သတင်းများ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် မိုခါမုန်တိုင်းကြောင့်ထိခိုက်ပျက်စီးမှုများအတွက် ရခိုင်ပြည်နယ်တွင် ကူညီကယ်ဆယ် ရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည့် တိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့ဝင်များအား ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရများနှင့်အတူ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်သည့် မိုခါမုန်တိုင်းကြောင့်ထိခိုက်ပျက်စီးမှုများအတွက် ရခိုင်ပြည်နယ်တွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့သည့် တိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့ဝင်များအား ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားတက်ရောက်၍ အမှာစကားပြောကြားခဲ့ရာတွင် တိုင်းဒေသကြီးအနေဖြင့် အလွန့်အလွန်အားကောင်းသည့် မိုခါမုန်တိုင်းမဖြစ်ပေါ်မီ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ချိန်မှ စ၍ ကြိုတင်ခန့်မှန်းချက်များအရ မုန်တိုင်းဦးတည်ရာလမ်းကြောင်းရှိ နေရာဒေသများနှင့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအား ကြိုတင်ကာကွယ် ရေးလုပ်ငန်းများ၊ မုန်တိုင်းအန္တရာယ် သတိပေးချက်များထုတ်ပြန် ဆောင်ရွက်ထားရှိပြီး ကူညီကယ်ဆယ်ရေးအစုအဖွဲ့များ ဖွဲ့စည်း၍ ကြိုတင်ပြင်ဆင်မှုကောင်းကောင်းဖြင့် ပြင်ဆင်ဆောင်ရွက်ခဲ့ပါကြောင်း၊ မုန်တိုင်းအန္တရာယ် ကျရောက်ခဲ့ပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအလျှင်အမြန်ဆောင်ရွက်နိုင်စေရေး၊ တပ်ရင်း တပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများပါဝင်သည့် လူအင်အားအစုအဖွဲ့များ၊ စားရေရိက္ခာများ၊ စက်ပစ္စည်းယန္တရားများ အသင့်စုဆောင်းထားရှိခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ် အတွင်းသို့ မုန်တိုင်းဝင်ရောက်ခဲ့သည့်အခါတွင် အသင့်စုစည်းထားရှိပြီးဖြစ်သည့် တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ဝင်များက သတ်မှတ်ထားသည့်ရည်မှန်းချက်နေရာများအမြန်ဆုံးရောက်ရှိ၍ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ပါကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၏ စုဖွဲ့မှုအားကောင်းကောင်းဖြင့် ကြိုးစားဆောင်ရွက်ခဲ့ကြ၍ အချိန်တိုအတွင်းသတ်မှတ်လုပ်ငန်း တာဝန်များကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်ကိုတွေ့ရှိရ၍ ဂုဏ်ယူပါကြောင်းနှင့် ယခုကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများဖြင့် သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအစွမ်းကုန်ကြိုးစားဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ ရခိုင်ပြည်နယ်တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် တိုင်းဒေသကြီး ရှာဖွေကယ်ဆယ်ရေးတပ်ခွဲ(၁) အဖွဲ့ခေါင်းဆောင်မှ ကူညီကယ်ဆယ်ရေးလုပ်ငန်း များဆောင်ရွက်ခဲ့မှု အခြေအနေများရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးပြန်လည်ရောက်ရှိလာသည့် တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုနေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ပြီး တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ကြောင်းသိရသည်။
Read More...
19-Aug-2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ပုသိမ်မြို့ပေါ်ရှိ သန့်ရှင်းရေးလုပ်ငန်းများကြည့်ရှု စစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီးတွင် မြို့သန့်ရှင်းသာယာရေးလုပ်ငန်းများ အပတ်စဉ်စနေ့နေ့ တိုင်းစုပေါင်းသန့်ရှင်းရေးလုပ်ငန်းများအား တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများလိုက်ပါလျက် ပုသိမ်မြို့ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့်ပြည်သူများက ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အမှိုက်များကင်စင်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ သစ်ပင် သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းစေရေး၊ အမှိုက်များစနစ်တကျစွန့်ပစ်ရေးမှာကြားခဲ့သည်။ထို့အတူ မရမ်းချိုဘုန်းတော်ကြီးကျောင်းတိုက်သို့သွားရောက်၍ ကျောင်းတိုက်ပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်နေမှုများကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့သည်။
ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၅) အခြေခံပညာမူလတန်းကျောင်း သို့သွားရောက်၍ ကျောင်းသားကျောင်းသူများအေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များတင်ပြမှုအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ဆရာ၊ ဆရာမများအား ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေဝတ်မှုံစံပြဈေးသို့သွားရောက်၍ ဈေးသူဈေးသားများ ၏ ဈေးရောင်းဝယ်နေမှုများမေးမြန်းခဲ့ပြီး ပြည်သူများအား သက်သာသောနှုန်းထားများဖြင့် ရောင်းချပေးနိုင်ရေး၊ သယ်ယူစရိတ်များသက်သာစွာဝယ်ယူရောင်းချနိုင်စေရေး၊ သန့်ရှင်း လတ်ဆက်၍ ကျန်းမာရေးနှင့်ညီညွတ်သည့် ဒေသထွက်ဟင်းသီးဟင်းရွက်များ၊ စားသောက် ကုန်များရောင်းချနိုင်စေရေးမှာကြားခဲ့သည်။
Read More...
