သတင်းများ
လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံ မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure SOP)ရေးဆွဲရေး တိုင်းအဆင့်လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၃)ကျင်းပ
Read More...
လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံ မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure SOP) ရေးဆွဲရေး တိုင်းအဆင့်လုပ်ငန်းကော်မတီ အစည်းအဝေး (၁/၂၀၂၃)ကို ယနေ့ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)၌ ပြုလုပ်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က“ SOP ရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီများမှ လုပ်ငန်းတာဝန်များ စနစ်တကျ စီစစ်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ယခင်ကတည်းက လယ်ယာမြေများကို အခြားနည်းသုံးစွဲမှုနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုချက်ရယူပြီး ဆောင်ရွက်ရန်ဖြစ်သော်လည်း မြို့ဝင်၊ မြို့ထွက်များနှင့် ကားလမ်းမကြီးဘေး၌ ကျုးကျော်ဝင်ရောက်နေထိုင်မှုများ၊ အခြားနည်း ခွင့်ပြုချက်မရဘဲ ဥပဒေမဲ့ လုပ်ဆောင်မှုများရှိသဖြင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ရေး အဖွဲ့များမှ စိစစ်တင်ပြစေခဲ့ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး မှာကြားဆောင်ရွက် ထားပါကြောင်း၊ နောင်ထပ်မံမဖြစ်ပွါးစေရေး ဆောင်ရွက်သင့်သည်များ စနစ်တကျလေ့လာ ဆန်းစစ်ပြီး အကြံပြုတင်ပြဆွေးနွေးဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ထပ်မံ၍ လယ်ယာမြေနှင့် ကားလမ်း ဘေး ဝဲ၊ ယာတစ်လျှောက် ကျုးကျော်နေထိုင်မှုများမဖြစ်ရန် ကော်မတီဝင်များက စိစစ်ကြပ်မတ်ရန်လိုပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာသူ ကော်မတီဝင်များလည်း မိမိတို့၏ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဝိုင်းဝန်းဆွေးနွေး ပေးကြစေလိုကြောင်း” အမှာစကားပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးလုပ်ငန်းကော်မတီတွဲဖက်အတွင်းရေးမှူး(၁)၊ လယ်ယာမြေ စီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူးက လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံ မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့် နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure SOP) ရေးဆွဲရေး၊ ခရိုင်၊ မြို့နယ်ကော်မတီများဖွဲ့စည်းတာဝန်ပေးအပ်နိုင်ရေး၊ လိုအပ်သောအချက်အလက်များ အချိန်မီကောက်ခံနိုင်ရေး လယ်ယာမြေအတွင်းကျုးကျော်ဝင်ရောက်မှုများ၊ တည်ဆဲဥပဒေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက် အစည်းအဝေးသို့တက်ရောက်လာသောကော်မတီဝင်များ၏ အထွေထွေ ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က SOP တွင် ပါသင့်သည့်အချက်အလက်များ ထည့်သွင်းရေးဆွဲသတ်မှတ်နိုင်ရေး၊ ကောက်ယူရမည့်စာရင်းများအား မြေပြင်အမှန်တည်ရှိမှု အခြေခံအချက်အလက်များအား ပြည့်စုံစွာကောက်ယူနိုင်ရေး သတ်မှတ်ရက်အမီ ပြည်ထောင်စုလုပ်ငန်းကော်မတီထံသို့ တင်ပြနိုင်ရေး လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကားများပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။
Read More...
