သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ ရေကြည်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်များသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ ကွင်းယားအရှေ့ကျေးရွာ၊ ဦးမျိုးမြင့်၏ လယ်မြေတွင် ဆင်းသုခ မျိုးစပါး စိုက်ပျိုးနေမှုများကိုကြည့်ရှုအားပေးပါတယ်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့၊ ငဝန်တာတွင် ဆည်းမြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်သည့် ရေဘေးကာကွယ်ရေးသရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားတက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ  မိုးရာသီမြစ်ရေမြင့်တက်မှုကြောင့် ဖြစ်ပေါ်လာမည့်ရေဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာဝဘေးအန္တရာယ်များကျရောက်ပါက ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရေးအတွက် ရေဘေးကာကွယ်ရေးအစီအမံများ စနစ်တကျရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ တာတမံများကိုလည်း  အကြိမ်ကြိမ်ပြုပြင်မွမ်းမံတည်ဆောက်ခဲ့ပြီး တာထောက်ခြင်းလုပ်ငန်းများ၊ ပန်းတာများကြိုတင်ဆောင်ရွက်ခြင်းလုပ်ငန်းများဖြင့် တာတမံထုထည်များ ပိုမိုကြံ့ခိုင်အောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများကို စီမံချက်များရေဆွဲဆောင်ရွက်သည့်အပြင်စစ်ဆေးခြင်း၊ ပြင်ဆင်ခြင်းသည့်လက်တွေ့ ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်ပြီး လိုအပ်မှုများဖြည့်ဆည်းဆောင်ရွက်ရန်လိုပါကြောင်း၊ မြစ်ရေမြင့်တက်လာပြီး စိုးရိမ်ရေမှတ်သို့ရောက်ရှိပါက အရေးပေါ်အခြေအနေအဆင့် ၁ ဖြစ်သတ်မှတ်၍ အစိမ်းရောင်၊ စိုးရိမ်ရေမှတ်အထက်ကျော်လွန်မြင့်တက်လျက်ရှိပါက အလံအဝါရောင်နှင့် စိုးရိမ်ရေမှတ်အထက်ဆက်လက်မြင့်တက်လာပြီး တာတမံကိုယ်ထည်ပေါ်ရေကျော်လာ၍ တာတမံကျိုးပေါက်နိုင်မည့်အခြေအနေရှိပါ အလံအနီရောင်လွှင့်ထူဆောင်ရွက်ရမည့် ရေဘေးကာကွယ်ရေးတာတမံများ၏ အရေးပေါ် အခြေအနေကြိုတင်စီမံခန့်ခွဲမှုအစီအစဉ်အရ လွှင့်ထူရမည့် သတိပေးအချက်ပြအလံလွှင့်ထူခြင်း အခြေအနေများ သိရှိနားလည်ထားကြရန်၊ သဘာဝဘေးအန္တရာယ်များကို အချိန်မီကြိုတင်ကာကွယ်နိုင်ရန်အတွက် တာတမံများတာဝန်ချထားသည့်ရေကင်းအဖွဲ့များ၊ ဌာနဆိုင်ရာကြီးကြပ်ရေးအဖွဲ့များ၊ ဒေသခံပြည်သူများက ရေဘေးကာကွယ်ရေးနည်းလမ်းများအတိုင်း ဂရုတစိုက်စောင့်ကြည့်ကြရန်၊ ထူးခြားမှုရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ခြင်းလုပ်ငန်းများကိုမြန်ဆန်မှန်ကန်စွာဆောင်ရွက်ကြရန်နှင့် သဘာဝဘေးကာကွယ်ရေးလုပ်ငန်းများတွင် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများကတက်ညီလက်ညီပူး ပေါင်းဆောင်ရွက်ကြရန်ပြောကြားခဲ့ပါသည်။ ဆက်လက်၍  ဆည်းမြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးမှ ခရိုင်အတွင်း ရေဘေးကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုများနှင့် ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်ခြင်းများကိုရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ရေဘေးကာကွယ်ရေးတာတမံများ၏ အရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှုအစီအစဉ်အရ လွှင့်ထူရမည့် သတိပေးအချက်ပြအလံများပေးအပ်ခဲ့ပါသည်။ ထို့နောက် ဆည်းမြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးမှ တာတမံ ကိုယ်ထည် စိမ့်ထွက်ခြင်းနှင့် ရေပေါက်များဖြစ်ပေါ်ခြင်း၊ ကမ်းပြိုခြင်း၊ လှိုင်းပုတ်ခြင်းတို့အတွက်  ကာကွယ်ဆောင်ရွက်ရမည့်အခြေအနေများကို ရေဘေးကာကွယ်ရေး လက်တွေ့သရုပ်ပြရှင်းလင်းတင်ပြခြင်းနှင့် ရေဘေးကာကွယ်ရေးတာတမံများ၏ အရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှုအစီအစဉ် ဇာတ်တိုက်လေ့ကျင့်မှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် ရေဘေးကာကွယ်ရေးသရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ရေးအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့သစ်အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့သွားရောက်၍ ကျောင်းသားကျောင်းသူများအေးချမ်းပျော်ရွှင်စွာပညာသင်ကြားနေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ဆရာမများနှင့်တွေ့ဆုံ၍ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေး၊ ကျောင်းသားကျောင်းသူများ တွင် သွေးလွန်တုပ်ကွေးရောဂါစသည့် ကူးစက်ရောက်ဂါများဖြစ်ပွားမှုမရှိစရေးဂရုတစိုက်ဆောင်ရွက်ကြရန်မှာကြားခဲ့ကာ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများအတွက် ကျန်းမာရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ရေကြည်မြို့နယ်၊ ဆီဆုံကုန်းကျေးရွာ၌  ၂၀၂၂-၂၀၂၃ခုနှစ် မိုးစပါးစိုက်နည်းစနစ်(၄)မျိုးစမ်းသပ်ကွက်တွင် ဆင်းသုခ(SR)မျိုးစပါးများ စနစ်တကျစိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး နည်းပညာပြန့်ပွားရေးစင်တာတွင် တောင်သူများနှင့်တွေ့ဆုံ၍ တစ်ဧက တင်း၁၀၀ထွက်ရှိရေး ဧက၁၀၀ စံပြကွက် တောင်သူများသို့ ဓာတ်မြေသြဇာအိတ် ၁၀၀ ပေးအပ်ခဲ့ကာ အထွက်တိုး မျိုးကောင်းမျိုးသန့်များသုံးစွဲကြစေရေး၊ စနစ်တကျမြေပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ကြစေရေး၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာများကိုအချိုးကျသုံးစွဲကြစေရေး၊ မိရိုးဖလာစိုက်ပျိုးနည်းများအပြင်ခေတ်မီစိုက်ပျိုးနည်းစနစ်များ၊ စက်ကိရိယာများအသုံးပြုဆောင်ရွက်ကြရန်မှာကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်သည့်  သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းကျေးရွာနှင့် Cash for work ကျေးရွာတို့အတွက် စီမံကိန်းရန်ပုံငွေပေးအပ်ပွဲအခမ်းအနားတက်ရောက်၍ အမှာစကားပြောကြားခဲ့ပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းကျေးရွာ(၁)ရွာအတွက် ရန်ပုံငွေကျပ် သိန်း၃၀၀၊ ၊ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းကျေးရွာ(၁၅)ရွာအတွက် ကျေးရွာတစ်ရွာလျှင်ကျပ်သိန်း၁၀၀နှင့် Cash for work ကျေးရွာ (၁) ရွာအတွက်ရန်ပုံငွေကျပ်သိန်း၁၀၀တို့ကို ကျေးရွာတာဝန်ခံများအားပေးအပ်ခဲ့ရာ ကျေးရွာစီမံကိန်းတာဝန်ခံများကိုယ်စား ဒေသခံတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါတယ်။  အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင်ပြုလုပ်သည့်သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းကျေးရွာနှင့် Cash for work ကျေးရွာတို့အတွက် စီမံကိန်းရန်ပုံငွေပေးအပ်ပွဲအခမ်းအနားတက်ရောက်၍ အမှာစကားပြောကြားခဲ့ပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာရန်ပုံငွေရွာ (၂)ရွာအတွက် ရန်ပုံငွေကျပ် သိန်း၃၀၀၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းကျေးရွာ(၁၅)ရွာအတွက် ကျေးရွာတစ်ရွာလျှင် ရန်ပုံငွေကျပ်သိန်း၁၀၀နှင့် Cash for work ကျေးရွာ(၁) ရွာအတွက်ရန်ပုံငွေကျပ်သိန်း၁၀၀တို့ကို ကျေးရွာစီမံကိန်းတာဝန်ခံများအားပေးအပ်ခဲ့ရာ ကျေးရွာစီမံကိန်းတာဝန်ခံများကိုယ်စား တာဝန်ခံတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၁၁.၇.၂၀၂၂ရက်နေ့မှ ၁၁.၈.