သတင်းများ


တိုင်းဒေသကြီးဝန်ကြီးချုပ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၅)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားအားတက်ရောက်အားပေး
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၅)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းအုပ်ချုပ်ရေးမှူးနှင့် ဇနီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယနေ့အခမ်းအနားသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဌာနနှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားဖြစ်ပြီး (၃၅)နှစ်မြောက်အဖြစ်ကျင်းပပြုလုပ်သည့် အခမ်းအနားဖြစ်ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် နိုင်ငံတော်၏အုပ်ချုပ်ရေးယန္တရားပြောင်းလဲမှု ဖြစ်စဉ်များနှင့်အတူ နယ်ချဲ့ကိုလိုနီလက်ထက်ကစပြီး လွတ်လပ်ရေးရပြီးကာလ၊ စနစ်သစ်အုပ်ချုပ်ရေးကာလ၊ ပြည်သူ့ကောင်စီကာလ၊ တပ်မတော်အစိုးရလက်ထက် ပါတီစုံဒီမိုကရေစီကာလ၊ လက်ရှိနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ကာလအထိ အသွင်အမျိုးမျိုးဖြင့် ပြောင်းလဲဖွဲ့စည်းရပ်တည်ခဲ့ပြီး မြန်မာနိုင်ငံတော်၏အုပ်ချုပ်ရေးယန္တရား အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရေးအတွက် ပင်နယံစိတ်များသဖွယ် အခြားဌာနဆိုင်ရာများနှင့်ချိတ်ဆက်လည်ပတ်ကာ ပြည်ရေးပြည်ရာ အုပ်ချုပ်ရေးနှင့်အတူ ပေးအပ်လာသည့်တာဝန်တွေကို ကျရာအခန်းကဏ္ဍကပါဝင်၍ တာဝန်ယူဆောင်ရွက်လျက် ရှိပါကြောင်း၊  ယနေ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကာလတိုင်အောင်နိုင်ငံတော်၏ အုပ်ချုပ်ရေးကိုအထောက်အကူပြုသည့် ဌာနကြီးတစ်ခုအနေဖြင့်ရပ်တည်နိုင်ခဲ့ပြီး နှစ်ပတ်လည်နေ့ကို အဓိပ္ပာယ်ရှိသည့်အခမ်းအနားတစ်ခုအဖြစ် အစဉ်အလာကောင်းတစ်ရပ်အနေနှင့် ယနေ့အချိန်အထိ ကျင်းပခဲ့သည်မှာ ဌာန၏ အရာထမ်း၊ အမှုထမ်းများအနေဖြင့် မိမိတို့ဌာန၏ ကြီးမားသည့်အစဉ်အလာကိုဆက်လက်ထိန်းသိမ်းသွားနိုင်ရန်ဆိုသည့် ကောင်းမွန်သည့်အသိဖြစ်ပေါ်စေရန် ရည်ရွယ်ချက်လည်းပါဝင်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့သည် နိုင်ငံတော်အစိုးရ၏ မူဝါဒများကို အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသည် အစိုးရအဖွဲ့၏ ရုံးလုပ်ငန်းတာဝန်များအား အဓိကပံ့ပိုး တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပြီးပြည်သူများ၏ လိုအပ်ချက်များအား အစိုးရအဖွဲ့မှ အောင်မြင်အောင် ဖော်ဆောင်ပေးနိုင်ရေး ဆောင်ရွက်ရာတွင်လည်း အစိုးရနှင့်ပြည်သူအကြား ပေါင်းကူးသဖွယ်ဆက်သွယ်ဆောင်ရွက်ပေးသော ဌာနလည်းဖြစ်သည့်အတွက် ပြည်သူများနှင့် ဆက်ဆံရာတွင်လည်း ဆက်ဆံရေးပြေပြစ်ကောင်းမွန်မှု ရှိရမှာ ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှချမှတ်ထားသော မူဝါဒများ၊ အမိန့်၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ညွှန်ကြားချက်များနှင့်အညီ တိကျစွာလိုက်နာရန် လိုအပ်ပြီး ဌာနအတွင်းရှိ ဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွတ်မှုရှိရန်လည်းလိုအပ်မည်ဖြစ်ပါကြောင်း၊ ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်း အောင်မြင်စေရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝ လုံခြုံရေး၊ ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့်ပြည်ထောင်စုတည်ဆောက်ရေး၊ ပြည်သူလူထု၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးထား၍ ဆက်လက်ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ညီနောင်အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ချမှတ်ထားသည့် စည်းကမ်းချက်များ၊ စောင့်ထိန်းရမည့် ကျင့်ဝတ်များကိုလိုက်နာပြီး ဝန်ထမ်းတိုင်းစိတ်ဓာတ် တိုးတက်မြင့်မားရန်၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့်  ရုံးလုပ်ငန်းတာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ရန်၊ အချိန်ကို လေးစားတန်ဖိုးထားပြီး အကျိုးရှိစွာ အသုံးပြုကြရန်၊ ကောင်းမွန်တဲ့အစဉ်အလာကို ထိခိုက်ပျက်စီးနိုင်သည့် အပြုအမူ၊ အပြောအဆို၊ အနေအထိုင်များကိုရှောင်ကြဉ်ရန်၊ ဌာနအပေါ်သစ္စာရှိပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်း၍ နိုင်ငံတော်နှင့် ပြည်သူများက လေးစားအားထားရသည့် အုပ်ချုပ်ရေးဌာနကြီးတစ်ခုအဖြစ် ဆက်လက် ရပ်တည်နိုင်အောင် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၅) နှစ်မြောက် နှစ်ပတ်လည် နေ့အခမ်းအနားကို ဂုဏ်ပြုသောအားဖြင့် ဘုရား၊ ပုထိုး၊ စေတီ ရင်ပြင်နှင့် တန်ဆောင်းများအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ပန်း၊ ဆီမီး ဆက်ကပ်လှူဒါန်းခြင်း၊ သံဃာတော်များအား ဆွမ်း၊ သင်္ကန်းနှင့် နဝကမ္မအလှူငွေများလှူဒါန်းခြင်း၊ စုပေါင်းသွေးလှူဒါန်းခြင်း၊ ပျော်ပွဲ/ ရွှင်ပွဲ၊ အားကစားပြိုင်ပွဲများကျင်းပခြင်း စသည့်လုပ်ဆောင်ချက်များသည် ကောင်းမွန်သည့် လုပ်ဆောင်မှုများဖြစ်ပြီး နောင်နှစ်များတွင်လည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အခမ်းအနားအား စဉ်ဆက်မပြတ် ခမ်းနားကြီးကျယ်စွာ ကျင်းပနိုင်ပါစေကြောင်းနှင့် နိုင်ငံတော်၏ အကျိုး၊ ဒေသ၏အကျိုး၊ ပြည်သူလူထု၏အကျိုးကို အစဉ်သယ်ပိုးနိုင်တဲ့ အရည်အသွေးပြည့်ဝသည့် အုပ်ချုပ်ရေးဝန်ထမ်းကောင်းများဖြစ်အောင်၊ ဌာန၏ ဝန်ထမ်းအဖြစ်ဂုဏ်ယူလိုသောစိတ်ဓာတ်ဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း”အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ (၃၅)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှထောက်ပံ့သည့် ကျပ်သိန်း(၅၀)အား ဝန်ကြီးချုပ်က ပေးအပ်ချီးမြှင့်ရာ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိနှစ်ဦးကလက်ခံယူခဲ့သည်။ ယင်းနောက် ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်)တွင် သင်တန်းတက်ရောက်၍ ဆုရရှိသူဝန်ထမ်းလေးဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများအတွက်  ဝန်ထမ်းဝတ်စုံများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးကလည်းကောင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်)တွင် သင်တန်းတက်ရောက်၍ ဆုရရှိသူဝန်ထမ်းသုံးဦးအား တိုင်းအုပ်ချုပ်ရေးမှူးကလည်းကောင်း ဝန်ထမ်းဝတ်စုံများနှင့် ဆုများချီးမြှင့်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသမိုင်းကြောင်း ဗီဒီယိုကလစ် ပြသမှုကိုကြည့်ရှုအားပေးခဲ့ပြီးနောက် (၃၅)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပြသထားသောမှတ်တမ်းဓာတ်ပုံပြခန်းများကို ဆက်လက်ကြည့်ရှုအားပေးခဲ့‌ကြကြောင်းသိရသည်။


Read More...
