သတင်းများ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးတွင် မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲနှင့် မြို့တော်ခန်းမ၌ မြို့နယ်/မြို့ စည်ပင်သာယာရေးအဖွဲ့များသို့ အမှိုက်သိမ်း ဟိုက်ဒရောလစ် သုံးဘီးယာဉ်များ လွဲပြောင်းပေးအပ်သည့် အခမ်းအနားကျင်းပခြင်း
Read More...
၂၀၂၁ ခုနှစ်၊ မတ်လ၊ (၁၉)ရက်နေ့၊ နံနက် (၀၉၀၀)နာရီအချိန်တွင်ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကျက်သရေတော်ဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၊ ဦးမောင်ကြီး အာရုံခံ တန်ဆောင်းတွင် ကျင်းပပြုလုပ်သည့် (၆၄)ကြိမ်မြောက် အဘိဓမ္မာ(၇)ကျမ်း အသံမစဲရွတ်ဖတ် ပူဇော်ပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများမှ တက်ရောက်ခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် မြို့တော်ခန်းမတွင် ကျင်းပြုလုပ်သည့် ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းဒေသကြီးစည်ပင် သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေ(ငွေလုံးငွေရင်း)ဖြင့် ဝယ်ယူထားသော အမှိုက်သိမ်းဟိုက်ဒရော လစ်သုံးဘီးယာဉ်(၃၄)စီးအား မြို့နယ်/မြို့စည်ပင်သာယာရေးအဖွဲ့များသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနား၌ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်/ မြို့စည်ပင်သာယာရေးအဖွဲ့များအနေဖြင့် စည်ပင်သာယာရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြရာတွင် စွန့်ပစ်အမှိုက်သိမ်းဆည်းစွန့်ပစ်သည့် လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး လိုအပ်သည့်အမှိုက်သိမ်းဟိုက်ဒရောလစ်သုံးဘီးယာဉ်များကို ယခုဘဏ္ဍာရေးနှစ် တွင် ဧရာဝတီတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူဖြည့်တင်း လွှဲပြောင်းပေးအပ်ခြင်းဖြစ်ပါကြောင်း၊ တန်ဖိုးအားဖြင့် ဧရာဝတီတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် (၁၀၈.၂၈၅)သန်းဖြင့် တင်ဒါခေါ်ယူခဲ့ရာ General Arr Mahn Thit Co.,Ltd မှ ငွေကျပ်(၁၆၆.၆၀)သန်းဖြင့် တင်ဒါအောင်မြင်ခဲ့ပြီးတင်သွင်းလာသည့် အမှိုက်သိမ်းဟိုက်ဒရောလစ်သုံးဘီး ယာဉ်(၃၄)စီးအား လွှဲပြောင်းထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း၊ စည်ပင်သာယာရေးအဖွဲ့များ၏ပုံရိပ်ဟာ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ၏ပုံရိပ်ဖြစ်သကဲ့သို့ စည်ပင်သာယာရေးလုပ်ငန်းများကို ပိုမိုအရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်မှသာ လုပ်ငန်းစွမ်းဆောင်နိုင်ရည်ပုံရိပ်များ ထင်ရှားပေါ်လွင်လာနိုင်မည် ဖြစ်ပါကြောင်း၊ မိမိတို့ဌာနလုပ်ငန်းများကို အထောက်အကူဖြစ်စေရန် လိုအပ်သည့် ယာဉ်/စက်ယန္တရားများကို ဖြည့်တင်းနိုင်ရန် ဝယ်ယူထောက်ပံ့ပေးရခြင်းလည်းဖြစ်ပါကြောင်း၊ ယနေ့လွှဲပြောင်းပေးအပ်သည့် အမှိုက်သိမ်း ဟိုက်ဒရောလစ်သုံးဘီးယာဉ်များကို မိမိတို့မြို့နယ်/မြို့စည်ပင်သာယာရေးအဖွဲ့များအနေဖြင့် မြို့တွင်းလမ်းကျဉ်း၊ လမ်းသွယ်များအရောက် အမှိုက်သိမ်းဆည်းပေးနိုင်ရေး အဆိုပါယာဉ်များ၏စွမ်းရည်ကို အသုံးပြုပြီး စည်ပင် သာယာရေးလုပ်ငန်းများကို မြို့နယ်/မြို့စည်ပင်သာယာရေးအဖွဲ့များအနေဖြင့် ပိုမိုဖော်ဆောင် လုပ်ကိုင်ကြရမှာ ဖြစ်သလို အချိန်မတိုင်ခင် ပျက်စီးယိုယွင်းမှုမရှိရအောင် ယာဉ်များအားပြင်ဆင် ထိန်းသိမ်းမှုအပိုင်းကိုလည်း မျက်ခြေမပြတ် ဆောင်ရွက်ကြရန်လိုကြောင်း၊ စည်ပင်သာယာရေး အဖွဲ့များအနေဖြင့် မိမိတို့တာဝန်ယူရသည့်မြို့အား သန့်ရှင်းသာယာရေး၊ ရေစီးရေလာ ကောင်းမွန်စေရေး၊ လမ်းတံတားများ ကောင်းမွန်စေရေးတို့အပြင် ပြည်သူလူထုအားလုံး