သတင်းများ


ပုသိမ်မြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်
အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သောမိန်းကလေးများအား သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV) စတင်ထိုးနှံခြင်း တိုင်းဒေသကြီးအဆင့် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၏ဇနီး၊ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၏ဇနီး၊  အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်၊ ကျောင်းသူလေးများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၀၂၀)ခုနှစ် စာရင်းများအရ ကမ္ဘာတစ်ဝန်းလုံးတွင် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားသူ အမျိုးသမီးလူနာအသစ် (၆)သိန်းကျော်ရှိပြီး သားအိမ်ခေါင်းကင်ဆာရောဂါကြောင့် နှစ်စဉ် အမျိုးသမီး (၃)သိန်းကျော်သေဆုံးလျက်ရှိပါကြောင်း၊ နှစ်စဉ်သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုနှုန်းမှာ အမျိုးသမီးဦးရေတစ်သိန်းတွင် (၁၃.၃)ဦးရှိကြောင်းနှင့် သေဆုံးမှုနှုန်းမှာ (၆.၉)ရှိကြောင်း သိရပြီး သားအိမ်ခေါင်းကင်ဆာရောဂါကြောင့် သေဆုံးသူများ၏ (၉၀)ရာခိုင်နှုန်းသည် ဖွံ့ဖြိုးမှု နည်းသော နိုင်ငံများကဖြစ်သည့်အတွက် ဖွံ့ဖြိုးမှုနည်းသောဒေသများ၌ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုနှုန်းနှင့် သေဆုံးမှုနှုန်းမြင့်မားသည်ကိုတွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာအဖြစ်များဆုံးအသက်အုပ်စုမှာ အသက်(၁၅)နှစ်မှ အသက်(၄၄)နှစ်ဖြစ်ပြီး အမျိုးသမီးလူဦးရေ တစ်သိန်းတွင် (၂၅.၃) ဦး ဖြစ်ပွားသည်ဟုသိရပါကြောင်း၊ ကမ္ဘာတစ်ဝန်းမှာ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံထားပါက နောက်(၅)နှစ်မှ (၈)နှစ်ကြာတဲ့ အခါမှာ အသက်(၁၃)နှစ်မှ အသက် (၁၉)နှစ် အတွင်းရှိတဲ့ မိန်းကလေးများမှာ ကင်ဆာဖြစ်စေသည့် သားအိမ်ခေါင်းကင်ဆာဗိုင်းရပ်စ်ပိုး ကူးစက်မှုနှုန်း (၈၃) ရာခိုင်နှုန်းလျှော့ချနိုင်မှာဖြစ်ပြီး အသက် (၁၅)နှစ်မှ (၁၉) နှစ်အရွယ်မိန်းကလေးများ၌ အဖြစ်များသည့် ကနဦးကင်ဆာ ဖြစ်ပွားမှုနှုန်းကို (၃၁) ရာခိုင်နှုန်းထိ လျှော့ချနိုင်မှာဖြစ်ပါကြောင်း၊ သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံထားခြင်းဖြင့် လာမယ့် (၂၀၃၀)ခုနှစ်မှာ လူဦးရေ(၂၄)သန်းစာအတွက် ကျန်းမာရေး စောင့်ရှောက်မှု ကုန်ကျစရိတ်များ လျော့ကျသွားစေမှာဖြစ်ပါကြောင်း၊  မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံရခြင်း၏ ရည်ရွယ်ချက်သည် မိန်းကလေးငယ်များကို အသက်(၉)နှစ်အရွယ်တွင်ထိုးပေးခြင်းအားဖြင့် ဗိုင်းရပ်(စ်)ပိုးနှင့် စတင် ထိတွေ့ခြင်းမရှိမီအချိန်တွင် ကြိုတင်ကာကွယ်ထားနိုင်ပြီး သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်နှင့် သားအိမ်ခေါင်းကင်ဆာရောဂါကူးစက်မှုကို ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသက်(၉)နှစ်မှ(၁၂)နှစ်ကြား ကျောင်းသူများနှင့် ကျောင်းပြင်ပ မိန်းကလေးငယ် အားလုံးကို ထိုးနှံပေးရန်ဖြစ်ပါကြောင်း၊ အမျိုးသမီးများတွင် ဖြစ်ပွားမှုအများဆုံးကင်ဆာဖြစ်ပြီး ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါဖြစ်သည့် သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွား သေဆုံးမှုမှလျှော့ချနိုင်ရန် တိုင်းဒေသကြီးအတွင်းရှိ အသက် (၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ် မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ကာကွယ်ဆေးထိုးလွှမ်းခြုံမှု အပြည့်အဝရရှိစေရန် တာဝန်ရှိသူများအားလုံးကကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံ ပေးခြင်းကျောင်းအခြေပြုအစီအစဉ်ကို ယနေ့ (၁၈-၉-၂၀၂၃) ရက်နေ့မှ စတင်ပြီး တိုင်းဒေသကြီး အတွင်းတွင် ဆက်လက်ထိုးနှံသွားမည်ဖြစ်ပါကြောင်းနှင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြမည့် တာဝန်ရှိသူများအားလုံး၊ အဖွဲ့အစည်းများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း” အဖွင့် အမှာစကားပြောကြားသည်။ ဆက်လက်၍ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်း အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုအားပြသခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းအားကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသူများအား အမှတ်တရပစ္စည်းများ ပေးအပ်ခဲ့သည်။


Read More...
18-Sep-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်ခရိုင်အတွင်းရှိစပါးခင်းများတွင် ငဝန်မြစ်ရေ ဝင်ရောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်နှင့် ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ စပါးခင်းများတွင် ငဝန်မြစ်ရေ ဝင်ရောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်-သာပေါင်းကားလမ်းဘေး၊ အောင်တက်ကျေးရွာနှင့် ဖဲကုန်းကျေးရွာရှိ တောင်သူများ၏ ရေကျနောက်စိုက် လယ်ဧကများတွင် ပြီးခဲ့သည့်နှစ်များက မြစ်ရေတက်ရောက်မှုမရှိသဖြင့် စိုက်ချိန်စော၍စိုက်ပျိုးထားသည့် စပါးစိုက်ခင်းများ သို့ ငဝန်မြစ်ရေဝင်ရောက်နေမှု အခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ပြီး မြစ်ရေပြန်လည်ကျဆင်းပါက စပါးပင်များရှင်သန်စေရေး ဆောင်ရွက်ရန်၊ မျိုးစပါးများအသင့်ထားရှိစေရေးနှင့် တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများကို မှာကြားခဲ့သည်။ ထို့အတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကန်ကြီးထောင့်မြို့နယ်၊ ကျွန်းလျားရှည်ကျေးရွာအုပ်စုရှိ တောင်သူများ၏ ရေကျနောက်စိုက် လယ်ဧကများတွင် စိုက်ချိန် စော၍ စိုက်ပျိုးထားသည့် စပါးစိုက်ခင်းများ သို့ ငဝန်မြစ်ရေဝင်ရောက်နေမှု အခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ပြီး မြစ်ရေပြန်လည်ကျဆင်းပါက စပါးပင်များရှင်သန်ကြီးထွားစေရေးဆောင်ရွက်ရန်၊ ပျက်စီးမှုများရှိပါက အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေးဆောင်ရွက်ရန်မှာကြားခဲ့သည်။ ထို့နောက် ကျွန်းလျားရှည်ကျေးရွာအခြေခံပညာအထက်တန်း ကျောင်းခွဲသို့ သွားရောက်၍ ‌စာသင်ဆောင်များအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ ဆရာ၊ ဆရာမများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ ကျောင်းအဆောက်အဦများ ရေရှည်တည်တံ့စေရေး ထိန်းသိမ်းစောင့်ရှောက်ရန် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းတွင်း၊ ပြင်ပဖြေ ကျောင်းသားကျောင်းသူများအား ဂရုစိုက်သင်ကြားပေးရန်မှာကြားခဲ့ပြီး ဆရာ၊ ဆရာမများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းပေးနိုင်ရေးသက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။


Read More...
