သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားတက်ရောက်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေး
ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် Video Clip ပြသမှုကိုကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ကမ္ဘာ့စားသုံးသူများအဖွဲ့ (Comsumer International)ကဦးဆောင်ပြီး နှစ်စဉ်မတ်လ(၁၅)ရက်နေ့ရောက်တိုင်း စားသုံးသူများ၏ အခွင့် အလမ်းများကို ဂရုပြုမြှင့်တင်သည့်အနေဖြင့် ကျင်းပပြုလုပ်လျက်ရှိပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ပြည်သူ့လွှတ်တော်ဥပဒေအမှတ်(၉)ဖြင့် စားသုံသူကာကွယ်ရေး ဥပဒေ ကို အတည်ပြုပြဌာန်းပြီးဖြစ်သည့်အတွက် စားသုံးသူများအနေဖြင့် အခွင့်အရေး(၈)ရပ်ကိုရရှိ ထားပြီးဖြစ်ရာ တွေ့ကြုံလာရသည့် စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှု၊ မကျေနပ်မှုများကို ဥပဒေနဲ့အညီ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၊ တိုင်းဒေသကြီးစားသုံးသူရေးရာ ကော်မတီနှင့် တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနများက ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ယနေ့ကျရောက်သည့် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” အထိမ်းအမှတ် ဆောင်ပုဒ်သည် “မျှတအလေးမူ တာဝန်ယူ စားသုံးသူအကျိုးပြု ဉာဏ်ရည်တု” “Fair and Responsible AI For Consumers” နှင့်အညီ ကျင်းပဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ယနေ့အချိန်အခါ၌လည်း AI နည်းပညာကို ကမ္ဘာနှင့်အဝှမ်းကျယ်ပြန့်စွာ အသုံးချလာပြီဖြစ်၍ စားသုံးသူများ ဖြစ်ပေါ်လာသည့် ထိခိုက်နစ်နာမှုများ အခက်အခဲများကို မည်သည့် နည်းလမ်းများကိုသုံးပြီး မည်သည့်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် သင့်သည်ကို သိရှိထားရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ AI နည်းပညာအသုံးချပြီး စားသုံးသူများ နစ်နာမှုများ တွေ့ကြုံနေရသည့် အခက်အခဲများအတွက် အကြံဉာဏ်အလွယ်တကူ ရယူနိုင်နေပြီ ဖြစ်၍ စားသုံးသူများအတွက် သင့်လျော်သည့် အကြံပြုချက်များကို စားသုံးသူအကျိုးစီးပွား ကာကွယ်ရေးအတွက် ဥပဒေနှင့်အညီ ရယူအသုံးချ စီမံဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ ဉာဏ်ရည်တုနည်းပညာသည် သုံးစွဲသူလူသားများအတွက် တရားမျှတမှု ရှိရမည်ဖြစ်သလို တစ်ဖက်မှလည်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဝန်ဆောင်မှုများ ကုန်စည်များ ပေးအပ် သည့်အခါ မိမိတို့ တာဝန်ယူရမည့် စီးပွားရေး ကျင့်ဝတ် ဆိုင်ရာကိစ္စရပ်များကို သိရှိလိုက်နာပြီး တာဝန်ယူနိုင်ရန် လိုအပ်ပါကြောင်း၊ ထိုကဲ့သို့ဉာဏ်ရည်တုနည်းပညာကို ထိန်းကျောင်းကိုင်တွယ် ဖြေရှင်းရန် အရေးပါလာသည့်အတွက် ယခုနှစ်၌ ဆောင်ပုဒ်သတ်မှတ်ပေးခဲ့ပြီး အလေးပေး ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ပြည်သူလူထုအားလုံးသည် စားသုံးသူများဖြစ်ကြသည့် အားလျော်စွာ မိမိတို့၏ စားသုံးသူအခွင့်အရေး(၈)ရပ်ကို ကောင်းမွန်စွာ သိရှိနားလည်၍ မှန်မှန်ကန်ကန် ရယူပိုင်ဆိုင်ပြီး အခွင့်အရေးဆုံးရှုံးမှု ဖြစ်လာသည့်အခါအတိုင်း စားသုံးသူ ကာကွယ်ရေးဥပဒေ၊ နည်းဥပဒေ များနှင့်အညီသက်ဆိုင်ရာကော်မရှင်၊ ကော်မတီ၊ ဦးစီးဌာန များတွင် ဖြေရှင်းဆောင်ရွက်နိုင်ပြီး စီးပွားရေးလုပ်ငန်းများကလည်း ကျင့်ဝတ်နဲ့အညီ ပြည်သူများ အတွက် အကျိုးရှိမည့် ဝန်ဆောင်မှုများ၊ ထုတ်ကုန်ပစ္စည်းများကို အတ္တပရမျှတစွာ တိုးတက် ထုတ်လုပ်ရင်း စားသုံးသူပြည်သူများအတွက် ဆောင်ရွက်သွားကြစေလိုကြောင်း” အဖွင့်အမှာ စကားများ ပြောကြားသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးဦးစီးမှူးက ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ပြီးနောက် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် ပြသထားသည့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိသည့် ဒေသထွက်ကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာနသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့အဖြစ် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်များကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ အပြည့်အဝပေးနိုင်ရေး၊ လုံခြုံရေးကိစ္စရပ်များ အထူးဂရုပြုဆောင်ရွက်ရေး၊ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကျောင်းသားကျောင်းသူများအား ရင်းရင်းနှီးနှီးအားပေးစကားများ ပြောကြားခဲ့ပါသည်။


Read More...
