သတင်းများ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော် ဟင်္သာတမြို့၊ သန့်ရှင်းသာယာလှပရေး ကြည့်ရှူ့စစ်ဆေးပြီး လုပ်အားပေးဆောင်ရွက်နေကြသူများအား လိုက်လံအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော်သည် တာဝန်ရှိသူများလိုက်ပါ၍ မြို့အင်္ဂါရပ်နှင့်အညီ ဟင်္သာတမြို့သန့်ရှင်းသာယာလှပရေး သန့်ရှင်းရေးဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှူ့အားပေးခဲ့ကြောင်းသိရှိရပါသည်။
Read More...
24-Aug-2026
AFC Women's Champions League 2026/27 (Preliminary Stage) ပြိုင်ပွဲတွင် အုပ်စုဗိုလ်အဖြစ် အနိုင်ရရှိခဲ့သည့် Ayeyawady FC - Women အသင်းအား ဂုဏ်ပြုမှတ်တမ်းတင်ခြင်း
Read More...
မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် အာရှအမျိုးသမီးချန်ပီယံကလပ် AFC Women's Champions League 2026/27 (Preliminary Stage) ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုဗိုလ်အဖြစ် အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည့် Ayeyawady FC - Women အသင်းအား ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ပြည်သူတစ်ရပ်လုံးမှ လှိုက်လှဲစွာ ချီးကျူးဂုဏ်ပြုအပ်ပါသည်။
Read More...
23-Aug-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ကျုံပျော်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို ဆန်၊ ဆီ၊ ရေသန့်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပြီး ကြာအင်းတံတား ရေကျော်စီးဝင်မှုအခြေအနေများကိုကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်နှင့်အဖွဲ့သည် ကျုံပျော်မြို့၊ မဏိရတနာရာမပရိယတ္တိစာသင် တိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူးက ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြော ခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများကို ဆန်၊ ဆီ၊ ရေသန့်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
Read More...
23-Aug-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ကျုံပျော်မြို့၊ ပင်လုံရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ခဲဘောင်ကူတို့ဆိပ်၌ ရေဝင်ရောက်စီးဆင်းမှုအခြေအနေများကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်နှင့်တာဝန်ရှိသူများသည် ကျုံပျော်မြို့၊ ပင်လုံရပ်ကွက်၊ ဗိုလ်ချုပ် လမ်းရှိ ခဲဘောင်ကူတို့ဆိပ်၌ ရေဝင်ရောက်စီးဆင်းမှုအခြေအနေများနှင့် ကျုံပျော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက်အဖွဲ့ပိုင် Back Hoe ဖြင့် ရေမြောင်းများ တူးဖော်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များမှာကြားခဲ့သည်။
Read More...
23-Aug-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ကျုံပျော်မြို့နယ်အားကစားခန်းမသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများဆန်ရိက္ခာများထောက်ပံ့ပေးအပ်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်နှင့်တာဝန်ရှိသူများသည် ကျုံပျော်မြို့နယ် အားကစားခန်းမ သို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံကာ အားပေးစကားများပြောကြားခဲ့ပြီး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူးက မြွေအန္တရာယ်၊ ဝမ်းပျက် ဝမ်းလျှောရောဂါဆိုင်ရာ အသိပညာပေးခြင်းနှင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများကို ဆန်၊ ဆီ၊ ရေသန့်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
Read More...
23-Aug-2026