သတင်းများ
တိုင်းဒေသကြီး ဝန်ကြီးချုပ် (၂၀၂၃)ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားအားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး (၂၀၂၃)ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားအား ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊မိခင်နှင့်က လေး စောင့်ရှောက်မှုကြီးကြပ် ရေးအဖွဲ့များ၊ အမျိုးသမီး ရေးရာအဖွဲ့များ၊ ကိုယ်ဝန်ဆောင်များနှင့် ရင်သွေးမိခင်များတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ကမ္ဘာပေါ်တွင်ရှိသည့် လူသားအားလုံးသည် မွေးဖွားလာစဉ်ကတည်းက အသက်ဆက်လက်ရှင်သန်ရေး၊ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးရေး၊ ဦးနှောက်အသိဉာဏ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နေ့စဉ်လှုပ်ရှားမှုတို့အတွက် အစာအာဟာရကို မှီဝဲစားသုံးကြရတာ ဖြစ်ပါကြောင်း၊ အာဟာရပြည့်ဝခြင်းသည် လူတစ်ဦးတစ်ယောက်၊ မိသားစုတစ်စုကစ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့်အခန်းကဏ္ဍတွင် တည်ရှိနေပါကြောင်း၊ ပြည်သူလူထုအနေဖြင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုစိတ်ဝင်စားလာကာ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ရည်ရွယ်ပြီး အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များကို သြဂုတ်လတစ်လလုံး ဗဟိုအဆင့်၊တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အဆင့်ဆင့်မှာ နှစ်စဉ် ကျင်းပပြုလုပ်လျက်ဖြစ်ပါကြောင်း၊ ယခုလို အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များသတ်မှတ်ပြီးဆောင်ရွက်ခြင်းကြောင့် ပြည်သူလူထုကိုယ်တိုင် စိတ်ဝင်တစား ပါဝင်ဆောင်ရွက်လာကာ အာဟာရပြည့်ဝ ကျန်းမာစေသည့်အသိပညာ၊ အမူအကျင့်များ ပိုမိုကောင်းမွန်မှန်ကန်လာစေပြီး၊ ကလေးငယ်များနှင့် အမျိုးသမီးများ၏ ကျန်းမာရေးနှင့် အာဟာရအခြေအနေလည်း ပိုမိုကောင်းမွန် မြင့်မားလာစေမှာဖြစ်ပါကြောင်း၊ အာဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှု ရက်သတ္တပတ်များအဖြစ် ဩဂုတ်လ၏ ပထမရက်သတ္တပတ်ကို မိခင်နို့စနစ်တကျ တိုက်ကျွေးရေးရက်သတ္တပတ်၊ ဒုတိယရက်သတ္တပတ်ကို ငါးနှစ်အောက်နှင့် ကျောင်းနေအရွယ် ကလေးများ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ တတိယရက်သတ္တပတ်ကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ စတုတ္ထရက်သတ္တပတ်ကို အိုင်အိုဒင်း ချို့တဲ့မှုပပျောက်ရေး ရက်သတ္တပတ်များအနေဖြင့် သတ်မှတ်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ကမ္ဘာ့မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်အတွက်နှစ်စဉ်နှစ်တိုင်း ဦးတည်ဆောင်ရွက်မည့် လုပ်ငန်းဆောင်ပုဒ်တစ်ခုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရွေးချယ်ပေးပြီး ကျင်းပလေ့ ရှိရာမှာယခုနှစ်အတွက် လုပ်ငန်းဆောင်ပုဒ်ကတော့ “လုပ်ငန်းခွင်ဝင် မိခင်တို့ နို့ချိုတိုက်ကျွေးနိုင်စေဖို့ ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်စို့” ဖြစ်ပါကြောင်း၊ လုပ်ငန်းခွင်မှ မိခင်များအတွက် မိခင်နို့တိုက်ကျွေးနိုင်မည့် ပတ်ဝန်းကျင်ကောင်းတွေလိုအပ်နေပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အတွက် အဓိက