သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်အောင်နိုင်ရေး မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းများနှင့်တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်နိုင်ရေး မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား နိုင်ငံ့ဂုဏ်ဆောင်လက်ရွေးစင် အားကစားသမားဟောင်းများက အားကစားနည်းအလိုက် တစ်ဦးချင်းမိတ်ဆက်တင်ပြခဲ့သည်။


Read More...
02-Aug-2024
ပုသိမ်မြို့၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် အသက်(၁၈)နှစ်အောက်နှင့် အသက်(၂၀)နှစ်အောက် အမျိုးသား၊ အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် အသက်(၁၈)နှစ်အောက်နှင့် အသက်(၂၀)နှစ်အောက် အမျိုးသား၊ အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များနှင့် အားကစားသမားတက်ရောက်ခဲ့ကြသည်။


Read More...
02-Aug-2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ညောင်တုန်းမြို့နယ်၊ စံကင်းကျွန်းအတွင်းရေကြီးရေလျှံမှုများကွင်းဆင်းကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများလိုက်ပါလျက် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စံကင်းကျွန်းအတွင်းရေကြီးရေလျှံမှုများကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ညောင်တုန်းမြို့နယ်၊ ကုက္ကိုဝကျေးရွာသို့သွားရောက်၍ ရတနာသိပ္ပံကျောင်းတိုက်ဆရာတော်အားဖူးမြော်ကြည်ညိုပြီး လှူဘွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခဲ့ကာ စံကင်းကျွန်းအတွင်း ကွင်းရေမြင့်တတ်မှုကြောင့် ရေနစ်မြုပ်မှုအခြေအနေများနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ပေးနိုင်ရေးကွင်းဆင်းစစ်ဆေးမှုအခြေအနေများတင်ပြလျှောက်ထားခဲ့သည်။


Read More...
01-Aug-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ မိုးစပါးစီမံကိန်းဝယ်ယူကြိတ်ခွဲတင်ပို့သူအစုအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါး စီမံကိန်းဝယ်ယူကြိတ်ခွဲတင်ပို့သူအစုအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းကပြုလုပ်ခဲ့ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဝယ်ယူကြိတ်ခွဲတင်ပို့သူအစုအဖွဲ့များတက်ရောက်ခဲ့ကြသည်။


Read More...
31-Jul-2024
ပုသိမ်မြို့၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၈)ခရိုင် အသက်(၂၅)နှစ် အောက်အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
၂၀၂၄ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင်၊ အသက်(၂၅)နှစ်အောက်အမျိုးသမီးဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယ‌နေ့ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားဝါသနာရှင်ပြည်သူများ တက်ရောက်အားပေးကြည့်ရှုခဲ့ကြသည်။


Read More...
31-Jul-2024