သတင်းများ


ပုသိမ်မြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် (၂၆) မြို့နယ်အမျိုးသား/အမျိုးသမီး စက်ဘီးပြိုင်ပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် (၂၆) မြို့နယ်အမျိုးသား/အမျိုးသမီး စက်ဘီးပြိုင်ပွဲ တာလွှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့၌ ပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် (၂၆)မြို့နယ်မှ စက်ဘီးပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြသည်။ ဦးစွာ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် (၂၆) မြို့နယ်အမျိုးသား/အမျိုးသမီး စက်ဘီးပြိုင်ပွဲ၊ တာလွှတ်အခမ်းအနားကို တိုင်းဒေသကြီးဝန်ကြီးချုပ်က သေနတ်ပစ်ဖောက်၍ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ တိုင်းဒေသကြီးအတွင်းရှိ (၂၆) မြို့နယ်အမျိုးသား/အမျိုးသမီး စက်ဘီးပြိုင်ပွဲဝင် အားကစားသမား (၇၀)ဦးက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့မှ စတင်၍ ပုသိမ်တံတားအမှတ်(၂)၊ သံပတ်ခွ၊ ပုသိမ်အမှတ်(၁)ကြိုးတံတား၊ တဲကြီးကုန်းလမ်း ထိုမှတဆင့်ကိုးသိန်းအားကစားကွင်းသို့ ပန်းဝင်ရောက်ခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကိုးသိန်းအားကစားခန်းမ၌ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ်ပြုလုပ်သည့် ဌာနပေါင်းစုံ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ ထုပ်ဆီးတိုး၊ လွန်ဆွဲ၊ လျှော်တိုင်တက်၊ ခေါင်းအုံးရိုက်ပြိုင်ပွဲများကို ကြည့်ရှုအားပေးခဲ့ကြသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကိုပြုလုပ်ရာ ဖူဆယ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် တိုင်းဒေသကြီးပညာရေးမှူးရုံးအသင်းအား တိုင်းဒေသကြီးတရားသူကြီးချုပ်ကလည်းကောင်း၊ ပထမဆုရရှိသည့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးအသင်းက တိုင်းရင်းသားရေးရာဝန်ကြီးက ငွေသားဆုများနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ငွေအားလည်းကောင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ အသင်းအား လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကလည်းကောင်း၊ ပထမဆုရရှိသည့် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန အသင်းအား လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသားဘောလီဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် တိုင်းဒေသကြီးပညာရေးမှူးရုံးအသင်းအား သယံဇာတရေးရာဝန်ကြီးကလည်းကောင်း၊ ပထမဆုရရှိသည့် တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးအသင်းအား စီးပွားရေးရာဝန်ကြီးက ငွေသားဆုများနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ငွေအားလည်းကောင်း၊ အမျိုးသမီးလွန်ဆွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ပုသိမ်ပညာရေးဒီဂရီကောလိပ်အသင်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး၏ ဇနီးကလည်းကောင်း၊ ပထမဆုရရှိသည့် ပုသိမ်ပြည်သူ့ဆေးရုံအသင်းအား လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၏ ဇနီးကလည်းကောင်း၊ အမျိုးသမီးထုပ်ဆီးတိုးပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် တိုင်းဒေသကြီးပညာရေးမှူးရုံးအသင်းနှင့် ပထမဆုရရှိသည့် ပုသိမ်ပညာရေးဒီဂရီကောလိပ်အသင်းအား စီးပွားရေးရာဝန်ကြီး၏ ဇနီးကလည်းကောင်း၊ (၂၆) မြို့နယ်အမျိုးသား/အမျိုးသမီး စက်ဘီးပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများအား လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးနှင့် ဇနီးတို့ကလည်းကောင်း၊ အမျိုးသမီး စက်ဘီးပြိုင်တွင် ပဉ္စမ၊ စတုတ္ထ၊ တတိယ၊ ဒုတိယနှင့် ပထမဆုရရှိသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ အမျိုးသားစက်ဘီးပြိုင်ပွဲတွင် စက်ဘီးပြိုငွဲတွင် ပဉ္စမ၊ စတုတ္ထ၊ တတိယ၊ ဒုတိယနှင့် ပထမဆုရရှိသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်းသိရသည်။