04-Sep-2023
ဘိုကလေးပညာရေးဒီဂရီကောလိပ်နှင့် မြောင်းမြပညာရေးဒီဂရီကောလိပ်များ၌ ပြုလုပ်သည့် လူငယ်သီတင်းပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်အားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်၌ လူငယ်သီတင်းပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဒီဂရီကောလိပ်၏ ပညာဂုဏ်ရည်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လူငယ်သီတင်းပတ်လှုပ်ရှားမှုဖွင့်ပွဲ မုခ်ဦးဆိုင်းဘုတ်ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရိုးရာခြင်းလုံး၊ Fitness Dance များဖြင့်ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ယင်းနောက် လူငယ်သီတင်းပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ သင်တန်းသား၊ သင်တန်းသူများက “လူငယ်နှင့်အိပ်မက်” တေးသီချင်းဖြင့်သီဆို ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ လူငယ်သီတင်းပတ်လှုပ်ရှားမှုအခမ်းအနားများကို အခြေခံပညာ၊ ဆရာအတတ်သင်ပညာ၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ ကျောင်း၊ ကောလိပ်၊ တက္ကသိုလ် အသီးသီး၌ ပြုလုပ်လျက်ရှိပါကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန် အတွက် လူငယ်များကို ပြုစုပျိုးထောင်ပေးရမည်မှာ ယခုသင်တန်းသား၊ သင်တန်းသူ များပင်ဖြစ်ပါကြောင်း၊ သင်တန်းများပြီးဆုံးပါက ဆရာ၊ ဆရာမများအဖြစ် မိမိတို့တာဝန်ကျရာဒေသများသို့ သွားရောက် တာဝန်ထမ်းဆောင်သည့်အခါ ဗလငါးတန်နှင့်ပြည့်စုံသည့်လူငယ်များဖြစ်လာမည့် ကျောင်းသား၊ ကျောင်းသူများကိုသင်ကြားပေးရမှာဖြစ်ပါကြောင်းနှင့် ဆရာ၊ ဆရာမများ ကိုယ်တိုင်ကလည်း ဗလငါးတန်နှင့်ပြည့်စုံနေရန် ကြိုးစားလေ့လာသင်ယူနေကြရမှာ ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပညာရေးဖြင့် ရင်းနှီးမြှပ်နှံရမှာဖြစ်ပါကြောင်းနှင့် အတန်းပညာရှိမှ အတတ်ပညာရရှိမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်နိုင်ရေး၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း”အမှာစကားများ ပြောကြားခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ရာ ဘိုကလေးပညာရေး ဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးကလက်ခံရယူခဲ့သည်။
ဆက်လက်၍ ဆရာအတတ်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးက လူငယ်သီတင်းပတ် လှုပ်ရှားမှုကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဘိုကလေးပညာရေးဒီဂရီကောလိပ်၏ ဌာနအလိုက် လူငယ်များ၏ ဖန်တီးတီထွင်မှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘိုကလေးမြို့၊ အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ မြေပြင်လူဦးရေစာရင်းများတိုက်ဆိုင်စစ်ဆေးခြင်း၊ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စာရင်းရေးသွင်းမှုများမှားယွင်းမှုမရှိစေရေး အဆင့်ဆင့်ကြပ်မတ် ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း စာရင်းများပြည့်စုံမှန်ကန်စေရေး စနစ်တကျ ဆောင်ရွက်ပေးကြရန်မှာကြားခဲ့သည်။
အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဝါးခယ်မမြို့နယ်၊ ဒေါ်ပိုက်မိ ဘိုးဘွားရိပ်သာ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ မြေပြင်လူဦးရေ စာရင်းများတိုက်ဆိုင်စစ်ဆေးခြင်း၊ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသား စိစစ်ရေးကတ်ပြားဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အုပ်ချုပ်ရေးအဖွဲ့များက မိမိတို့ရပ်ကွက်ကျေးရွာအလိုက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ မပြုလုပ်ရေသးသူများအား စာရင်းကောက်ယူစုစည်းထားရှိ၍ နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ပြုလုပ်ပေးနိုင်ရေး ဆောင်ရွက်ရန်နှင့် စာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်ကြရန်မှားကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြောင်းမြပညာရေး ဒီဂရီကောလိပ်များ၌ပြုလုပ်သည့် လူငယ်သီတင်းပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ မုခ်ဦးဆိုင်းဘုတ်ကို တာဝန်ရှိသူများဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် အဆိုပါကောလိပ်၏ မြရတုခန်းမ၌ အခမ်းအနားအား ဆက်လက်ပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူများက “ပွင့်ဖူးဝေဆာ ကျောင်းတော်သာ”သီချင်းဖြင့်ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်တွင် ဗလငါးတန်နှင့် ပြည့်စုံသည့်လူငယ်လူရွယ်များဖြစ်စေရေးရန် လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေးအတွက် လူငယ်များ၏ကိုယ်ရည်ကိုယ်သွေးတိုးတက်စေရေး လူငယ် စကားဝိုင်းများကို အခြေခံပညာ၊ ဒီဂရီကောလိပ်နှင့် တက္ကသိုလ်များတွင် ပြုလုပ်ပေးလျက် ရှိပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့၏ စာပေလေ့လာသင်ကြားမှုများကို အဆက်မပြက်လေ့လာသင်ယူကြပြီး သင်ကြားမှုသင်ယူမှုများ တိုးတက်မြင့်မားအောင် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ မိမိတို့တပည့်များကို ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ် လူရွယ်များဖြစ်လာစေရေးအတွက် ပြုစုပျိုးထောင်ပေးရမှာဖြစ်ပါကြောင်း၊ ဗလငါးတန်နှင့် ပြည်စုံသည့် လူငယ်များဖြစ်စေရန် ပြုစုပျိုးထောင်ရာတွင် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည်လွန်စွာအရေးပါပါကြောင်း၊ ပညာရေးဒီဂရီကောလိပ်မှသင်ကြားပို့ချသည့် ဘာသာရပ်များကို စနစ်တကျလေ့လာသင်ယူကြပြီး မိမိတို့၏တပည့်များအား ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်လူရွယ်များဖြစ်အောင်သင်ကြားပြသပေးနိုင်သည့် ဆရာ၊ ဆရာမများဖြစ်ပါ စေကြောင်း” အမှာစကားများပြောကြားခဲ့ပြီး ဂုဏ်ပြုထောက်ပံ့ငွေများကိုပေးအပ်ရာ မြောင်းမြပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးကလက်ခံရယူခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် မြောင်းမြပညာရေး ဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှု များကို ကြည့်ရှုအားပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့သည်။ ထို့နောက် မြောင်းမြပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများ၏လူငယ်သီတင်းပတ် လှုပ်ရှားဆောင်ရွက်မှုပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ နေ့လည်စာအတူအကွသုံးဆောင်ခဲ့ကြောင်းသိရသည်။
Read More...
04-Sep-2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်တက္ကသိုလ်တွင် ပြုလုပ်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးစီးကျင်းပသည့် ဒေသအကျိုးပြုသုတေသနတိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်အားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးစီးကျင်းပသည့် ဒေသအကျိုးပြုသုတေသနဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပုသိမ်၊ ဟင်္သာတ၊ မအူပင် ဝဇ္ဇာ/ သိပ္ပံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်ကွန်ပျူတာတက္ကသိုလ်များမှ ပါမောက္ခများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ အသိပညာရှင် အတတ် ပညာရှင်များ၊ တက္ကသိုလ်ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ပညာရေးညီလာခံမှထွက်ပေါ်လာသည့်ရလဒ်များအရ တိုင်းဒေသကြီးအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ ဒေသအကျိုးပြုသုတေသနလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် တက္ကသိုလ်များ၊ လုပ်ငန်းရှင်များပါဝင်သည့် ဆွေးနွေးပွဲများပြုလုပ်နိုင်ရေး တာဝန်ရှိသူများနှင့်အတူ ပေါင်းစပ်ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်ပြီး လူစွမ်းအားအရင်းအမြစ်များပေါကြွယ်ဝသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးတိုင်းဒေသကြီးဖြစ်၍ သုတေသနလုပ်ငန်းများအား စိုက်ပျိုးရေးသုတေသန၊ မွေးမြူရေးသုတေသန၊ ဈေးကွက်သုတေသနနှင့် ထုတ်ကုန်သုတေသနများဖြင့် ဒေသအကျိုးပြသုတေသနများဆောင်ရွက်ခြင်းဖြစ်ပြီး လုပ်ငန်းလိုအပ်ချက်များအပေါ် ပူးပေါင်းဆောင်ရွက်ပေးနိုင်မည့်အခြေအနေများဆွေးနွေးသွားမှာဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး သုသတသနများအပြင် အကျိုးပြုပိုးများ မွေးမြူထုတ်လုပ်ခြင်း၊ သီးနှံများအရည်အသွေးတိုးတက်စေရေးနှင့် ပိုးမွှားအန္တရာယ်ကာကွယ် ရေးစသည့် သုတေသနလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက် ခြင်းဖြင့်တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးမြန်မြန်ထက်ထက်ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ MSMEs လုပ်ငန်းများဖွံ့ဖိုးတိုးတက်ရေးအတွက်လည်း စားသောက်ကုန်များသန့်ရှင်းလတ်ဆက်စေရေး၊ ရေရှည်သိမ်းဆည်းထားနိုင်ရေး၊ ထုတ်ပိုးမှုစနစ်များ ပိုမိုေကာင်းမွန်စေရေး၊ ကျန်းမာရေးနှင့်အညီဖြစ်ရေး၊ ဒေသတွင်းဖူလုံရုံသာမက တခြားတိုင်းဒေသကြီးပြည်နယ်များနှင့် ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေး သုတေသနပြုဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ထို့ပြင် (အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင် ထုတ်လုပ်ခြင်းဆောင်ရွက်လျက်ရှိပြီး ပီလောပီနံ ထုတ်ကုန်ကြမ်းများအား ကုန်ချောအဖြစ်အဆင့်မြှင်တင်ဆောင်ရွက်ခြင်း၊ ေဘးထွက်ပစ္စည်းများမှ တိရစ္ဆာန်အစာထုတ်လုပ်နိုင်ရေး ဆွေးနွေးဆောင်ရွက်ရန်လိုပါကြောင်း၊ Gasifier လုပ်ငန်းသည် တိုင်းဒေသကြီးတွင်ဖွံ့ဖြိုးတိုးတက်လျက်ရှိရာ ပိုမို ကောင်းမွန်သည့်နည်းပညာများနှင့်သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး ဆွေးနွေးဆောင်ရွက်ပေးစေလိုပါကြောင်း၊ တက္ကသိုလ်များအနေဖြင့် ဒေသတွင်းလူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်စေရေး ဒေသတွင်းထိတွေ့ချိတ်ဆက်၍ ဒေသအကျိုးပြုလုပ်ငန်းများဆောင်ရွက်နေသကဲ့သို့ စာတမ်းများပြုစုနိုင်ရေး၊ သုတေသနလုပ်ငန်းများလက်တွေ့ဆောင်ရွက်နိုင်စေရေး၊ နည်းပညာများဖလှယ်နိုင်ရေးနှင့် အကြံပြုဆွေးနွေးလေ့လာနိုင်ရေး လုပ်ငန်းရှင်များကလည်းဖိတ်ခေါ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံေတာ်၏ အမျိုးသားရေးလုပ်ငန်းစဉ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အတွက် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဌာနများ၊ လုပ်ငန်းရှင်းများနှင့် တိုင်းဒေသကြီး၏ တက္ကသိုလ်(၉)ခုကိုအခြေခံသည့် သုတေသနရှင်များ၊ အသိပညာရှင်အတတ်ပညာရှင်များမှ အကြုံပြုဆွေးနွေးပေးကြရန်နှင့် ရလဒ်ကောင်းများပေါ်ထွက်လာ၍ လက်တွေ့လုပ်ငန်းခွင်များတွင် အကျိုးရှိစွာအသုံးချနိုင်ပါစေကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်က အလုပ်ရုံဆွေးနွေးပွဲရည်ရွယ်ချက် အားရှင်းလင်းတင်ပြခဲ့ပြီး အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ကြသည်။ ထို့နောက် ပုသိမ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်က အဆင့်မြင့်ပညာကဏ္ဍ တတိယတာဝန်ဖြစ်သည့် ဒေသတွင်းချိတ်ဆက်လုပ်ဆောင်ခြင်း( Community Engagement) ၊ ARCCI နှင့် ပုသိမ်တက္ကသိုလ်တို့သုေတသနပြုလုပ်ငန်းများပူးပေါင်းဆောင်ရွက်ခြင်းနှင့် တိုင်းဒေသကြီးအတွက်ပုသိမ်တက္ကသိုလ်မှ ပြုလုပ်မည့် ထုတ်ကုန်ပစ္စည်းများသုတေသန၊ ဈေးကွက်သုတေသနနှင့် ဒေသအကျိုးပြုသုတေသနများအကြောင်းဆွေးနွေးတင်ပြခဲ့သည်။
