သတင်းများ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်မေသန်းဦး တိုင်းဒေသကြီးဆားလုပ်ငန်းရှင် တောင်သူအသင်းအဖွဲ့များနှင့်တွေ့ဆုံ
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်မေသန်းဦး သည် ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် တိုင်းဒေသကြီးဆားလုပ်ငန်းရုံး၌ တိုင်းဒေသကြီးဆားလုပ်ငန်းဦးစီးမှူး၊ ဖျာပုံ၊ငပုတော၊လပွတ္တာမြို့နယ်များမှတိုင်းဒေသကြီးဆားလုပ်ငန်းရှင်တောင်သူအသင်းအဖွဲ့ဝင်များနှင့်တွေ့ဆုံခဲ့ပါသည်။
Read More...
26-Aug-2026
ဧရာဝတီတိုင်းဒေသကြီး ၊ ညောင်တုန်းမြို့နယ် ဆည်မြောင်းဝာာ ရေဝဲတိုးမှုကြောင့် တာအိပဲ့ကျမှုဖြစ်ပွား
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာ အုပ်စု၊ ချောင်ဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) ဆည်မြောင်းတာ သည် ရေဝဲတိုးမှုကြောင့် ဩဂုတ်လ ၂၅ရက်နံနက်ပိုင်းတွင် အလျား(၃၀၀)ပေ၊ အနံ(၆၀) ပေ ခန့်တာအိပဲ့ကျမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
Read More...
25-Aug-2026
ငါးသိုင်းချောင်းမြို့၌ ရေဘေးသင့်ပြည်သူများ သောက်သုံးရေ အခက်အခဲမရှိသလို သောက်သုံးရေမပြတ်လပ်ပါကြောင်း
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ ရေဘေးသင့်ပြည်သူများ သောက်သုံးရေ အခက်အခဲမရှိစေရန် တာဝန်ရှိသူများမှဦးဆောင်၍ ပရဟိတအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကူညီထောက်ပံ့ပေးလျက်ရှိသည်။
Read More...
24-Aug-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဟင်္သာတမြို့နယ်၊ ကညင်ငူကျေးရွာရှိ ရေဘေးသင့် ပြည်သူများအား တွေ့ဆုံအားပေးစကားများပြောကြားကာ ထောက်ပံ့ပစ္စည်းများပေးအပ်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ဟင်္သာတမြို့နယ်၊ ကညင်ငူကျေးရွာသို့ သွားရောက်၍ မှော်ထူကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တို့က အားပေးစကားများပြောကြားခဲ့သည်။ ယင်းနောက် ဟင်္သာတခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရေဘေးသင့်ပြည်သူများကို ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။
Read More...
24-Aug-2026
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင် ဒေသခံကျေးရွာတောင်သူများနှင့်တွေ့ဆုံ
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင်သည် ၂၄-၈-၂၀၂၆ ရက်နေ့တွင် ဖျာပုံမြို့နယ်၊ အောက်ကမ္ဘာကျေးရွာအုပ်စု ကမာအောင် ဘုန်းတော်ကြီးကျောင်းတွင် တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတိုင်းဦးစီးမှူး၊ တိုင်းဒေသကြီးသမဝါယမဦးစီးဌာနတိုင်းဦးစီးမှူး၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး၊ တိုင်းဒေသကြီးမြေစာရင်းဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူးတို့နှင့်အတူ ဒေသခံကျေးရွာတောင်သူများနှင့်တွေ့ဆုံခဲ့ပြီး တောင်သူများ၏ ဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
Read More...
24-Aug-2026