၂၀၂၂ရက်နေ့အထိဖွင့်လှစ်သည့် အသက်မွေးဝမ်းကြောင်းလျှပ်စစ်သံဂဟေဆက်လုပ်ငန်း သင်တန်းပို့ချနေမှုများကိုကြည့်ရှုအားပေးခဲ့ပါသည်။ အဆိုပါစီမံကိန်းရန်ပုံငွေထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တိုင်းဒေသကြီး၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို   ဘဏ္ဍာနှစ်အလိုက် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေတို့ဖြင့်နှစ်စဉ်ချထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများပိုမိုဖြစ်ထွန်းအောင်မြင်နိုင်မည့်အလားအလာကောင်းများရှိနေပါကြောင်း၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍  လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေး၊ လျှပ်စစ်မီးရရှိစေရေး၊ ကုန်ထုတ်လမ်းဖောက်လုပ်သွားလာအသုံးပြုနိုင်စေရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကိုယ်တိုင်အကောင်အထည်ဖော်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မည့်ကော်မတီများအနေဖြင့် သက်ဆိုင်ရာလုပ်ငန်းများအလိုက် စာရင်းဇယားများ စနစ်တကျထားရှိဆောင်ရွက်ကြရန်နှင့် စီမံကိန်းများ အောင်မြင်အောင်ဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့ပါသည်။


Read More...
15-Jul-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝါတွင်းကာလမဟာသံဃိကဒါန အရုဏ်ဆွမ်းလောင်းလှူပူဇော်ပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝါတွင်းကာလ မဟာသံဃိကဒါန အရုဏ်ဆွမ်းလောင်းလှူပူဇော်ပွဲကို ယနေ့နံနက် ၀၄း၃၀အချိန်တွင် ပုသိမ်မြို့ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၊ ဒေါ်လှယဥ် (ဝိသာခါ) ဓမ္မာရုံ၌ ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီးဒေါ်ကြည်ကြည်ထွန်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက်၍ အရုဏ်ဆွမ်းလောင်းလှူခဲ့ကြပါသည်။ ဦးစွာ ပုသိမ်မြို့ရှိကျောင်းတိုက်အသီးသီးတွင် ဝါဆိုဝါကပ်တော်မူကြသော သံဃာတော်အရှင်သူမြတ်များမှ အရုဏ်ဆွမ်းခံကြွရောက်တော်မူလာကြကုန်သော သံဃာတော်(၁၉၃၉) ပါးတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ် အမှူးပြုသော စေတနာရှင်အလှူရှင်များမှ အရုဏ်ဆွမ်းလောင်းလှုပူဇော်ခဲ့ကြသည်။ ဆက်လက်၍ အရုဏ်ဆွမ်းလောင်းလှူပူဇော်ပွဲအပြီးတွင် ပုသိမ်မြို့ရှိထေရ်ကြီးဝါကြီး သံဃာတော်အရှင်သူမြတ်ငါးပါးတို့ကို ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်ခြင်းနှင့်ဝါတွင်းကာလ မဟာသံဃိကဒါန အရုဏ်ဆွမ်းလောင်းလှူပူဇော်ပွဲ ရေစက်ချမင်္ဂလာအခမ်းအနားကို “နမောတဿ” (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တဝိဿုတ မဟာထေရ် အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များအားဆက်လက်နာယူ ကြည်ညိုကြသည်။ ယင်းနောက် အခမ်းအနားသို့  ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော်  အရှင်သူမြတ်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများက ဝါဆိုသင်္ကန်းနှင့်   လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်   အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍   ဧရာဝတီတိုင်းဒေသကြီး  သံဃနာယကအဖွဲ့၊ ဥက္ကဌ(သုဓမ္မာ) မရမ်းချိုကျောင်းတိုက်  ပဓာန နာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊  အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တသောဘိတမဟာထေရ် အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံ တိဌတု” (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။ ဝါတွင်းကာလအတွင်း သံဃာတော်အရှင်သူမြတ်များ သာသနာရေးဆိုင်ရာကိစ္စရပ်များကို စိတ်အေးချမ်းသာစွာဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များက ဝါတွင်းကာလပတ်လုံး တနင်္လာနေ့မှအပ တစ်ပတ်လျှင် ခြောက်ရက်ဖြင့် အရုဏ်ဆွမ်းလောင်းလှူပူဇော်သွားမှာဖြစ်ပါသည်။


Read More...