ဆောင်ရွက်ရန်လိုအပ်သည့် အာဟာရ ဖွံ့ဖြိုးရေး လုပ်ငန်းများအား ပြည်သူလူထု အသိပညာတိုးတက် စေရန် ရည်ရွယ်ကာ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ် အထိမ်းအမှတ်အခမ်းအနားများ ကိုယခုလိုကျင်းပရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ဦးတည်ချက်(၉)ရပ်ထဲက လူမှုရေးဦးတည်ချက် တစ်ခုဖြစ်သည့် သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ကျန်းမာရေးကဏ္ဍမြှင့်တင်ရေးမှာ အခြေခံကျပြီး အရေးပါသည့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို အခြေခံကျန်းမာရေးစောင့်ရှောက်မှုများနှင့်အတူ ပိုမိုခိုင်မာအောင် ပူးပေါင်းဆောင်ရွက်ပေးကြဖို့ အလေးအနက်တိုက်တွန်းလိုပါကြောင်း”အဖွင့်အမှာစကားပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှု Videoအားကြည့်ရှုအားပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က စံပြမိခင်ဆု ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုရရှိသူများအား လည်းကောင်း၊ အနောက်တောင်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက စံပြမိခင်အထူးဆုနှင့် နှစ်သိမ့်ဆုရရှိသူများလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၅)နှစ်အောက်ကလေးများအား ဗီတာမင်အေတိုက်ကျွေးခြင်းနှင့် သန်ချဆေးများတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား အဏုအာဟာရဆေးဝါးများတိုက်ကျွေးခဲ့ပြီး အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကာ (၂၀၂၃)ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှုအထိမ်းအမှတ် ပြခန်းအားလှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ မှ ဦးစီးကျင်းပသည့် ၂၀၂၃ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှု အထိမ်းအမှတ် အာဟာရအချက်အပြုတ်ပြိုင်ပွဲ အခမ်းအနားကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီး၊ အစိုးရအဖွဲ့ဝန်ကြီးများ၏ဇနီးများ၊ ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ကိုယ်ဝန်ဆောင်များ၊ မိခင်များရောက်ခဲ့ကြသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဒုတိယပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက ၂၀၂၃ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှု၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး နှင့်တာဝန်ရှိသူများက ကိုယ်ဝန် ဆောင်များနှင့် ရင်သွေးမိခင်များအတွက် အာဟာရဖြည့်စွက်စာများထောက်ပံ့ပေးအပ်ခဲ့ပြီး ခရိုင်(၈) ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ များ၏ တန်ဖိုးနည်းအာဟာရ အချက်အပြုတ်ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ ခရိုင်(၈) ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ များ၏ တန်ဖိုးနည်းအာဟာရ အချက်အပြုတ်ပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းနားကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးနှင့်တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသည့် ခရိုင်များနှင့် အမှတ်ပေးဒိုင်များအား ဆုနှင့်လက် ဆောင်များအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။
Read More...