17-Sep-2023
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ Founder (Yuki) (ရွှေနေခြည်) ဦးဆောင်သည့် ကျန်းမာရေးအဖွဲ့မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့် ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာရှိ  ရှင်စောမြတ်စေတီတော်ပရဝဏ်အတွင်း၌ နတ်စင်တစ်ရာဆရာတော်ဘုရားကြီးအား အမှူးထား၍ Founder (Yuki)(ရွှေနေခြည်) ဦးဆောင်သည့် ကျန်းမာရေးအဖွဲ့မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့် ရှောက်ပေးနေမှုများ ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိာင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများက စက်တင်ဘာလ ၁၆ ရက်နေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုအားပေးခဲ့ပြီးလိုအပ်သည်များဆောင်ရွက်ပေးခဲ့သည်။ ဦးစွာ နယ်လှည့်သစ္စာဓိဌာန်စတုဒီသာ နတ်စင်တစ်ရာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာတေဇ (အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ)ဆရာတော်အား တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝန် ဝန်ကြီးများနှင့် ဇနီးများက ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး နတ်စင်တစ်ရာဆရာတော်ဘုရားကြီးထံမှ အနုမောဒနာတရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နတ်စင်တစ်ရာဆရာတော်ဘုရားကြီးအား အမှူးထား၍ Founder (Yuki)(ရွှေနေခြည်) ဦးဆောင်သည့် ကျန်းမာရေးအဖွဲ့မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့် ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ ဆရာမများအတွက် လက်ဆောင်ပစ္စည်းများနှင့် ဆေးကုသမှုခံယူသည့် ဒေသခံပြည်သူများအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ကြ ကြောင်းသိရသည်။


Read More...
16-Sep-2023
ဧရာဝတီတိုင်းဒေသကြီး၏ (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၏ (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ  ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲအကဲဖြတ်ပညာရှင်များနှင့် ခရိုင်(၈)ခရိုင်မှ ပြိုင်ပွဲဝင်များတက်ရောက်ခဲ့ ကြသည်။ ဦးစွာ ဧရာဝတီတိုင်းဒေသကြီး၏ (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲကျင်းပရေး နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က“ ၂၀၂၃ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး(ဗဟိုအဆင့်)ပြိုင်ပွဲတွင်ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် အဆင့်ရှိရှိဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့်ဖြင့် ပြိုင်ပွဲများအချိန်ယူ ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင်များ၏ ရလာဒ်များသည်လည်း ထွက်ပေါ်ခဲ့ပြီဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်များေရွးချယ်ပြီး မကြာမီအချိန်တွင်စခန်းသွင့်လေ့ကျင့်၍ ဗဟိုအဆင့်တွင်အောင်မြင်မှုရရှိစေရေး စနစ်တကျပြင်ဆင်လေ့ကျင့်သွားမှာဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲတွင် ယခင်နှစ်ထက် ပိုမိုကြိုးစားယှဉ်ပြိုင်ကြသည်ကိုလည်း တွေ့ရှိရပါကြောင်းနှင့် တိုင်းေဒသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီးပညာရှင်များအား အကောင်းဆုံး အကဲဖြတ်ရွေးချယ်ပေးပါသော ဒိုင်အဖွဲ့များအားလည်း ကျေးဇူးတင်ရှိပါကြောင်း၊ တိုင်းဒေသကြီး၏ ရွက်ပုန်းသီးအနုပညာရှင်များ ပေါ်ထွက်လာစေရန်အတွက် ယခင်နှစ်အတွေ့အကြုံများကို အခြေခံ၍ အားသားချက်၊ အားနည်းချက်များကိုလည်း ပြန်လည်သုံးသပ်စေခဲ့ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် လူဦး ရေများပြားပြီးကျေးလက်ဒေသကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်သောကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲများနှင့်ပတ်သက်၍ ဖွံ့ဖြိုးသည်ဟု ပြောရမှာဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့်လည်း တက်ညီလက်ညီကြိုးစားယှဉ်ပြိုင်ခဲ့သည့်အတွက်လည်း အသိအမှတ်ပြုပါကြောင်း၊ တိုင်းဒေသကြီးကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီး၊ ပြိုင်ပွဲဝင်များအနေဖြင့်ယခင်နှစ်ဗဟိုအဆင့်ပြိုင်ပွဲတွင်ရရှိခဲ့သည့် တတိယနေရာထက်ကျော်လွန်၍ ရွှေ၊ ‌‌ငွေ၊ ကြေး၊တံဆိပ်များ ပိုမိုရရှိအောင် စည်းစည်းလုံးလုံးဆောင်ရွက်နိုက်ပါစေကြောင်း” အမှာစကားများပြောကြားသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဆိုပြိုင်ပွဲတွင်  ဝါသနာရှင်(ပ)(အမျိုးသား)၊ ဝါသနာရှင်(ဒု)(အမျိုးသား)၊အဆင့်မြင့်ပညာ(အမျိုးသား)၊ အခြေခံပညာ(၁၅-၂၀)(အမျိုးသား)၊ အခြေခံပညာ(၁၀-၁၅)(အမျိုးသား) မဟာဂီတ ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်များအားလည်းကောင်း၊ အကပြိုင်ပွဲတွင် ဝါသနာရှင်(ဒု)(အမျိုးသား) ရုပ်သေးကြိုးဆွဲ၊ ဝါသနာရှင်(ပ)(အမျိုးသား) ကွက်စိပ်၊ ဝါသနာရှင်(ဒု)(အမျိုးသား) ကွက်စိပ်ပြိုင်ပွဲများတွင်ပထမဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်များအားလည်းကောင်း၊ အရေးပြိုင်ပွဲတွင် ဝါသနာရှင်(ပ) အရေး၊ ဝါသနာရှင်(ဒု) အရေးပြိုင်ပွဲများတွင် ပထမဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်များအားလည်းကောင်း၊ အတီးပြိုင်ပွဲတွင် အခြေခံပညာ(၁၅-၂၀)(အမျိုးသား)စန္ဒယား၊ ဝါသနာရှင်(ဒု) အမျိုးသား၊ ဆိုင်းဝိုင်းကြီးအဖွဲ့လိုက်၊ ဝါသနာရှင်(ဒု) အမျိုးသမီး၊ ဆိုင်းဝိုင်းကြီးအဖွဲ့လိုက်၊ အခြေခံပညာ(၁၅-၂၀)(အမျိုးသား)အိုးစည် အဖွဲ့လိုက် ပြိုင်ပွဲများတွင် ပထမဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်များအားလည်းကောင်း၊ ကျေးလက်ရိုးရာအကအဖွဲ့၊ ရှမ်းတိုင်းရင်းသားရိုးရာအကအဖွဲ့၊ ရုပ်စုံသဘင် အဖွဲ့တို့အား ပြိုင်ပွဲဝင်ဂုဏ်ပြုဆုများအားလည်းကောင်း၊ တိုင်းေဒသကြီးဝန်ကြီးချုပ်၏ဇနီးက အဆိုပြိုင်ပွဲတွင် ဝါသနာရှင်(ပ)(အမျိုးသမီး)၊ ဝါသနာရှင်(ဒု)(အမျိုးသမီး)၊အဆင့်မြင့်ပညာ(အမျိုးသမီး)၊ အခြေခံပညာ(၁၅-၂၀)(အမျိုးသမီး)၊အခြေခံပညာ (၁၀-၁၅)(အမျိုးသမီး)မဟာဂီတ၊   ဝါသနာရှင်(ပ)(အမျိုးသမီး) ခေတ်ဟောင်းကာလပေါ်ဝါသနာရှင်(ဒု)(အမျိုးသမီး) ခေတ်ဟောင်းကာလပေါ်ပြိုင်ပွဲများတွင်ပထမဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်များအားလည်းကောင်း၊ အကပြိုင်ပွဲတွင် အခြေခံပညာ (၁၀-၁၅)(အမျိုးသမီး) ကဗျာလွတ်အက(အဖွဲ့လိုက်)၊ အခြေခံပညာ(၁၅-၂၀)(အမျိုးသမီး) (တစ်ဦးချင်းအက)ပြိုင်ပွဲများတွင်ပထမဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်များအားလည်းကောင်း၊ အရေးပြိုင်ပွဲတွင်အဆင်မြင့်ပညာ၊ အခြေခံပညာ(၁၅-၂၀)အရေးပြိုင်ပွဲများတွင် ပထမဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်များအားလည်းကောင်း၊ အတီးပြိုင်ပွဲတွင် ဝါသနာရှင်(ဒု)(အမျိုးသမီး) တယော၊ ဝါသနာရှင်(ပ) အမျိုးသမီး၊ ဆိုင်းဝိုင်းကြီးအဖွဲ့လိုက်ပြိုင်ပွဲများတွင်ပထမဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်များအားလည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက အဆိုပြိုင်ပွဲတွင် အခြေခံပညာ(၁၅-၂၀) အမျိုးသမီး၊ ခေတ်ဟောင်းကာလပေါ်၊ ဝါသနာရှင်(ဒု)အမျိုးသမီး၊ အမျိုးဂုဏ်ဇာတိဂုဏ်၊ ဝါသနာရှင်(ပ) အမျိုးသား၊မဟာဂီတ၊ ဝါသနာရှင်(ဒု) (အမျိုးသား)၊ (အမျိုးသမီး)မဟာဂီတ၊ အဆင့်မြင့်ပညာ၊အမျိုးသား/ အမျိုးသမီး (မဟာဂီတ)၊ အခြေခံပညာ(၁၅-၂၀) (အမျိုးသား/ အမျိုးသမီး)မဟာဂီတပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသည့်ပြိုင်ပွဲဝင်များအားလည်းကောင်း၊ အကပြိုင်ပွဲတွင် ဝါသနာရှင်(ဒု)၊ (အမျိုးသား)(တစ်ဦးချင်း)၊ အဆင်မြင့်ပညာ၊ (အမျိုးသား)(တစ်ဦးချင်း)၊ အခြေခံပညာ၊ (၁၅ -၂၀)၊ (၁၀-၁၅)တစ်ဦးချင်း ပြိုင်ပွဲများတွင် ပထမဆုရရှိသည့်ပြိုင်ပွဲဝင်များအားလည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ဇနီးက အဆိုပြိုင်ပွဲတွင် အဆင့်မြင်ပညာ၊ (အမျိုးသမီး)၊ ဝါသနာရှင်(ပ) အမျိုးသား၊ ဝါသနာရှင်(ပ) အမျိုးသမီး၊ ဝါသနာရှင်(ဒု) အမျိုးသား၊ ဝါသနာရှင်(ဒု) အမျိုးသမီး၊ ခေတ်ဟောင်းကာလပေါ် ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသည့်ပြိုင်ပွဲဝင်များအားလည်းကောင်း၊ အကပြိုင်ပွဲတွင် ဝါသနာရှင်(ဒု) အမျိုးသမီး၊ အဆင့်မြင်ပညာ (အမျိုးသမီး)၊ အခြေခံပညာ၊ (၁၀-၁၅) အမျိုးသမီး (တစ်ဦးချင်း)၊ အခြေခံပညာ၊ (၁၀-၁၅) ကဗျာလွတ်အက(အဖွဲ့လိုက်)ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယဆုရရှိသည့်ပြိုင်ပွဲဝင်များအားလည်းကောင်း၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးက အဆိုပြိုင်ပွဲတွင် အခြေခံပညာ၊ (၁၀-၁၅) အမျိုးသား၊(ခေတ်ဟောင်းကာလပေါ်)၊ ဝါသနာရှင်(ဒု) (အမျိုးသား)၊ (အမျိုးသမီး)၊ အဆင့်မြင်ပညာ၊ (အမျိုးသား)၊ (အမျိုးသမီး)၊ အမျိုးဂုဏ်ဇာတိဂုဏ် ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသည့်ပြိုင်ပွဲဝင်များအားလည်းကောင်း၊ အကပြိုင်ပွဲတွင် ဝါသနာရှင်(ဒု) (အမျိုးသား)၊ (အမျိုးသမီး) ရုပ်သေးကြိုးဆွဲ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယဆုရရှိသည့်ပြိုင်ပွဲဝင်များအားလည်းကောင်း၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၏ဇနီးက အဆိုပြိုင်ပွဲတွင် ဝါသနာရှင်(ဒု) (အမျိုးသား)၊ အဆင့်မြင်ပညာ၊ (အမျိုးသား)၊ အမျိုးဂုဏ်ဇာတိဂုဏ်၊ အခြေခံပညာ၊ (၁၅-၂၀) (အမျိုးသား)၊ (အမျိုးသမီး)ခေတ်ဟောင်းကာလပေါ် ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသည့်ပြိုင်ပွဲဝင်များအားလည်းကောင်း၊ အကပြိုင်ပွဲတွင် အခြေခံပညာ၊ (၁၅-၂၀) (အမျိုးသား)၊ (အမျိုးသမီး) (တစ်ဦးချင်းအက)၊ အခြေခံပညာ၊ (၁၀-၁၅) ကဗျာလွတ်အက၊ (အဖွဲ့လိုက်) ပြိုင်ပွဲများတွင် ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသည့်ပြိုင်ပွဲဝင်များအားလည်းကောင်း၊ တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဇနီးတို့က  အဆို၊ အက၊ အရေး၊ အတီး၊ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။  ယင်းနောက် ဒိုင်ချုပ်များနှင့်  ခရိုင်အလိုက် အကဲဖြတ်ဒိုင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကိုချီးမြှင့်ခဲ့ပြီး တံခွန်စိုက် တတိယဆုရရှိသည့် မအူပင်ခရိုင်၊ ဒုတိယဆုရရှိသည့် ပုသိမ်ခရိုင်နှင့် ပထမဆုရရှိသည့် မြောင်းမြခရိုင်တို့အား ဧရာဝတီတိုင်းဒေသကြီး၏ (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲအား ပြိုင်ပွဲကျင်းပရေး နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ဆုဖလားနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကာ ပြိုင်ပွဲတွင်ဆုရရှိသူများ၏ ပြန်လည်ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး၏ (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲအား ပြိုင်ပွဲတွင် ခရိုင်အသီးသီးမှ အဆိုပြိုင်ပွဲဝင် ၁၁၂ဦး၊ အကပြိုင်ပွဲဝင် ၂၂၆ဦး၊ အရေးပြိုင်ပွဲဝင် ၁၂ဦး၊ အတီးပြိုင်ပွဲဝင် ၂၆၇ဦး၊ စုစုပေါင်း ၆၁၇ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။


Read More...
