သတင်းများ
ငါးသိုင်းချောင်းမြို့၊ ရွှေရေးဆောင်ကျောင်းတိုက်ဦးစီးပဓာနနာယက၊ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌဘဒ္ဒန္တသံဝရာဘိဝံသ(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)၏ ဥတုဇရုပ်ကလာပ်တော်အား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဆရာတော်များ ဖူးမြော်ကြည်ညို
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့တွင် ဘဝနတ်နန်း စံမြန်းတော်မူပြီးသော ရွှေရေးဆောင်ကျောင်းတိုက်ဦးစီးပဓာနနာယက၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ၊ ဘဒ္ဒန္တသံဝရာဘိဝံသ(အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)၏ ဥတုဇ ရုပ်ကလာပ်တော်အား ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော် များက ကြွရောက် ဖူးမြော်ကြည်ညိုခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများသည် ကြိုဆိုပင့်ဆောင်ခဲ့ကြသည်။
Read More...
10-Aug-2024
ပုသိမ်မြို့၊ ဓာတုဝိဇ္ဇာကျောင်းတိုက်အတွင်း တည်ဆောက်မည့် “ဝိဇယာရာမ” သုံးထပ်ဆွမ်းစား ကျောင်းဆောင် အုတ်မြစ်စီမင်္ဂလာအခမ်းအနားနှင့် အလှူတော်ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဓာတုဝိဇ္ဇာပရိယတ္တိပဋိပတ္တိကျောင်းတိုက်အတွင်း တည်ဆောက်မည့် “ ဝိဇယာရာမ”သုံးထပ်ဆွမ်းစားကျောင်းဆောင် အုတ်မြစ်စီမင်္ဂလာ အခမ်းအနားနှင့် အလှူတော်ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရဝင် ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များတက်ရောက်ခဲ့ကြသည်။
Read More...
09-Aug-2024
ပန်းတနော်မြို့နယ်၊ ကျုံပတောကွန်ကရစ် ချောင်းကူးတံတားတည်ဆောက်ခြင်းလုပ်ငန်းများ တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့ နယ်၊ ချောင်းကလေးကျေးရွာအုပ်စု၊ ကျုံပတောကျေးရွာနှင့် အိုးဘိုကျေးရွာ ဆက်သွယ်ထားသည့် အလျား (၁၈၀)ပေ၊ အနံ(၂၀)ပေရှိ ကွန်ကရစ်တံတားအား ၂၀၂၄- ၂၀၂၅ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ပန်းတနော်မြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ယူရွက်လျက်ရှိရာ အဆိုပါတံတားသစ်အနီးရှိ အလျား (၁၈၀)ပေ၊ အနံ(၁၄)ပေရှိ ကွန်ကရစ်တိုင်၊ သံယက်မ၊ သစ်သားခင်းတံတားအမျိုးအစား ချောင်းကူးတံတားဟောင်းသည် မိုးအဆက်မပြတ်ရွာသွန်းပြီး ချောင်းရေတိုက်စားမှုကြောင့် ယခုလ(၂)ရက်နေ့တွင် ပြိုကျပျက်စီးခဲ့ရပြီး ကျေးရွာနေပြည်သူများ သွားလာမှုအဆင်ပြေစေရန်အတွက် တံတားသစ် ဆောက်လုပ်ရန်ကျန်သည့် ပေ(၆၀)ခန့်အား ယာယီဘေလီသံဘောင်တံတား တည်ဆောက်ပေးနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းiသည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ(၈)ရက်နေ့ညနေပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
Read More...
09-Aug-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းနှင့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
Read More...
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းနှင့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် အဓိကကျသည့် မဲစာရင်းမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်းကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုး နိုင်ငံသားကတ်ပြားကိုင်ဆောင်မဲပေးခွင့်ရရှိရေးအတွက် ပန်းခင်းစီမံချက်များဖြင့် ဆောင်ရွက်ခဲ့ရာ
Read More...
08-Aug-2024
၂၀၂၄ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ဖူဆယ်ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်မည့် တိုင်းဒေသကြီးကိုယ်စားပြုလူငယ်အဖွဲ့အားတွေ့ဆုံ
Read More...
၂၀၂၄ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးဖူဆယ်ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ဖူဆယ်ဘောလုံးအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)တွင် ပြုလုပ်ခဲ့သည်။
Read More...
08-Aug-2024