သတင်းများ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဟင်္သာတမြို့နယ်၊ အုတ်ပုံကျေးရွာရှိ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေး စကားများပြောကြားကာ ထောက်ပံ့ပစ္စည်းများပေးအပ်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ဟင်္သာတမြို့နယ်၊ ကညင်ငူကျေးရွာအုပ်စု၊ အုတ်ပုံကျေးရွာသို့သွားရောက်၍ ရတနာသီရိပုညကျောင်းတိုက်တွင် ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ရေပြန်လည်ကျဆင်းပါက ရေဘေးသင့်ပြည်သူများ အနေဖြင့် စိုက်ပျိုးသီးနှံများ အချိန်မီပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် စက်ယန္တရားများ အသင့်စုဖွဲ့ထားရှိပါကြောင်းနှင့် လိုအပ်သည့် မျိုးစေ့၊ သွင်းအားစုများကိုလည်း အသင့်စုဆောင်းထားရှိ ပြီးဖြစ်ပါကြောင်း၊ ရေကျဆင်းပြီးနောက် ပျက်စီးဆုံးရှုံးမှုများကို အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရေး၊ ပြည်သူများ၏ နေထိုင်စားသောက်ရေးနှင့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေးတို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အပြင် သက်ဆိုင်ရာဌာနများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူများအားလုံးက ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း” ပြောကြားသည်။
Read More...
24-Aug-2026
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများနှင့် လူသုံးကုန်ပစ္စည်းများ လာရောက်လှူဒါန်း
Read More...
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက်အလှူငွေများနှင့် လူသုံးကုန်ပစ္စည်းများကို ယနေ့နံနက်ပိုင်းက ဟင်္သာတမြို့၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဧည့်ရိပ်သာတွင် ကုမ္မဏီများ၊ ချောင်းသာဟိုတယ်ဇုန်မှ အလှူရှင်များနှင့် စေတနာရှင်အလှူရှင်များက လာရောက်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က လက်ခံခဲ့ပါသည်။
Read More...
24-Aug-2026
ပုသိမ်မြို့၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီး (၂၀၂၆)ခုနှစ် အာဟာရဖွံ့ဖြိုး ရေးရက်သတ္တပတ် များနှင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနား ကို ယနေ့နံနက် ၉ နာရီက ပုသိမ်မြို့ဧရာရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More...
24-Aug-2026
စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီများနှင့်တွေ့ဆုံ
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင်သည် တာဝန်ရှိသူများနှင့်အတူ ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖျာပုံမြို့နယ်၊ ဘိုကလေးမြို့နယ်၊ ကျိုက်လတ်မြို့နယ်နှင့် ဒေးဒရဲမြို့နယ်များမှ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
Read More...
24-Aug-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ရေကြည်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို ဆန်၊ ဆီ၊ ရေသန့်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပြီး ရေဘေးသင့်ပြည်သူများအတွက် The Spirit of Brotherhood Mission(TSBM)အသင်းအဖွဲ့မှ လှူဒါန်းသောရေသန့်စင်စက် တပ်ဆင်ထား ရှိမှုအား ကြည့်ရှုအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ သြဂုတ်လ ၂၃ ရက်နေ့က ရေကြည်မြို့နယ် မိုးလုံလေလုံအားကစားရုံသို့သွားရောက်၍ ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံကာ အားပေးစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူးက ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူ များကို ဆန်၊ ဆီ၊ ရေသန့်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
Read More...
24-Aug-2026