15-Mar-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာရပ်များအား ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာဖြေဆိုနေမှုများကိုကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ကန်ကြီးထောင့်မြို့နယ်နှင့် ပုသိမ်မြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့အဖြစ် ဓာတုဗေဒနှင့်ပထဝီဝင်ဘာသာရပ် များအား ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချူပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ ဝဲကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာရပ်များအား ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ စာမေးပွဲ ဖြေဆိုနေမှု များကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းသို့ ဆက်လက်သွားရောက်ခဲ့ကာ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ထို့သို့ စာစစ်ဌာနများအားလှည့်လည်ကြည့်ရှုအားပေးရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ကကျောင်းသား၊ ကျောင်းသူများစိတ်အေးချမ်းသာစွာ စာမေးပွဲ ဖြေဆိုနိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ အပြည့်အဝပေးနိုင်ရေး၊ လုံခြုံရေးကိစ္စရပ် များအထူးဂရုပြုဆောင်ရွက်ရေး၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး အတွက် တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် မှာကြားခဲ့ကြောင်းသိရသည်။


Read More...
14-Mar-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးထုတ်ကုန်အမယ်များနှင့် ဒေသအလိုက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Work Plan) ရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန် အမယ်များနှင့် ဒေသအလိုက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Work Plan) ရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးကို မတ်လ ၁၂ရက်နေ့ နေ့လည်ပိုင်းကပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့်တိုင်းဒေသကြီးဖြစ်ပြီး စိုက်ပျိုး မွေးမြူရေး ထုတ်ကုန်အမယ်များအား ဒေသအလိုက် ထုတ်လုပ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဆန်၊ စပါး၊ ပီလောပီနံ၊ ရာဘာ၊ အုန်းချိုမွှေး၊ ငါး၊ ပုစွန်၊ ဂဏန်းမွေးမြူရေးလုပ်ငန်းများ၊ ဆားလုပ်ငန်း၊ ကြိမ်၊ ဝါး၊ ဗေဒါလုပ်ငန်းများ စသည့် လုပ်ငန်းများ တွင်ကျယ်စွာ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး One Region One Product ထုတ်လုပ်နိုင်ရေးနှင့် တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရန်လိုပါကြောင်း၊ မွေးမြူရေးဇုန်များ ဖော်ထုတ်နိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် တိရစ္ဆာန်အစာနှင့် မြေဩဇာ ထုတ်လုပ်ခြင်းလုပ်ငန်းများလည်းဆောင်ရွက်လျက်ရှိပြီး ပိုမိုထုတ်လုပ်နိုင်ရေးလိုအပ်နေ ပါသေးကြောင်း၊ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်အမယ်များနှင့် ဒေသအလိုက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Work Plan) ရေးဆွဲနိုင်ရေးအတွက် လုပ်ငန်းနယ်ပယ်အလိုက် အလားအလာ ကောင်းမွန်ပြီး ရေရှည်တိုးတက်ထုတ်လုပ်နိုင်သည့် လုပ်ငန်းအမယ်များကိုစဉ်းစား