သတင်းများ


တိုင်းဒေသကြီးဝန်ကြီးချုပ် အခြေခံပညာ အထက်တန်းဆင့်သင် ဆရာ၊ ဆရာမများသင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေးအရည်အသွေးမြှင့် ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းနားသို့ တက်ရောက်
တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများသူများနှင့်တူ ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင်ပြုလုပ်သည့် အခြေခံပညာ အထက်တန်းဆင့်သင် ဆရာ၊ ဆရာမများသင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေးအရည်အသွေးမြှင့် ဆွေးနွေးပွဲဖွင့်ပွဲအခမ်းနားသို့ တက်ရောက်၍“ အခြေခံပညာ အထက်တန်းဆင့်သင် ဆရာ၊ ဆရာမများသင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေးအရည်အသွေးမြှင့် ဆွေးနွေးပွဲကိုနှစ်ရက်တာပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ယခင်နှစ်တွင်လည်း ယခုကဲ့သို့ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒဘာသာရပ်များကို သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေးအတွက် တက္ကသိုလ်မှ ဆရာကြီး၊ ဆရာမကြီးများက လက်တွေ့ပြသကာ အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင့်မားရေးအတွက် တိုင်းဒေသကြီးအတွင်း ဇုန်(၃)ဇုန်ခွဲ၍ တက္ကသိုလ်များမှ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများမှ ဘာသာရပ်အလိုက် အခြေခံပညာအထက်တန်းအဆင့် ဆရာ/ဆရာမများနှင့် ဆွေးနွေးပွဲများ ပြုလုပ်ပေးခဲ့ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ပြင်ပဖြေကျောင်းသားကျောင်းသူများ အားလုံးဖြေဆိုအောင်မြင်စေရေးနှင့် အောင်ချက်မြင့်မားစေရေး ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသည့်လူငယ်လူရွယ်များအဖြစ် ပေါ်လာရေးအတွက် တစ်ဖက်မှလည်း ဝိုင်းဝန်းကြိုးပမ်းရန်လိုအပ်သကဲ့သို့ တစ်ဖက်မှလည်း ကလေးငယ်များ၏ ပညာရေး၊ အားကစားနှင့် အနုပညာပိုင်းဆိုင်ရာကိုလည်း မြှင့်တင်ပေးရမှာဖြစ်ပါကြောင်း၊  ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒဘာသာရပ်များနှင့်ပတ်သက်၍ တက္ကသိုလ်မှလာရောက်ပို့ချပေးသည့် ဆရာကြီး၊ ဆရာမကြီးများ၏ ပို့ချချက်များကို အာရုံစူးစိုက်မှတ်သားဆွေးနွေးပေးကြစေလိုကြောင်းနှင့် မိမိတို့တာဝန်ကျရာဒေသသို့ပြန်လည်ရောက်ရှိသည့် အခါတွင်လည်းကျောင်းသားကျောင်းသူများ ပိုမိုတတ်မြောက်အောင် ဆောင်ရွက်ပေးကြစေလိုကြောင်း”အမှာစကားများပြောကြားသည်။  ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ထောက်ပံ့ငွေများပေးအပ်ခဲ့ကာ ဆွေးနွေးပွဲသို့တက်ရောက်လာသည့် ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။


Read More...