19-Aug-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် (၂၀၂၃-၂၀၂၄)ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုများအခမ်းအနားအားတက်ရောက်အားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ (၂၀၂၃-၂၀၂၄)ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ အခမ်းအနားအား ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားအား ပုသိမ်မြို့၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယနေ့အခမ်းအနားသည် “၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ အထိမ်းအမှတ်အခမ်းအနား” ဖြစ်ပြီး နှစ်စဉ် စာသင်နှစ်တစ်နှစ်၏ ဩဂုတ်လတွင် ကျောင်းသား၊ ကျောင်းသူများ၊ ပညာရေးနှင့် ကျန်းမာရေး ဝန်ထမ်းများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးတွင် ကျန်းမာရေးအဆင့်မြှင့်ကျောင်း လုပ်ငန်း စဉ်များကိုပိုမိုသိရှိလာပြီး ကျန်းမာရေးအဆင့်မြှင့်ကျောင်း ထူထောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းပံ့ပိုးမှုများပိုမိုအားကောင်းလာစေရန်၊ ဗဟိုနှင့်ဒေသဆိုင်ရာအစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာ များ၊ မိဘပြည်သူများ၏ ပူးပေါင်းပံ့ပိုးမှု ပိုမိုအားကောင်းလာစေရန်၊ သန့်ရှင်း၍ ကျန်းမာရေးနှင့် ညီညွတ်သောကျောင်းပတ်ဝန်းကျင်များပေါ်ထွန်းလာစေရေးနှင့် ရေရှည်တည်တံ့စေရေးအတွက် အထောက်အကူများရစေရန် ရည်ရွယ်ချက်များနှင့်ကျင်းပခြင်းဖြစ်ပါကြောင်း၊ နိုင်ငံအတွက် အရေးပါသည့် ကျောင်းသားလူငယ်များကိုအနာဂတ်တွင် စွမ်းရည်ပြည့်စုံသည့် နိုင်ငံသားကောင်း များဖြစ်လာစေရန်အတွက်ရည်မှန်းပြီး ယခုနှစ်အတွက် ဆောင်ပုဒ်မှာ“ကျန်းမာပျော်ရွှင် ပညာသင်၊ စွမ်းရည်ထက်မြက် အနာဂတ်အတွက်”ဖြစ်ပါကြောင်း၊ ကျောင်းသားလူငယ် များသည် နောင်အနာဂတ်တွင် နိုင်ငံတော်အတွက်အရေးပါသော အင်အားတစ်ရပ်ဖြစ်သည့် အတွက်ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး စွမ်းရည်ထက်မြက်သည့် နိုင်ငံ့သားကောင်း ရတနာများ ဖြစ်လာစေဖို့ရာ စာသင်ကျောင်းများက အစပြုခြင်းဖြစ်ပါကြောင်း၊ ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ်တွင် ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ် အဆင့်များ၌ အထိမ်းအမှတ်အခမ်းအနားများဖြင့် ကျောင်းကျန်းမာရေးလုပ်ငန်းများကို ကဏ္ဍပေါင်းစုံပူးပေါင်း၍ အားပေးဆောင်ရွက်သွားမည် ဖြစ်သကဲ့သို့ ကျောင်းအသီးသီးတွင်လည်း ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ၊ ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းကပူးပေါင်း၍ ကျောင်းကျန်းမာရေး လုပ်ငန်းများကို ဆောင်ရွက်သွားကြမှာဖြစ်ပါကြောင်း၊ ကျောင်းကျန်းမာရေး လုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာနသာမက ကျောင်းသားလူငယ်များ၊ ဆရာ၊ ဆရာမများ၊ မိဘများ အားလုံးက မိမိတို့၏ ကျန်းမာရေးအဆင့်အတန်းတိုးမြှင့်စေရန် မိမိတို့ကိုယ်တိုင် ကြိုးစားဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် ပညာရေးနှင့်ပတ်သက်ပါက ကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှုနှင့် အတန်းစဉ်ကူးပြောင်းမှု အများဆုံးဖြစ်ပြီး တိုင်းဒေသကြီးတွင် ယခုပညာသင်နှစ်၌ အခြေခံပညာကျောင်း (၇) ထောင်ကျော်အားဖွင့်လှစ် ထားရှိပြီး ကျောင်းတက်ရောက်မှု (၁၁)သိန်းကျော်ရှိပါကြောင်းနှင့်ပညာရေးနှင့်ပတ်သက်ပါက