Read More...
04-Jan-2024
ပုသိမ်မြို့၌(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားနှင့်သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ (၇၆)နှစ်မြောက်လွတ်လပ်‌ရေးနေ့ အလံတင်အခမ်းအနားကို ယနေ့နံနက်၄နာရီ မိနစ်၂၀ အချိန်က ကျောက်တိုင်အားကစားကွင်း၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊တိုင်းအဆင့်ဌာနဆိုင်ရာများက နေရာယူပြီးနောက် အလံတင်တပ်စုမှတပ်ကြပ်ကြီးဦးဆောင်၍ နိုင်ငံတော်အလံတင်ခြင်းနှင့် အလေးပြုခြင်းများဆောင်ရွက်ခဲ့ပြီးနောက် အလံတင်တပ်စုသည် စစ်ရေးပြကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။ ထို့နောက် သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနားကို နံနက်(၇)နာရီအချိန်တွင် အဆိုပါကွင်း၌ ဆက်လက်ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ စည်သူ ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့တက်ရောက်လာသူများက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားများအားအလေးပြုခဲ့ကာ ဂုဏ်ပြုတပ်ဖွဲ့မှသစ္စာအဓိဌာန်ရွတ်ဆိုခဲ့ပြီးနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂ဝ၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာအား တိုင်းဒေသကြီးဝန်ကြီးချုပ််က ဖတ်ကြားခဲ့ကြောင်းသိရသည်။


Read More...
04-Jan-2024
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြခန်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေး
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြခန်းများဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်းတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ နှင့် ပြခန်းတာဝန်ခံများတက်ရောက်ခဲ့ကြသည်။ ဦးစွာ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြခန်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ခရိုင်ရှစ်ခရိုင်မှ ခင်းကျင်းပြသထားသည့် သစ်သီးဝလံ၊ ပန်းမန်နှင့် MSME ဒေသထွက်ကုန်ပြခန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင်အလိုက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ဒေသထွက်ကုန်များပိုမိုထုတ်လုပ်စေရေး၊ စားသောက်ကုန်များကိုလည်း ပြည်တွင်းဈေးကွက်သာမက ပြည်ပစျေးကွက်များအထိ တင်ပို့ရောင်းချနိုင်စေရေး၊ ထုတ်ပိုးမှုပိုမိုသေသပ်ကောင်းမွန် စေရေးနှင့် ထုတ်လုပ်မှုစနစ်များအဆင့်မြှင့်တင်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ဌာနဆိုင်ရာပြခန်း များအား လှည့်လည်ကြည့်ရှု၍ သက်ဆိုင်ရာဌာနအလိုက် ခင်းကျင်းပြသထားရှိမှုများအား စိတ်ဝင်တစား မေးမြန်းဆွေးနွေးခဲ့ပြီး ပြခန်းတာဝန်ခံများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့သည်။ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြခန်းများအား ယခုလ(၃)ရက်နေ့မှ(၅) ရက်နေ့အထိ ပြသသွားမည်ဖြစ်ပြီး ဌာနဆိုင်ရာများနှင့် ခရိုင်ရှစ်ခရိုင်မှ သစ်သီးဝလံ၊ ပန်းမန်နှင့် MSME ဒေသထွက်ကုန်ပြခန်းနှင့် သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာစသည့် စိုက်ပျိုးရေးသွင်းအားစု ပြခန်းများအပါအဝင် ပြခန်းစုစုပေါင်း ( ၈၁ )ခန်းပါဝင်ပြသွားမည်ဖြစ်ကာ အများပြည်သူများ ဗဟုသုတရှာမှီးလေ့လာနိုင်စေရေး ဆောင်ရွက်ထားရှိကြောင်းသိရသည်။


Read More...
03-Jan-2024
ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျုဒိုပြိုင်ပွဲနှင့် စက်ဘီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ဂျုဒိုအသင်းနှင့် စက်ဘီးအသင်းတို့အား အောင်နိုင်ရေးအလံပေးအပ်
ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျုဒိုပြိုင်ပွဲနှင့် စက်ဘီးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ဂျုဒိုအသင်းနှင့် စက်ဘီးအသင်းတို့အားအောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ အစည်းအဝေး ခန်းမ(၁)တွင် ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ဂျုဒိုပြိုင်ပွဲနှင့် စက်ဘီးပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့် အုပ်ချုပ် ၊ နည်းပြ ၊ အားကစားသမား များက တစ်ဦးချင်းမိတ်ဆက်ပြီးနောက် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုအသင်းများကိုယ်စား ဂျူဒိုအသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ အားကစားအသင်းများအနေဖြင့် ယခင်နှစ်အောင်မြင်မှုများထက် ယခုနှစ်တွင်ပိုမိုအောင်မြင်မှုရရှိအောင် ကြိုးစားဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ဂျူဒိုအားကစားနည်းသည် တိုင်းဒေသကြီးအတွက် အားထားရသော အားကစားနည်းဖြစ်ပြီး နှစ်စဉ်နှစ်တိုင်းအောင်မြင်မှုများလည်းရရှိခဲ့ပါကြောင်း၊ ယင်းအောင်မြင်မှုများကို လက်ဆင့်ကမ်းသယ်ဆောင်ပြီး ပိုမိုအောင်မြင်မှုများရရှိအောင် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ စက်ဘီးအားကစားနည်းသည်လည်း အောင်မြင်မှုများရရှိခဲ့ပါကြောင်းနှင့် မျိုးဆက်သစ်အားကစားသမားများလည်း ပါဝင်လာသည့်အတွက် ဂုဏ်ယူရပါကြောင်း၊ အားကစားကဏ္ဍကို မျိုးဆက်သစ်များအနေဖြင့် တစ်ဆင့်ထက်တစ်ဆင့် မြင့်သည်ထက်မြင့်အောင် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် ယခင်နှစ်အောင်မြင်မှုများထက် ပိုမိုအောင်မြင်ရရှိအောင် စွမ်းဆောင်ရန်လိုအပ်ပြီး တိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမားများမှသည် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ဖြစ်ကြပါစေကြောင်း” တိုက်တွန်းအမှာစကားပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုဂျုဒိုအသင်းနှင့် စက်ဘီးအသင်းတို့မှ တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။