04-Nov-2023
တိုင်းဒေသကြီး ဝန်ကြီးချုပ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင်ဖွင့်လှစ်သင်ကြားမည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၏ပညာရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ် (၁၁)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း)တို့၏ ပထမနှစ် ဝိဇ္ဇာ ၊ သိပ္ပံ ၊ AGTI သင်တန်းများသို့တက်ရောက်မည့် ကျောင်းသား/ကျောင်းသူများအားတွေ့ဆုံအားပေး
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင်ဖွင့်လှစ်သင်ကြားမည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၏ပညာရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ် (၁၁)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း)တို့၏ ပထမနှစ် ဝိဇ္ဇာ ၊ သိပ္ပံ ၊ AGTI သင်တန်းများသို့တက်ရောက်မည့် ကျောင်းသား/ကျောင်းသူများအား တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကျောင်းသား/ကျောင်းသူများတက်ရောက်ခဲ့ကြသည်။ ဦးစွာ ကျောင်းသား၊ ကျောင်းသူများက တစ်ဦးချင်းမိတ်ဆက်တင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင်ဖွင့်လှစ်သင်ကြားမည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၏ပညာရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ် (၁၁)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း)တို့၏ ပထမနှစ် ဝိဇ္ဇာ ၊ သိပ္ပံ ၊ AGTI သင်တန်းများသို့တက်ရောက်မည့် ကျောင်းသား/ကျောင်းသူ(၁၂)ဦး တက်ရောက်ရမည်ဖြစ်၍ ချီးမြှင့်နှုတ်ဆက်ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းသားများတက်ရောက်ရန်အတွက် ရေးဖြေနှင့်လူတွေ့ဖြေဆိုကြပြီးမှ ရွေးချယ်ခံရသူများဖြစ်ကြပါကြောင်း၊ ကျောင်းတော်ကြီးမှသင်ကြားပို့ချပေးသည့် ဘာသာရပ်များကို နှံ့စပ်သိရှိနားလည်ပြီး ကျောင်းဆင်းပြီး၍ တာဝန်ကျရာဒေသများတွင် တာဝန်များထမ်းဆောင်ရမည်ဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့သည် သင်တန်းတက်ရောက်သည့်အခါ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မိမိတို့၏ ညီအစ်ကိုမောင်နှမများနှင့် တွေ့ဆုံရမည်ဖြစ်ပါကြောင်း၊  ကျောင်းတော်ကြီးရောက်ရှိသည့်အခါ အစ်ကိုအစ်မများ၊ အခြားသောတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မိမိတို့၏ ညီအစ်ကိုမောင်နှများအား မိမိတို့တိုင်းဒေသကြီး၏ ဒေသတိုင်ရာအချက်အလက်များကိုသိရှိမျှဝေနိုင်ရန် လေ့လာဆောင်ရွက်သွားကြရန်လိုပါကြောင်းနှင့် တိုင်းဒေသကြီး၏ဂုဏ်ဆောင်နိုင်ကြပါစေကြောင်း” ဩဝါဒအမှာစကားများ ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးသင်တန်းသားရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက သင်တန်းသားရွေးချယ်မှု လုပ်ငန်းစဉ်များအားရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား/ကျောင်းသူများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာတာဝန်ရှိသူများနှင့် ကျောင်းသား/ ကျောင်းသူများက လက်ခံရယူခဲ့ကာ ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင်ဖွင့်လှစ်သင်ကြားမည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၏ပညာရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ် (၁၁)တွင် သင်တန်းသား(၈)ဦးနှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း)တို့၏ ပထမနှစ် ဝိဇ္ဇာ ၊ သိပ္ပံ ၊ AGTI သင်တန်းတွင် သင်တန်းသား(၄)၊ စုစုပေါင်း(၁၂)ဦးတက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။  ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့အမှတ်(၃)အခြေခံပညာအထက်ကျောင်းသို့ သွားရောက်၍ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများမှစုပေါင်းသန့်ရှင်းဆောင်ရွက် နေမှုများကိုကြည့်ရှုစစ်ဆေးပြီး ရေ၊ မီးများပြည့်စုံကောင်းမွန်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးများကိုလမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် အခြေခံပညာအလယ်တန်းအဆင့်အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်နေသည့် ဆရာ၊ဆရာမများ၊ တက္ကသိုလ်ဝင်စာေမးပွဲပြင်ပေဖြဆိုမည့်ကျောင်းသား၊ ကျောင်းသူများအားတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အလက(၃)သို့သွားရောက်၍ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများမှစုပေါင်းသန့်ရှင်းဆောင်ရွက် နေမှုများကိုဆက်လက် ကြည့်ရှုစစ်ဆေးခဲ့သည်။ 


Read More...
