍ ပြည်သူလူထုအပေါ် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ပါစေလို့ တိုက်တွန်းလိုပါ ကြောင်း၊ သင်တန်းပြီးဆုံးသည့်အခါမှာလည်း နေရာဒေသမရွေးကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ဆထက်ထမ်းပိုးသယ်ပိုးဆောင်ရွက်နိုင်ကြပါစေ ကြောင်း ” တိုက်တွန်းအမှာစကားများ ပြောကြားသည်။ ဆက်လက်၍  ပုသိမ်မြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းအုပ်၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ပုသိမ်မြို့ပြည်သူ့ဆေးရုံ သူနာပြုအုပ်တို့က သင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းများ အပ်နှင်းခဲ့ ပြီးနောက် သင်တန်းသား၊ သင်တန်းသူများက သူနာပြုသစ္စာ အဓိဋ္ဌာန်များ ရွတ်ဆိုခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းတွင်ထူးချွန်ဆုရရှိသူများအား ဆုများ ချီးမြှင့်ခဲ့ပြီး သူနာပြုသင်တန်းကျောင်းအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ရာ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။


Read More...
15-Sep-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် နည်းပညာတက္ကသိုလ် (ပုသိမ်)၌ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီနှင့် နည်းပညာတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသော“လူငယ်စကားဝိုင်း”သို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နည်းပညာတက္ကသိုလ် (ပုသိမ်)၌ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် နည်းပညာတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသော“လူငယ်စကားဝိုင်း”သို့တက်ရောက်၍ “ယနေ့လူငယ်၊ နောင်ဝယ် လူကြီး ဟူသည့် စကားအတိုင်း နောင်ခေတ်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်မည့် လူငယ်များကို ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်ရန်အတွက် လူငယ်ကဏ္ဍကိုမြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးညီလာခံမှ ပေါ်ထွက်လာသည့် ရလဒ်များအရ တိုင်းဒေသကြီးအတွက်အကျိုးပြုနိုင်မည့် ဒေသသုတေသန စာတမ်းအလုပ်ရုံဆွေးနွေးပွဲကို ပုသိမ်တက္ကသိုလ်၌ တိုင်းဒေသကြီးအတွင်းရှိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများနှင့် စုပေါင်း၍ တိုင်းဒေသကြီး၏ စီးပွားရေး အဓိကမောင်းနှင်အားဖြစ်သည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းလိုအပ်ချက်များအပေါ် တက္ကသိုလ်များ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များမှ ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ ဆွေးနွေးပြုလုပ်ခဲ့ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက်ကြိုးစားဆောင်ရွက်ကြသည့် လူငယ်များဖြစ်ကြပါစေကြောင်းနှင့် ယနေ့ ပြုလုပ်သည့် လူငယ်စကားဝိုင်းမှသည် နောင်အနာဂတ်အတွက် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်း ထမ်းဆောင်မည့် လူငယ်လူရွယ်များပေါ်ထွက်ပါစေကြောင်း”အမှာစကားများ ပြောကြားသည်။ ဆက်လက်၍ နည်းပညာတက္ကသိုလ်(ပုသိမ်)မှ ဒုတိယပါမောက္ခချုပ်က စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် စကားဝိုင်းဆွေးနွေးပွဲ ကိုပြုလုပ်ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် နည်းပညာတက္ကသိုလ်(ပုသိမ်) ဒေါ်မြသက်နွယ်၊ တွဲဖက် ပါမောက္ခ(မြန်မာစာဌာန)က ဦးဆောင်ဆွေးနွေးခဲ့ပြီး တတိယနှစ်(Civil)ကျောင်းသား မောင်ဇင်လင်းကိုကိုက “လူငယ်နှင့်အားကစား”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယနှစ်(EP) ကျောင်းသား မောင်လွင်ဖုန်းမြတ်က “လူငယ်နှင့်နည်းပညာ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပထမနှစ် (Mechanical)ကျောင်းသား မောင်သန့်ဇော်လင်းက “လူငယ်နှင့်ယဉ်ကျေးမှု”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စတုတ္ထနှစ်(Mechanical)ကျောင်းသူ မဝါဝါမင်းသူက “လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်”ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ တက်ရောက် လာကြသူများမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးမှုများအပေါ် ပြန်လည်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စကားဝိုင်းဆွေးနွေးပွဲနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးခဲ့ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့သော မြန်မာစာဌာန၊ တွဲဖက်ပါမောက္ခ နှင့်ကျောင်းသား၊ ကျောင်းသူများအတွက် အမှတ်တရလက်ဆောင်များနှင့် နည်းပညာတက္ကသိုလ် (ပုသိမ်)သို့ အားကစားပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့် နည်းပညာတက္ကသိုလ် (ပုသိမ်) ဒုတိယပါမောက္ခချုပ်တို့က လက်ခံရယူခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပဉ္စမနှစ်(Mechanical) ကျောင်းသားများမှ လက်တွန်းကောက်စိုက်စက် စမ်းသပ်တည်ဆောက်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး အောင်မြင်အောင် ဆောင်ရွက်စေရေး မှာကြားခဲ့ကြောင်းသိရသည်။


Read More...