07-Nov-2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ သဲကုန်းကျေးရွာ၌ ပြုလုပ်သည့် မိုးစပါးစံကွက် ရိတ်သိမ်းနေမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့ညနေပိုင်းက မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကြာဖြူကျေးရွာအုပ်စု၊ သဲကုန်းကျေးရွာ မိုးစပါးစံကွက်ရိတ်သိမ်းနေမှုအား သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သဲကုန်းကျေးရွာ၊ တောင်သူ ဦးရွှေပွား၏ လယ်မြေ(၅)ဧကတွင် နယူးဧရာ မျိုးစပါး ရိတ်သိမ်းနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ​ဒေသခံ ​တောင်သူများနှင့် ရင်းရင်းနှီးနှီး​တွေ့ဆုံခဲ့ပါသည်။ အဆိုပါ တောင်သူ ဦးရွှေပွား၏ လယ်မြေမှ နယူးဧရာမျိုးစပါး(၁)ဧကလျှင် စပါးအ​ခြောက်(၁၂၂.၄၇)တင်း ထွက်ရှိခဲ့ပါသည်။  ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြောင်းမြမြို့နယ်၊ လေးအိမ်တန်း ကျေးရွာရှိ တောင်သူဦးကံမြင့်၏ လယ်မြေ(၅)ဧက၌ နွေစပါးတစ်ဧက (၁၀)တင်းပိုမို တိုးတက်ထွက်ရှိရေးအတွက် နယူးဧရာ(၁)မျိုးစပါး နွေစပါးစုပေါင်းကြဲပက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကာ မိုးစပါးစိုက်ပျိုး ထွက်ရှိခဲ့မှုအခြေအနေများ၊ စပါးဈေးနှုန်းရရှိမှုအခြေအနေများအား ​မေးမြန်းခဲ့ပြီး ​မြေစီလွှာဖွံ့ဖြိုးတိုးတက်​ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ထည့်သွင်း စိုက်ပျိုးကြရန်နှင့် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ အချိုးကျသုံးစွဲကြရန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


Read More...
06-Nov-2023
​​မြောင်းမြမြို့တွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ထုတ်၊ ဆီထွက်သီးနှံ(နေကြာ)နှင့် နယူးဧရာမျိုးစပါးများပေးအပ်ပွဲ အခမ်းအနားကျင်းပ
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ မြောင်းမြခရိုင်၊ မြောင်းမြမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ခုနှစ်၊ ဆောင်းရာသီတွင်စိုက်ပျိုးမည့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ထုတ်၊ ဆီထွက်သီးနှံ(နေကြာ)နှင့် နယူးဧရာမျိုးစပါးများပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်၍ “  လာမည့် ၂၀၂၄ခုနှစ်၊ မိုးစပါးစိုက်ရာသီတွင် ရေတော်မိုးတော် စိုက်ဧက(၂၇)သိန်းအား ပိုက်ဆံလျှော်များ အပြည့်အဝထည့်သွင်းစိုက်ပျိုးသွားမည်ဖြစ်၍ ပိုက်ဆံလျှော် မျိုးစေ့ ထုတ်စိုက်ပျိုးနိုင်ရေး တောင်သူများအား မျိုးစေ့များထောက်ပံ့ ပေးခြင်းဖြစ်ပါကြောင်း၊ ပိုက်ဆံ​လျှော်မျိုး​စေ့များ လုံ​လောက်စွာရရှိ​ရေးအတွက် တောင်သူများအနေဖြင့်လည်း အဖွဲ့လိုက်စုပေါင်းစနစ်ဖြင့် စနစ်တကျစိုက်ပျိုး၍ ရှင်သန်ဖြစ်ထွန်းစေရန်နှင့် မျိုးစေ့များရရှိစေရေး ဆောင်ရွက်ကြရန်လိုပါကြောင်း၊ တိုင်းဒေသကြီးသည်စိုက်ပျိုးရေးစံပြတိုင်းဖြစ်စေရေးအတွက် ပန်းတိုင်အထွက်နှုန်းများ ရရှိစေရေးကြိုးစားဆောင်ရွက်လျက်ရှိရာ မိုးစပါးပန်းတိုင်အထွက်နှုန်းမရောက်သေးမီကာလအကြား ရည်မှန်းချက်အနေဖြင့်တစ်ဧက(၁၀)တင်း ပိုမိုတိုးတက်ထွက်ရှိရေးအတွက် စိုက်ပျိုးရေးပညာရှင်များ၊ ဌာနဆိုင်ရာများနှင့် တောင်သူများတွေ့ဆုံ၍ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်၍ ရလာဒ်များဖော်ထုတ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ မိုးစပါးများတိုးတက်ထွက်ရှိခဲ့သည်ကို တွေ့ရှိနေရပါကြောင်းနှင့် မိုးစပါးသာမက နွေစပါးအပါအဝင် အဓိကသီးနှံများကိုလည်း ပန်းတိုင်အထွက်နှုန်းများရရှိအောင် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးသည်လည်း စိုက်ပျိုးရေးကိုအဓိကထား ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မိုးစပါးနှင့် နွေစပါး(၅၂)သိန်းကျော် စိုက်ပျိုးလျက်ရှိပါကြောင်း၊ တစ်ဧကအထွက်နှုန်းများ ပိုမိုတိုးတက်ထွက်ရှိစေရေးအတွက်တောင်သူများအားမျိုးစပါးများပြောင်းလဲအသုံးခြင်း၊ စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးခြင်း၊ သဘာဝမြေဩဇာများအချိုးကျသုံးစွဲခြင်း၊ ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာများ မြေခံထည့်သွင်းစိုက်ပျိုးခြင်းကို ဆောင်ရွက်စေခဲ့ပါကြောင်း၊ ၂၀၂၅ခုနှစ်တွင် တိုင်း​ဟဒသကြီးအတွင်း ဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ နေကြာ၊ မြေပဲ၊ နှမ်းစသည့်ဆီထွက် သီးနှံများဖြစ်ထွန်းအောင်မြင်ရေးနှင့် ဆီဖူလုံရေးအတွက်လည်း ဝိုင်းဝန်းဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ နေကြာစိုက်ပျိုးဖြစ်ထွန်းအောင်မြင်စေရေးအတွက် အထွက်တိုးနေကြာမျိုးများသုံးစွဲစေရေး၊ စနစ်တကျစိုက်ပျိုးစေရေးဆောင်ရွက်ရန်နှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးရေးလုပ်ငန်းများပိုမိုအောင်မြင်စေရေးနှင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း” အမှာစကားများပြောကြားသည်။  ဆက်လက်၍ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက မြေအသုံးချမှု၊ မိုးစပါးစိုက်ဧကနှင့် စပါးထွက်ရှိမှု၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များ၊ လယ်ဧကများတွင် စိုက်နည်းစနစ်ပြောင်းလဲစိုက်ပျိုးမှု အခြေအနေများအားလည်းကောင်း၊ စိုက်ပျိုးရေးဦးဌာန၊ ခရိုင်ဦးစီးဌာနမှူးက ဆောင်းရာသီတွင်စိုက်ပျိုးမည့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ထုတ်၊ ဆီထွက်သီးနှံ(နေကြာ)နှင့် နယူးဧရာမျိုးစပါးများပေးအပ်ရသည့် ရည်ရွယ်ချက်များအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။  ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက တောင်သူများအား ဝန်ကြီးဌာနမှ စိုက်ပျိုးရေးပညာရှင်များနှင့် မိတ်ဆက်ပေးပြီးနောက် ​​မြေဆီလွှာဖွံ့ဖြိုးတိုးတက်​ရေးအတွက် ​ဆောင်ရွက်ရမည့် နည်းလမ်းများ၊ ဆီထွက်သီးနှံ နေကြာအထွက်တိုး​စေ​ရေးအတွက် မျိုးစေ့ရွေးချယ်စိုက်ပျိုးမှုနည်းလမ်းများနှင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်းစိုက်ပျိုးခြင်းမှ ရရှိသည့်အကျိုးကျေးဇူးများကို တောင်သူများအား ရှင်းလင်းဖြည့်စွက်ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မမြို့နယ်များမှ တောင်သူများထံသို့ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုး​စေ့၊ နေကြာမျိုး​စေ့၊ မြေပဲမျိုး​စေ့နှင့် နယူးဧရာမျိုးစပါးများပေးအပ်ခဲ့သည်။ ထို့နောက် မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မမြို့နယ်များမှ တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားများပြန်လည်ပြောကြားခဲ့ပြီး တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က တက်​ရောက်လာကြသည့် ​တောင်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါ​သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မြောင်းမြမြို၊ မြရွှေဝါခန်းမ၌ပြုလုပ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်၍“ ဧရာဝတီတိုင်းဒေသကြီးသည် ကျေးလက်နေပြည်သူများအများဆုံး နေထိုင်သည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးများ တိုးတက်ဖွံ့ဖြိုးလာပြီး ကျေးလက်နေပြည်သူများအနေဖြင့်လည်း မော်တော်ဆိုင်ကယ်များစီးနင်းအသုံးပြုလာခဲ့ပါကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ စနစ်တကျ ထွန်းကားလာစေပြီးကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန်စီမံဆောင်ရွက်ခြင်းဖြင့် မြို့ပြနှင့် ကျေးလက်များအကြား၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား  ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းလာစေရေး ဆောင်ရွက်လျှက်ရှိပါကြောင်း၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ထူထောင်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှာဖြစ်ပြီး ကျေးလက်နှင့်မြို့ပြနေပြည်သူများ၏ ဝင်ငွေတိုးပွားရေးကို အထောက်အကူဖြစ်မှာ ဖြစ်ပါကြောင်း၊  ထို့ကြောင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင်ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းကျေးရွာ (၁၁) ရွာကို ရွေးချယ်ပြီး ဒေသထွက်ကုန်ကြမ်းများအပေါ်မူတည်၍ လည်းကောင်း၊ ကျေးရွာနေပြည်သူများရဲ့ လိုအပ်ချက်အရလည်းကောင်း၊ မြို့ပြနှင့် ကျေးလက်နေငယ်တွေများထဲမှက ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားနိုင်မှုမရှိသည့် လူငယ်လူရွယ်များကို ရွေးချယ်၍လည်းကောင်း၊ အိုးမကွာအိမ်မကွာဖြင့် မိသားစုဝင်ငွေတိုးပွားရေးလုပ်ကိုင်ဆောင်ရွက်လိုသည့် လူငယ်များကို ရွေးချယ်၍လည်းကောင်း၊ စီမံကိန်းလုပ်ငန်းအမျိုးအစား (၆) ခုကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့်အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေကြသည့် ကျေးရွာကော်မတီခေါင်းဆောင်များနှင့် အဖွဲ့ဝင်များသည် မိမိနယ်မြေဒေသဖွံ့ဖြိုးတိုးတက်စေရေး၊ စီမံကိန်းလုပ်ငန်းများ အောင်မြင်စေရေး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းအသစ်များ ပေါ်ထွန်းလာစေပြီး စဉ်ဆက်မပြတ် တည်တံ့ခိုင်မြဲစေရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြဖို့တိုက်တွန်း မှာကြားလိုပါကြာင်း”အမှာစကားများပြောကြားသည်။ ဆက်လက်၍ ကန်ကြီးထောင့်မြို့နယ်၊ အနောက်စုကြီးကျေးရွာတွင် ဖွင့်လှစ်သော သစ်အခြေခံပရိဘောဂသင်တန်း၊ မြောင်းမြမြို့နယ်၊ ကညင်ချောင်းကျေးရွာ၊ တောင်ပေါ်စုကျေးရွာများတွင် ဖွင့်လှစ်သော မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းနှင့် စက်ချုပ်နည်းပညာသင်တန်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကွမ်းခြံချောင်းကျေးရွာတွင် ဖွင့်လှစ်သော မော်တော်ဆိုင်ကယ်ပြုပြင်နည်းသင်တန်းမှ လုပ်ငန်းထူထောင်မည့် သင်တန်းသားများကိုယ်စား သင်တန်းခေါင်းဆောင်တစ်ဦးစီအား ဒေသဖွံ့ဖြိုးရေးသုံးပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် လုပ်ငန်းထူထောင်မည့် သင်တန်းသား၊ သင်တန်းသူများကိုယ်စားသင်တန်းသား တစ်ဦးမှ ကျေးဇူးတင်စကားပြောခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သင်တန်းသား၊ သင်တန်းသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။


Read More...