04-Nov-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် ဟင်္သာတခရိုင်တွင်ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် နေကြာ၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ အားကစားခန်းမတွင် ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် နေကြာ၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲအခမ်းအနားတက်ရောက်ခဲ့သည်။ ဦးစွာ ခန်းမအတွင်း နေကြာမျိုးစေ့ ရေဆင်း-၁၊ Supersun-41၊ Supersun-66မျိုးစေ့များခင်းကာင်းပြသထားရှိမှုကို ကြည့်ရှုအားပေးခဲ့ပြီး ဟင်္သာတခရိုင်အတွင်း ၂၀၂၃-၂၀၂၄ခုနှစ်၊ ဆောင်းနေကြာစိုက်ပျိုးရန် လျာထားမှုနှင့် ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ပျိုးရန်လျာထားဆောင်ရွက်ထားရှိမှုအခြေအနေများအား လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာန၊တိုင်းဒေသကြီး ဦးစီးမှူးရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် အခမ်းအနားတက်ရောက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ရာသီအချိန်မီ စိုက်ပျိုးဆောင်ရွက်နိုင်ရန်အတွက် နေကြာ၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များပေးအပ်ခြင်း ဖြစ်ပါကြောင်း၊  မြေဆီလွှာ ပျက်စီးမှုများကို ပြန်လည်ကောင်းမွန်စေရေးအတွက် သစ်စိမ်းမြေဩဇာများ ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် ပြေပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန်နှင့် ယူရီးယားမြေဩဇာ များသုံးစွဲမှုလျှော့ချနိုင်ရေးတို့အတွက်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသ ကြီးသည် ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာကိုအင်တိုက်အားတိုက်စိုက်ပျိုးလျက် ရှိသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်းနှင့် လာမည့်၂၀၂၄ခုနှစ်၊ မိုးစပါးစိုက်ရာသီတွင် ရေတော်မိုးတော် စိုက်ဧက(၂၇)သိန်းအား ပိုက်ဆံလျှော်များ အပြည့်အဝထည့်သွင်း စိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊ ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ခင်းများစိုက်ပျိုးသည့် တောင်သူများအနေဖြင့် သက်ဆိုင်ရာမြို့နယ်အလိုက်အုပ်စုဖွဲ့ပြီး အဖွဲ့လိုက်စုပေါင်း စနစ်ဖြင့် လုပ်ငန်းဆောင်ရွက်ရန်နှင့် မြေလွတ်များနှင့် လမ်းဘေးဝဲယာတစ်လျှောက်တွင် စနစ်တကျစုဖွဲ့၍ အစုအဖွဲ့စနစ်ဖြင့် မျိုးစေ့ရရှိရေးဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ဆီဖူလုံမှုရှိစေရေးအတွက် နေကြာ၊  မြေပဲ၊ နှမ်းအစရှိသည့် ဆီထွက်သီးနှံများကို ပိုမိုတိုးချဲ့စိုက်ပျိုးရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ နေကြာစိုက်ပျိုးရာတွင် ဝတ်မှုန်ကူးခြင်းအတွက် ပျားမွေးမြူရေးကိုလည်း ဆောင်ရွက်သွားကြရန်လိုပါကြောင်း၊ သီးနှံများပန်းတိုင်အထွက်နှုန်းများရရှိ စေရေးနှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးရေးကဏ္ဍ ပိုမို ဖွံ့ဖြိုးတိုးတက်စေရေး ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ တောင်သူများက ကြိုးစား ဆောင်ရွက်ပေးကြစေလိုကြောင်း” အမှာစကားများပြောကြားသည်။ ဆက်လက်၍ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက နေကြာ၊ ပိုက်ဆံလျှော်မျိုးစေ့များအား မြို့နယ်များအလိုက် စုဆောင်းထားရှိမှုအခြေအနေများနှင့် စိုက်ပျိုးပြီးစီးမှုအခြေအနေများ၊ နေကြာ၊ မြေပဲ၊ နှမ်း တိုးချဲ့လျာထားစိုက်ပျိုးမည့်အခြေအနေများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါး၊ နွေစပါးစိုက်ပျိုးပြီးစီးမှု အခြေအနေများ၊ ပီလောပီနံစိုက်ပျိုးပြီးစီးမှု အခြေအနေများအား  ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးတို့က ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာမြို့နယ်များမှ မြို့နယ်အုပ်ချုပ်ရေးမှူးများထံသို့ ရေဆင်း-၁စပ်မျိုးနေကြာ၊ Super sun-41၊ Super sun-66နေကြာမျိုးစေ့များနှင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့များကိုပေးအပ်ခဲ့ပြီး တောင်သူများကိုယ်စား တောင်သူတစ်ဦးကကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ပြီး နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြောင်းသိရသည်။


Read More...