13-Sep-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့၌ပြုလုပ်သည့် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့သူနာပြုသင်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက သူနာပြု-သားဖွားဒီပလိုမာပထမနှစ် (အငယ်တန်း) သူနာပြုသင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားကို  ပြုလုပ်ခဲ့ပြီး ပထမနှစ် (အငယ်တန်း) သင်တန်းသား၊ သူတန်းသူ(၄၆)ဦးအား ဂျူတီကုတ်နှင့်ဦးဆောင်းများ အပ်နှင်းခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ အခမ်းအနားကို သင်တန်းသားများက သူနာပြုသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“မိမိတို့တိုင်းဒေသကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု များပေးနိုင်ရန် သူနာပြုနှင့်သားဖွား ဒီပလိုမာသင်တန်းများ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိ ပါကြောင်း၊ ယခုကဲ့သို့ ဂျူတီကုတ်နှင့်ဦးဆောင်း အပ်နှင်းပွဲအခမ်းအနားများ ပြုလုပ်သည့် အခါတိုင်း လာရောက်ချီးမြှင့်အားပေး၍ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး တွေ့ဆုံအားပေးခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း သင်တန်းသားသင်တန်းသူများ နေထိုင် စားသောက်ရေး အဆင်ပြေစေရေး လိုအပ်သည်များထောက်ပံ့ပေးနိုင်ရေး ခရိုင်၊ မြို့နယ် များရှိ အုပ်ချုပ်ရေးအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် ပေါင်းစပ်ဆောင်ရွက်ပေးထားပါကြောင်း၊ လက်ရှိ သင်ကြားနည်း စနစ်သစ်ဖြစ်တဲ့ Adult Learning၊ Self Learning ၊ Active Learning စနစ်ဖြင့်သင်ကြားပေးလျက်ရှိရာ Active Participation ဖြစ်ရန် သင်ကြားပို့ချမှုများကို စနစ်တကျလေ့လာသင်ယူကြရန်မှာကြားလိုပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်ဖြစ်သည့် တစ်မျိုးသားလုံး ကျန်းမာသက်ရှည် ကြံ့ခိုင်ရေးအတွက် ပြည်သူ အားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်လျက် ရှိပါကြောင်း၊  သူနာပြုများလိုက်နာရမည့် ကျင့်ဝတ်များနှင့် သူနာပြုသစ္စာအဓိဋ္ဌာန်များကို မမေ့လျော့ပဲ လူနာများနှင့်အများပြည်သူများကို အကျိုးပြုနိုင်သည့် သူနာပြုများ ဖြစ်ပါ စေကြောင်း ” တိုက်တွန်းအမှာစကားများ ပြောကြားသည်။ ဆက်လက်၍  မြောင်းမြမြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းအုပ်ကြီး၊ မြောင်းမြမြို့ ပြည်သူ့ဆေးရုံမှ သူနာပြုအုပ်တို့က သင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းများ အပ်နှင်းခဲ့ပြီးနောက် သင်တန်းသား၊ သင်တန်းသူများက သူနာပြုသစ္စာ အဓိဋ္ဌာန်များ ရွတ်ဆိုခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ပြီး သူနာပြုသင်တန်းကျောင်းအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ရာ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။


Read More...
