သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်နေသော တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအားပေးပို့ရန် ပြည်သူများမှလှူဒါန်းသည့် စားသောက်ဖွယ်ရာများကြော်လှော်ထုတ်ပိုးပြင်ဆင်နေမှုများကို ကြည့်ရှုအားပေး
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ် ထက်သန်စွာဖြင့် စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်ပြည်သူများက အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းလျက်ရှိ


Read More...
23-Aug-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တိုင်းဒေသကြီးပညာရေးမှူးရုံး၌ တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့်ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး ပညာရေးမှူးရုံး၊ အစည်းအဝေးခန်းမ(၁)တွင် တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့်ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ပညာရေးဆိုင်ရာလုပ်ငန်းများကို ဆွေးနွေးမှာကြားခဲ့သည်။


Read More...
22-Aug-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ရေကြည်မြို့နယ်နှင့် ကျောင်းကုန်းမြို့နယ်အတွင်း၂၀၂၄-၂၀၂၅ခုနှစ် စိုက်ပျိုးရာသီရေကြီးနစ်မြုပ်၍ ထိခိုက်၊ ပျက်စီးသွားသောမိုးစပါးပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် မျိုးစပါးနှင့်ဓာတ်မြေဩဇာသွင်းအားစုထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးခဲ့သည့်လယ်များအတွက်မျိုးစပါးနှင့်မြေသြဇာများကိုနည်းလမ်းအသွယ်သွယ်ဖြင့်အချိန်မီကုစားနိုင်ရေးဆောင်ရွက် ပေးလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ယနေ့နေ့လည်ပိုင်းတွင် ရေကြည်မြို့နယ် သင်္ဃန်းဒေါင့်အုပ်စုနှင့်အင်းလျာကုန်းအုပ်စု၊ ကျောင်းကုန်းမြို့နယ် မကျည်းပင်ကွင်း၊ ပန်းတောရိုးအုပ်စုများသို့ မျိုးစပါးနှင့် သွင်းအားစုများထောက်ပံ့ပေးအပ်ခဲ့သည်။


Read More...
21-Aug-2024
မြောင်းမြမြို့နယ်၊ ကျုံဝါးကျေးရွာ၌ ၂၀၂၄ခုနှစ်၊ မြောင်းမြခရိုင် ရေတော်မိုးတော်မိုးစပါးထွန်တုံးပိတ်ပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ ကျုံဝါးကျေးရွာ၌ ပြုလုပ်သည့် ၂၀၂၄ခုနှစ်၊ မြောင်းမြခရိုင် ရေတော်မိုးတော်မိုးစပါးထွန်တုံးပိတ်ပွဲသို့တက်ရောက်၍ မြောင်းမြမြို့နယ်၊ ဝါးခယ်မမြို့နယ်၊ အိမ်မဲမြို့နယ်တို့ မြို့နယ်အလိုက်ကောက်စိုက်သမအဖွဲ့များမှ ထွန်တုံးပိတ်စိုက်ပျိုးနေမှုများနှင့် မြောင်းမြမြို့၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၃၈)စက်မှုလယ်ယာစခန်းမှ ကောက်စိုက်စက်ဖြင့် စုပေါင်းစိုက်ပျိုးနေမှုများကိုကြည့်ရှုအားပေးခဲ့သည်။


Read More...
20-Aug-2024
ပုသိမ်မြို့၌ (၇၂)ကြိမ်မြောက် မြို့လုံးကျွတ်ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် သီလရှင်ဝတ်စုံလှူဒါန်းပွဲ ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ဦးမောင်ကြီးအာရုံခံတန်ဆောင်း၌ ယနေ့နံနက်ပိုင်းက ၁၃၈၆ ခုနှစ်၊ (၇၂) ကြိမ်မြောက် မြို့လုံးကျွတ်ဝါဆိုသင်္ကန်းကပ်လှူပွဲတော် ရေစက်ချမင်္ဂလာအခမ်းအနားကို ကျင်းပခဲ့သည်။


Read More...
20-Aug-2024