14-Jul-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် ဟင်္သာတမြို့နယ်နှင့် အင်္ဂပူမြို့နယ်များတွင် ဧရာဝတီ မြစ်ရေတိုက်စားမှုအခြေအနေများ ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  တိုင်း ၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဇူလိုင်လ ၁၃ ရက်နေ့ ညနေပိုင်းတွင် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ပဲကြီးကျွန်းကျေးရွာအုပ်စု၊ ရေလယ်ကျွန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရေလယ်ကျွန်း(ဆိပ်)အနီးတွင် ငဝန်မြစ်ရေတိုက်စား၍ ကမ်းပါပြိုကျမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဦးစွာ ရေလယ်ကျွန်ကျေးရွာ ရွှေကျွန်းဇေယျာဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော်အား ဖူးမြှော်ကြည်ညို၍ လှူဖွယ်ဝတ္ထုများဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။ ထို့နောက် တိုင်းဒေသကြီးရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ ပဲကြီးကျွန်းကျေးရွာအုပ်စု၊ ရေလယ်ကျွန်းကျေးရွာရှိ  အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရေလယ်ကျွန်း (ဆိပ်)အနီးရှိ ငဝန်မြစ်ရေတိုက်စားမှု အခြေအနေများနှင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မည့်အခြေအနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ချုပ်မှ အရေးပေါ်ကာကွယ်ရေးဆောင်ရွက်မည့်အခြေအနေများ အမြန်ဆုံးဆောင်ရွက်စေရေးနှင့် ရေရှည်ကာကွယ်ရေးလုပ်ငန်းများစနစ်တကျရေးဆွဲဆောင်ရွက်ရန်မှာကြားခဲ့ပြီး ကမ်းပြိုမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရေလယ်ကျွန်း(ဆိပ်)ရှိ ဆရာ၊ ဆရာမများ၊ ကျောင်းကော်မတီများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံခဲ့ပြီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများအား အမြန်ဆုံးဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများတွင် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်းပြောကြားခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။  ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ ကညင်တပင်ကျေးရွာအနီး ကမ်းပြိုမှုကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့် အင်္ဂပူ-ညောင်ကျိုး ကားလမ်း ၇/၃ မိုင်နှင့် ၇/၅ မိုင်အတွင်း ကမ်းပြိုမှုကြောင့် ရှောင်ကွင်းလမ်းဖောက်လုပ်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ  တိုင်းဒေသကြီးရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ ကမ်းပြိုကာကွယ်ရေးလုပ်ငန်များဆောင်ရွက်ထားရှိမှုနှင့် ဟင်္သာတခရိုင်လမ်းဦးစီးဌာနမှူးမှ ရှောင်ကွင်းလမ်းဖောက်လုပ်နေမှုအခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးချုပ်မှ ရေရှည်တည်တံမှုရှိစေရေး၊ မြစ်ရေတိုက်စားမှုသက်သာစေရေးလုပ်ငန်းများဆောင်ရွက်ထားရှိရေးနှင့် အချိန်မီပြီးစီးစေရေးမှာကြားခဲ့ပါသည်။


Read More...