13-Sep-2023
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းအတွင်းရှိ မြစ်ကမ်းထိန်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၁၁ရက်နေ့ ညနေပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများလိုက်ပါလျက် တိုင်းဒေသကြီးအတွင်းရှိ မြစ်ကမ်းထိန်းလုပ်ငန်းများအားလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ ရှေးဟောင်းသမိုင်းဝင် စတုမုခထူပါရုံစေတီတော်ကမ်းပြိုကာကွယ်ရေးလုပ်ငန်းခွင်သို့ သွားရောက်ခဲ့ကာ စေတီတော်ကြီးဝင်းအတွင်းင ဝန်မြစ်ရေဝင်ရောက်မှုအခြေအနေများ၊ စေတီတော််ကြီးသို့ဦးတည်စီးဆင်းနေသည့်ငဝန်ရေလမ်းကြောင်းအခြေအနေများ၊ ကမ်းပြိုကာကွယ်ရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်လျက်ရန်လျာထားသည့်လုပ်ငန်းများအားတိုင်းဒေသကြီးဦးစီးမှူးကရှင်းလင်းတင်ပြရာ ရှေးဟောင်းသမိုင်းဝင်စေတီတော်များ၊သာသနိကအဆောက်အဦများပျက်စီးဆုံးရှုံးမှုမရှိစေရေး ထိမ်းသိမ်းဆောင်ရွက်ရန်၊ ငဝန်မြစ်ရေတိုက်စားမှုမှကာကွယ်ရန်ဆောင်ရွက်နေသည့်လုပ် ငန်းများအားသတ်မှတ်စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရန်နှင့်အချိန်မီပြီးစီးအောင်ဆောင်ရွက်သွားရန်မှာကြားခဲ့သည်။ လေးမျက်နှာမြို့နယ်၏စိုးရိမ်ရေအမှတ်မှာ ပင်လယ်ရေမျက်နှာပြင်အထက် ၃၄.၀ ပေဖြစ်ပြီး ၁၁-၉-၂၀၂၃ ရက်နေ့ ရေအမှတ်မှာ ၃၄.၀၅ ပေသို့ရောက်ရှိလျက်ရှိကြောင်းသိရသည်။   ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငါးသိုင်းချောင်းမြို့၊ ငဝန်တာမိုင်(၄၅/၆) ရေကင်းစခန်းအမှတ်(၂)၌ ပြုလုပ်သည့် တာတမံများ၏ အရေးပေါ်အခြေအနေ ဖြစ်သော တာထိပ်ပေါ်ကျော်ခြင်း ၊ ရေပေါက်(ထူးပေါက်) ၊ တာအိ ၊ သဲဗွက်ထ တာကျွံခြင်းများ ဖြစ်ပေါ်လာပါက ကာကွယ်ရန်နည်းလမ်းများဖြစ်သော မြေသား သို့မဟုတ် သဲအိတ်ကန်သင်း ဆင့်ခြင်း ၊ မြေကတုတ် (ရေခွေ)တို့ဖြင့် အရေးပေါ်ကာကွယ် စောင့်ရှောက်ရမည့် နည်းလမ်းများဖြင့် မိုးရာသီရေဘေးအန္တရာယ်ကာကွယ်ရေးသရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင်ခြင်းကိုကြည့်ရှုအားပေးခဲ့ပြီး တာများကြံ့ခိုင်မှုရှိစေရန် နေ့၊ညမပြတ် စောင့်ကြည့်ရန်၊ အရေးပေါ်အခြေအနေအဆင့်သတ်မှတ်များအား ပြည်သူများသိရှိလိုက်ပါဆောင်ရွက်ရန်၊ ကူညီကယ်ဆယ်ရေးအဖွဲ့များအသင့်စုဖွဲ့ထားရှိရန်နှင့် ရေဘေးကာကွယ် ရေးသုံးပစ္စည်းများစုေဆာင်းထားရှိဆောင်ရွက်ရန် မှာကြားခဲ့သည်။ ငါးသိုင်းချောင်းမြို့၏ စိုးရိမ်ရေမှတ်မှာ ပင်လယ်ရေမျက်နှာပြင်အထက်၂၈ပေရှိပြီး ၁၁-၉-၂၀၂၃ ရက်နေ့ ရေအမှတ်မှာ ၂၈.၈၅ ပေသို့ရောက်ရှိလျက်ရှိကြောင်းသိရသည်။


Read More...