14-Aug-2023
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်နယ်အုပ်ချုပ်ရေးမှူးများနှင့် ပြုလုပ်သည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်နယ်အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်နယ်အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးသည် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် တည်ငြိမ်အေးချမ်းရေးမှအစပြု၍ ဘက်ပေါင်းစုံတွင်ကောင်းမွန်သည့် အခြေအနေအား ဆက်လက်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စိုက်ဧကပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ ဧရာဝတီပေါ်ဆန်း မူလအရည်အသွေးပြန်လည်ရရှိေစေရး သုတေသနလုပ်ငန်းများ ပြုလုပ်၍ ဈေးကွက်အတွင်းရောက်ရှိရေး၊ ရပ်နားထားသည့် စက်ရုံအလုပ်ရုံများ အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရေးကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် နွေးစပါး၊ မိုးစပါး(၅၂)သိန်းကျော် စိုက်ပျိုးလျက်ရှိပြီး မိုးစပါး
တစ်ဧက(၁၀)တင်းနှုန်းပိုမိုထွက်ရှိအောင် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးတွင် ရေတော်မိုးတော် မိုးစပါးစိုက်ဧက၊သဲဆန်ကုန်းချော မိုးစပါးစိုက်ဧကများ ရာနှုန်းပြည့်စိုက်ပျိုးပြီးစီးပြီဖြစ်ပါကြောင်းနှင့် ရေကြီးကွင်း၊ ရေနက်ကွင်း၊ ရေကျနောက်စိုက် ကွင်းများအား မိုးရာသီအမီ ရာနှုန်းပြည့်စိုက်ပျိုးသွားကြရမှာဖြစ်ပါကြောင်း၊ ရိုးပြတ်ကျန်ဧက(၁၁)သိန်း ကျော်တွင်လည်း နွေစပါးအပါအဝင် စိုက်ပျိုးသီးနှံများ အား သီးထပ်စိုက်ပျိုးနိုင်ရေးဆောင်ရွက်ရန်နှင့် ရေငန်ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လည်းလိုပါကြောင်း၊ စိုက်ပျိုး၊ မွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ ပန်းတိုင်အထွက်နှုန်းများရောက်ရှိရန် တွန်းတွန်းတိုက်တိုက် ကြပ်ကြပ်မတ်မတ်ဖြင့် သက်ဆိုင်သူများအားလုံးက ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း၊ မွေးမြူရေးလုပ်ငန်းများအ နေဖြင့် ငါး၊ ပုစွန် ဂဏန်းမွေးမြူရေးလုပ်ငန်းများတွင် ဖမ်းဆီးခြင်းနှင့်မွေးမြူခြင်းနှစ်မျိုးရှိပြီး စနစ်တကျမွေးမြူခြင်းလုပ်ငန်းများပိုမိုဆောင်ရွက်ပြီး ပြည်တွင်းပြည်ပတင်ပို့ရောင်းချနိုင်ရေးဆောင်ရွက်ရန်လိုပါကြောင်း၊ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်အတွက် တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှထွက်ရှိသည့်ကုန်ကြမ်းများအား အခြေခံထုတ်လုပ်၍ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ပြီး ပြည်တွင်းပြည်ပ တင်ပို့ရောင်းချနိုင်ရေးဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ဆီဖူလုံစေရေးအတွက်လည်းကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး မြေပဲ၊ နှမ်း၊ နေကြာ စသည့်ဆီထွက်သီးနှံများအား ရည်မှန်းချက်ထား အကောင်အထည် ဖော်စိုက်ပျိုးလျက်ရှိရာ နေကြာသီးနှံ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်စေရေး ဆီထွက်နှုန်းကောင်းမွန်သည့် အထွက်တိုးနေကြာမျိုးများအသုံးပြုစိုက်ပျိုးရန်၊ မြေနေရာရွေးချယ်ခြင်း၊ မျိုးစုဆောင်းခြင်းများဆောင်ရွက်ထားရှိပြီး တောင်သူများ၊ ဌာနဆိုင်ရာများ အားလုံးတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်း၊ကိုယ်ပိုင်ပညာသင်ကျောင်း၊ဘုန်းတော်ကြီးသင်ကျောင်းများအပါအဝင် ကျောင်းပေါင်း (၇၂၀၀) ကျော် ဖွင့်လှစ်ထားရှိပြီး ကျောင်းနေအရွယ်ကလေးများ ရာနှုန်းပြည့်ကျောင်းတက်ရောက်နိုင်စေရေး၊ အတန်းစဉ်ကူးပြောင်းမှု မြင့်မားစေရေး သက်ဆိုင်ရာတာဝန်ရှိသူများအားလုံး ကြပ်မတ်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အဆင့်မီအားကစားကွင်းများတည်ဆောက်နိုင်ရေး၊ မျိုးဆက်သစ်အားကစားသမားများမွေးထုတ်ပေးနိုင်ရေး၊ အားကစားသိပ္ပံများပေါ်ထွက်လာစေရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အားကစားနည်းအလိုက် အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ သက်တမ်းအလိုက် အားကစားပြိုင်ပွဲများယှဉ်ပြိုင်၍ အဆင့်ဆင့်ရွေးချယ်ထားသည့် လက်ရွေးစင်အားကစားသမားဖြင့် တိုင်းဒေသကြီးဂုဏ်ဆောင်အောင်ပွဲများရရှိစေရေးဆောင်ရွက်ရန်လိုပါကြောင်း၊ မြို့သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ပြည်သူလူထုအနားယူအပန်းဖြေနိုင်ရေး ပန်းခြံများ၊ ကစားကွင်းများဖော်ဆောင်ရမှာဖြစ်ပါကြောင်း၊ အယ်နီညိုဖြစ်ပွားနိုင်မှုကိုသုံးသပ်ပြီး ဆောင်းသီးနှံနှင့် နွေသီးနှံများ အောင်ရေရရှိရန် ရာသီဥတုခန့်မှန်းတွက်ချက်မှုများဖြင့် ဆောင်ရွက်ရန်လိုပါကြောင်းနှင့် ချောင်းပိတ်၊ မြောင်းပိတ်များကြိုတင်စီမံဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် Gasifier ဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ငန်းများဖွံ့ဖြိုးလျက်ရှိရာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေးအတွက် အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ တက္ကသိုလ်များမှ ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများဖြင့် နည်းပညာပိုင်းဆိုင်ရာများ၊ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်၍ ရလဒ်ကောင်းများရှာဖွေဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ မြေသယံဇာတ၊ ရေသယံဇာတပေါများပြီး နည်းပညာများဖြင့် ပေါင်းစပ်ဆောင်ရွက်ကြမှာဖြစ်ပါကြောင်း၊ တက်ရောက်လာသူများကလည်း မိမိတို့၏အပိုင်းအလိုက် လုပ်ငန်းများအောင်မြင်စေရန် ကြိုးပမ်းဆောင်ရွက်ရန်လိုပါကြောင်း”အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးများက ခရိုင်အလိုက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEsလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေအားလည်းကောင်း၊ တိုင်းအဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး များက ကွပ်ကဲမှုအောက်ရှိ ဌာနများနှင့်ပတ်သက်၍လည်းကောင်းအသီးသီးရှင်းလင်းတင်ပြခဲ့ကြပြီးနောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။
Read More...
14-Aug-2023
တိုင်းဒေသကြီး ဝန်ကြီးချုပ် မြန်အောင်ခရိုင်အတွင်းရှိ တောင်သူများ၏ စိုက်ပျိုးရေးလိုအပ်ချက်များအား ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြန်အောင်ခရိုင်အတွင်းရှိ တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းလိုအပ်ချက်များအား ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကြံခင်းမြို့နယ်၊ ဆိပ်သာကျေးရွာရှိ တောင်သူဦးဝင်းတင်၏ မိုးနေကြာဆင်းရွှေကြာ(၂ )စိုက်ခင်းနှင့် နှမ်းစိုက်ခင်းစိုက်ပျိုးဖြစ်ထွန်းနေမှုနှင့် ဝတ်မှုန်ကူးခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပျားပုံးများဖြင့်ပျားမွေးမြူထားရှိမှုအားကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧရာဦးခန်းမ၌ မြို့နယ်အတွင်းရှိဌာနဆိုင်ရာများ၊ တောင်သူများနှင့်တွေ့ဆုံပွဲသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်သည်နှင့်အညီ စံပြစိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်စေရေးနှင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်တည်ငြိမ်အေးချမ်းရေးမှအစပြု၍ဘက်ပေါင်းစုံတွင်ကောင်းမွန်သည့်အခြေအနေအားဆက်လက်ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်း ဒေသကြီးတွင် ရေတော်မိုးတော်၊ သဲဆန်ကုန်းချော မိုးစပါးစိုက်ဧကများ ရာနှုန်းပြည့်စိုက်ပျိုးပြီးစီး၍ ထွန်းတုံးပိတ်သိမ်းပွဲများ ဆောင်ရွက်ခဲ့ပြီး ရေကြီးကွင်း၊ ရေနက်ကွင်း စိုက်ဧကများကိုလည်း မိုးရာသီအမီ ရာနှုန်းပြည့်စိုက်ပျိုးသွားမှာဖြစ်ပါကြောင်း၊ အယ်နီညိုဖြစ်ပွားနိုင်မှုကိုသုံးသပ်ပြီး ဆောင်းသီးနှံနှင့် နွေသီးနှံများ အောင်ရေရရှိရန် ရာသီဥတုခန့်မှန်းတွက်ချက်မှုများဖြင့် ဆောင်ရွက်ရန်လိုပါကြောင်း၊ ချောင်းပိတ်၊ မြောင်းပိတ်များကြိုတင်စီမံဆောင်ရွက်ရန်နှင့် ဒုတိယသီးနှံစိုက်ပျိုးနိုင်ရေးအတွက်ကြိုတင်တွက်ချက်ဆောင်ရွက်ထားရန်လည်းလိုပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆီဖူလုံစေးရေး မြေပဲ၊ နှမ်း၊ နေကြာ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် တောင်သူများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်အောင်ခရိုင်အတွင်း မိုး နေကြာဧက(၆)ထောင် လျာထားဆောင်ရွက်လျက်ရှိပြီး ဒေသနှင့်ကိုက်ညီသည့် အထွတ်တိုးနေကြာမျိုးများအသုံးပြု၍ နေကြာ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းစေရေးအတွက်လည်း ကြိုးစားစိုက်ပျိုးရန်လည်းလိုအပ်ပါကြောင်းနှင့် တောင်သူများ၏ လိုအပ်ချက်များကိုလည်းဖြည့်ဆည်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း”အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ကြံခင်းမြို့နယ်နှင့် မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌများက မြို့နယ်အတွင်းရှိ အုပ်ချုပ်ရေး၊ လူမှုရေး၊ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ချက်များအားလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက စပါးအထွက်နှုန်းတိုးတက်ရေးနှင့် ဆီထွက်သီးနှံနေကြာအထွက်နှုန်း တိုးတက်စေရေးအောင်မြင်အောင် ဆောင်ရွက်ထားရှိမှုအားလည်းကောင်း ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့ပြီး သီးထပ်စွမ်းအားများတိုးမြှင့်စိုက်ပျိုးနိုင်စေရန်၊ စိုက်ပျိုး မြေများရာနှုန်းပြည့်စိုက်ပျိုးစေရန်ဆီထွက်သီးနှံများပိုမိုတိုးချဲ့စိုက်ပျိုး၍ အောင်မြင်အောင်ဆောင်ရွက်ရန်နှင့် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေး ကြိုးစားဆောင်ရွက်ပေးရန်မှာကြားခဲ့ပြီး တောင်သူများထံသို့ ယူရီးဓာတ်မြေဩဇာအားလည်းကောင်း၊ နေကြာမျိုးစေ့အားလည်းကောင်း၊ ကော်ဖီပျိုးပင်များအားလည်းကောင်း၊ ပိုက်ဆံလျှော်မျိုးစေ့များအားလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့နယ်၊ တယ်ကုန်းကျေးရွာ ရှိ ဦးသန်းဇော်ပါ တောင်သူ၄ဦး ၏ မိုးနေကြာ ရေဆင်း-၁၊ (၃)ဧက စိုက်ခင်းဖြစ်ထွန်းအောင်နေမှုများအားကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ ဆီထွက်နှုန်းကောင်းမွန်သည့် အထွက်တိုးနေကြာမျိုးများအသုံးပြုစိုက်ပျိုးရန်၊ ထွက်ရှိလာသည့်နေကြာစေ့များအားဆီကြိတ်ခွဲအသုံးပြုရန်၊ နေကြာစိုက်ပျိုးနိုင်သည့်နေရာများတွင် နေကြာတိုးချဲ့စိုက်ပျိုးကြရန်နှင့် တိုင်းဒေသကြီးအတွင်းဆီဖူလုံစေရေးအတွက် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးကြရန် မှာကြားခဲ့ပြီး တောင်သူများထံ အထွက်တိုးနေကြာမျိုးစေ့များထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
Read More...
