သတင်းများ
ဧရာဝတီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးအား ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ရာ အစည်းအဝေးသို့ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီးနှင့် သက်ဆိုင်ရာဌာနများမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီးသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်သည့် တိုင်းဒေသကြီးဖြစ်ပြီး ငွေဆောင်နှင့်ချောင်းသာကမ်းခြေများသို့ ခရီးသွားများဝင်ရောက်မှု များပြားပါကြောင်း၊ ကိုဗစ်-၁၉ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ပြည်ပခရီးသွားများ ဝင်ရောက်မှု နည်းပါးသော်လည်း ပြည်တွင်းခရီးသွားများဝင်ရောက်မှု များပြားခဲ့ပါကြောင်း၊ တိုင်းဒေသကြီး အတွင်းရှိ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်ရန်အတွက် ခရီးစဉ်သစ်များဖော်ဆောင်ရန် လည်းလိုပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအနေဖြင့် ကမ်းခြေအလှ၊ သဘာဝဒီရေတောများဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းထားခြင်းကြောင့် ခရီးသွားများလာရောက်စေရန် ဆွဲဆောင်မှု ဖြစ်ပါကြောင်း၊ ကမ်းခြေဒေသများ၌ အနားယူအပန်းဖြေသည့် အဆောက်အဦများ ဆောက်လုပ်ရာတွင်လည်း စည်းမျဉ်း၊ စည်းကမ်းနှင့်အညီဆောင်ရွက်ရန်လိုအပ်ပြီး တာဝန်ရှိသူ အဆင့်ဆင့်က စစ်ဆေးကြပ်မတ်ရန်လိုပါကြောင်း၊ ခရီးစဉ်အသစ်များ ဖော်ဆောင်ရာတွင် ကမ်းခြေခရီးသွားလုပ်ငန်းအပြင် အခြားသော နေရာဒေသများသို့ပါ သွားရောက်နိုင်ရေး ဆောင်ရွက်ရန်လိုပါကြောင်းနှင့် ရှေးဟောင်းသမိုင်းဝင်ဘုရား၊ စေတီ၊ ပုထိုးများ၊ သာသနိက အဆောက်အဦ၊ ရုံးအဆောက်အဦများတည်ရှိရာဒေသဖြစ်သဖြင့် သွားရောက်လေ့လာ လည်ပတ်နိုင်ရေး ဖော်ဆောင်ကြစေလိုကြောင်း၊ အဆောက်အဦများ ဆောက်လုပ်ရာတွင် မြေအသုံးချမှုနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ကြရန်လိုပါ ကြောင်းနှင့် တာဝန်ရှိသူအဆင့်ဆင့်ကလည်း စိစစ်ကြပ်မတ်ရန်လိုပါကြောင်း၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝိုင်းဝန်းဆွေးနွေးပေးကြရန်”အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးရာ ဝန်ကြီးက လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီအတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးက မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေအရ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဖွဲ့စည်းထားရှိမှုအားလည်းကောင်း၊ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဗဟိုကော်မတီ(၂/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက် ၄၀(ဍ)အား သဘောထားမှတ်ချက် ပြန်ကြားနိုင်ရေးကိစ္စအားလည်းကောင်း၊ ဟိုတယ်၊ တည်းခိုရိပ်သာ အဆောက်အဦဆောက်လုပ်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းတို့အတွက် ကြိုတင်ခွင့်ပြုမိန့်ခွင့်ပြုနိုင်ရေး အားလည်းကောင်း၊ ဟိုတယ်၊ တည်းခိုရိပ်သာ လိုင်စင်ခွင့်ပြုပေးနိုင်ရေး ကိစ္စများကိုရှင်းလင်း တင်ပြခဲ့သည်။
ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခွင့်ပြုချက်ရရှိပြီး နိုင်ငံတော်၏ အခွန်ဘဏ္ဍာငွေပေးသွင်းပြီးဖြစ်သည့် ဟိုတယ်၊ တည်းခိုရိပ်သာ၊ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်များ၏ သက်တမ်းတိုးများကို ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီမှ မှတ်တမ်းတင်ပေးပါရန် တင်ပြခဲ့သည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အဖွဲ့များ နှင့် တတ်သိပညာရှင်၊ ပုဂ္ဂလိက ခရီးသွားလုပ်ငန်း ကိုယ်စားလှယ်များက ဝိုင်းဝန်းဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသဆိုင်ရာခရီးသွားလုပ်ငန်းပိုမိုတိုးတက်စေရေး နေရာဒေသ သဘာဝအလှအပများဖြင့် သက်ဆိုင်သည့်ခရီးသွားလုပ်ငန်းများ ဖော်ဆောင်ကြစေရေးနှင့် ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
Read More...
16-Jun-2023
ပုသိမ်မြို့၌ မြန်မာလုပ်သားထုကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်သမား ဥပဒေများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကျင်းပ
Read More...
မြန်မာလုပ်သားထုကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်သမား ဥပဒေများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားအား ယနေ့ညနေပိုင်းက ပုသိမ်မြို့၊ဧရာရွှေဝါခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် စက်ရုံ၊ အလုပ်ရုံများမှ လုပ်သားများတက်ရောက်ခဲ့ကြသည်။
မြန်မာလုပ်သားထုကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်သမား ဥပဒေများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးသည် တစ်ဖက်၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား လုပ်ကိုင်လျှက်ရှိပြီး တစ်ဖက်၌ စက်ရုံအလုပ်ရုံ လုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိပါကြောင်း၊စက်ရုံအလုပ်ရုံများ ပေါ်ပေါက်လာသဖြင့် ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အခွင့်အလမ်းများလည်း များစွာဖန်တီးပေးနိုင်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း MSMEလုပ်ငန်းများနှင့် ဆက်စပ်သည့် စက်ရုံများလည်းရှိပါကြောင်း၊ စက်ရုံအလုပ်ရုံများသည် လူအများနှင့် လုပ်ကိုင်ရသည့် လုပ်ငန်းများဖြစ်သဖြင့် လုပ်သားများနှင့်ပတ်သက်၍ ဥပဒေဆိုင်ရာများအရ ဖြေရှင်းဆောင်ရွက်ပေးရမှုများလည်း ရှိခဲ့ပါကြောင်း၊ လုပ်သားထု ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီကို ၃-၆-၂၀၂၁ ရက်စွဲဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန် များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီအနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဘဏ္ဍာရန်ပုံငွေ ထောက်ပံ့ပေးမှုဖြင့် ကျွမ်းကျင်လေ့ကျင့်ရေးသင်တန်းကျောင်း ပုသိမ်တွင် လျှပ်စစ်သင်တန်း(၄)ကြိမ်၊ ဂဟေဆက်သက်တန်း(၁)ကြိမ်၊အဲယားကွန်းပြုပြင်တပ်ဆင်ရေးသင်တန်း(၁)ကြိမ်စသည်တို့ကို ဖွင့်လှစ်သင်ကြားပေးခဲ့ပါကြောင်း၊ ဌာနဆိုင်ရာများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီအနေဖြင့် မိမိတို့၏ကဏ္ဍအလိုက် သက်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ အသိပညာပေးဆွေးနွေးပွဲ ကျင်းပခြင်းဖြင့် အလုပ်ရှင်၊ အလုပ်သမားများ ဥပဒေပါအခွင့်အရေးများကို သိရှိနားလည်ခြင်း၊အသက်မွေးဝမ်းကျောင်းသင်တန်းများ တက်ရောက်ခြင်းဖြင့် ကျွမ်းကျင်မှု ဆင့်မြင့်မားသည့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာခြင်း၊လုပ်သားများကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်လာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမှာဖြစ်ပါကြောင်းနှင့် အသိပညာဗဟုသုတများကို ဆက်လက်မျှဝေသွားရန် တိုက်တွန်းလိုပါကြောင်း”အမှာစကားများပြောကြားသည်။
ဆက်လက်၍ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်က အလုပ်သမားရေးရာ ဥပဒေများနှင့်ပတ်သက်၍ အမှာစကားများပြောကြားသည်။ယင်းနောက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က လုပ်သားများကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
Read More...
