သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၁၀၅) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကျုံပျော်မြို့၊ မြဝတီရပ်ကွက်၊ ကမ်းနားလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၁၀၅) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကျုံပျော်မြို့၊ မြဝတီရပ်ကွက်၊ ကမ်းနားလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။


Read More...
12-Nov-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ရေကြည်မြို့နယ်တွင်ပြုလုပ်သည့်၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆီထွက်သီးနှံ မြေပဲ၊ နေကြာ၊ ပဲပုပ် မျိုးစေ့များ ပေးအပ်ပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိမ်းလဲ့ရေကြည်ခန်းမတွင် ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆီထွက်သီးနှံ မြေပဲ၊ နေကြာ၊ ပဲပုပ် မျိုးစေ့များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ တောင်သူများအား ဆီထွက်သီးနှံ မြေပဲ၊ နေကြာ၊ ပဲပုပ် မျိုးစေ့များပေးအပ်ခဲ့သည်။


Read More...
12-Nov-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အင်္ဂပူမြို့နယ်၊ နောက်မီးကျေးရွာရှိ ပဲပုပ်သီးနှံစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းနေမှုများကို ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ နောက်မီးကျေးရွာရှိ တောင်သူ(၁၈၆)ဉီး၏ စိုက်ဧက(၄၅၆)ဧကတွင် ဆီတိုးပဲပုပ်မျိုး အောင်မြင်ဖြစ်ထွန်းနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။


Read More...
12-Nov-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder)များနှင့် ဆီထွက်သီးနှံ(ဆောင်းနေကြာ) မျိုးစေ့များပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမတွင်ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder)များနှင့် ဆီထွက်သီးနှံ(ဆောင်းနေကြာ) မျိုးစေ့များပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ခရိုင်(၈)ခရိုင်၊ မြို့နယ် (၂၆) မြို့နယ်တွင် သီးထပ်စွမ်းအား သီးနှံစိုက်စွမ်းအား တိုးတက်စေရေးအတွက် သွားရောက်အားပေးကြည့်ရှုများ ဆောက်ရွက်လျက်ရှိပါကြောင်း


Read More...
11-Nov-2025
တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း(တည်ဆောက်ရေး)ရန်ပုံငွေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းဆောင်ရွက်သည့် လုပ်ငန်း(၂၇၁)ခုအနက် လုပ်ငန်းစတင်နိုင်ခြင်းမရှိသည့် (ဝ)%ကျောင်း နှင့် (၂၅)% အောက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု ကျောင်းများ၏ တင်ဒါအောင်ကုမ္ပဏီလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားတက်ရောက်
၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ရန်ပုံငွေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းဆောင်ရွက်သည့် လုပ်ငန်း(၂၇၁)ခုအနက် လုပ်ငန်းပြီးဆုံးမှုရာခိုင်နှုန်းနည်းနေသည့်တင်ဒါအောင်ကုမ္ပဏီလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တင်ဒါအောင်ကုမ္ပဏီလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။


Read More...
11-Nov-2025