13-Jul-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ဧကာဒသမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း၊ ဆွန်းဆန်တော်နှင့် ဆီများဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကျင်းပ
ပုသိမ်မြို့ပေါ်ရှိ သံဃာတော်အရှင်သူမြတ်များ၊ သီလရှင်ဆရာကြီးများ ဝါတွင်းကာလအတွင်း သာသနာဆိုင်ရာကိစ္စရပ်များကို စိတ်အေးချမ်းသာစွာ ကျင့်ကြံအားထုတ်ပွားများနိုင်ရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သော ပုသိမ်မြို့ပေါ်ရှိ ကျောင်းတိုက် ၂၀၀ နှင့်သီလရှင် စာသင်တိုက်(၁)တိုက်အား ဧကာဒသမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း၊ဆွမ်းဆန်တော်နှင့်ဆီ ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားအား ယနေ့နံနက် ၉ နာရီခွဲအချိန်က သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီးဒေါ်ကြည်ကြည်ထွန်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များထံမှ ကိုးပါးသီလခံယူဆောက်တည်ကြကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဦးစွာ အခမ်းအနားအား “နမောတဿ” (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒစရိယ၊ပုသိမ်မြို့၊နိဂြောဓာရုံညောင်ပင်သာ ပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တဝိဿုတ မဟာထေရ် အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များအား ဆက်လက်နာယူ ကြည်ညိုကြသည်။ ယင်းနောက် အခမ်းအနားသို့  ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော်  အရှင်သူမြတ်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများက ဝါဆိုသင်္ကန်းနှင့်  ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်  သီလရှင်ဆရာကြီးများအား သီလရှင်ဝတ်စုံ၊ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများအားလည်းကောင်း အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍   ဧရာဝတီတိုင်းဒေသကြီး  သံဃနာယကအဖွဲ့၊ ဥက္ကဌ(သုဓမ္မာ)မရမ်းချိုကျောင်းတိုက်  ပဓာန နာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊  အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တသောဘိတမဟာထေရ် အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံ တိဌတု” (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များနှင့်သီလရှင်ဆရာကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။


Read More...
12-Jul-2022
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ချောင်းသာမြို့နှင့် ရွှေသောင်ယံမြို့များသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နေ့လည်ပိုင်းတွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ချောင်းသာမြို့ရှိ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့်ဆောင်ရွက်သည့် School Cum Shelter ( ၁၃၀' × ၃၀' × ၂၃' ) ဆောက်လုပ်နေမှုအားကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအားရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အရည်အသွေးပြည့်မီရေး သက်မှတ်ကာလအတွင်းပြီးစီးစေရေး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လမ်းဦးစီးဌာနမှ ငရုပ်ကောင်း- ငွေဆောင်- ရွှေသောင်ယံ- မကျီးစင်- ကျောက်ချွန်- ဂွ ကားလမ်းအား  ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေးပြည့်မီစေရေးနှင့်သတ်မှတ်ကာလအတွင်းပြီးစီးစေရေးမှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေသောင်ယံမြို့ရှိ ပုသိမ်တက္ကသိုလ်၊ အဏ္ဏဝါသိပ္ပံ သုတေသနနှင့်လေ့ကျင့်ရေးစခန်းသို့ သွားရောက်၍  အုန်းပင် များစုပေါင်းစိုက်ပျိုးပေးခဲ့ပါသည်။ ထို့နောက် အဏ္ဏဝါသိပ္ပံဌာန ရှင်းလင်းဆောင်တွင် ပုသိတက္ကသိုလ်ပါမောက္ခချုပ်၊ အဏ္ဏဝါသိပ္ပံဌာန၊ ဓာတုဗေဒဌာန၊ ရုက္ခဗေဒဌာန၊ သတ္တဗေဒဌာနတို့မှ ပါမောက္ခဌာနမှူးများမှ ပုဇွန်သားပေါက်၊ ငါးသားပေါက်မွေးမြူနိုင်ရေး၊ ပင်လယ်မှော်၊ ပင်လယ်မြတ်၊ လမုပင်စသည်တို့မှ အဏုဇီဝ ပိုးထုတ်လုပ်၍ ပိုးမွှားအန္တရာယ်ကာကွယ်နိုင်ရေး၊ ပင်လယ်ရေမှော်များတွင် အိုင်အိုဒင်းပါဝင်မှုသိရှိနိုင်ရေးနှင့် ဂဏန်းအသားအာဟာရတန်ဖိုးမြှင့်တင်နိုင်ရေး လေ့လာသုတေသနပြုဆောင်ရွက်နေမှုအခြေအနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သုတေသနပြုလေ့လာမှုများမှ  ရလဒ်ကောင်းများထွက်ပေါ်လာစေရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် လက်တွေ့အသုံးပြုအကောင်အထည်ဖော်နိုင်ရေးကြိုးစားဆောင်ရွက်ရန်မှာကြားခဲ့ပါသည်။


Read More...
11-Jul-2022