ရေးဆွဲ ဆောင်ရွက်ရန်လိုပါကြောင်း၊ Work Plan ရေးဆွဲရာတွင် လက်တွေ့အကောင်အထည်ဖော် အောင်မြင်အောင်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့၏ လုပ်ငန်းများအလိုက် အဆင့်မြှင့်တင်ဆောင်ရွက်ရမည့်အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်များ၊ ဈေးကွက်ရရှိမှုအခြေအနေများ၊ နည်းပညာလိုအပ်များနှင့် ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များအား တင်ပြဆွေးနွေးပေးစေလိုကြောင်း၊ မိမိတို့အနေဖြင့်လည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်းနှင့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်အမယ်များနှင့် ဒေသအလိုက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Work Plan) ရေးဆွဲနိုင်ရေး တက်ရောက်လာကြသူများမှ လိုအပ်သည်များကိုအသေးစိတ်တင်ပြဆွေးနွေး ပေးကြစေလိုကြောင်း အမှာစကားပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးမှ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်အမယ်များနှင့် ဒေသအလိုက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Work Plan) ရေးဆွဲရေးနှင့်စပ်လျည်း၍ တက်ရောက်လာသည့် ဆန်/ဆန်ကွဲ၊ ပေါင်းဆန်၊ စပါးခွံ လောင်စာတောင့်လုပ်ငန်းရှင်များ၊ ရေထွက်ပစ္စည်းတန်ဖိုးမြှင့် ထုတ်ကုန်များနှင့် ပတ်သက်သည့် လုပ်ငန်းရှင်များ၊ ငှက်သိုက်လုပ်ငန်းရှင်များ၊ ဒေသထွက် စားသောက်ကုန်လုပ်ငန်းရှင်များ၊ ပီလောပီနံလုပ်ငန်းရှင်များ၊ နေလှန်းဆားလုပ်ငန်းရှင်များ၊ ပရိဘောဂနှင့် အသုံးအဆောင် ပစ္စည်းများနှင့်ပတ်သက်သည့် လုပ်ငန်းရှင်များ၊ ဝါး လက်မှု ပစ္စည်းများ နှင့်ပတ်သက်သည့် လုပ်ငန်းရှင်များ၊ ဝါး၊ ကြိမ်၊ ဗေဒါ၊ သင်အခြေခံလူသုံးကုန်ပစ္စည်း ထုတ်ကုန်များနှင့်ပတ်သက်သည့် လုပ်ငန်းရှင်များနှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာများက ဆွေးနွေးချက်များနှင့် ဖြည့်စွက် ဆွေးနွေးတင်ပြခဲ့သည်။ ထို့နောက် ARCCI အတွင်းရေးမှူး၊ ပုသိမ်တက္ကသိုလ် သတ္တဗေဒဌာန၊ ပါမောက္ခဌာနမှူး၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန (မြောင်းမြ)၏ သုတေသနမှူးတို့မှ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာလိုအပ်မှု၊ ဈေးကွက်ရရှိမှုအခြေအနေများ၊ စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ သုတေသနပြုဆောင်ရွက် နေမှုများနှင့် မျိုးသန့်မျိုးစပါးများ သုတေသနပြုဆောင်ရွက်ထားရှိမှု အခြေအနေများဆွေးနွေး တင်ပြခဲ့ကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်က စိုက်ပျိုးမွေးမြူရေးထုတ်ကုန်ကြမ်းများ အသုံးပြု၍ တန်ဖိုးမြင့် ကုန်ချောများ ထုတ်လုပ်နိုင်ရေး၊ အလုပ်ရုံ၊ စက်ရုံများပေါ်ထွက်လာစေရေး၊ သီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိစေရေး၊ ဆီဖူလုံစေရေးနှင့်မွေးမြူရေးလုပ်ငန်းများပိုမိုတိုးတက်အောင်မြင် စေရေးနှင့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်အမယ်များနှင့် ဒေသအလိုက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Work Plan) ရေးဆွဲနိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။


Read More...