06-Nov-2023
အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ပုသိမ်မြို့တွင်ကျင်းပ
အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြန်မာနိုင်ငံဆရာဝန်အသင်းခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြသည်။ ဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ်က“ တိုင်းဒေသကြီးမှ ထွက်ရှိသည့်ကုန်ကြမ်းများအား အခြေခံ၍ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကို အဓိကထား ဆောင်ရွက်သည့်တိုင်း​ဒေသကြီးဖြစ်ပါကြောင်း၊ ဧရာဝတီပေါ်ဆန်းစပါးနှင့် ပတ်သက်၍ မူပိုင်ခွင့်များရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဓာတုကင်းလွတ်ပေါ်ဆန်းများလည်း စိုက်ပျိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ပီလောပီနံစိုက်ခင်းများ စိုက်ပျိုး၍ ကုန်ကြမ်းများထုတ်လုပ်ခြင်း၊ စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ပသွင်းကုန်များအစားထိုးနိုင်​ရေးနှင့် ပြည်ပသို့ပို့ကုန်များတိုးမြှင့်နိုင်​ရေး ကြိုးစား​ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ပဲမျိုးစုံ ဧက(၁၆)သိန်းကျော်စိုက်ပျိုးလျက်ရှိပြီး ၂၀၂၅ခုနှစ်တွင် တိုင်း​ဒေသကြီးအတွင်း ဆီဖူလုံရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုးစပါး၊ နွေစပါး ဧက(၅၂)သိန်းကျော်စိုက်ပျိုးပြီး စပါးတင်းသိန်းပေါင်းလေးထောင်ကျော် ထွက်ရှိသည့်တိုင်းဒေသကြီးလည်း ဖြစ်ပါကြောင်း၊ ပုသိမ်ထီးလုပ်ငန်းများလည်းရှိပြီး ပြည်တွင်းပြည်ပဈေးကွက်များအထိ တင်ပို့ဆောင်ရွက်နိုင်ရေး ဆောက်ရွက်လျက်ရှိပါကြောင်း၊ ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်များအား ပြည်ပကိုတင်ပို့ရောင်းချရာတွင် အရည်အသွေး၊ အရေအတွက်ပိုင်းများတွင် လိုအပ်နေသေးပြီး ပြည်ပဝယ်လက်နိုင်ငံများမှ လိုအပ်သည့် အရည်အသွေးမျိုးထုတ်လုပ်တင်ပို့နိုင်ဖို့လိုပါကြေင်း၊ သို့မှသာဈေးကောင်းရရှိပြီး ပြည်ပဝင်ငွေတိုးကာ ပြည်တွင်းစိုက်ပျိုးထုတ်လုပ်သူများ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါကြောင်း၊  စိုက်ပျိုးရေးထွက်ကုန်များထဲမှ ပုံမှန်တင်ပို့နေသည့်  အမယ်များအပြင် ပြည်ပတင်ပို့နိုင်မယ့် အလားအလာရှိသည့် အမယ်သစ်များကိုလည်း MSME လုပ်ငန်းများမှ တဆင့်ထုတ်လုပ်ပြီး ပြည်ပဈေးကွက်တွေနဲ့ ချိတ်ဆက်ကာတိုးချဲ့တင်ပို့နိုင်ဖို့လည်းလိုအပ်ပါကြောင်း၊  ထို့အတူ ထုတ်လုပ်မှုပိုင်းတွင်လည်း ပြည်တွင်းစားသုံးရန်အတွက်သာမက ပြည်ပတင်ပို့ရောင်းချနိုင်ဖို့အထိ ရည်ရွယ်ပြီး ထုတ်ကုန်ဒီဇိုင်း ၊ ထုတ်ပိုးမှုပုံစံ၊ နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်များ၊ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်၊ ထုတ်ကုန်မူပိုင်ခွင့် စသည်များကို နိုင်ငံတကာအဆင့်မီ တိုးချဲ့ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊  ပြည်ပကို တင်ပို့ရောင်းချရာတွင်လည်း ကုန်ကြမ်းအတိုင်း တင်ပို့ရောင်းချခြင်းထက် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် အဆင့်မြှင့်ထုတ်လုပ်ပြီး တင်ပို့ရောင်းချနိုင်မည်ဆိုပါက အကျိုးအမြတ် ပိုမိုရရှိမှာဖြစ်ပါကြောင်း၊ ယနေ့ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲသည် တိုင်းဒေသကြီးအတွက် အကျိုးရှိသည့် အလုပ်ရုံဆွေးနွေးပွဲဖြစ်တစ်ခုဖြစ်ပြီး ​ဆွေး​နွေးပွဲမှရရှိသည့် ရလဒ်များကိုလည်း ပညာရှင်များ၊ သု​တေသနအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ၏ ပူး​ပေါင်း​ဆောင်ရွက်မှုအားဖြင့် တိုင်း​ဒေသကြီးမှ တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်နိုင်​ရေး၊ ပြည်ပပို့ကုန်များတိုးမြှင့်တင်ပို့နိုင်​ရေးအတွက်  ဝိုင်းဝန်းပူးပေါင်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း" အဖွင့်အမှာစကားများပြောကြားသည်။  ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က အလုပ်ရုံဆွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဧည့်သည်တော်များနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။


Read More...
06-Nov-2023
တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ကျုံကူးကျေးရွာနှင့်အနီးပတ်ဝန်းကျင်းကျေးရွာများမှဒေသခံပြည်သူများအားမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး ၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ကျုံကူးကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက်တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ နယ်လှည့်အထူးကု ဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည်ယနေ့တွင် ကျုံကူးကျေးရွာအုပ်၊ကျုံကူးကျေးရွာသို့ရောက်ရှိ၍ ကျုံကူးကျေးရွာစိတ္တသုခဘုန်းတော်ကြီးကျောင်းတွင်အခြေပြု၍အနီးပတ်ဝန်းကျင်ကျေးရွာများမှဒေသခံပြည်သူ (၁၀၆၅)ဦးအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။ ထို့သို့ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ သွားရောက်ခဲ့ပြီး ဒေသခံပြည်သူများအား ဆေးကုသပေးနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ကြည့်ရှုအားပေးခဲ့ပြီး တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)အတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆေးဝါးနှင့်ထောက်ပံ့ငွေများအားလည်းကောင်း၊ တိုင်းမှူးမှ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိတ္တသုခကျောင်းထိုင်ဆရာတော်အားဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများ၊ ဆေးကုသမှုဆိုင်ရာများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများတင်ပြလျှောက်ထားခဲ့ပြီး လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခဲ့ကြသည်။  တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် ဆေးကုသမှုဆိုင်ရာရောဂါ (၃၄၀) ဦး၊ ခွဲစိတ်ရောဂါ (၈၇)ဦး၊ သားဖွား/ မီးယပ်ရောဂါ (၅၂)ဦး၊ ကလေးရောဂါ (၅၅)ဦး၊ အရိုးရောဂါ (၁၂၀ )ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ (၆၅)ဦး၊ မျက်စိရောဂါ (၂၄၇)ဦးနှင့် သွားနှင့်ခံတွင်းရောဂါ (၉၉)ဦးတို့အားဓာတ်မှန်ရိုက်ခြင်း၊ အာထရာဆောင်းဖြင့်စမ်းသပ်စစ်ဆေးပေးခြင်း၊ ECG ဖြင့် နှလုံးစမ်းသပ်စစ် ဆေးပေးခြင်းနှင့် ဓာတ်ခွဲစမ်းသပ်လူနာများအားရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများဆောင်ရွက်ပေးခဲ့ပြီး ၄.၁၁.၂၀၂၃ရက် နေ့မှ ၅.၁၁.၂၀၂၃ ရက်နေ့အထိ နှစ်ရက်တိုင်တိုင်ကုသပေးသွားမှာ ဖြစ်ကြောင်းသိရသည်။


Read More...
05-Nov-2023