သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိ​မ်း​​​​ရေးဝန်ကြီး ဒေါ်မေသန်းဦး (၂၀၁၃)ခုနှစ်ကောက်ယူထားသောစာရင်းမှ သစ်တောမြေပယ်ဖျက်ရန် ကျန်ရှိသည့်ဧကများမှန်ကန်တိကျစေရေး မြေပြင်ကွင်းဆင်းစီစစ်ရေးအဖွဲ့များနှင့်တွေ့ဆုံ
၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်မေသန်းဦးသည် တိုင်းဒေသကြီး ကြေးတိုင်နှင့်‌​ မြေစာရင်းဦးစီးဌာနညွှန်ကြားရေးမှူး၊ သစ်တောဦးစီးဌာနညွှန်ကြားရေးမှူးတို့နှင့်အတူ မြန်အောင်ခရိုင်အတွင်းရှိအင်္ဂပူ၊မြန်အောင်၊ကြံခင်းမြို့နယ်အုပ်ချုပ်ရေးမှုးရုံးများ၌ မြေပြင်ကွင်းဆင်းစီစစ်ရေးအဖွဲ့များနှင့်တွေ့ဆုံခဲ့သည်။


Read More...
26-Aug-2026
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်း​​ဇော် ဟင်္သာတမြို့သန့်ရှင်းသာယာလှပစေရေးဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှူအားပေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်း​​ဇော်နှင့် တာဝန်ရှိသူများ သည် ဟင်္သာတမြို့သန့်ရှင်းသာယာလှပစေရေးဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှူ့အားပေးခဲ့ရာ ရှေးဦးစွာ ဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတမြို့အဝင်သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုများ၊ ဌာနဆိုင်ရာရုံများ၏ပရဝုဏ်အတွင်းနှင့် မျက်နှာစာများ သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုများ၊ ဟင်္သါတတက္ကသိုလ်မိန်းလမ်း လမ်းဘေးဝဲယာ သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုများအားလိုက်လံကြည့်ရှူ့အားပေးခဲ့ပါသည်။


Read More...
26-Aug-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် မအူပင်မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှုအခြေအနေများအားကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် မအူပင်မြို့သို့ရောက်ရှိပြီး မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးအတွက် မအူပင်မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဘုရားလမ်း ပလက်ဖောင်းရေမြောင်းပြုလုပ်ခြင်း လုပ်ငန်း၊ Box Culvert တည်ဆောက်ခြင်းလုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ လမ်းဦးစီးဌာနမှ ပံတပွတ်လမ်း ဘေးဝဲ/ယာ ရေစီးရေလာ ကောင်းမွန်ရေးအတွက် စက်ယန္တရားအသုံးပြု၍ တူးဖော်ဆောင်ရွက်နေမှုများနှင့် ရေလဲလမ်းဆုံရှိ မအူပင်မြို့၏ အဓိကရေထွက် ပေါက်များကို ကြည့်ရှုစစ်ဆေးခဲ့သည်။


Read More...
26-Aug-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) ဆည်မြောင်းတာအိပဲ့ကျမှုအားကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်း‌ဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာ၊ ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ)၊ တာမိုင် ၁၁/၆ နှင့် ၁၁/၇ ကြားနေရာတွင် ယမန်နေ့နံနက်ပိုင်းက ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ဆည်မြောင်းတာအိပဲ့ကျမှု ဖြစ်ပွားခဲ့ရာ ယနေ့တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။


Read More...
26-Aug-2026
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင် မအူပင်ခရိုင်အတွင်းရှိ စိုက်တိုးမြှင့်အဖွဲ့များနှင့်တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင်သည် ၂၆-၈-၂၀၂၆ ရက်နေ့ နံနက် ၀၉၃၀ အချိန်တွင် မအူပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးသမဝါယမဦးစီးန ညွှန်ကြားရေးမှူး၊ တိုင်း‌ဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ဒုတိုင်းဦးစီးမှူး၊ တိုင်းဒေသကြီးမြေစာရင်းဦးစီးဌာန ဒုတိုင်းဦးစီးမှူးတို့နှင့်အတူ စိုက်ပျိုးရေးကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် မအူပင်မြို့နယ်၊ ဓနုဖြူမြို့နယ်၊ ပန်းတနော်မြို့နယ်၊ ညောင်တုန်းမြို့နယ်များမှ စိုက်တိုးမြှင့်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။


Read More...
26-Aug-2026