သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)၌ ကျင်းပပြုလုပ်သည့် ၆/၂၀၂၀ ကြိမ်မြောက် ARIC အစည်းအဝေးသို့တက်ရောက်
၆/၂၀၂၀ ကြိမ်မြောက် ARIC အစည်းအဝေးကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၉)ရက်နေ့၊ ညနေ (၁၄၃၀)နာရီက ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က ARIC အစည်းအဝေးအား ကော်မတီစတင်ချိန်မှ ယနေ့အထိ လုပ်ငန်း (၄၉)ခု ခွင့်ပြုနိုင်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် အစည်းအဝေး (၅)ခုကျင်းပခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၇)ခုကို ခွင့်ပြုပေးနိုင်ပြီး အစည်းအဝေးကို တစ်လလျှင် တစ်ကြိမ်အနည်းဆုံး ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ယခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်နိုင်ရန်လည်း မျှော်မှန်းလျက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့ရေးကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဟာ တိုင်းဒေသကြီးအတွင် စီးပွားရေးဖွံ့ဖြိုးဖို့၊ အလုပ်အကိုင်အခွင့်လမ်းဖန်တီးပေးနိုင်ဖို့ အခြေခံဖြစ်သည့်အတွက် ကော်မတီအဖွဲ့ဝင်များ အနေနှင့်


Read More...
30-Nov--0001
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ကျင်းပပြုလုပ်သည့် စွန့်လွှတ်မြေများအား မူလပိုင်ရှင်များလက်ဝယ်သို့ ပြန်လည်ပေးအပ်သည့်အခမ်းအနားအား တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့်တိုင်းဒေသကြီးဝန်ကြီးများတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း သိမ်းဆည်းခံလယ်ယာမြေနှင့် အခြားမြေများအား မူလပိုင်ရှင်များလက်ဝယ်သို့ ပြန်လည်ပေးအပ်နိုင်ရေးအတွက် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများပြန်လည်စိစစ်ရေးဗဟိုကော်မတီမှ ချမှတ်ပေးထားသော မူဝါဒ လုပ်ငန်းစဉ်များနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိပြီးမူလပိုင်ရှင်များ နစ်နာဆုံးရှုံးမှုမရှိစေရန်အတွက် မူလပိုင်ရှင်များထံသို့ မြေယာလုပ်ပိုင်ခွင့်ပြုလက်မှတ်များပေးအပ်ခြင်း၊ နစ်နာကြေး/လျော်ကြေးများ ပေးအပ်ခြင်းလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကာ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၉)ရက်နေ့၊ နံနက် (၁၀၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် စွန့်လွှတ်မြေများအား မူလပိုင်ရှင်များ လက်ဝယ်သို့


Read More...
30-Nov--0001
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်ည် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အတူ Facility Quarantine Center များတွင် ကူညီဆောင်ရွက်ပေးနေသော Volunteer များအား နိုင်ငံတော်မှပေးအပ်သည့် ဂုဏ်ပြုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်
ဧရာဝတီတိုင်းဒေသကြီးအတွင်း Coronavirus Disease 2019 (COVID – 19)နှင့်ပတ်သက်ပြီး ရောဂါရောက်ရှိပြန့်ပွားခြင်းမရှိစေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အရှိန်အဟုန်မြှင့် ထိန်းချုပ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၇)ရက်နေ့၊ ညနေ (၀၂၄၅)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိဌာနဆိုင်ရာများ လိုက်ပါလျက် ပုသိမ်ပညာရေးကောလိပ်နှင့် ပုသိမ်တက္ကသိုလ်သို့ သွားရောက်ပြီး Facility Quarantine Center များတွင် ကူညီဆောင်ရွက်ပေးနေသော Volunteer များအား နိုင်ငံတော်မှပေးအပ်သည့် ဂုဏ်ပြုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ကာ အားပေးစကားပြောကြားခဲ့ပါသည်။


Read More...
30-Nov--0001
မိုးရာသီကာလ၌ မြေသားခံနိုင်ဝန် လျော့ချနေချိန်အတွင်း လမ်းများဆိုးရွားစွာ ပျက်စီးမှုမဖြစ်ပေါ်စေရေးအတွက် အသိပေးနှိုးဆော်ခြင်း
မိုးရာသီကာလ၌ မြေသားခံနိုင်ဝန် လျော့ချနေချိန်အတွင်း လမ်းများဆိုးရွားစွာ ပျက်စီးမှုမဖြစ်ပေါ်စေရေးအတွက် အသိပေးနှိုးဆော်ခြင်း


Read More...
30-Nov--0001
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်ပညာရေးကောလိပ်နှင့် ပုသိမ်တက္ကသိုလ်တို့၌ ဖွင့်လှစ်ထားရှိသည့် Facility Quarantine Centre များသို့ သွားရောက်ကြည့်ရှု
ဧရာဝတီတိုင်းဒေသကြီးအတွင်း Coronavirus Disease 2019 (COVID – 19)နှင့်ပတ်သက်ပြီး ရောဂါရောက်ရှိပြန့်ပွားခြင်းမရှိစေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် အရှိန်အဟုန်မြှင့် ထိန်းချုပ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၇)ရက်နေ့၊ (၁၁၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီး Coronavirus Disease 2019 (COVID – 19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ ကြီးကြပ်ရေး ဦးစီးကော်မတီဝင်များလိုက်ပါလျက် ပုသိမ်ပညာရေးကောလိပ်သို့ သွားရောက်ပြီး Facility Quarantine Centre များတွင် ထားရှိသူများအား ကျွေးမွေးရန် ထမင်းနှင့်ဟင်းများ


Read More...
30-Nov--0001