13-Aug-2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် စိုက်ပျိုးရေးလုပ်ငန်းများအားကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မအူပင်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအားကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ အရွှဲကျေးရွာ ရန်ကုန်-ပုသိမ်ကားလမ်းဘေးရှိ တောင်သူ ဦးခင်မြင့်၏ လယ်မြေ(၁၂)ဧကတွင် မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်း (Myanmar Paddy Producers Association) စပါးမျိုးသန့်စိုက်ခင်းတွင် ဆင်းသုခ (RS) မျိုးစပါး စိုက်ပျိုးနေမှုအားကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများက မျိုးသန့်စိုက်ခင်း စိုက်ပျိုးမှုအခြေအနေများရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အထွက်တိုးမျိုးကောင်းမျိုးသန့်မျိုးစပါးများ ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေးပိုမိုတိုးချဲ့စိုက်ပျိုးရန်၊ သဘာဝမြေဩဇာနှင့်ဓါတ်မြေဩဇာအချိုးကျသုံးစွဲရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေးဆောင်ရွက်ရန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကံကလေးကျေးရွာ၊ တောင်သူ ဦးကျော်ဝင်း၏ လယ်မြေ (၁၀) ဧကတွင် ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ မိုးစပါး ရေတော်မိုး တော် မြို့နယ်ထွန်းတုံးပိတ်ပွဲတက်ရောက်ခဲ့ပြီး ချမ်းမြေ့မေ မျိုးစပါး စနစ်တကျစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် တောင်သူများနှင့်တွေ့ဆုံ၍ အထွက်တိုး မျိုးကောင်းမျိုးသန့်များ ပြောင်းလဲသုံးစွဲခြင်း၊ ခေတ်မီစိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးခြင်း၊ သဘာဝမြေဩဇာ၊ဓါတ်မြေဩဇာများအချိုးကျသုံးစွဲခြင်း၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ထည့်သွင်းစိုက်ပျိုးခြင်းများဖြင့် ပန်းတိုင်အထွက်နှုန်းတိုးတက်ထွက်ရှိစေရေးဆောင်ရွက်ထားရှိပါကြောင်း၊ တောင်သူများအနေဖြင့်လည်း စနစ်တကျလိုက်ပါဆောင်ရွက်ကြသည်ကိုလည်းတွေ့ရှိရပါကြောင်းနှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးရေးလုပ်ငန်းများပိုမိုတိုးတက်စေရေးဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ကျုံပျော်ခရိုင်အနေဖြင့် ၂၀၂၃-၂၀၂၄ မိုးစပါး ရေတော်မိုးတော် စိုက်ဧက နှစ်သိန်းငါးသောင်း ခြောက်ထောင်ကျော်၊ သဲဆန်ကုန်းချော စိုက်ဧက ခုနှစ်ရာကျော်တို့အား ရာနှုန်းပြည့်စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းသိရသည်။
Read More...
10-Aug-2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်းတွင် Pathein League 2023 အမှတ် ပေးဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်
Read More...
