သတင်းများ
Coronavirus Disease 2019 (COVID-19) ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၅/၂၀၂၁) ကျင်းပပြုလုပ်ခြင်း
Read More...
၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၁၈)ရက်နေ့ ၊ (၁၆၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ (COVID-19) ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁၅/၂၀၂၁) ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တိုင်းဒေသကြီးကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် (COVID-19) ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်စွာလှိုင်မှ တင်ပြဆွေးနွေးရာတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၊ တိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်လာမည့် ကုန်တင်ယာဉ်များနှင့် လိုက်ပါလာမည့်သူများအား တိုင်းဒေသကြီးနယ်စပ်ပူးပေါင်းစစ်ဆေးရေးဂိတ်များတွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော လုပ်ငန်းလမ်းညွှန်ချက်များအတိုင်း RTD ဖြင့် စစ်ဆေးခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း Quarantine Center (၇၆)နေရာအား အဓိကဦးစားပေးပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အသွားအလာကန့်သတ်ထားရှိမည့်သူများအတွက် Quarantine Center များထပ်မံဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ခရိုင်မြို့နယ်အဆင့် Coronavirus Disease 2019(Covid-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီများမှ COVID-19 ဆိုင်ရာ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သော အုပ်ချုပ်၊ ထောက်ပံ့ကိစ္စရပ်များတွင် လိုအပ်မည့် မတည် ရန်ပုံငွေများကို ခရိုင်များသို့ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာဇော်မင်းထွန်းက ကျန်းမာရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆောင်ရွက်မည့် အခြေအနေများအား အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများမှ ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
18-Jun-2021
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ အခြေခံပညာကျောင်းဆောင်သစ်တည်ဆောက်ရေးလုပ်ငန်းများအား ဘဏ္ဍာရေးနှစ်အတွင်း စံချိန်စံညွှန်းပြည့်မီစွာ ဆောက်လုပ်နိုင်ရေးနှင့် အခြေခံပညာကျောင်းတွင် ကျောင်းအပ်နှံ၊ တက်ရောက်မှုအခြေအနေ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
Read More...
၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၁၈)ရက်နေ့ ၊ (၁၄၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြလုပ်သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ အခြေခံပညာကျောင်းဆောင်သစ်တည်ဆောက်ရေးလုပ်ငန်းများအား ဘဏ္ဍာရေးနှစ်အတွင်း စံချိန် စံညွှန်းပြည့်မီစွာ ဆောက်လုပ်နိုင်ရေးနှင့် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံ၊ တက်ရောက်မှုအခြေအနေများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တိုင်းဒေသကြီးပညာရေးမှူး၊ တိုင်းဒေသကြီးကျန်းမာရေးနှင့်ကုသရေးဦးစီးမှူး၊ တိုင်းဒေသကြီးတည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီ တွဲဖက်အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်မှ ရှင်းလင်းဆွေးနွေးခြင်း၊ တိုင်းဒေသကြီး ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတိုင်းဦးစီးမှူး ဒေါက်တာဇော်မင်းထွန်းမှ ကျောင်းဆရာ/ဆရာမများ အား COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဉ်များအားရှင်းလင်းတင်ပြခြင်း၊ တိုင်းဒေသကြီး ပညာရေးမှူး ဦးတင်လှိုင်က ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊ အခြေခံပညာကျောင်း ဆောင်သစ်တည်ဆောက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံ၊ တက်ရောက်မှုနှင့်ပတ်သက်၍ မြို့နယ်ပညာရေးမှူးများမှ ရှင်းလင်းပြခဲ့ပြီး တက်ရောက်လာသူများမှ ဆွေးနွေးတင်ကြရာ ကောင်စီဥက္ကဋ္ဌမှ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
18-Jun-2021
ဧရာဝတီတိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအစည်းအဝေး (၆/၂၀၂၁) ကျင်းပပြုလုပ်ခြင်း
Read More...
၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၁၈)ရက်နေ့ ၊ (၁၀၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ဧရာဝတီတိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများပြန်လည်စိစစ်ရေးကော်မတီအစည်းအဝေး (၆/၂၀၂၁) ကျင်းပ ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် တိုင်းဒေသကြီး မြေ/စစ်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ကော်မတီဝင်များမှ ယခင်အစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့သည့် အမှုတွဲ(၉)တွဲ၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့နောက် ကောင်စီဥက္ကဋ္ဌမှ တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများပြန်လည်စိစစ်ရေးကော်မတီ၏ မူဝါဒများချမှတ်ပေးရမည့် အချက်များအား ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
18-Jun-2021
ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်ကောင်စီအဖွဲ့ဝင်များ တိုင်းဒေသကြီး သမဝါယမသင်တန်းကျောင်းတွင် COVID-19 Quarantine Center ပြင်ဆင်ဆောင်ရွက် ထားရှိမှုနှင့် ပုသိမ် မျိုးစေ့အရည်အသွေးစစ်ဆေးခန်းသို့ သွားရောက် စစ်ဆေးကြည့်ရှုခြင်း
Read More...
၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၁၈)ရက်နေ့ ၊ (၀၉၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ သမဝါယမသင်တန်း ကျောင်းရှိ COVID-19 Quarantine Center ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေ များအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပုသိမ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးယောမင်းထွန်းမှ COVID-19 ရောဂါ သံသယလူနာများ ထားရှိရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ သံသယလူနာများ အတွက် နေထိုင်မှုအဆင်ပြေ ချောမွေ့စေရေးနှင့် အဆောက်အဦပတ်ဝန်းကျင်သန့်ရှင်းရေးတို့အား အလေးထား ဆောင်ရွက်ထားရှိရန် မှာကြားခဲ့ပါသည်။
ဆက်လက်၍ ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ပုသိမ် မျိုးစေ့အရည်အသွေးစစ်ဆေးခန်းသို့ သွားရောက်ခဲ့ရာ တိုင်းဒေသကြီးမျိုးစေ့တာဝန်ခံ ဒေါ်ခင်ဌေးမြင့်မှ မျိုးစေ့သန့်စင်မှုစစ်ဆေးခြင်း၊ မျိုးစေ့အပင်ပေါက်စစ်ဆေးခြင်းများအား လက်တွေ့ သရုပ်ပြရှင်းလင်းခြင်း၊ မြေဓာတ်ခွဲဌာန လက်ထောက်ဦးစီးမှူး နန့်အိသဉ္ဇာမှ မြေချဉ်ငံဓာတ်တိုင်းတာခြင်း၊ ရေအငံဓာတ်တိုင်းတာခြင်း၊ ဓာတ်မြေသြဇာအရည်အသွေး စစ်ဆေးခြင်းများအား ရှင်းလင်းခြင်းနှင့် တိုင်းဒေသကြီးသီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ခင်ရီမြင့်မှ စပါးသီးနှံပင်များပေါ်တွင် ကျရောက်တက်သော ပိုးမွှားအမျိုးအစားများ၊ အပင်များတွင်ဖြစ်ပွားတတ်သောရောဂါများနှင့် အကျိုးပြု ပိုးမွှားများမွေးမြူမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ကောင်စီဥက္ကဋ္ဌမှ ခရိုင်/မြို့နယ်များမှတစ်ဆင့် တောင်သူ လယ်မားများထံသို့ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ပညာပေးဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
18-Jun-2021
ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီနှင့် တိုင်းဒေသကြီးဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း
Read More...
၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၁၇)ရက်နေ့ ၊ (၁၅၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီနှင့် တိုင်းဒေသကြီးဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံပွဲသို့ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဧရာဝတီတိုင်းဒေသကြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်မှ အဖွင့်အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီတာဝန်ယူသည့်ကာလအတွင်း ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံခြင်းမှာဒုတိယအကြိမ်ရှိပြီဖြစ်ကြောင်း၊ ဘာသာရေးခေါင်းဆောင်များမှ မိမိတို့ဘာသာအလိုက် အခမ်းအနားများပြုလုပ်ကြရာတွင် ထုတ်ပြန်ထားရှိသည့် COVID-19 ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန်နှင့် ဘာသာဝင်များကိုလည်း ဘာသာရေးကိုအသုံးချ၍ သွေးခွဲလှုံ့ဆော်မှုများအပေါ်လိုက်ပါမှုမရှိစေရေး မှာကြားစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်မှ ဆွေးနွေးပြောကြားရာတွင် ဒေသတစ်ခုတည်ငြိမ်အေးချမ်းအောင်ဆောင်ရွက်ရာတွင် ၎င်းဒေသတည်ငြိမ်အေးချမ်းရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဘာသာအလိုက်လွတ်လပ်စွာကိုးကွယ်ခွင့်ရှိပါကြောင်း၊ ဘာသာတိုင်းသည် မေတ္တာတရားကိုအခြေခံ၍ ကိုးကွယ်လျက်ရှိကြောင်း၊ ယခုနိုင်ငံတစ်ဝှမ်းတွင် အဖျက်အမှောင့်လုပ်ဆောင်သူများက လူမျိုးရေး၊ ဘာသာရေးကိုအသုံးချ၍ လူငယ်လူရွယ်များကို သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်နေသည့်အတွက် တက်ရောက်လာသည့်ဘာသာရေးခေါင်းဆောင်များက မိမိတို့ဘာသာအလိုက် ဆွေးနွေးပြောကြားကြစေလိုကြောင်း၊ နိုင်ငံသားတိုင်းတည်ဆဲဥပဒေများကိုလိုက်နာကြရမည်ဖြစ်ကြောင်း၊ ဘာသာကြီး(၄)မျိုးကိုအသုံးချ၍ သွေးခွဲမှုများပေါ်ပေါက်လာပါက ပွင့်ပွင့်လင်းလင်းဆွေးနွေးတိုင်ပင်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ဘာသာရေးအဆောက်အဦများတွင် လုံခြုံရေးအရ CCTV များတပ်ဆင်ခြင်း၊ လုံခြုံရေးအစောင့်များထားရှိခြင်းတို့ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ဘာသာအလိုက် တက်ရောက်လာသူများမှ ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌနှင့် တိုင်းမှူးတို့မှ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
17-Jun-2021