ဆက်လက်၍ ဝိဇ္ဇာ/ သိပ္ပံ တက္ကသိုလ်ဘာသာရပ်ဌာနများမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသအကျိုးပြုသုတေသနလုပ်ငန်းများနှင့်ပတ်သက်၍ ပုသိမ်တက္ကသိုလ်အနေဖြင့် စပါး၊ အုန်းသီး၊ ငါး၊ ပုစွန်၊ ပီလောပီနံ၊ ဝါး၊ မတ်ပဲ၊ ငှက်ပျော၊ သပြုသီးတွင် ပါရှိသည့် ဓါတုပါဝင်ပစ္စည်းများလေ့လာခြင်း၊ ဇီဝမြေဩဇာ၊ ငဝန်မြစ်ရေကြီးခြင်းဘေးအန္တရာယ်အကြောင်းလေ့လာခြင်း၊ ရွှေသောင်ယံနှင့် မော်တင်ဒေသရှိ ကမ်းရိုးတန်းများ၏ ဘူမိအနေအထားကိုလေ့လာခြင်း၊ Grade-12 ကျောင်းသား/သူများအား ဘာသာရပ်စွမ်းရည် မြှင့်တင်ပေးခြင်း၊သာသနိကအဆောက်အဦး၊ ရှေးဟောင်းသမိုင်းဝင်နေရာ၊ Gasifier ၊ IP Law အစရှိသည့် သုတေသနလုပ်ငန်း(၃၀)ခုအားလည်းကောင်း၊ ဟင်္သာတတက္ကသိုလ်အ နေဖြင့် နေကြာဆီအကျိုးအာနိသင်အကြောင်း၊ ငါးနှင့်စွန့်ပစ္စည်းများမှ ငါးအမိုင်နိုအက်စစ်ထုတ်လုပ်ခြင်းနှင့် လက်တွေ့အသုံးပြုခြင်း၊ ပီေလာပီနံမှ စေးပစ်ဂလူးကိုစ်အရည်၊ အမှုန့် ထုတ်လုပ်ရရှိခြင်းအားလည်းကောင်း၊ မအူပင်တက္ကသိုလ်အနေဖြင့် အကျိုးပြု Lady Beetle မွေးမြူခြင်း၊ သဘာဝစွန့်ပစ်ပစ္စည်းများမှ တန်ဖို့မြှင့်ပစ္စည်းများထုတ်လုပ်ခြင်း၊ လတ်ဆက်သောအသီးများမှ ဝိုင်ထုတ်လုပ်ခြင်းစသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသအကျိုးပြုသုတေသနများအကြောင်းအားလည်းကောင်း ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ နည်းပညာတက္ကသိုလ် ဘာသာရပ်ဌာနများမှ Gasifier ရေစစ်ကန်၊ Solar Cell နည်းပညာနှင့် ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများအတွက် စဉ်းစားသင့်သည့်အချက်များနှင့် ပတ်သက်၍ နည်းပညာတက္ကသိုလ် (ပုသိမ်) အနေဖြင့် Gasifier ရေစစ်ကန်အကြောင်း၊ နည်းပညာတက္ကသိုလ် (ဟင်္သာတ) အနေဖြင့် Gasifier အမျိုးအစားများအကြောင်း၊ နည်းပညာ တက္ကသိုလ် (မအူပင်)အနေဖြင့် ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများအတွက် စဉ်းစားသင့်သည့်အချက်များအကြောင်း၊ နည်းပညာတက္ကသိုလ် (ဟင်္သာတ) အနေဖြင့် Solar Cell နည်းပညာဖြင့် လျှပ်စွမ်းအင်ထုတ်လုပ်သုံးစွဲနိုင်မှုအကြောင်းအားလည်းကောင်း၊ ကွန်ပျူတာတက္ကသိုလ်ဘာသာရပ်ဌာနများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် နည်းပညာသုတေသနများနှင့်ပတ်သက်၍ ကွန်ပျူတာတက္ကသိုလ် (ပုသိမ်)မှ ပုသိမ်လမ်းညွှန်မှသည် MSMEs လုပ်ငန်းများသို့ အကြောင်း၊ ကွန်ပျူတာတက္ကသိုလ်(မအူပင်) မှ Ayeyar Farming Solution Application အကြောင်း၊ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)မှ IoT and It's Smart Applications for Regional Development အကြောင်းအားလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများမှ သိရှိလိုသည်များဆွေးနွေးမေးမြန်းခြင်း၊ အကြံပြုတင်ပြခဲ့ကြပြီး ပုသိမ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်က ပူးပေါင်းဆောင်ရွက်နိုင်မည့် ရှေ့လုပ်ငန်းစဉ်များအား အကျဉ်းချုပ်တင်ပြဆောင်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းကြောင်းသိရသည်။
Read More...
