သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့၊ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း RCC သုံးထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှု၊ ကိုးသိန်းအားကစားကွင်း ဖူဆယ်အားကစားရုံ ဆောက်လုပ်နေမှုနှင့် ပုသိမ်တက္ကသိုလ်ဝန်းအတွင်း Recreation Center တည်ဆောက်နေမှုများအား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းက ပုသိမ်မြို့၊ အမှတ် (၉) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ (၁၄၀ ပေ × ၃၀ ပေ) RCC သုံးထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆောက်အဦအရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးတို့အတွက် လူအင်အား၊ စက်အင်အားများဖြင့် အဆိုင်းခွဲ၍ ဆောင်ရွက်ရန် မှာကြားခဲ့သည်။


Read More...
10-Nov-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ငပုတောမြို့နယ်၊ ဖျန်ရေကျော်ကျေးရွာတွင်ပြုလုပ်သည့် မိုးစပါးစံကွက်ရိတ်သိမ်းပွဲနှင့် ဆီထွက်သီးနှံ(နေကြာ၊ ပဲပုပ်)မျိုးစေ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်သူများအား နေကြာ(ရေဆင်းစပ်မျိုးနေကြာ-၁) မျိုးစေ့များနှင့် ပဲပုပ်မျိုးစေ့များအား တောင်သူများထံပေးအပ်ခဲ့ပြီးနောက် တောင်သူဦးသိန်းထွေး၏ စိုက်ဧက(၂)ဧကတွင် နယူးဧရာ-၁၁ မိုးစပါးစံကွက်ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးပြီး တောင်သူများနှင့် တွေ့ဆုံ၍ မိုးစပါးရိတ်သိမ်း‌ရာတွင် တစ်ဧကထွက်ရှိသည့် အထွက်နှုန်းများ၊ စပါးကုန်သည်များလာရောက်ဝယ်ယူမှု၊ ဈေးရရှိမှုအခြေအနေများအား မေးမြန်းဆွေးနွေးခဲ့ပြီး စပါးစိုက်ပျိုးမှုလုပ်ငန်းများ ယခုထက်ပိုမိုတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုပါကြောင်း


Read More...
10-Nov-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၅)တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၅) ကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)တွင်ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။


Read More...
10-Nov-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပန်းနော်မြို့နယ်၊ Global Earth Agro & Aqua Industry Public Co., Ltdတွင် ပုသိမ်တက္ကသိုလ်မှ Economic ဘာသာရပ်နှင့် Zoology ဘာသာရပ်တို့မှ Internship ဆင်းလာကြသော ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘုရားချောင်းကျေးရွာ အုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်၍ ပုသိမ်တက္ကသိုလ်မှ Economic ဘာသာရပ်နှင့် Zoology ဘာသာရပ်တို့မှ Internship ဆင်းလာကြသော ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးစကားများပြောကြားခဲ့သည်။


Read More...
09-Nov-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အင်းဖျားကျေးရွာ အုပ်စုရှိ ပိုင်ရှင်ဦးအေးမင်းမြတ်၏ ဒီဇယ်အင်ဂျင်(၆)လုံးထိုး စပါးအခြောက်ခံစက်အား သွားရောက်ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းက ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အင်းဖျားကျေးရွာအုပ်စုရှိ ပိုင်ရှင်ဦးအေးမင်းမြတ်၏ ဒီဇယ်အင်ဂျင်(၆)လုံးထိုး စပါးအခြောက်ခံစက်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။


Read More...
07-Nov-2025