16-Sep-2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၃ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၃ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စုစုပေါင်း အင်အား (၁၅၀)ဦးတက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်မိန့်ခွန်းမြွက်ကြားရာတွင် “အိုဇုန်းလွှာသည် နေရောင်ခြည်မှလာသည့်  ခရမ်းလွန်ရောင်ခြည်များအား ကမ္ဘာမြေပြင်ပေါ်သို့ မကျရောက်စေရန်အတွက် ကာကွယ်ပေးလျက်ရှိပြီး သဘာဝအကာအရံတစ်ခုအဖြစ် တည်ရှိနေသည့်အတွက် ကမ္ဘာပေါ်ရှိ လူသားများ အပါအဝင်သက်ရှိများအားလုံးအတွက် မရှိမဖြစ်လိုအပ်ပါကြောင်း၊ အိုဇုန်းလွှာသည် အအေးပေးပစ္စည်းများတွင် အသုံးပြုသည့် ကလိုရိုဖလူရိုကာဗွန်ကြောင့် ပျက်စီးကြောင်းကို ၁၉၇၄ ခုနှစ်တွင် စတင်လေ့လာတွေ့ရှိခဲ့ပြီး အိုဇုန်းလွှာပျက်စီးမှုနှင့်ပတ်သက်၍ သိပ္ပံနည်းကျ လေ့လာသုံးသပ်မှု ပြုလုပ်ရန်ဆုံးဖြတ်ခဲ့ကြပါကြောင်း၊ အိုဇုန်းလွှာကာကွယ်ရေးအတွက် ဖွံ့ဖြိုးပြီးနိုင်ငံအချို့နှင့် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်တို့ ဦးဆောင်ကာ ကြိုးပမ်းဆောင်ရွက်ခဲ့ကြရာ၁၉၈၅ ခုနှစ်တွင် အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းကိုချမှတ်နိုင်ခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်ကို ထပ်မံချုပ်ဆိုနိုင်ခဲ့ပါကြောင်း၊လူသားအားလုံး ရင်ဆိုင်နေရသည့် အိုဇုန်းလွှာပျက်စီးခြင်းကဲ့သို့သော ခြိမ်းခြောက်မှုကို သိပ္ပံပညာရှင်များကရှာဖွေတွေ့ရှိခဲ့သည့်အပေါ် အစိုးရများနှင့် မိတ်ဖက်အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းကြောင့် မွန်ထရီရယ်သဘောတူ စာချုပ်သည် အောင်မြင်မှုတစ်ခုလည်းဖြစ်ခဲ့ပါကြောင်း၊ ယခု ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်ကတော့ “Montreal Protocol: Fixing the Ozone Layer and Reducing Climate Change” “ရာသီဥတုပြောင်းလဲမှုလျှော့ချရေး အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ပေး”ဖြစ်ပါကြောင်း၊ အိုဇုန်းလွှာထိခိုက်ပျက်စီးမှုကို ကာကွယ်နိုင်ခြင်းနှင့်အတူ ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချနိုင်မည်ဟု အပြည့်အဝယုံကြည်ပါကြောင်း၊ သက်ရှိများအတွက်သာမက နောင်အနာဂတ်မျိုးဆက်များအတွက်ပါ အရေးပါသည့် အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းစဉ်များကို အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း”တိုက်တွန်းအမှာစကားပြောကြားသည်။ ဆက်လက်၍ ၂၀၂၃ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးဗီဒီယို၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီရိုဂူတာရက်စ်၏ အထိမ်းအမှတ် သဝဏ်လွှာ ဗီဒီယိုပြသခြင်းနှင့်ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်(UNEP)၏ အမှုဆောင်ညွှန်ကြားရေးမှူး၊ Ms. Inger Andersen ၏ Memorial Videoတို့ကို ထုတ်လွှင့်ပြသပြီးနောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၃ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကိုလည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကိုလည်းကောင်း၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးက အလယ်တန်းအဆင့် ပန်းချီနှစ်သိမ့်ဆုရရှိသူများအားလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကာ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည်ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပြသထားသော ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။


Read More...
16-Sep-2023