03-Sep-2023
တိုင်းဒေသကြီး ဝန်ကြီးချုပ် သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့် မွေးမြူရေး၊ စိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှုအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့၊ ရပ်ကွက်၊ ကျေးရွာများ၌ အပတ်စဉ်စနေ့နေ့တိုင်း တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက မအူပင်ခရိုင်အတွင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့် မွေးမြူရေး၊ စိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်ခရိုင်၊ မအူပင်မြို့ ပေါ်ရပ်ကွက်များတွင် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအားကြည့်ရှုစစ်ဆေးခဲ့ပြီး အမှိုက်များကင်စင်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းစေရေး၊ အမှိုက်များစနစ်တကျစွန့်ပစ်ရေး မှာကြားခဲ့သည်။
ထို့နောက် ဖျာပုံမြို့နယ်၊ တောင်သူဦးသိန်းလှိုင်၏ ဘဲသားဖောက်နှင့် ဘဲမွေးမြူရေးလုပ်ငန်းသို့သွားရောက်၍ ဘဲသားဖောက်မွေးမြူနိုင်ရေးပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာ လုပ်ငန်းပိုင်ရှင်မှ မိရိုးဖလာ ဘဲသားဖောက်မွေးမြူမှု၊ ရောင်းချမှုနှင့် ဥစားဘဲမွေးမြူထားရှိမှု အခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဘဲဥစျေးနှုန်း၊ ဘဲသားပေါက်ထုတ်လုပ်နိုင်မှုနှင့်စျေးကွက်ရရှိမှု၊ အစာစျေးနှုန်းသက်သာစေရန်ဒေသထွက်ကုန်ကြမ်းရရှိအသုံးပြုမှုတို့အားမေးမြန်းဆွေးနွေးခဲ့သည်။
အဆိုပါ ဘဲသားဖောက်လုပ်ငန်းတွင် သားဖောက်ကျင်း(၂၄၀) ကျင်းဖြင့်တစ်ကျင်းလျှင်ဘဲဥအလုံးရေ (၆၀၀)ခန့်ဖြင့်သားဖောက်နိုင်ရေးပြင်ဆင်ထားရှိပြီး ဥစားဘဲ (၁၈၀၀)ကောင် မွေးမြူထားရှိကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ေမြာင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကြာဖြူကျေးရွာရှိ တောင်သူဦးဝင်းဗိုလ်၏ လယ် မြေ(၆)ဧကတွင် ပိုက်ဆံေလျှာ်ထည့်သွင်းစိုက်ပျိုးထားသည့် နယူးဧရာ(၁)မျိုးစပါး စိုက်ခင်းတွင် ယူရီးယားမြေဩဇာ အချိုးကျထည့်သွင်းစိုက်ပျိုးထားရှိမှု၊ ယူရီးယားမြေဩဇာအချိုးကျနှင့်ရုရှား သဘာဝမြေဩဇာအသုံးပြုစိုက်ပျိုးထားရှိမှု၊ ယူရီးယားမြေဩဇာ ၃၀ရာခိုင်နှုန်း လျှော့ချ၍ ရုရှား သဘာဝမြေဩဇာအသုံးပြုစိုက်ပျိုးထားရှိမှု စသည့်စမ်းသပ်စိုက်ပျိုးထားရှိမှု အခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စတင်စိုက်ပျိုးချိန်မှစ၍ စနစ်တကျမှတ်တမ်းများထားရှိဆောင်ရွက်ရန်၊ ရရှိလာသည့် အကျိုးရလဒ်များ အား မှတ်တမ်းထားရှိရန်မှာကြားခဲ့သည်။
Read More...