စွမ်းစွမ်းတမံဆောင်ရွက်နေသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်နိုင်ရေးအတွက် ဆရာ၊ဆရာမများ၊ မိဘများ၊ ဒေသအာဏာပိုင်အဆင့်ဆင့် တို့ကလည်းပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊လူငယ်ကိုအခြေခံသည့် အနာဂတ်ကို တည်ဆောက်ရာတွင် စာသင်ကျောင်းမှစတင်ပြီး ကျောင်းသားလူငယ်များ၏ ကျန်းမာရေးပြည့်စုံ ကောင်းမွန်နေရုံသာမက ဗလငါးတန်ပြည့်စုံသည့် လူငယ်များမွေးထုတ်နိုင်ရန်အတွက် ကျောင်းသား ကျောင်းသူများအပါအဝင် ပညာရေးနှင့်ကျန်းမာရေးကဏ္ဍ၊ အခြားနှီးနွယ်ဌာနများ၊ အဖွဲ့အစည်းများနဲ့ မိဘပြည်သူတို့ပူးပေါင်းပြီးဆောင်ရွက်ကြရန် ပြောကြားလိုပါကြောင်း” အဖွင့်အမှာစကား များပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် (၂၀၂၃-၂၀၂၄)ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်အထိမ်းအမှတ် ဗီဒီယိုပြသမှုနှင့် ပုသိမ်မြို့အမှတ်(၂၄)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “လက်ဆေးခြင်း”ကဗျာဖြင့် တေးသရုပ်ဖော်တင်ဆက်မှုတို့အား ကြည့်ရှုအားပေးသည်။ ထို့နောက် ပုသိမ်မြို့၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူ များက“ဇာတိမာန်”သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် မူလတန်းကျောင်းသား၊ ကျောင်းသူလေးများအား သန်ချဆေးများကိုလည်းကောင်း၊ အလယ်တန်းနှင့်အထက်တန်းကျောင်းသူလေးများအား သံဓာတ်ဆေးဝါးများကိုလည်းကောင်း တိုက်ကျွေးခဲ့ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကာ (၂၀၂၃-၂၀၂၄)ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ အထိမ်းအမှတ်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
Read More...
18-Aug-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေသထွက်ကုန်ပစ္စည်းများ သုတေသနနှင့် ဈေးကွက်သုတေသနကော်မတီဝင်များနှင့် တွေ့ဆုံပွဲအားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ (၁၇) ရက်နေ့နေ့လည်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)၌ပြုလုပ်သည့် ဒေသထွက်ကုန်ပစ္စည်းများ သုတေသနနှင့် ဈေးကွက်သုတေသနကော်မတီ ဝင်များနှင့် တွေ့ဆုံပွဲများအားတက်ရောက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ပြုလုပ်သည့် ဒေသထွက်ကုန်ပစ္စည်းများသုတေသနနှင့် ဈေးကွက် သုတေသနကော်မတီဝင်များနှင့် တွေ့ဆုံပွဲအားတက်ရောက်ခဲ့ရာ ဒေသထွက်ကုန်ပစ္စည်းများ သုတေသနနှင့် ဈေးကွက်သုတေသနကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့က လုပ်ငန်းဆောင်ရွက် မှုများအားရှင်းလင်းတင်ပြပြီးနောက် ပုသိမ်တက္ကသိုလ်ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူး များ၊ တွဲဘက်ပါမောက္ခဌာနမှူးများက စပါး၊ အုန်းသီး၊ ငှက်ပျော၊ ပီလောပီနံ၊ နေကြာ၊ မတ်ပဲ၊ ဝါး၊ ငါး၊ ပုစွန်၊ မြေဩဇာ၊ ငဝန်မြစ်ရေကြီးခြင်းဘေးအန္တရာယ်အကြောင်းလေ့လာခြင်း၊ ရွှေသောင်ယံ နှင့် မော်တင်ဒေသရှိကမ်းရိုးတန်းများ၏ ဘူမိအနေအထားကိုလေ့လာခြင်း၊ Grade-12 ကျောင်းသား/ သူများအား ဘာသာရပ်စွမ်းရည်မြှင့်တင်ပေးခြင်း၊ သာသနိကအဆောက်အဦး၊ ရှေးဟောင်းသမိုင်းဝင်နေရာ၊ Gasifier ၊ IP Law အစရှိသည့် သုတေသနလုပ်ငန်း ဆောင်ရွက်မည့် အခြေအနေများအားလည်းကောင်း၊ မြောင်းမြစိုက်ပျိုးရေးတာဝန်ခံက ဧရာဝတီပေါ်ဆန်း အရည်အသွေးတိုးတက်စေရေး သုတေသနပြုဆောင်ရွက်နေမှုအကြောင်းအားရှင်းလင်းတင်ပြမှု အပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးအတွက် စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍အကောင်အထည်ဖော်ရာတွင် ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(ARCCI)၏အခန်းကဏ္ဍသည် အဓိကနေရာမှပါဝင်ပါ ကြောင်း၊ စိုက်ပျိုးရေးသုတေသန၊ မွေးမြူရေးသုတေသန၊ ထုတ်လုပ်မှုသုတေသနနှင့် ဈေးကွက် သုတေသနများမှ ရရှိလာသည့်ရလဒ်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပါက စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ အဆင့်မီစွာထုတ်လုပ်နိုင်ရေးနှင့် ဈေးကွက်ရရှိစေရေး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တက္ကသိုလ်များမှဖော်ထုတ်ရရှိသည့် စာတမ်းများ၊ သုတေသန ရလဒ်များအားအခြေခံပြီး စီးပွားရေးလုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ မိမိတို့တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တန်ဖို့မြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေး သုတေသနလုပ်ငန်း များ ဆက်လက်လုပ်ဆောင်ရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အောင်မြင်ဖြစ်ထွန်း လျက်ရှိသည့် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ Gasifier လုပ်ငန်းများအား သွားရောက် လေ့လာ၍ ဒေသထွက်ကုန်ကြမ်းများအခြေခံပြီး စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း လုပ်ဆောင်ကြရမှာဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်စေရေး ပညာရှင်များ၊ တက္ကသိုလ်များ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များက ပူးပေါင်းဆောင်ရွက် ပေးကြရန်”ပြောကြားခဲ့ကြောင်းသိရသည်။
Read More...
17-Aug-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီး ဦးစီးမှူးရုံး၌ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ (၁၇) ရက်နေ့နေ့လည်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ပုသိမ်မြို့၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ပြုလုပ်သည့် တိုင်း၊ ခရိုင်၊ ဦးစီးမှူးများနှင့် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအားတက်ရောက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ပြုလုပ်သည့် တိုင်း၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးများ နှင့်တွေ့ဆုံသည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်၍“ မြေပြင်လူဦးရေစာရင်းဇယား များကောက်ယူရာတွင် တိုင်းဒေသကြီးအနေဖြင့်အစောဆုံးကောက်ယူပြီးစီးခဲ့ပါကြောင်း၊ မိမိတို့ အနေဖြင့်လည်း ရရှိသည့်အချိန်များတွင် စာရင်းများရေးသွင်းနေမှုများ၊ တိုင်ဆိုင်စစ်ဆေးမှုများ ကိုလိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအကြံပြုဆောင်ရွက်ခဲ့ပါကြောင်း၊ ကျန်ရှိနေ သည့်လုပ်ငန်းများနှင့်ပတ်သက်၍ သတ်မှတ်ကာလအတွင်းအချိန်မီ ပြီးစီးစေရေး ဆောင်ရွက်ကြ ရမှာဖြစ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း စာရင်းဇယားများပြည့်စုံမှန်ကန်စေရေး အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်ရန်လိုပါကြောင်းနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများရှိပါကလည်း တင်ပြပေးစေလိုကြောင်းနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ပေးစေလိုကြောင်း”အမှာစကားများပြောကြားခဲ့သည်။
Read More...
17-Aug-2023