15-Jun-2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့် ငါးမျိုးကောင်းမျိုးသန့်ဖြန့်ချိရေးနှင့် ငါးဆေးထိုးသားဖောက် ပညာပြန်ပွားရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Read More...
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်သည် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ ဆောင်ရွက်လျက်ရှိသည့် ငါးမျိုးကောင်းမျိုးသန့်ဖြန့်ချိရေးနှင့် ငါးဆေးထိုးသားဖောက် ပညာပြန်ပွားရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်သည် ပုသိမ်-ရန်ကုန်ကားလမ်းဘေး ဆားမလောက်ကျေးရွာအနီးရှိ "အာရှသား " ငါးတန်၊ ငါးမြစ်ချင်း၊ ငါးမုတ်၊ ဖားမွေးမြူရေးနှင့် သားဖောက်လုပ်ငန်းသို့ရောက်ရှိ၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား မွေးမြူရေးလုပ်ငန်းတာဝန်ခံမှ လိုက်လံရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင်နှင့် တာဝန်ရှိသူများမှ ငါးတန်သားပေါက်၊ ငါးမြစ်ချင်းသားပေါက်၊ ငါးမုတ်သားပေါက်များနှင့် ဖားသားပေါက်များ မွေးမြူအောင်မြင်နေမှုများအား ကြည့်ရှုအားပေးခဲ့ပါသည်။ အာရှသား ငါးမွေးမြူ၊ သားဖောက်လုပ်ငန်းမှ ယခုနှစ်တွင် ငါးတန် ငါးမှုံအကောင်ရေ သိန်း(၈၀၀၀)၊ ငါးမြစ်ချင်း ငါးသန်အကောင်ရေ သိန်း(၁၅၀)၊ ငါးမုတ် ငါးမှုံကောင်ရေ သိန်း (၂၀၀၀)၊ ဖားသားပေါက် အကောင်ရေ (၆) သိန်း ထုတ်လုပ်ဖြန့်ဖြူး မည်ဖြစ်ပါသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင်သည် တာဝန်ရှိသူများနှင့်အတူ မအူပင်မြို့နယ်၊ ဝါးတောကျေးရွာအုပ်စုရှိ ဓနလှိုင် ငါးမွေးမြူရေးနှင့် ငါးမြစ်ချင်းသားပေါက်လုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ မွေးမြူရေးလုပ်ငန်းတာဝန်ခံက ငါးကြီးမွေးကန်၊ ငါးလတ်မွေးကန်နှင့် မျိုးကန်များထားရှိမှုအခြေအနေများ၊ ငါးမွေးမြူရာတွင် ကုန်ကျသည့်စရိတ်များ၊ ဈေးကွက်အတွင်း တင်ပို့ရောင်းချနိုင်မှု၊ ဒေသတွင်း လိုအပ်သည့် ငါးသားပေါက်များဖြန့်ဖြူးပေးနိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်က “မွေးမြူရေးလုပ်ငန်းဆောင်ရွက်လိုသည့် တောင်သူများနှင့် ဒေသခံများအား ငါးမွေးမြူရေး၊ ငါးဆေးထိုး သားဖောက်သင်တန်းများဖွင့်လှစ်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ငါးသားဖောက်များနှင့် ငါးမျိုးကောင်းမျိုးသန့်များအား ပိုမိုဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ငါးသားပေါက်များပိုမိုဖြန့်ဖြူးပေးနိုင်ပါက သား၊ ငါး၊ ဈေးနှုန်းကြီးမြင့်မှုများကိုလည်း သက်သာစေမည်ဖြစ်ပါကြောင်းနှင့် စားနပ်ရိက္ခာဖူလုံစေရေးအတွက်လည်း အထောက်အကူပြုစေမည်ဖြစ်ပါကြောင်း၊ ငါးမွေးမြူရေးလုပ်ငန်းသည် အကျိုးရှိသည့် လုပ်ငန်းဖြစ်သဖြင့် တိုးချဲ့လုပ်ကိုင်ကြစေလိုကြောင်း”မှာကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က "ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများအတွက် ငါးသားပေါက်များ စျေးနှုန်းသက်သာစွာရရှိအောင် ဆောင်ရွက်ပေးနိုင်ရေး၊ ဒေသတွင်း ငါးမျိုးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်အောင်ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင်လိုအပ်ချက်များရှိပါကလည်း တင်ပြဆောင်ရွက်ကြရန်" မှာကြားခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က မွေးမြူရေးလုပ်ငန်းနှင့် သားဖောက်လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဓနလှိုင် ငါးမွေးမြူရေးနှင့် ငါးမြစ်ချင်းသားပေါက်လုပ်ငန်းမှယခုနှစ်ငါးဆေးထိုးသားဖောက်ခြင်းကိုဖေဖော်ဝါရီလမှစ၍သားဖောက်ခဲ့ပြီးယနေ့အထိထုတ်လုပ်မှုလျာထားချက် ငါးမှုံ သိန်းပေါင်းနှစ်သောင်းမှ သိန်းပေါင်းတစ်သောင်းသုံးထောင်အားထုတ်လုပ်မွေးမြူ ဖြန့်ဖြူးနိုင်ခဲ့ပြီး ဆေးထိုးသားဖောက်ခြင်းကိုလည်း စက်တင်ဘာလကုန်အထိဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် လျာထားချက်ကျော်လွန်၍ ထုတ်လုပ်ဖြန့်ဖြူးနိုင်မည်ဖြစ်ပါသည်။ ထိုကဲ့သို့ ငါးသားပေါက်များအား ဈေးနှုန်းသက်သာစွာထုတ်လုပ်ဖြန့်ဖြူးပေးလျှက်ရှိခြင်းကြောင့် ကုန်ဈေးနှုန်းလျော့ကျရေးကိုလည်းများစွာအထောက်အကူပြုနိုင်မှာဖြစ်ကြောင်းသိရသည်။
Read More...
15-Jun-2023
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံ
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့ပေါ်ရှိအခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံပွဲအား ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လူမှုရေးရာဝန်ကြီး၊ တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့် ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ဆရာမကြီးများတက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေးနှင့် အတန်းစဉ် ကူးပြောင်းရေးရည်မှန်ချက်ထား ဆောင်ရွက်လျက်ရှိရာ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် အခြေခံပညာတွင် ၁၁သိန်းကျော်ကျောင်းအပ်နှံတက်ရောက် သင်ကြားလျက်ရှိပါကြောင်း၊ မိုခါမုန်တိုင်းဒဏ်ကြောင့် တိုင်းဒေသကြီးအတွင်းရှိ စာသင်ကျောင်းအချို့ပျက်စီးမှုများရှိခဲ့သော်လည်း စာသင်ကျောင်းများအား ကျောင်းဖွင့်ချိန်အမီ ပြုပြင်ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ကျောင်းများ၏လိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ကျောင်းသား၊ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ဖုံး၊သွန်၊လဲ၊စစ်လုပ်ငန်းများနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများအား သောကြာနေ့တိုင်း သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဆရာ၊ဆရာမများအနေဖြင့် ကျောင်းသား၊ကျောင်းသူများ၏ ဝတ်စားဆင်ယင်မှုများကို ပုံစံတကျဖြစ်စေရေး အလေး ထားဆောင်ရွက်ပေးကြရန် ”အမှာစကားများပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးက စာသင်ဆောင်များပြုပြင်ပြီးစီးမှုများ၊ကျောင်းများ၌ ဆရာ၊ဆရာမလိုအပ်ချက်များအပေါ် ဖြည့်တင်းဆောင်ရွက် မည့်အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။
Read More...