03-Nov-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် (၃၅)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့အကြိုစုပေါင်းသွေးလှူဒါန်းနေမှုအား ကြည့်ရှုအားပေး
(၃၅)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့အကြို စုပေါင်းသွေး လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်ပြည်သူ့ဆေးရုံကြီး ကိုးထပ်ဆောင်ရှိ အမျိုးသားသွေးလှူဘဏ်ခွဲ၌ ပြုလုပ်ခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။  ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ပြည်သူ့ဆေးရုံကြီး ကိုးထပ်ဆောင်ရှိ အမျိုးသားသွေးလှူဘဏ်ခွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်း၊ ခရိုင်၊ မြို့နယ်တို့မှ အရာထမ်း၊ အမှုထမ်းများ၏ စုပေါင်းသွေးလှူဒါန်းနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး သွေးအလှူရှင်များအား အာဟာရဖြည့်စားသောက်ဖွယ်ရာများထောက်ပံ့ပေး အပ်ခဲ့ကြ သည်။(၃၅)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့အကြို စုပေါင်း သွေးလှူဒါန်းပွဲတွင် တိုင်း၊ ခရိုင်၊ မြို့နယ်တို့မှ အရာထမ်း၊ အမှုထမ်း(၅၄)ဦးတို့က သွေးများလှူဒါန်းခဲ့ကြကြောင်းသိရသည်။


Read More...
03-Nov-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်ခရိုင်တွင် ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ခုနှစ်၊ ဆောင်းသီးနှံ စိုက်ပျိုးရေးအတွက် နေကြာ၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားတက်ရောက်
ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်စုပေါင်းရုံး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် နိုဝင်ဘာ  ၃ရက်နေ့ညနေပိုင်းက ပုသိမ်ခရိုင် ၂ဝ၂၃-၂၀၂၄ ခုနှစ် ၊ ဆောင်းသီးနှံတွင် စိုက်ပျိုးသည့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ထုတ်နှင့် ဆီထွက်သီးနှံ(နေကြာ) မျိုးစေ့များ ပေးအပ်ပွဲအခမ်းအနား ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ မိုးစပါးစိုက်ပျိုးရာသီတွင် ရေတော်မိုးတော်စိုက်ဧကတစ်သိန်းအား ပိုက်ဆံလျှော် သစ်စိမ်း မြေဩဇာများ ထည့်သွင်းဆောင်ရွက်ခဲ့ပါကြောင်း၊ လာမည့် ၂၀၂၄ခုနှစ်၊ မိုးစပါးစိုက်ရာသီတွင် ရေတော်မိုးတော် စိုက်ဧက(၂၇)သိန်းအား ပိုက်ဆံလျှော်များ အပြည့်အဝထည့်သွင်းစိုက်ပျိုးသွားမည်ဖြစ်၍ ပိုက်ဆံလျှော် မျိုးစေ့ ထုတ်စိုက်ပျိုးနိုင်ရေး ေတာင်သူများအား မျိုးစေ့များထောက်ပံ့ ပေးခြင်းဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့်လည်း အဖွဲ့လိုက်စုပေါင်းစနစ်ဖြင့် စနစ်တကျစိုက်ပျိုး၍ ရှင်သန်ဖြစ်ထွန်းေစရန်နှင့်မျိုးစေ့များရရှိစေရေး