Read More...
03-Jan-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၃-၂၀၂၄ခုနှစ်၊ ဆောင်းနေကြာဧကပြည့်မီရေးနှင့် ပန်းတိုင် အထွက်နှုန်းရရှိစေရေးအတွက် ရုံးချုပ်နေကြာစိုက်ပျိုးရေးပညာရှင်များက ပုသိမ်ခရိုင်၊ ကျုံပျော်ခရိုင်ရှိဝန်ထမ်းများနှင့် တောင်သူများသို့နည်းပညာဆွေးနွေးပွဲတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ခုနှစ်၊ ဆောင်းနေကြာဧကပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ နေကြာစိုက်ပျိုးရေး ပညာရှင်များက ပုသိမ်ခရိုင်၊ ကျုံပျော်ခရိုင်ရှိဝန်ထမ်းများနှင့်တောင်သူများသို့ နည်းပညာ ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်လျက်ရှိရာ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် သွားရောက် တွေ့ဆုံအားပေးခဲ့သည်။ စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ နေကြာစိုက်ပျိုးရေးပညာရှင်များဖြစ်သည့် ဒေါက်တာ ခင်မာလာမြင့်၊ ဒုတိယညွှန်ကြားရေးမှူး (သီးနှံကာကွယ်ရေးဌာနခွဲ)၊ ဒေါက်တာခင်ခင်မူ၊ ဦးစီးအရာရှိ(မြေအသုံးချရေးဌာနခွဲ)၊ဒေါက်တာလဲလဲ့၊ဦးစီးအရာရှိ(မျိုးစေ့ဌာနခွဲ)၊ဦးအေးမင်းထွန်း၊ ဦးစီးအရာရှိ(စိုက်ပညာဌာနခွဲ)၊ ဦးစိုးလင်း၊ လက်ထောက်သုတေသနအရာရှိ ( စိုက်ပျိုးရေး သုတေသနစီပင်ခြံ)တို့က နေကြာအထွက်နှုန်းများ တိုးတက်စေရေးကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး တောင်သူများ၏ ဆွေးနွေးမေးမြန်းမှုများအပေါ် ပညာရှင်များက ပြန်လည် ဖြေကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေး တိုင်းဒေသကြီးဖြစ်ပြီး စိုက်ပျိုးရေးစံပြတိုင်းဒေသကြီးဖြစ်စေရေးနှင့် ပန်းတိုင်အထွက်နှုန်း ရောက်ရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၅ခုနှစ်တွင် တိုင်းဒေသကြီးအတွင်း ဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ နေကြာ၊ မြေပဲ၊ နှမ်းစသည့် ဆီထွက် သီးနှံများဖြစ်ထွန်းအောင်မြင်ရေးဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နည်းပညာ ဆွေးနွေးပွဲသို့တက်ရောက်လာသည့် တောင်သူများအနေဖြင့်လည်း စိုက်ပျိုးရေးပညာရှင် များအား သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပေးကြစေလိုကြောင်းနှင့် ဆွေးနွေးမှုများအား စနစ်တကျမှတ်သား၍ နေကြာစိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်အောင်မြင်စေရေး လိုက်နာဆောင်ရွက်ကြရန်”အမှာစကားများပြောကြားခဲ့ပြီး ဆွေးနွေးပွဲတက်ရောက် လာကြသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးခဲ့သည်။


Read More...
03-Jan-2024