12-Sep-2023
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းအတွင်းရှိ မြစ်ကမ်းထိန်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်းရှိ မြစ်ကမ်းထိန်းလုပ်ငန်းများအားလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးချုပ်နှင့် တာဝန်ရှိသူများသည် ညောင်တုန်းမြို့၊အမှတ်(၂)ရပ်ကွက်၊ (၂၃)လမ်းရှိ ကမ်းနားသို့ သွားရောက်၍ ပန်းလှိုင်မြစ်ရေ စိုးရိမ်ရေမှတ်ရောက်ရှိမှု ကြည့်ရှုစစ်ဆေးခဲ့ပြီး အန္တရာယ်ရေမှတ် ရောက်ရှိနိုင်မှုအခြေအနေများမေးမြန်းခဲ့ပြီး  မြစ်ရေ တက်ရောက်မှုအားနေ့ညမပြတ်စောင့်ကြည့်သတင်းပို့ရန်၊ စိုးရိမ်ရေမှတ်၊ အန္တရာယ်ရေမှတ်များသ်ို့ရောက်ရှိလာပါက အချိန်နှင့်တစ်ပြေးညီသတင်းပေို့တင်ပြရန်နှင့် ပြည်သူများထိခိုက်မရှိစေရေးအတွက် ဘေးလွတ်ရာနေရာများသို့ကြိုတင်ပြောင်းရွှေ့ပေးနိုင်ရေးစီစဉ်ဆောင်ရွက်ထားရှိရန်မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်တုန်းမြို့၊အမှတ်(၃)ရပ်ကွက်တွင် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန၊ဒေသ(၂)မှ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့်ဆောင်ရွက်သည့် (၁၄)လမ်းနှင့်(၁၆)လမ်းကြား မြစ်ကမ်းပါးနိမ့်ကျရေးကာကွယ်ရေးလုပ်ငန်း အလျား (၈၀၀)ပေ တည်ဆောက်ရေး လုပ်ငန်းခွင်အားကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် အချိန်မီပြီးစေရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေးနှင့် ရေရှည်တည်တံ့စေရေး အလေးထားလိုက်နာဆောင်ရွက်ရန် မှာကြားခဲ့သည်။  ထို့နောက်ဗိုလ်မြတ်ထွန်းတံတားနှင့်ညောင်တုန်းတံတားသို့ သွားရောက်၍ ဗိုလ်မြတ်ထွန်းတံတားရေလမ်းကြောင်းပြုပြင်ထိန်းထိန်းရေးဆောင်ရွက်မှုအခြေအနေနှင့်ညောင်တုန်းတံတားအဝင်ရေလမ်းဖြောင့်တန်းစေရေးအတွက်ဆောင်ရွက်မည့်အစီအမံများအားတိုင်းဒေသကြီးဦးစီးမှူးကရှင်းလင်းတင်ပြရာ မြစ်ကူးတံတားကြီးများအားမြစ်ရေတိုက်စားမှုမှကာကွယ်ရန်နှင့်တံတားကြီးများရေရှည်တည်တံ့စေရန်အတွက် တံတားအဝင်ရေလမ်းကြောင်းတည်ငြိမ်မှုရှိစေရေးစဉ်ဆက်မပြတ်စိစစ်ဆောင်ရွက်သွားရန်မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဓနုဖြူမြို့၊ အမှတ်(၄)ရပ်ကွက် ဧရာဝတီဆိပ်သို့သွားရောက်၍ ဧရာဝတီမြစ်ရေမြင့်တက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မြစ်ရေမြင့်တက်မှုအခြေအနေများ စဉ်ဆက်မပြက်စောင့်ကြည့်သတင်းပို့ရန်၊ ကလေးငယ်များမြစ်ကမ်းအနီးအနားများတွင် ​ေဆာ့ကစားခြင်းမရှိေစရန်မှာကြားခဲ့သည်။  ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဓနုဖြူမြို့နယ်၊ မရမ်းချောင်းကျေးရွာရှိ မရမ်းချောင်းရေကင်းစခန်း တာမိုင်(၄၆/၄)သို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာများကြံ့ခိုင်မှုရှိစေရန် နေ့၊ညမပြတ် စောင့်ကြည့်ရန်၊ အရေးပေါ်အခြေအနေအဆင့်သတ်မှတ်များအား ပြည်သူများသိရှိလိုက်ပါဆောင်ရွက်ရန်၊ ကူညီကယ်ဆယ်ရေးအဖွဲ့များအသင့်စုဖွဲ့ထားရှိရန်နှင့် ရေဘေးကာကွယ် ရေးသုံးပစ္စည်းများစုေဆာင်းထားရှိဆောင်ရွက်ရန် မှာကြားခဲ့သည်။  ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဇလွန်မြို့ရှိ ဧရာဝတီ - ဟင်္သာတတာ တာမိုင် (၂၅ /၂ )ဆန်တန်းရေကင်းစခန်း အမှတ် (၃)သို့သွားရောက်စစ်ဆေးခဲ့ရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ‌ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကရေဘေးကာကွယ်ရေးသရုပ်ပြပွဲနှင့် ရေဘေးကာကွယ်ရေး တာတမံများ၏ အရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှု အစီအစဥ်များအား ရှင်းလင်းတင်ပြခဲ့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တာတမံများ၏ အရေးပေါ်အခြေအနေ ဖြစ်သော တာထိပ်ပေါ်ကျော်ခြင်း ၊ ရေပေါက်(ထူးပေါက်) ၊ တာအိ ၊ သဲဗွက်ထ တာကျွံခြင်းများ ဖြစ်ပေါ်လာပါက ကာကွယ်ရန်နည်းလမ်းများဖြစ်သော မြေသား သို့မဟုတ် သဲအိတ်ကန်သင်း ဆင့်ခြင်း ၊ မြေကတုတ် (ရေခွေ)တို့ဖြင့် အရေးပေါ်ကာကွယ် စောင့်ရှောက်ရမည့် နည်းလမ်းများဖြင့် မိုးရာသီရေဘေးအန္တရာယ်ကာကွယ်ရေးသရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင်ခြင်းကိုကြည့်ရှုအားပေးခဲ့သည်။  အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာအနီးရှိ စွန့်ပစ်တာရေကျော်နေမှုအခြေအနေများအားကြည့်ရှုစစ်ဆေးခဲ့ပြီး ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာန တိုင်းဦးစီးမှူး၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး၊ ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူးတို့မှ ဧရာဝတီမြစ်ရေတက်ရောက်မှု၊ မြစ်ရေတိုက်စားမှုကြောင့်နှစ်အလိုက် ကမ်းပါးပြောင်းလဲလာမှု၊ မြစ်ရေတိုက်စားမှုမှ ကာကွယ်ရန် မြစ်ဖြတ်တူးမြောင်းဆောင်ရွက်ခြင်း၊ ၃ တန်းလွှာအုန်းတိုင် ကျောက်ဖြည့်ရေကာများဆောက်လုပ်ခြင်း၊  ရေလွှဲရေကာကမ်းရင်းထိန်းကျောက်ဖြည့်မျောကရစ်ဆောက်လုပ်ခြင်း၊ ရေပေါက်ပိတ်ဆောင်ရွက်ခြင်းများဆောင်ရွက်နိုင် ရေး တင်ပြဆောင်ရွက်ထားရှိမှုအခြေအနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အရေးပေါ်ယာယီကမ်းထိန်းလုပ်ငန်းများအမြန်ဆုံးဆောင်ရွက်ရန်၊ ရေရှည်ကာကွယ်ရေးလုပ်ငန်းများ ရေးဆွဲဆောင်ရွက်ရန်နှင့် ဒေသခံများထိခိုက်မှုမရှိစေရေးကြိုတင်ရွှေ့ပြောင်းခြင်းများဆောင်ရွက်ထားရှိရန်မှာကြားခဲ့သည်။ ထို့နောက် ဖောင်ဆိပ်ကျေးရွာ၊ ဖောင်ဆိပ်ကျောင်းတိုက်၌ ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရေဘေးေရှာင်ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်၍ “ဧရာဝတီမြစ်ရေ မြင့်တက်၍ စိုးရိမ်ရေမှတ်ကျော်လွန်မှုကြောင့် မြစ်ကမ်းဘေးရှိနေအိမ်များ ရေလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းစေခဲ့ပါကြောင်း၊ မြစ်ကြောင်းပြောင်းလဲမှုကြောင့် ရေကြီးခြင်းများကိုခံစားရခဲ့ရ ေသာ်လည်း မြစ်ကမ်းဘေးနေထိုင်သည့် ပြည်သူများအား ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းများ၊ ရေလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းခဲ့မှုများကြောင့်   ကြီးကြီးမားမား ဆုံးရှုံးခြင်းမရှိခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် ရရှိသည့်ရန်ပုံငွေအပေါ်မူတည်၍ မြစ်ကမ်းထိန်းလုပ်ငန်းများကို နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လတ်တလောမြစ် ရေဝင်ရောက်သည့်သည့်အခက်အခဲကြောင့် ရွှေ့ပြောင်းနေရသူများအနေဖြင့် နေ့စဉ်စားရေး သောက်ရေးအဆင်ပြေစေရန် ရိက္ခာများထောက်ပံ့ခြင်းနှင့် အားပေးစကားများလာရောက် ပြောကြားခြင်းဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်များကျရောက်ပါကလည်း ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များနှင့် မိမိတို့ပါ ပူးပေါင်း၍ ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးသွားမည် ဖြစ်ပါကြောင်း” အားပေးစကားများပြောကြား၍ ပြည်သူများထံသို့ ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ရေသန့်နှင့် ခေါက်ဆွဲခြောက်ထုပ်များပေးအပ်ခဲ့သည်။


Read More...
11-Sep-2023