13-Jun-2023
ဟင်္သာတမြို့သူနာပြုသင်တန်းကျောင်း၌ ပြုလုပ်သည့် သူနာပြုနှင့်သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း ဂျူတီကုတ်/ဦးဆောင်းအပ်နှင်းပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဟင်္သာတမြို့သူနာပြုသင်တန်းကျောင်း၌ ပြုလုပ်သည့် သူနာပြုနှင့်သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း ဂျူတီကုတ်/ဦးဆောင်းအပ်နှင်းပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက်၍“ဧရာဝတီတိုင်းဒေသကြီးသည် မြစ်၊ချောင်း၊အင်း၊ အိုင်များ ပေါများပြီး ကျေးလက်ကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်သောကြောင့် ကျန်းမာရေးစောင့်ရှောက်မှုများလည်း လိုအပ်လျက်ရှိပါကြောင်း၊ ထိုကျေးလက်ဒေသများရှိ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု များကို သူနာပြု/ သားဖွားများအပါအဝင် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ယခုကဲ့သို့ ဂျုတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲများ၌ သူနာပြုနှင့်သားဖွားများကို အင် ပြည့်အားပြည့် တွေ့မြင်ရသည်မှာ များစွာဝမ်းသာကြည်နူးမိပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ရောဂါတတိယလှိုင်း ဖြစ်ပွားနေစဉ်ကာလအတွင်း မိမိအသက်ကိုပဓာနမထားဘဲ ကျန်းမာရေး လုပ်ငန်းများကို ရှေ့တန်း ကျကျဆောင်ရွက်ခဲ့သည်ကို အသိအမှတ်ပြုဂုဏ်ပြုပါကြောင်း၊မည်သည့်အခြေအနေ မည်သည့်အချိန်အခါမျိုး၌ဖြစ်စေ သူနာပြုသစ္စာအဓိဌာန်များ၌ ပါရှိသည့်အတိုင်း အသက်ကိုပဓာနမထားဘဲ ကြိုးပမ်းဆောင်ရွက်ခဲ့သည်ကို တွေ့မြင်ခဲ့ရပါကြောင်း၊မိမိတို့ကျရာဒေသများ၌ တာဝန်ထမ်းဆောင်သည့်အခါ ဝါသနာ၊အနစ်နာ၊စေတနာများအား အရင်းခံ၍ ကျန်းမာရေးလုပ်ငန်းအားထဲထဲဝင်ဝင်ဖြင့် လူနာများအား မိမိတို့ တတ်မြောက်ထားသည့် ကျန်းမာရေးအတတ်ပညာများဖြင့် အစွမ်းကုန်ပြုစုရန်လိုပါကြောင်း၊မိမိအနေဖြင့် သူနာပြုနှင့် သားဖွားများအား လေးစားအသိအမှတ်ပြုပါကြောင်းနှင့် တိုင်းဒေသကြီးအတွက် နိုင်ငံတော်အတွက် အားကိုးအားရသည့် သူများဖြစ်ပါစေကြောင်း”အမှာစကားပြောကြားသည်။
ဆက်လက်၍ ဖလောရင့်နိုက်တင်ဂေးဆုရှင် ဝဏ္ဏကျော်ထင် စနိုင်နိုင်ထွန်း၊သူနာပြုသင်တန်းကျောင်းအုပ်ကြီးနှင့် ဟင်္သာတမြို့ ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူများက ဂျူကုတ်နှင့် ဦးဆောင်းများအပ်နှင်းခဲ့ပြီးနောက် သင်တန်းသား၊သူများက သူနာပြုသစ္စာအဓိဋ္ဌာန်များရွတ်ဆိုခဲ့ကြသည်။ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ပြီး သူနာပြုသင်တန်းကျောင်းအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကာ ဟင်္သာတမြို့သူနာပြုသင်တန်းကျောင်း သင်တန်းသား သင်တန်းသူများ၏ သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
Read More...
10-Jun-2023