13-Mar-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် စိုက်ပျိုးရေးလုပ်ငန်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုများကို ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ စိုက်ပျိုးရေးလုပ်ငန်းများနှင့် စာစစ်ဌာနအသီးသီး၌ ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်အား အေးချမ်းစွာဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ‌ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ သဲကုန်ကျေးရွာရှိ တောင်သူ ဦးထွန်းသွင်၏ တစ်နှစ်သုံးသီးစိုက်ပျိုးထားရှိသည့် လယ်မြေ ဧက(၅၀)တွင် တတိယသီးနှံ နွေစပါး GW 11 စိုက်ခင်းအား မြေဩဇာကြဲပတ်နေမှုများ ကို ကြည့်ရှုအားပေးခဲ့ပြီး သီးထပ်စွမ်းအားမြှင့်တင်နိုင်စေရေး၊ အထွက်တိုးမျိုးစပါးများအသုံးပြုစေရေးနှင့်အောင်မြင်အောင်ဆောင်ရွက်စေရေးမှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့ အောက်ပိုင်းအခြေခံပညာအထက်တန်းကျောင်းခွဲစာစစ်ဌာနသို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများမှ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့၊ အင်္ဂလိပ်စာဘာသာရပ်အား အေးချမ်းစွာဖြေဆိုနေမှုများကိုကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာအခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန သို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများမှ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့၊ အင်္ဂလိပ်စာဘာသာရပ်အား အေးချမ်းစွာဖြေဆိုနေမှုများကိုကြည့်ရှုအားပေးခဲ့ပြီးနောက် ပန်းတနော်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ထို့သို့ စာစစ်ဌာနများအားလှည့်လည်ကြည့်ရှုအားပေးရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ကကျောင်းသား၊ ကျောင်းသူများစိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆို နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ အပြည့်အဝပေးနိုင်ရေး၊ လုံခြုံရေးကိစ္စရပ်များ အထူးဂရုပြုဆောင်ရွက်ရေး၊ ကျောင်းသား၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေးအတွက် တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘုရားချောင်း ကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်၍ စပါးခွံလောင်စာသုံး gasifier ဖြင့် gas engine အသုံးပြုပြီး လျှပ်စစ်ဓါတ်အား ၁၂ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် စက်ရုံတည်ဆောက် ရေးလုပ်ငန်းများတိုးတက်ဆောင်ရွက်နေမှုနှင့် gas သန့်စင်စနစ် တပ်ဆင်ဆောင်ရွက်နေမှု၊ စပါးခွံလောင်စာသုံး boiler ဖြင့် Turbine စနစ် အသုံးပြုပြီး လျှပ်စစ်ဓါတ်အား (၁၅)မဂ္ဂါဝပ် (၂)လုံး (၃၀)မဂ္ဂါဝပ် လျှပ်စစ်ထုတ်လုပ်နိုင်မည့် စက်ရုံအတွက် စက်ပစ္စည်းများရောက်လာမှုနှင့် တည်ဆောက်ရေး၊ တပ်ဆင်ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ မြေသားရေလှောင်ကန်နှင့် ငါးမွေးမြူရေးကန်များ အဆင့်မြှင့်တင်တူးဖော်ဆောင်ရွက်နေမှု၊ အေးခဲစက်ရုံတွင် automated cold storage warehouse စနစ်တည်ဆောက်ရန် Fully Automated FRS Cold Storage System တည်ဆောက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်းပြီးစီးစေရန်၊ လျှပ်စစ်ထုတ်စက်ရုံများ အမြန်ဆုံးတည်ဆောက်တပ်ဆင်ပြီးစီးစေရေး၊ ဆွေးနွေးမှာကြားခဲ့ပြီး လိုအပ်သည်များအား သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


Read More...
12-Mar-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်အား ကျောင်းသား/ ကျောင်းသူများအေးချမ်းစွာဖြေဆိုနေမှုများကိုကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့ပေါ်ရှိ စာစစ်ဌာနအသီးသီးတွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်အား ကျောင်းသား/ကျောင်းသူများအေးချမ်းစွာ ဖြေဆိုနေမှုများကိုကြည့်ရှု အားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချူပ်နှင့်အဖွဲ့သည် ပုသိမ်မြို့ပေါ်ရှိ အမှတ်(၁)၊ (၂)၊ (၆)၊ (၈)၊ (၇) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်အား ကျောင်းသား/ ကျောင်းသူများအေးချမ်းစွာဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ထို့သို့ စာစစ်ဌာနများအားလှည့်လည်ကြည့်ရှုအားပေးရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ကကျောင်းသား၊ ကျောင်းသူများစိတ်အေးချမ်းသာစွာစာမေးပွဲဖြေဆို နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ အပြည့်အဝပေးနိုင်ရေး၊ လုံခြုံရေးကိစ္စရပ်များ အထူး ဂရုပြုဆောင်ရွက်ရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးအတွက် တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် မှာကြား ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးရှိ စာစစ်ဌာန (၂၃၀) ခုတွင် မြန်မာစာ ဘာသာရပ်အား ကျောင်းသား(၇၇၆၃)ဦး၊ ကျောင်းသူ (၁၁၁၈၀)ဦး၊ စုစုပေါင်း(၁၈၉၄၃)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်းသိရသည်။


Read More...
11-Mar-2024