အမှတ်ပေးဘောလုံးပြိုင်ပွဲမှတစ်ဆင့် သက်တမ်းအလိုက်၊ မြို့နယ်အဆင့်ခရိုင်အဆင့်၊ တိုင်းဒေသကြီးအဆင့်မှသည် နိုင်ငံ့လက်ရွေးစင်များအထိ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားများ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့၌ Pathein League 2023 အမှတ် ပေးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ယနေ့ညနေပိုင်းက ေကျာက်တိုင်အားကစားကွင်း၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဘောလုံးဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။
Pathein League 2023 m ဖွင့်ပွဲအခမ်းအနားတွင် စစ်ကြောင်းမှူးမှဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက တိုင်းဒေသကြီးဝန်ကြီးချုပ်အားအလေးပြုခြင်းနှင့်တန်းအပ်ခြင်းများဆောင်ရွက်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ မိမိတို့ပုသိမ်မြို့အနေဖြင့် Pathein League 2023 အမှတ်ပေးပြိုင်ပွဲကို အသင်း၁၀သင်းဖြင့်ဝင်ရောက်ယှဉ်ပြိုင်သည့်အတွက် အားကစားသမားများ၊ ပြိုင်ပွဲကျင်းပနိုင်ရေးဆောင်ရွက်ပေးကြသူများအားလုံးကို ဂုဏ်ယူချီးကျူးပါကြောင်း၊ Pathein League 2023 ပွဲစဉ်များအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ လာရောက်အားပေးချီးမြှင့်ခြင်းနှင့် အားကစားပစ္စည်းများ၊ ရန်ပုံငွေများပေးအပ်ခြင်းတို့အထိ ပူးပေါင်းဆောင်ရွက်ပေးသည်ကိုတွေ့ရှိရ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်းဂုဏ်ယူပါကြောင်း၊ အပျော်တမ်းအမှတ်ပေး League ဖြစ်သော်လည်း ပြိုင်ပွဲဝင်အသင်းများတွင် အတွေ့အကြုံရှိ နိုင်ငံလက်ရွေးစင်အားကစားသမားများ ၊ ပြည်နယ်နှင့်တိုင်း ဒေသကြီး လက်ရွေးစင်အားကစားသမားများ၊ မြန်မာ နေရှင်နယ်လိဂ်မှအားကစားသမားများပါဝင်သည့်အတွက် အခြားလူငယ်အားကစားသမားများက အတုယူကြိုးစားနိုင်မှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နယ်ပယ်အသီးသီးရှိအားကစားကဏ္ဍအလိုက်အားပေးမြှင့်တင်လျက်ရှိရာ ယခုကဲ့သို့ အားကစားစိတ်ဓါတ်မြင့်မားသည့်Pathein League 2023 ပြိုင်ပွဲ ကျင်းပနိုင်ခြင်းဟာလည်းတိုင်းဒေသကြီး၏ဘောလုံးအားကစားကဏ္ဍမြင့်မားစေရေးအတွက်များစွာအထောက်အကူဖြစ်ပါကြောင်း၊ အားကစားသမားများ၊ အသင်းတည်ထောင်သူများအနေဖြင့်လည်း မိမိတို့အသင်းအတွက် တန်ဖိုးရှိအားကစားဖြစ်စေရေး၊ ထိုမှတစ်ဆင့် တိုင်းဒေသကြီးနှင့်နိုင်ငံ့လက်ရွေးစင်အားကစားသမားများဖြစ်စေရေး ကြိုးစားပါဝင်ဆင်နွှဲကြရန် ” တိုက်တွန်းမှာကြား၍ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် Pathein League 2023 ပြိုင်ပွဲအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးတို့မှ ရန်ပုံငွေများနှင့် အားကစားပစ္စည်းများပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ စစ်ကြောင်းမှူးဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက ဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် ၄ချက်အားရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီးနောက် ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ကြသည်။ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဖွင့်ပွဲစဉ်အဖြစ် Ranger FCအသင်းနှင့် KKL FC အသင်းတို့၏ အကြိတ်အနယ် ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးခဲ့သည်။ Pathein League အနေဖြင့် မြန်မာနိုင်ငံအရပ်ရပ်ရှိ အပျော်တမ်းအမှတ်ပေး League (၅) ခုတွင် တစ်ခုအပါအဝင်ဖြစ်ပြီး 2021တွင် ပြိုင်ပွဲဝင်အသင်း(၆)သင်း၊ 2022တွင် ပြိုင်ပွဲဝင်အသင်း (၈)သင်း၊ ယခုနှစ် Pathein League 2023 တွင် ပြိုင်ပွဲဝင်အသင်း (၁၀)ဖြင့် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်းသိရသည်။
Read More...
05-Aug-2023