စိတ်လက်ချမ်းသာစွာအပန်းဖြေနိုင်မည့် ပန်းခြံကဲ့သို့နေရာများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြစေလိုကြောင်း၊ မြို့ကိုအမှိုက်များကြောင့် အကျည်းတန်မှုမရှိစေရေး ယခု ထောက်ပံ့ပေးသည့် သုံးဘီးဆိုင်ကယ်ယာဉ်များကိုအသုံးပြုပြီး ရပ်ကွက်အစွန်အဖျား၊ လမ်းသွယ်လမ်းကြားများအထိ သန့်ရှင်းအောင် ဆောင်ရွက်ကြရန်နှင့် ပြည်သူပါဝင်သော အမှိုက်သိမ်းဆည်းရေးလုပ်ငန်းကို ပိုမိုအောင်မြင်အောင်ဆောင်ရွက် ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်ကောင်စီအဖွဲ့ဝင်များမှ သက်ဆိုင်ရာမြို့နယ်/မြို့စည်ပင် သာယာရေးအဖွဲ့များသို့ အမှိုက်သိမ်းဟိုက်ဒရောလစ်သုံးဘီး ယာဉ်များအား လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံသို့ General Arr Mahn Thit Co.,Ltd မှ သုံးဘီးယာဉ် လွှဲပြောင်းပေးအပ်ခြင်းအထိမ်းအမှတ် တံဆိပ်ပေးအပ်ခဲ့ပြီး အမှိုက်သိမ်းဟိုက်ဒရောလစ် သုံးဘီယာဉ်များ ထောက်ပံ့ပေးအပ်ခြင်းအတွက် မြို့နယ်/မြို့စည်ပင်သာယာရေးအဖွဲ့များ ကိုယ်စား ဧရာဝတီတိုင်း ဒေသကြီးစည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ အမှိုက်သိမ်းဟိုက်ဒရောလစ်သုံးဘီယာဉ်များ၏ စက်စွမ်းရည်နှင့်မောင်းနှင်မှု များအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
19-Mar-2021
ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၆/၂၀၂၁) ကျင်းပပြုလုပ်
Read More...
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စီမံကိန်းလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၁ ခုနှစ်၊ မတ်လ၊ (၁၈)ရက်နေ့၊ နံနက် (၁၀၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၆/၂၀၂၁) ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။
Read More...
18-Mar-2021
ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်း
Read More...
ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများပြန်လည် ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၁ ခုနှစ်၊ မတ်လ၊ (၁၇)ရက်နေ့၊ နံနက် (၀၈၃၀)နာရီ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက် ပုသိမ်မြို့၊ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ ဆေးရုံကြီးအား သွားရောက်ကြည့်ရှု့ခဲ့ပါသည်။
ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း လမ်းပန်းဆက်သွယ်မှုလွယ်ကူချောမွေ့စေရေး၊ ဒေသဖွံဖြိုးရေးလုပ်ငန်းများအရှိန်အဟုန်မပျက် စေရေးအတွက် (၁၁၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီအဖွဲ့ဝင် (၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တိုင်းဒေသကြီးကျေးလက်လမ်း ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးလင်းထိုက်နှင့် ခရိုင်/မြို့နယ် တာဝန်ရှိသူများလိုက်ပါလျက် ရေကြည်မြို့ နယ်၊ အင်းလျာကုန်း-သံဒင်း-နတ်စင်ငူ-ဇရပ်လှ ကျေးလက်လမ်း (၉မိုင်၂ဖာလုံ)ရှိပြီး ZW Co.,Ltd မှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ (ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေဖြင့်) ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ၁ မိုင် ၁ဖာလုံ၊ လမ်းအကျယ် ၁၂ပေ၊ လမ်းထုထည် ၇ လက်မ၊ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဆင်ကူးသံကူကွန်ကရစ်တံတား တည်ဆောက်ပြီးစီးမှု အခြေအနေများကို သွားရောက် ကြည့်ရှု့ စစ်ဆေးခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ရေကြည်မြို့ ခုတင်(၅၀)ဆံ့ပြည်သူ့ဆေးရုံတွင် ပြည်သူများအား COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို ကြည့်ရှုအားပေးခဲ့ရာ ဆေးရုံအုပ်ကြီး ဒေါက်တာအေးအေးလင်းက မြို့နယ်အတွင်းရှိ ပြည်သူ လူထု(၃၅၇၀)ဦးအား ကာကွယ်ဆေးထိုးနှံပြီးစီးပြီဖြစ်ပါကြောင်းနှင့်ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေများအားရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ ရေကြည်မြို့၊ မြို့နယ်ပညာရေးမှူးရုံးတွင် ဖွင့်လှစ်လျက်ရှိသည့် အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်း အုပ်ကြီးများ၏ စွမ်းရည်မြှင့်သင်တန်းသို့ သွားရောက်ကြည့်ရှု့အားပေးခဲ့ရာ မြို့နယ်ပညာရေးမှူး ဦးသန်းမောင်က သင်တန်းဖွင့်လှစ်ပို့ချနေမှုများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဝန်ထမ်းများသည် နိုင်ငံရေးပယောဂများကြောင့် အလုပ်ခွင်နှင့် ကင်းကွာလျက်ရှိနေကြသည်ကို စိတ်မချမ်းမြေ့ဖွယ်တွေ့မြင်နေရကြောင်း၊ မွန်မြတ်လှသည့် အာစရိယဂုဏ်ကို ထိန်းသိမ်းလျက် ယခုကဲ့သို့ စွမ်းရည်မြင့်သင်တန်းဖွင့်လှစ်ပြီး မိမိတို့တပည့် သားသမီးများအတွက် ကြိုးစား ဆောင်ရွက်နေသည်ကိုတွေ့ရှိရသည့်အတွက်ဝမ်းသာမိပါကြောင်းနှင့် လိုအပ်သည်များကိုလည်း ပေါင်းစပ်ဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
17-Mar-2021
ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ငွေဆောင်မြို့၊ ချောင်းသာမြို့ရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းလုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း
Read More...
ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ၂၀၂၁ ခုနှစ်၊ မတ်လ၊ (၁၆)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်၌ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)တွင် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး၊ မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တိုင်းလျှပ်စစ်အင်ဂျင်နီယာ၊ တိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးမှူးနှင့် ငွေဆောင်/ ချောင်းသာမြို့ရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းလုပ်ငန်းရှင်များနှင့် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် လျှပ်စစ်ဓာတ်အားရရှိရေးတို့အတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
Read More...
30-Nov--0001
ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ဆန်ကုန်သည်များအသင်းနှင့်တွေ့ဆုံဆွေးနွေးခြင်း
Read More...
ပြည်သူလူထုစားဝတ်နေမှုအခက်အခဲမရှိစေရေး၊ ကုန်စည်စီးဆင်းမှုသွက်လက်မှန်ကန်စေရေးနှင့် အခြေခံစားသောက်ကုန်စျေးနှုန်း တည်ငြိမ်စေရေးအတွက် ၂၀၂၁ ခုနှစ်၊ မတ်လ၊ (၁၅)ရက်နေ့၊ နေ့လယ်(၁၄၃၀)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီနှင့် ဆန်ကုန်သည်များအသင်းတို့ တွေ့ဆုံဆွေးနွေးခဲ့ရာ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီဝင်များ၊ ကောင်စီ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် ဆန်ကုန်သည်များအသင်းမှတာဝန်ရှိသူများ တက်ရောက် ခဲ့ပြီး ဆန်ကုန်သည်များမှ စပါးစျေးနှုန်းမျှော်မှန်းသည်ထက်လျော့ကျသည့်အတွက် နိုင်ငံတော်မှ စပါးဝယ်ယူပေးနိုင်ရေးတင်ပြခဲ့ပြီး ဘဏ်စနစ်ကြောင့် ငွေကြေးစီးဆင်းမှုနှေးကွေးမှုအပေါ် လျင်မြန်စေရေးတင်ပြခဲ့ရာ တိုင်းကောင်စီဥက္ကဋ္ဌမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ ဆက်လက်တင်ပြပေးသွားမည်ဖြစ်ပါကြောင်းနှင့် ဆောင်ရွက်ရမည့်အစီအမံများအား အသေးစိတ် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
16-Mar-2021