ဆောင်ရွက် ကြရန်လိုပါကြောင်း၊ တိုင်းဒေသကြီးသည်စိုက်ပျိုးရေးစံပြတိုင်းဖြစ်စေရေးအတွက် ပန်းတိုင်အထွက်နှုန်းများ ရရှိစေရေးကြိုးစားဆောင်ရွက်လျက်ရှိရာ မိုးစပါးပန်းတိုင် အထွက်နှုန်း မရောက်သေးမီ ကာလအကြား ရည်မှန်းချက်အနေဖြင့် တစ်ဧက(၁၀)တင်း ပိုမိုတိုးတက်ထွက်ရှိရေးအတွက် စိုက်ပျိုးရေးပညာရှင်များ၊ ဌာနဆိုင်ရာများနှင့် တောင်သူများတွေ့ဆုံ၍ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်၍ ရလဒ်များဖော်ထုတ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ မိုးစပါးများတိုးတက်ထွက်ရှိခဲ့သည်ကို တွေ့ရှိနေရပါကြောင်းနှင့် မိုးစပါးသာမက နွေစပါးအပါအဝင် အဓိကသီးနှံများကိုလည်း ပန်းတိုင်အထွက်နှုန်းများ ရရှိအောင် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ဆီဖူလုံမှုရှိစေရေး အတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ နေကြာ၊ မြေပဲ၊ နှမ်းစသည့်ဆီထွက် သီးနှံများဖြစ်ထွန်း အောင်မြင်ရေးနှင့် ဆီဖူလုံရေးအတွက်လည်း ဝိုင်းဝန်းဆောင်ရွက် ရမှာဖြစ်ပါကြောင်းနှင့် နေကြာစိုက်ပျိုးဖြစ်ထွန်းအောင်မြင်စေရေးအတွက် အထွက်တိုး နေကြာမျိုးများသုံးစွဲစေရေး၊ စနစ်တကျစိုက်ပျိုးစေရေးဆောင်ရွက်ရန်နှင့်တိုင်းဒေသကြီး ၏ စိုက်ပျိုးရေးလုပ်ငန်းများပိုမိုအောင်မြင်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် အမှာစကားများ ပြောကြားသည်။ ဆက်လက်၍ ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ပိုက်ဆံလျှော်(မျိုးစေ့ထုတ်)နှင့် နေကြာစိုက်ပျိုးဆောင်ရွက်မှု အခြေအနေများအား လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ပိုက်ဆံလျှော်နှင့် နေကြာမျိုးစေ့များ ပေးအပ်ရခြင်းရည်ရွယ်ချက်၊ စိုက်ပျိုးဆောင်ရွက်မည့် အခြေအနေ များအားလည်းကောင်း ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပုသိမ်မြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်၊ သာပေါင်းမြို့နယ်နှင့် ငပုတောမြို့နယ်တို့မှ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများထံသို့ နေကြာမျိုးစေ့များနှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များပေးအပ်ခဲ့သည်။ ထို့နောက် တောင်သူများကိုယ်စား ပုသိမ်မြို့နယ်မှတောင်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  မြို့နယ်အလိုက် ပိုက်ဆံလျှော် (မျိုးစေ့ထုတ်)နှင့် နေကြာစိုက်ပျိုးဆောင်ရွက်ထားရှိသည့် အခြေပြမြေပုံ၊ လုပ်ငန်းအခြေပြ ဇယားနှင့် မျိုးစေ့များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများနှင့် ရင်းရင်း နှီးနှီးတွေ့ဆုံအားပေးခဲ့ကြောင်းသိရသည်။


Read More...
03-Nov-2023