02-Sep-2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက အင်္ဂပူမြို့နယ်၊ဘုရားကွင်းကျေးရွာအုပ်စု၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ မြေပြင်လူဦးရေ စာရင်းများတိုက်ဆိုင်စစ်ဆေးခြင်း၊ ပန်းခင်းစီမံချက်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက် ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ် ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ကစာရင်း ရေးသွင်းမှုများ မှားယွင်းမှုမရှိစေရေး အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း စာရင်းများပြည့်စုံမှန်ကန်စေရေး စနစ်တကျ ဆောင်ရွက်ပေးကြရန်မှာကြားခဲ့သည်။
အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြန်အောင်မြို့၊ အမှတ်(၄)ရပ်ကွက်တွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးရုံးမှ မြေပြင်လူဦးရေ စာရင်းများတိုက်ဆိုင်စစ်ဆေးခြင်း၊ ပန်းခင်းစီမံချက်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက် ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြန်အောင်မြို့နယ်၊ ကန်စွန်းခုံကျေးရွာအုပ်စုသို့ရောက်ရှိပြီး မိုးကြိုနေကြာ ဆင်းရွှေကြာ -၂ ရိတ်သိမ်းပြီး၍ မျို့သန့်ရွေးခြယ်ထားရှိမှုအား ကြည့်ရှုခဲ့ပါသည်။ ထို့နောက် တောင်သူဦးရန်အေး၏ စိုက်ဧက(၂)ဧကတွင် Super Sun(41) မိုးနေကြာ မျိုးစေ့များ စုပေါင်းစိုက်ပျိုးပေးခဲ့ပြီး တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကာ တိုင်းဒေသကြီးအတွက်ရာနှုနးပြည့် ဆီဖူလုံမှုရှိအောင် ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါကြောင်း၊ သီးနှံစိုက်ပျိုးမှုနှင့် အထွက်နှုန်းများအား မှတ်တမ်းထားရှိကြရန်လိုကြောင်း၊ စိုက်ပျိုးရေးပညာရှင်များဖြင့်လည်း တောင်သူအသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မြန်အောင်ခရိုင်၌ မိုးနေကြာစိုက်ဧက(၆၀၀၀)စိုက်ပျိုးသွားမည်ဖြစ်ပြီး ဖြစ်ထွန်းအောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့ပြီး ဒေသခံတောင်သူများအား မိုးနေကြာစိုက်ပျိုးရေးအတွက် နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြန်အောင်မြို့၊ သဘာဝမီးစက်လမ်းရှိ “ကောင်းသန့်”ဆီစက်သို့သွားရောက်ခဲ့ပြီး မြေပဲ၊ နေကြာဆီများ သန့်စင်ကြိတ်ခွဲထုတ်လုပ်မှု၊ ရောင်း၀ယ်နေမှုများကို လိုက်လံကြည့်ရှုပြီး သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် ဆီများထုတ်လုပ်နိုင်ရေးနှင့် အဆင့်မီဆီကြိတ်စက်များနှင့် နေကြာဆီများပိုမိုထုတ်လုပ်နိုင်ရေးမှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့အမှတ်(၃)ရပ်ကွက်ရှိ ဝါဆိုမဟာစည်သာသနာ့ရိပ်သာကျောင်းတိုက် ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားတင်ပြခဲ့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
Read More...
01-Sep-2023